ဆောက်လုပ်ရေးလုပ်ငန်းသုံးကျောက်နှင့်သဲများစံချိန်တင်ဈေးတက်

298

ကိုဖြိုး(NP News) မတ်-၁၁
ရန်ကုန်မြို့ရှိ ဆောက်လုပ်ရေးလုပ်သုံးကျောက်နှင့်သဲများစံချိန်တင်ဈေးတက်နေကြောင်း အုတ်သဲကျောက် ဈေးကွက်အတွင်းမှသိရသည်။
ဆောက်လုပ်ရေးလုပ်ငန်းလုပ်ငန်းသုံး ကျောက်နှင့်သဲဈေးနှုန်းများ စံချိန်တင်မြင့်တက်နေရာ သဲကြမ်းတစ်ကျင်းလျှင် (၈၅၀၀၀)ကျပ်၊ကျောက်စရစ် တစ်ကျင်းလျှင် သုံးသိန်းရှစ်သောင်းကျပ်အထိ မြင့်တက်ခဲ့ကြောင်းဈေးကွက်အတွင်းမှသိရသည်။
“ပဲခူးမြစ်ပတ်လမ်းကြီးပြင်နေလို့ သဲကျောက်ဒိုင်တွေပိတ်ထားတာကစပြီးဈေးတက်သွားတာ၊ ကျွန်တော် ဆိုင်လည်းပိတ်ထားရတယ်။ ဈေးတွေကတစ်ဆိုင်နဲ့တစ်ဆိုင်လဲမတူဘူး။ အခုပြန်ဖွင့်တဲ့ဆိုင်တွေလည်းဖွင့်နေပါပြီ၊ အိမ်အရောက်ပို့တဲ့ဆိုင်တွေလည်းရှိပါတယ်။အရင်တုန်းကဈေးနဲ့ယှဉ်ရင် ကျောက်တစ်ကျင်းကို ရှစ်သောင်း၊သဲကြမ်းတစ်ကျင်းကို တစ်သောင်းလောက်အထိဈေးတက်သွားတာပါ”ဟု ပဲခူးမြစ်ကမ်းဘေး ဒဂုံဆိပ်ကမ်းမြို့နယ်ရှိ သဲ၊ကျောက်ဒိုင် တစ်ဦးကပြောသည်.
လက်ရှိအချိန်တွင်သဲကျောက်ဈေးနှုန်းများပြန်လည်ကျဆင်းနေပြီး သဲကျောက်ဒိုင်အချို့လည်း ပြန်လည် လုပ်ငန်းစတင် လည်ပတ်နေကြောင်းသိရသည်။
“မေလ(၁၁)ရက်နေ့ပေါက်ဈေးကတော့ကျောက်စရစ်တစ်ကျင်းသုံးသိန်း၊သဲကြမ်းတစ်ကျင်းကို(၃၄၀၀၀)၊နုန်းသဲတစ်ကျင်းကို (၂၃၀၀) အထိုင်ဈေးရှိပါတယ်ဆိုင်တွေအားလုံး ပြန်ဖွင့်ရင်ဈေးထပ်ကျမယ့်သဘောပါ”ဟု ရွှေလင်းယုန် သဲကျောက် ဒိုင်မှ ပြောသည်။
ရန်ကုန်မြို့သည်ပွင့်လင်းရာသီဖြစ်သောကြောင့် ဆောက်လုပ်ရေးလုပ်ငန်းများအရှိန်အဟုန်မြင့်တည်ဆောက် နေခြင်းကြောင့် နေ့စဥ် အုတ်သဲကျောက်လိုအပ်ချက်မြင့်မားပြီး အဓိကသဲကျောက်ဒိုင်များမှာ ပဲခူးမြစ်ကမ်းဘေး ဒဂုံဆိပ်ကမ်းမြို့နယ် တွင်တည်ရှိသည်။

Zawgyi Version:
ေဆာက္လုပ္ေရးလုပ္ငန္းသုံးေက်ာက္ႏွင့္သဲမ်ားစံခ်ိန္တင္ေဈးတက္
ကိုၿဖိဳး(NP News) မတ္-၁၁
ရန္ကုန္ၿမိဳ႕ရွိ ေဆာက္လုပ္ေရးလုပ္သုံးေက်ာက္ႏွင့္သဲမ်ားစံခ်ိန္တင္ေဈးတက္ေနေၾကာင္း အုတ္သဲေက်ာက္ ေဈးကြက္အတြင္းမွသိရသည္။
ေဆာက္လုပ္ေရးလုပ္ငန္းလုပ္ငန္းသုံး ေက်ာက္ႏွင့္သဲေဈးႏႈန္းမ်ား စံခ်ိန္တင္ျမင့္တက္ေနရာ သဲၾကမ္းတစ္က်င္းလွ်င္ (၈၅၀၀၀)က်ပ္၊ေက်ာက္စရစ္ တစ္က်င္းလွ်င္ သုံးသိန္းရွစ္ေသာင္းက်ပ္အထိ ျမင့္တက္ခဲ့ေၾကာင္းေဈးကြက္အတြင္းမွသိရသည္။
“ပဲခူးျမစ္ပတ္လမ္းႀကီးျပင္ေနလို႔ သဲေက်ာက္ဒိုင္ေတြပိတ္ထားတာကစၿပီးေဈးတက္သြားတာ၊ ကြၽန္ေတာ္ ဆိုင္လည္းပိတ္ထားရတယ္။ ေဈးေတြကတစ္ဆိုင္နဲ႔တစ္ဆိုင္လဲမတူဘူး။ အခုျပန္ဖြင့္တဲ့ဆိုင္ေတြလည္းဖြင့္ေနပါၿပီ၊ အိမ္အေရာက္ပို႔တဲ့ဆိုင္ေတြလည္းရွိပါတယ္။အရင္တုန္းကေဈးနဲ႔ယွဥ္ရင္ ေက်ာက္တစ္က်င္းကို ရွစ္ေသာင္း၊သဲၾကမ္းတစ္က်င္းကို တစ္ေသာင္းေလာက္အထိေဈးတက္သြားတာပါ”ဟု ပဲခူးျမစ္ကမ္းေဘး ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္ရွိ သဲ၊ေက်ာက္ဒိုင္ တစ္ဦးကေျပာသည္.
လက္ရွိအခ်ိန္တြင္သဲေက်ာက္ေဈးႏႈန္းမ်ားျပန္လည္က်ဆင္းေနၿပီး သဲေက်ာက္ဒိုင္အခ်ိဳ႕လည္း ျပန္လည္ လုပ္ငန္းစတင္ လည္ပတ္ေနေၾကာင္းသိရသည္။
“ေမလ(၁၁)ရက္ေန႔ေပါက္ေဈးကေတာ့ေက်ာက္စရစ္တစ္က်င္းသုံးသိန္း၊သဲၾကမ္းတစ္က်င္းကို(၃၄၀၀၀)၊ႏုန္းသဲတစ္က်င္းကို (၂၃၀၀) အထိုင္ေဈးရွိပါတယ္ဆိုင္ေတြအားလုံး ျပန္ဖြင့္ရင္ေဈးထပ္က်မယ့္သေဘာပါ”ဟု ေ႐ႊလင္းယုန္ သဲေက်ာက္ ဒိုင္မွ ေျပာသည္။
ရန္ကုန္ၿမိဳ႕သည္ပြင့္လင္းရာသီျဖစ္ေသာေၾကာင့္ ေဆာက္လုပ္ေရးလုပ္ငန္းမ်ားအရွိန္အဟုန္ျမင့္တည္ေဆာက္ ေနျခင္းေၾကာင့္ ေန႔စဥ္ အုတ္သဲေက်ာက္လိုအပ္ခ်က္ျမင့္မားၿပီး အဓိကသဲေက်ာက္ဒိုင္မ်ားမွာ ပဲခူးျမစ္ကမ္းေဘး ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္ တြင္တည္ရွိသည္။