မန္တလေး ကုသိုလ်တော်ပုံစံတူ စေတီကို ဒေါ်လာ သန်း(၂၀ဝ) ကျော် ကုန်ကျခံပြီး အမေရိကန်တွင်တည်ထားရန်ရှိနေ

 398

သုတကျော် (NP News) - မတ်လ ၁၁
မန္တလေး ကုသိုလ်တော်ဘုရားကဲ့သို့ အတု ယူကာ အမေရိကန်တွင် ပဋိကတ်တော်များကို ကျောက်ထက် အက္ခရာတင်နိုင်ရန် Walk for Peace ဦးဆောင် ဆရာတော် ဦးပညာကာရ က ကြိုး ပမ်းနေကြောင်း ဆရာတော်နှင့် နီးစပ်သည့် ရဟန်းတော်များထံ ဆက်သွယ်လျှောက်ထားချက်အရ သိရ သည်။
ဆရာတော် လက်ရှိ သီတင်းသုံးနေသည့် တက္ကဆက်ပြည်နယ်၊ Fort Worth မြို့၊ Huong Dao ကျောင်းတွင် ဓမ္မစေတီကို တည်ထားကိုးကွယ်ရန် ကြိုးပမ်းနေခြင်းဖြစ်ပြီး လက်ရှိတွင် စီမံကိန်းကို ပန္နက်ချထားပြီး ဖြစ်ကြောင်း သိရသည်။
" မြန်မာပြည်မှာ ဆရာတော်က တရားအား ထုတ်ပြီးတော့ ဒီလိုတည်မယ်လို့ စိတ်ကူးတယ်ပေါ့။ မန္တလေးက မင်းတုန်းမင်း ကောင်းမှု ကုသိုလ်တော် ဘုရားက ကျောက်စာတိုက် စေတီလိုမျိုးနဲ့ ဝိနည်း ပိဋကတ်၊ သုတ္တန်ပိဋကတ်နဲ့ အဘိဓမ္မာပိဋကတ် တို့ကို ရိုမန်လို ရေးထားတဲ့ ပါဠိ နဲ့ အင်္ဂလိပ်ဘာသာပြန် ကို ထွင်းထုထားမယ်ပေါ့။ ပင်ပ မဟာစေတီလည်း ပါမယ်။ အနုပညာလက်ရာတွေက မြန်မာနဲ့ ဆင်တာ လည်းပါမယ်" ဟု သိရှိသူ ရဟန်းတော်တစ်ပါးက NP News သို့ မိန့်ကြားသည်။
ထို့ပြင် မြန်မာဘာသာ၊ ထိုင်းဘာသာ၊ လာ အိုဘာသာ၊ ဗီယက်နမ်ဘာသာ စသည်ဖြင့် ဘာသာ စကား ရှစ်မျိုးဖြင့် စတီးပြားများပေါ်တွင် ပိဋကတ်သုံးပုံ ကို ရေးထိုးထားရှိမည့် စီမံကိန်းလည်းပါဝင်ပြီး ယင်း စာများကိုမူ အဓိကမဟာစေတီတော်ကြီးတွင် ပူဇော် ထားရှိမည် ဖြစ်ကြောင်း သိရသည်။
" မြန်မာ အလှူရှင်တွေလည်း ပါဝင်လှူ ဒါန်းနေကြပါတယ်။ တော်တော်လေးလည်း ပါဝင်ကြ တယ်။ စီမံကိန်းက အကြီးကြီးပဲ။ ဆရာတော် ကိုယ် တိုင်ရဲ့ ဆန္ဒနဲ့တည်ဆောက်တာပါ။ ရုပ်ပွားတော် တွေလည်း အများကြီးပါမယ်" ဟု အထက်ပါ ဆရာ တော်က မိန့်ကြားသည်။
အဆိုပါ စီမံကိန်းသည် အမေရိကန် ဒေါ်လာ သန်း(၂၀ဝ)ကျော် ကုန်ကျမည်ဟု ခန့်မှန်း ထားပြီး စေတီတော်ကြီး ဖြစ်မြောက်ရေးအတွက် မြန်မာရဟန်းတော်များကလည်း ပူးပေါင်းပါဝင် ဆောင်ရွက်တော်မူနေကြကြောင်း သိရသည်။

Zawgyi Version:
မႏၲေလး ကုသိုလ္ေတာ္ပုံစံတူ ေစတီကို ေဒၚလာ သန္း(၂၀ဝ) ေက်ာ္ ကုန္က်ခံၿပီး အေမရိကန္တြင္တည္ထားရန္ရွိေန
သုတေက်ာ္ (NP News) - မတ္လ ၁၁
မႏၲေလး ကုသိုလ္ေတာ္ဘုရားကဲ့သို႔ အတု ယူကာ အေမရိကန္တြင္ ပဋိကတ္ေတာ္မ်ားကို ေက်ာက္ထက္ အကၡရာတင္ႏိုင္ရန္ Walk for Peace ဦးေဆာင္ ဆရာေတာ္ ဦးပညာကာရ က ႀကိဳး ပမ္းေနေၾကာင္း ဆရာေတာ္ႏွင့္ နီးစပ္သည့္ ရဟန္းေတာ္မ်ားထံ ဆက္သြယ္ေလွ်ာက္ထားခ်က္အရ သိရ သည္။
ဆရာေတာ္ လက္ရွိ သီတင္းသုံးေနသည့္ တကၠဆက္ျပည္နယ္၊ Fort Worth ၿမိဳ႕၊ Huong Dao ေက်ာင္းတြင္ ဓမၼေစတီကို တည္ထားကိုးကြယ္ရန္ ႀကိဳးပမ္းေနျခင္းျဖစ္ၿပီး လက္ရွိတြင္ စီမံကိန္းကို ပႏၷက္ခ်ထားၿပီး ျဖစ္ေၾကာင္း သိရသည္။
" ျမန္မာျပည္မွာ ဆရာေတာ္က တရားအား ထုတ္ၿပီးေတာ့ ဒီလိုတည္မယ္လို႔ စိတ္ကူးတယ္ေပါ့။ မႏၲေလးက မင္းတုန္းမင္း ေကာင္းမႈ ကုသိုလ္ေတာ္ ဘုရားက ေက်ာက္စာတိုက္ ေစတီလိုမ်ိဳးနဲ႔ ဝိနည္း ပိဋကတ္၊ သုတၱန္ပိဋကတ္နဲ႔ အဘိဓမၼာပိဋကတ္ တို႔ကို ႐ိုမန္လို ေရးထားတဲ့ ပါဠိ နဲ႔ အဂၤလိပ္ဘာသာျပန္ ကို ထြင္းထုထားမယ္ေပါ့။ ပင္ပ မဟာေစတီလည္း ပါမယ္။ အႏုပညာလက္ရာေတြက ျမန္မာနဲ႔ ဆင္တာ လည္းပါမယ္" ဟု သိရွိသူ ရဟန္းေတာ္တစ္ပါးက NP News သို႔ မိန႔္ၾကားသည္။
ထို႔ျပင္ ျမန္မာဘာသာ၊ ထိုင္းဘာသာ၊ လာ အိုဘာသာ၊ ဗီယက္နမ္ဘာသာ စသည္ျဖင့္ ဘာသာ စကား ရွစ္မ်ိဳးျဖင့္ စတီးျပားမ်ားေပၚတြင္ ပိဋကတ္သုံးပုံ ကို ေရးထိုးထားရွိမည့္ စီမံကိန္းလည္းပါဝင္ၿပီး ယင္း စာမ်ားကိုမူ အဓိကမဟာေစတီေတာ္ႀကီးတြင္ ပူေဇာ္ ထားရွိမည္ ျဖစ္ေၾကာင္း သိရသည္။
" ျမန္မာ အလႉရွင္ေတြလည္း ပါဝင္လႉ ဒါန္းေနၾကပါတယ္။ ေတာ္ေတာ္ေလးလည္း ပါဝင္ၾက တယ္။ စီမံကိန္းက အႀကီးႀကီးပဲ။ ဆရာေတာ္ ကိုယ္ တိုင္ရဲ႕ ဆႏၵနဲ႔တည္ေဆာက္တာပါ။ ႐ုပ္ပြားေတာ္ ေတြလည္း အမ်ားႀကီးပါမယ္" ဟု အထက္ပါ ဆရာ ေတာ္က မိန႔္ၾကားသည္။
အဆိုပါ စီမံကိန္းသည္ အေမရိကန္ ေဒၚလာ သန္း(၂၀ဝ)ေက်ာ္ ကုန္က်မည္ဟု ခန႔္မွန္း ထားၿပီး ေစတီေတာ္ႀကီး ျဖစ္ေျမာက္ေရးအတြက္ ျမန္မာရဟန္းေတာ္မ်ားကလည္း ပူးေပါင္းပါဝင္ ေဆာင္႐ြက္ေတာ္မူေနၾကေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.