မိုးတွင်းကာလ အခက်ကြုံနိုင်သည့် အတွက် ရွှေကျင်မြို့နယ်၊ ဝင်းခနိမ်ကျေးရွာ အနီးမှ ရွှေတူးဖော်မှုများကို စနစ်တကျ ဆောင်ရွက်ရန် ဒေသခံများ လိုလား

 100

သုတကျော် (NP News) - မတ် ၁၁
မိုးတွင်းကာလ အခက်ကြုံနိုင်သည့် အတွက် ရွှေကျင်မြို့နယ်၊ ဝင်းခနိမ်ကျေးရွာ အနီးမှ ရွှေတူးဖော်မှုများအား ဒေသခံများ မထိခိုက်စေရန် အတွက် စနစ်တကျ ဆောင်ရွက်ရ လိုလားနေကြောင်း ဒေသခံ တစ်ဦး က NP News သတင်းဌာနသို့ ပြော သည်။
လက်ရှိ အဆိုပါ လုပ်ငန်းများမှာ ဝင်းခနိမ်ကျေးရွာ နယ်နိမိတ် အတွင်း ရောက်ရှိလာနေပြီး မဒမ ချောင်းအတွင်း ရွှေတူးဖော်ခြင်းကြောင့် မိုးတွင်းကာလ နှုံးမြေများ ဝင်ရောက်မည်ကို ဒေသခံများ အကြားစိုးရိမ်စိတ် ဖြစ်နေကာ ထိခိုက်နိုင်သော ရွာမှာ (၄) ရွာ ထက် မနည်း ရှိနေကြောင်း ၎င်းက ဆိုသည်။
အဆိုပါ လုပ်ငန်းများ အနေဖြင့် တူးဖော်ရာတွင် မြေစာများကို ထပ်မံ ပုံထားသည့် အတွက် (၂၀၂၃) ခုနှစ် အတွင်းက ကန်ပေါက်ကာ ရေကြီးရေလျှံမှု ဖြစ်ခဲ့သေးကြောင်း ၎င်းက ဆိုသည်။
“အဲဒီချောင်းက ဝင်းခနိမ်ရွာကို ပတ်နေတာ။ ဟိုထိပ်ကနေ တိုက်ရိုက် ဟိုတစ်နှစ်ကဖြစ်တာဆို တိုက်ရိုက်ဝင်လာတဲ့အတွက် ချောင်းအတိုင်းမစီးတော့ဘဲနဲ့ ရွာထဲကို ဖြတ်စီးတာ ဖြစ်ခဲ့တယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်က။ အဲဒီတော့ ရွာ(၂) ခြမ်းကွဲမယ်။ မြေတွေပိမယ်ပေါ့။ အဲဒါကြောင့်မလို့ တအားကြီး စိုးရိမ်ရလို့ပါ” ဟု ဒေသခံ တစ်ဦးက ဆိုသည်။
ထို့ပြင် အဆိုပါ ချောင်းနှင့် ဆက်စပ်နေသည့် ဝင်းမနေ၊ ဇောတိ၊ တောင်သူစု စသည်ဖြင့် ကျေးရွာ (၄) ရွာထက် မနည်းမှာလည်း အဆိုပါ လုပ်ငန်းများကြောင့် မိုးတွင်း ကာလ ရေကြီး ရေလျှံဖြစ်ကာ နုံးများဖြင့် ဖုံးလွှမ်းမည့် အရေးကို စိုးရိမ်နေကြကြောင်း ၎င်း ကဆိုသည်။
“မိုးထိ၊ မိုးမိလို ဖြစ်မှာကို ဒေသခံတွေက စိုးရိမ်တာပါ” ဟု ၎င်းက ဆိုသည်။
အဆိုပါ ရွှေတူးဖော်သည့် လုပ်ငန်းများမှာ တရားမဝင် ဆောင်ရွက်ခြင်း ဖြစ်ပြီး နိုင်ငံတော်လုံခြုံရေး နှင့် အေးချမ်းသာယာရေး ကော်မရှင် ထံ နှင့် တာဝန်ရှိသူများ ထံ ယင်းနှင့် ပတ်သက်၍ စာပေးပို့ထားကြောင်းလည်း ၎င်းက ဆိုသည်။
လက်ရှိတွင်လည်း ရွှေတူးဖော်မှုကြောင့် မဒမ ချောင်း အတွင်း ထိခိုက်ခြင်းများ ရှိနေသည့် အပြင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုပါ ဖြစ်နေကြောင်း ၎င်းက ပြောသည်။
“အားလုံးက တကယ် အခုက ခွင့်ပြုတော့မယ်ဆိုရင် စည်းကမ်းတကျနဲ့လုပ်ပါ။ ထိန်းထိန်းသိမ်းသိမ်း နဲ့လုပ်ပြီးတော့ ရွာတွေထဲကို ဝင်ပြီးမလုပ်ပါနဲ့။ အဲဒီရဲ့ ဝင်းမနေတောင်ဘက် တစ်ဖက်ကမ်းမှာရှိတဲ့ဘုရားလေးအထိကိုက ရွှေကြောတွေချည်းပဲ အဲဒီမှာလုပ်လို့ရတယ်။ အဲဒီမှလုပ်ရင်ရွာတွေမထိခိုက်ဘူး။ ရွာတွေမထိခိုက်တဲ့အတွက် ရွာထဲမှာ ဝင်မလုပ်ဖို့အတွက် တားတာပါ” ဟု ၎င်းက ဆိုသည်။

Zawgyi Version:
မိုးတြင္းကာလ အခက္ႀကဳံႏိုင္သည့္ အတြက္ ေ႐ႊက်င္ၿမိဳ႕နယ္၊ ဝင္းခနိမ္ေက်း႐ြာ အနီးမွ ေ႐ႊတူးေဖာ္မႈမ်ားကို စနစ္တက် ေဆာင္႐ြက္ရန္ ေဒသခံမ်ား လိုလား
သုတေက်ာ္ (NP News) - မတ္ ၁၁
မိုးတြင္းကာလ အခက္ႀကဳံႏိုင္သည့္ အတြက္ ေ႐ႊက်င္ၿမိဳ႕နယ္၊ ဝင္းခနိမ္ေက်း႐ြာ အနီးမွ ေ႐ႊတူးေဖာ္မႈမ်ားအား ေဒသခံမ်ား မထိခိုက္ေစရန္ အတြက္ စနစ္တက် ေဆာင္႐ြက္ရ လိုလားေနေၾကာင္း ေဒသခံ တစ္ဦး က NP News သတင္းဌာနသို႔ ေျပာ သည္။
လက္ရွိ အဆိုပါ လုပ္ငန္းမ်ားမွာ ဝင္းခနိမ္ေက်း႐ြာ နယ္နိမိတ္ အတြင္း ေရာက္ရွိလာေနၿပီး မဒမ ေခ်ာင္းအတြင္း ေ႐ႊတူးေဖာ္ျခင္းေၾကာင့္ မိုးတြင္းကာလ ႏႈံးေျမမ်ား ဝင္ေရာက္မည္ကို ေဒသခံမ်ား အၾကားစိုးရိမ္စိတ္ ျဖစ္ေနကာ ထိခိုက္ႏိုင္ေသာ ႐ြာမွာ (၄) ႐ြာ ထက္ မနည္း ရွိေနေၾကာင္း ၎က ဆိုသည္။
အဆိုပါ လုပ္ငန္းမ်ား အေနျဖင့္ တူးေဖာ္ရာတြင္ ေျမစာမ်ားကို ထပ္မံ ပုံထားသည့္ အတြက္ (၂၀၂၃) ခုႏွစ္ အတြင္းက ကန္ေပါက္ကာ ေရႀကီးေရလွ်ံမႈ ျဖစ္ခဲ့ေသးေၾကာင္း ၎က ဆိုသည္။
“အဲဒီေခ်ာင္းက ဝင္းခနိမ္႐ြာကို ပတ္ေနတာ။ ဟိုထိပ္ကေန တိုက္႐ိုက္ ဟိုတစ္ႏွစ္ကျဖစ္တာဆို တိုက္႐ိုက္ဝင္လာတဲ့အတြက္ ေခ်ာင္းအတိုင္းမစီးေတာ့ဘဲနဲ႔ ႐ြာထဲကို ျဖတ္စီးတာ ျဖစ္ခဲ့တယ္။ ၿပီးခဲ့တဲ့ ၂၀၂၃ ခုႏွစ္က။ အဲဒီေတာ့ ႐ြာ(၂) ျခမ္းကြဲမယ္။ ေျမေတြပိမယ္ေပါ့။ အဲဒါေၾကာင့္မလို႔ တအားႀကီး စိုးရိမ္ရလို႔ပါ” ဟု ေဒသခံ တစ္ဦးက ဆိုသည္။
ထို႔ျပင္ အဆိုပါ ေခ်ာင္းႏွင့္ ဆက္စပ္ေနသည့္ ဝင္းမေန၊ ေဇာတိ၊ ေတာင္သူစု စသည္ျဖင့္ ေက်း႐ြာ (၄) ႐ြာထက္ မနည္းမွာလည္း အဆိုပါ လုပ္ငန္းမ်ားေၾကာင့္ မိုးတြင္း ကာလ ေရႀကီး ေရလွ်ံျဖစ္ကာ ႏုံးမ်ားျဖင့္ ဖုံးလႊမ္းမည့္ အေရးကို စိုးရိမ္ေနၾကေၾကာင္း ၎ ကဆိုသည္။
“မိုးထိ၊ မိုးမိလို ျဖစ္မွာကို ေဒသခံေတြက စိုးရိမ္တာပါ” ဟု ၎က ဆိုသည္။
အဆိုပါ ေ႐ႊတူးေဖာ္သည့္ လုပ္ငန္းမ်ားမွာ တရားမဝင္ ေဆာင္႐ြက္ျခင္း ျဖစ္ၿပီး ႏိုင္ငံေတာ္လုံၿခဳံေရး ႏွင့္ ေအးခ်မ္းသာယာေရး ေကာ္မရွင္ ထံ ႏွင့္ တာဝန္ရွိသူမ်ား ထံ ယင္းႏွင့္ ပတ္သက္၍ စာေပးပို႔ထားေၾကာင္းလည္း ၎က ဆိုသည္။
လက္ရွိတြင္လည္း ေ႐ႊတူးေဖာ္မႈေၾကာင့္ မဒမ ေခ်ာင္း အတြင္း ထိခိုက္ျခင္းမ်ား ရွိေနသည့္ အျပင္ သဘာဝပတ္ဝန္းက်င္ထိခိုက္မႈပါ ျဖစ္ေနေၾကာင္း ၎က ေျပာသည္။
“အားလုံးက တကယ္ အခုက ခြင့္ျပဳေတာ့မယ္ဆိုရင္ စည္းကမ္းတက်နဲ႔လုပ္ပါ။ ထိန္းထိန္းသိမ္းသိမ္း နဲ႔လုပ္ၿပီးေတာ့ ႐ြာေတြထဲကို ဝင္ၿပီးမလုပ္ပါနဲ႔။ အဲဒီရဲ႕ ဝင္းမေနေတာင္ဘက္ တစ္ဖက္ကမ္းမွာရွိတဲ့ဘုရားေလးအထိကိုက ေ႐ႊေၾကာေတြခ်ည္းပဲ အဲဒီမွာလုပ္လို႔ရတယ္။ အဲဒီမွလုပ္ရင္႐ြာေတြမထိခိုက္ဘူး။ ႐ြာေတြမထိခိုက္တဲ့အတြက္ ႐ြာထဲမွာ ဝင္မလုပ္ဖို႔အတြက္ တားတာပါ” ဟု ၎က ဆိုသည္။

Related news

© 2021. All rights reserved.