ရန်ကုန် လူငယ်များအကြား မူးယစ်ဆေးဖြစ်သော ကက်တမင်းနှင့် အက်တစီ အသုံးများနေပြီး ပိုမိုလွယ်လင့်တကူ ဝယ်ယူလာနိုင်

278

ထိုက်စံ (NP News) - မတ်လ ၁၁
ရန်ကုန်လူငယ်များအကြား မူးယစ်ဆေး ဖြစ်သော ကက်တမင်းနှင့် အက်တစီ အသုံးများနေပြီး ပိုမို လွယ်လင့်တကူဝယ်ယူလာနိုင်နေကြောင်း မူးယစ် ဆေးဝါး တားဆီးနှိမ်နင်းရေးနှင့်ပတ်သက်၍ဆောင် ရွက်နေသော သတင်းရင်းမြစ်တစ်ဦးက NP News သို့ ပြောသည်။
" တချို့တလေ ရန်ကုန် နယ်တော့နယ်ပေါ့။ ဒါပေမဲ့ မြို့ထဲဘက်တွေမှာတော့ရောင်းတာ မဟုတ် ဘူး။ နည်းနည်းလှမ်းတဲ့နေရာလို့ပဲ ကျွန်တော် ပြောပါ တော့မယ်။ ရွှေပြည်သာဘက်ကဟာတွေ၊ လှိုင်သာ ယာဘက်ကဟာတွေ တိုက်ကြီးတို့ပေါ့။ အဲဒီလိုဘက် တွေမှာ တချို့ကွမ်းယာဆိုင်တွေမှာ လွယ်လင့်တကူ ဝယ်လို့ရနေတယ်ဆိုတာ ကျွန်တော်တို့ ကြားနေရ တယ်ခင်ဗျ" ဟု ၎င်းကပြောသည်။
ထိုသို့ရောင်းချရာတွင် အင်တာနက် လူမှု ကွန်ရက်များအသုံးပြုကာ ချိတ်ဆက်ရောင်းချခြင်းမျိုး လည်းဖြစ်နိုင်ကြောင်း ၎င်းကဆိုသည်။
" ဒီပစ္စည်းက ကွမ်းယာဆိုင်လို့လည်း ပြော လို့မရဘူး။ ဒီပစ္စည်းက တယ်လီဂရမ်ကလည်း ရောင်း လို့ရနေတာကိုး။ အဲဒီတော့ အွန်လိုင်းကပါ ပျံ့နှံ့မှုနဲ့ ဒီဟာနဲ့ဆိုတော့ အပြင်မှာရတဲ့ဥစ္စာက ဒီဆိုင်မှာ သွား မေးလို့ဘာရှိမှာလဲ။ မရှိဘူးလေ။ အဲဒီလို အွန်လိုင်း ကနေမှာထားရင် ဘယ်ချိန်လာယူဆို အဲဒီလိုသွားယူ။ အဲဒီလို အဆက်အသွယ်နဲ့ပေးကြတာပေါ့နော်။ အဲဒီ နည်းနဲ့ရောင်းကြတယ်ဗျ" ဟု ရောင်းချနည်း တစ်မျိုး ကို ၎င်းကဆိုသည်။
လူငယ်များကိုပစ်မှတ်ထား၍ ၎င်းတို့အသုံး များသည့် မူးယစ်ဆေးဝါးများဖြစ်သည့် ကက်တ မင်းနှင့်အက်တစီတို့ကို အဓိကထား၍ ရောင်းချမှုများ ရှိနေကြောင်း သိရသည်။
" အဓိကတော့ လူငယ်တွေ အခု သွားကြ တယ်ဗျာ။ E တို့ K တို့ ရှူကြတယ်။ လုပ်ကြတယ်။ ဒီပစ္စည်းတွေက အခု ကျောင်းသားလူငယ်တွေရဲ့ လက်ထဲကိုပါ ပျံ့နှံ့ပြီးရောက်လာတာကိုး။ ရောက်လာ တော့ သူတို့သုံးတဲ့ပစ္စည်းတွေကိုပဲ အဲဒီမှာ အဓိက ထားရောင်းတဲ့ပုံစံမျိုးဖြစ်လာတာပေါ့။ ကျွန်တော်တို့ ဘာဆိုတာတော့ အတိအကျမသိဘူး။ ဒါပေမဲ့ ဒါပဲ ဖြစ်နိုင်ခြေကများတယ်လေ။ အခု လူငယ်တွေ အများစုသုံးနေတဲ့ဟာ K တို့ E တို့ ဒါတွေပဲ အဓိက သုံးနေကြတာကိုး" ဟု ၎င်းကပြောသည်။
ကုန်ဈေးနှုန်းကြီးနေသော်လည်း မူးယစ် ဆေးဈေးမှာမူ အောက်ခြေလူတန်းစားများ အလွယ် တကူဝယ်ယူနိုင်မည့်အခြေအနေအထိရှိလာ ကြောင်းလည်း ၎င်းကဆိုသည်။
" အောက်ခြေလူတန်းစားကအစ လွယ် လွယ်ဝယ်လို့ရတဲ့အခြေအနေရှိတယ်လို့ ပြောရမှာ ပေါ့။ အခု ဘယ်လိုပြောရမလဲဆို အပြင်ရဲ့ ကုန်ဈေး နှုန်းကသာကြီးတာလေ။ မှုးယစ်ဆေးမှာက အပေါစား ရှိတယ်။ ဈေးနှုန်းအမြင့်နဲ့ ဟာရှိတယ်။ အပေါစားက ပေါပေါပဲပဲနဲ့ရတယ်။ သုံးတဲ့သူက သူတို့နိုင်တဲ့ပိုက် ဆံနဲ့ပဲသုံးကြတာ"ဟု ၎င်းကဆိုသည်။
ထိုမူးယစ်ဆေးဝါးများမှာ ကျောင်းသား လူငယ်များနှင့် လူလတ်ပိုင်းများအကြားတွင်ပျံ့နှံ့မှု ရှိနေပြီး ကလပ်များသည်လည်း မူးယစ်ဆေးသုံးစွဲရန် နေရာများဖြစ်လာကြောင်းသိရသည်။
" ဘယ်လိုပြောမလဲ။ ကလေးတွေက နေ့ လယ်တွေဆို Day ကလပ် ဘာညာသွားကြတယ်။ အဲဒီတော့ သွားတဲ့နေရာတွေမှာ ဒါတွေနဲ့ ယဉ်ပါးလာ တာပေါ့။ DJ ဒီဥစ္စာလေးကို ဖွင့်မယ်ဆိုရင် ဒါလေး ရှူထားမှ ဒါလေးကိုလုပ်ထားမှ ပိုဖီးလ်တက်တာ။ အထ အထောင် ဘာညာ လူငယ်တွေအချင်းချင်းမှာ ပျံ့နှံ့လာတဲ့အခါ စမ်းကြည့်တာကနေ ဒီကလေးတွေဆီ ပိုရောက်သွားတာပေါ့" ဟု ၎င်းကပြောသည်။
အချို့လူငယ်များသည် ကိုယ်တိုင်ပင် မသိ ပါဘဲ မူးယစ်ဆေးသားကောင်ဘဝမှ ပစ္စည်းမျှရောင်း ရင်း သားကောင်ပြန်ရှာသောအဖြစ်ကို ရောက်နေ ကြောင်းလည်း ၎င်းကဆိုသည်။
" တချို့ကလေးတွေဆိုရင် သူတို့ကိုယ်တိုင်က သား ကောင်ဖြစ်နေတဲ့လူက သားကောင်ထပ်ပြီးပြန်ရှာ သလိုတောင် ဖြစ်နေတာပေါ့။ ပစ္စည်းယူသွားမယ်။ ပြန်ပြီးသူတို့က ဖြန့်ပြီးရောင်းသလိုဖြစ်နေတယ်။ ဒါမျိုးတွေ အများကြီးပဲ။ ကျောင်းသားလူငယ်တွေမှာ ဆို သူက (၁၀)လုံးဝယ်သွားတယ်ဆို အဲဒီမှာကျန်တဲ့ သူတွေကို ဖြန့်ပြီးရောင်းဦးမှာပဲ။ ဒါမျိုးတွေပေါ့။ သူကိုယ်တိုင်က သားကောင်ဖြစ်နေတဲ့သူက နောက် ထပ် သားကောင်ထပ်ရှာပြီး သွားလုပ်သလိုဖြစ်နေတာ တွေ အများကြီးရှိတယ်။ လူဆိုတာငွေမြင်လာရင် ကလေးတွေဆိုတာ လုပ်ချင်လာတာလေ" ဟု ၎င်းက ပြောသည်။

Zawgyi Version:
ရန္ကုန္ လူငယ္မ်ားအၾကား မူးယစ္ေဆးျဖစ္ေသာ ကက္တမင္းႏွင့္ အက္တစီ အသုံးမ်ားေနၿပီး ပိုမိုလြယ္လင့္တကူ ဝယ္ယူလာႏိုင္
ထိုက္စံ (NP News) - မတ္လ ၁၁
ရန္ကုန္လူငယ္မ်ားအၾကား မူးယစ္ေဆး ျဖစ္ေသာ ကက္တမင္းႏွင့္ အက္တစီ အသုံးမ်ားေနၿပီး ပိုမို လြယ္လင့္တကူဝယ္ယူလာႏိုင္ေနေၾကာင္း မူးယစ္ ေဆးဝါး တားဆီးႏွိမ္နင္းေရးႏွင့္ပတ္သက္၍ေဆာင္ ႐ြက္ေနေသာ သတင္းရင္းျမစ္တစ္ဦးက NP News သို႔ ေျပာသည္။
" တခ်ိဳ႕တေလ ရန္ကုန္ နယ္ေတာ့နယ္ေပါ့။ ဒါေပမဲ့ ၿမိဳ႕ထဲဘက္ေတြမွာေတာ့ေရာင္းတာ မဟုတ္ ဘူး။ နည္းနည္းလွမ္းတဲ့ေနရာလို႔ပဲ ကြၽန္ေတာ္ ေျပာပါ ေတာ့မယ္။ ေ႐ႊျပည္သာဘက္ကဟာေတြ၊ လႈိင္သာ ယာဘက္ကဟာေတြ တိုက္ႀကီးတို႔ေပါ့။ အဲဒီလိုဘက္ ေတြမွာ တခ်ိဳ႕ကြမ္းယာဆိုင္ေတြမွာ လြယ္လင့္တကူ ဝယ္လို႔ရေနတယ္ဆိုတာ ကြၽန္ေတာ္တို႔ ၾကားေနရ တယ္ခင္ဗ်" ဟု ၎ကေျပာသည္။
ထိုသို႔ေရာင္းခ်ရာတြင္ အင္တာနက္ လူမႈ ကြန္ရက္မ်ားအသုံးျပဳကာ ခ်ိတ္ဆက္ေရာင္းခ်ျခင္းမ်ိဳး လည္းျဖစ္ႏိုင္ေၾကာင္း ၎ကဆိုသည္။
" ဒီပစၥည္းက ကြမ္းယာဆိုင္လို႔လည္း ေျပာ လို႔မရဘူး။ ဒီပစၥည္းက တယ္လီဂရမ္ကလည္း ေရာင္း လို႔ရေနတာကိုး။ အဲဒီေတာ့ အြန္လိုင္းကပါ ပ်ံ႕ႏွံ႔မႈနဲ႔ ဒီဟာနဲ႔ဆိုေတာ့ အျပင္မွာရတဲ့ဥစၥာက ဒီဆိုင္မွာ သြား ေမးလို႔ဘာရွိမွာလဲ။ မရွိဘူးေလ။ အဲဒီလို အြန္လိုင္း ကေနမွာထားရင္ ဘယ္ခ်ိန္လာယူဆို အဲဒီလိုသြားယူ။ အဲဒီလို အဆက္အသြယ္နဲ႔ေပးၾကတာေပါ့ေနာ္။ အဲဒီ နည္းနဲ႔ေရာင္းၾကတယ္ဗ်" ဟု ေရာင္းခ်နည္း တစ္မ်ိဳး ကို ၎ကဆိုသည္။
လူငယ္မ်ားကိုပစ္မွတ္ထား၍ ၎တို႔အသုံး မ်ားသည့္ မူးယစ္ေဆးဝါးမ်ားျဖစ္သည့္ ကက္တ မင္းႏွင့္အက္တစီတို႔ကို အဓိကထား၍ ေရာင္းခ်မႈမ်ား ရွိေနေၾကာင္း သိရသည္။
" အဓိကေတာ့ လူငယ္ေတြ အခု သြားၾက တယ္ဗ်ာ။ E တို႔ K တို႔ ရႉၾကတယ္။ လုပ္ၾကတယ္။ ဒီပစၥည္းေတြက အခု ေက်ာင္းသားလူငယ္ေတြရဲ႕ လက္ထဲကိုပါ ပ်ံ႕ႏွံ႔ၿပီးေရာက္လာတာကိုး။ ေရာက္လာ ေတာ့ သူတို႔သုံးတဲ့ပစၥည္းေတြကိုပဲ အဲဒီမွာ အဓိက ထားေရာင္းတဲ့ပုံစံမ်ိဳးျဖစ္လာတာေပါ့။ ကြၽန္ေတာ္တို႔ ဘာဆိုတာေတာ့ အတိအက်မသိဘူး။ ဒါေပမဲ့ ဒါပဲ ျဖစ္ႏိုင္ေျခကမ်ားတယ္ေလ။ အခု လူငယ္ေတြ အမ်ားစုသုံးေနတဲ့ဟာ K တို႔ E တို႔ ဒါေတြပဲ အဓိက သုံးေနၾကတာကိုး" ဟု ၎ကေျပာသည္။
ကုန္ေဈးႏႈန္းႀကီးေနေသာ္လည္း မူးယစ္ ေဆးေဈးမွာမူ ေအာက္ေျခလူတန္းစားမ်ား အလြယ္ တကူဝယ္ယူႏိုင္မည့္အေျခအေနအထိရွိလာ ေၾကာင္းလည္း ၎ကဆိုသည္။
" ေအာက္ေျခလူတန္းစားကအစ လြယ္ လြယ္ဝယ္လို႔ရတဲ့အေျခအေနရွိတယ္လို႔ ေျပာရမွာ ေပါ့။ အခု ဘယ္လိုေျပာရမလဲဆို အျပင္ရဲ႕ ကုန္ေဈး ႏႈန္းကသာႀကီးတာေလ။ မႈးယစ္ေဆးမွာက အေပါစား ရွိတယ္။ ေဈးႏႈန္းအျမင့္နဲ႔ ဟာရွိတယ္။ အေပါစားက ေပါေပါပဲပဲနဲ႔ရတယ္။ သုံးတဲ့သူက သူတို႔ႏိုင္တဲ့ပိုက္ ဆံနဲ႔ပဲသုံးၾကတာ"ဟု ၎ကဆိုသည္။
ထိုမူးယစ္ေဆးဝါးမ်ားမွာ ေက်ာင္းသား လူငယ္မ်ားႏွင့္ လူလတ္ပိုင္းမ်ားအၾကားတြင္ပ်ံ႕ႏွံ႔မႈ ရွိေနၿပီး ကလပ္မ်ားသည္လည္း မူးယစ္ေဆးသုံးစြဲရန္ ေနရာမ်ားျဖစ္လာေၾကာင္းသိရသည္။
" ဘယ္လိုေျပာမလဲ။ ကေလးေတြက ေန႔ လယ္ေတြဆို Day ကလပ္ ဘာညာသြားၾကတယ္။ အဲဒီေတာ့ သြားတဲ့ေနရာေတြမွာ ဒါေတြနဲ႔ ယဥ္ပါးလာ တာေပါ့။ DJ ဒီဥစၥာေလးကို ဖြင့္မယ္ဆိုရင္ ဒါေလး ရႉထားမွ ဒါေလးကိုလုပ္ထားမွ ပိုဖီးလ္တက္တာ။ အထ အေထာင္ ဘာညာ လူငယ္ေတြအခ်င္းခ်င္းမွာ ပ်ံ႕ႏွံ႔လာတဲ့အခါ စမ္းၾကည့္တာကေန ဒီကေလးေတြဆီ ပိုေရာက္သြားတာေပါ့" ဟု ၎ကေျပာသည္။
အခ်ိဳ႕လူငယ္မ်ားသည္ ကိုယ္တိုင္ပင္ မသိ ပါဘဲ မူးယစ္ေဆးသားေကာင္ဘဝမွ ပစၥည္းမွ်ေရာင္း ရင္း သားေကာင္ျပန္ရွာေသာအျဖစ္ကို ေရာက္ေန ေၾကာင္းလည္း ၎ကဆိုသည္။
" တခ်ိဳ႕ကေလးေတြဆိုရင္ သူတို႔ကိုယ္တိုင္က သား ေကာင္ျဖစ္ေနတဲ့လူက သားေကာင္ထပ္ၿပီးျပန္ရွာ သလိုေတာင္ ျဖစ္ေနတာေပါ့။ ပစၥည္းယူသြားမယ္။ ျပန္ၿပီးသူတို႔က ျဖန႔္ၿပီးေရာင္းသလိုျဖစ္ေနတယ္။ ဒါမ်ိဳးေတြ အမ်ားႀကီးပဲ။ ေက်ာင္းသားလူငယ္ေတြမွာ ဆို သူက (၁၀)လုံးဝယ္သြားတယ္ဆို အဲဒီမွာက်န္တဲ့ သူေတြကို ျဖန႔္ၿပီးေရာင္းဦးမွာပဲ။ ဒါမ်ိဳးေတြေပါ့။ သူကိုယ္တိုင္က သားေကာင္ျဖစ္ေနတဲ့သူက ေနာက္ ထပ္ သားေကာင္ထပ္ရွာၿပီး သြားလုပ္သလိုျဖစ္ေနတာ ေတြ အမ်ားႀကီးရွိတယ္။ လူဆိုတာေငြျမင္လာရင္ ကေလးေတြဆိုတာ လုပ္ခ်င္လာတာေလ" ဟု ၎က ေျပာသည္။