တနင်္သာရီ ရေလုပ်သားများ လူမှုစီးပွားအဆင်ပြေစေရေးအတွက် ဧပြီလကုန်အထိ ငါးဖမ်းခွင့်ပေးရန် တင်ပြထား

 149

Pearl (NPNews) - မတ်လ ၁၁

တနင်္သာရီတိုင်းဒေသကြီးမှ ရေလုပ်သား များ လူမှုစီးပွားအဆင်ပြေစေရေးအတွက် ဧပြီလကုန် အထိ ငါးဖမ်းခွင့်ပေးရန်တင်ပြထားကြောင်း ငါးလုပ် ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦးက NP News သို့ပြောသည်။
မြန်မာ့ပင်လယ်ပြင်တွင် ငါးသားပေါက် ရာသီ (ငါးဖမ်းပိတ်ချိန်) ည် များသောအားဖြင့် မေလ မှ ဇူလိုင်လကုန်အထိ (သို့မဟုတ်) ဧပြီလမှ ဇွန်လ ကုန်အထိသတ်မှတ်ကြသည့်အတွက် ယခု မတ်လ ကုန်လျှင် ငါးဖမ်းရာသီအဆုံးသတ်ပြီး (၃)လခန့် ငါးဖမ်းလှေများ ရပ်နားထားရမည်ဖြစ်ကြောင်းသိရ သည်။
" ရေရှည်သယံဇာတထိန်းသိမ်းတဲ့အနေနဲ့ တစ်နှစ်မှာ (၃) လနားရမယ်ဆိုတော့ သူရဲ့မူဘောင် ဥပဒေအရပေါ့နော်။ လုပ်ထုံးလုပ်နည်းအရတော့ မတ် လအကုန်နားရဖို့ စာထွက်ထားတာပေါ့။ လာမယ့် မတ် လကုန်ရင် ငါးဖမ်းရာသီနားမယ်ဆိုတော့ (၃) လနား မယ်ဆိုတော့ တင်ပို့မှုကတော့မရှိဘူးပေါ့" ဟု ပြော သည်။
လက်ရှိတွင် တနင်္သာရီတိုင်းဒေသကြီး အတွင်း ငါးဖမ်းရေလုပ်သား (၃)သောင်းဝန်းကျင် ရှိကာ ၎င်းတို့၏ လူမှုစီးပွားအဆင်ပြေစေနိုင်ရေး အတွက် ဧပြီလကုန်အထိ ငါးဖမ်းခွင့်ပေးရန် ရေလုပ် သားများမှတောင်းဆိုလာသည့်အတွက် ငါးလုပ်ငန်း အဖွဲ့ချုပ်အနေဖြင့် သက်ဆိုင်ရာဦးစီးဌာနများသို့ စာတင်ထားကြောင်း သိရသည်။
" တနင်္သာရီတိုင်းမှာတော့ ငါးဖမ်းရေလုပ် သားကတော့ လူဦးရေ (၃) သောင်းလောက်ရှိမယ်။ နားရင်တော့ ကိုယ့်အိမ်ကိုယ်ပြန်ကြတာပေါ့။ လှေမှာ တော့ အစောင့်လောက်ပဲကျန်ခဲ့တာပေါ့။ တချို့ကျ တော့လည်း လုပ်ငန်းအခက်အခဲကြောင့် (၂)လပဲ နားခိုင်းပါပေါ့။ ရေလုပ်သားတွေလည်း လူမှုစီးပွား အဆင်ပြေအောင်ပေါ့နော်။ လှေနားတဲ့အချိန်ဆို သူ တို့မှာ ဝင်ငွေကမရှိတော့ဘူးလေ။ အဲဒီတော့ တောင်း ဆိုတာ။ တောင်းဆိုတော့ လျှောက်တော့ လျှောက် ထားပေးတာပေါ့ " ဟုပြောသည်။
ထို့ပြင် အချို့ငါးဖမ်းကိရိယာများသည် မိုးရာသီတွင်ရပ်ထားရပြီး နွေရာသီတွင်သာ အသုံးပြု ၍ရသည့်အတွက် ဧပြီလကုန်အထိ ငါးဖမ်းခွင့်ပေး ရန်တောင်းဆိုမှုများရှိကြောင်းလည်း သိရသည်။
" ရေလုပ်သားတွေကတော့ ဧပြီလ တစ်လ တောင်းခိုင်းတာပေါ့။ တောင်းတော့ တောင်းပေး ထားတာပေါ့။ ရ ၊ မရတော့ မသိဘူး။ အဖွဲ့ချုပ်အနေနဲ့ စာတော့တင်ပေးထားတာပေါ့။ ရန်ကုန်တိုင်းရော၊ တနင်္သာရီတိုင်းရောပေါ့။ မတ်လကုန်မှာဆို ပုံမှန်တော့ နားခိုင်းထားတာပေါ့။ တချို့ ငါးဖမ်းကိရိယာတွေက ကျတော့လည်း နွေရာသီမှာ အလုပ်လုပ်လို့ရတယ်။ ဇွန်၊ ဇူလိုင်၊ ဩဂုတ်ဆိုရင် မရဘူး။ ငါးဖမ်းတဲ့ကိရိယာ အလိုက်ကွဲပြားသွားတော့လေ။ သူတို့ မိုးရာသီမှာ ခွင့်ပြုလည်း လုပ်လို့မရဘူး"ဟု ပြောသည်။
ပြီးခဲ့သည့် (၂၀၂၄ - ၂၀၂၅)ဘဏ္ဍာနှစ် တွင်လည်း တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် ရေ ထွက်ကုန်တင်ပို့မှုမှ ဒေါ်လာ သန်း(၇၀ဝ)ကျော်ရရှိခဲ့ ပြီး တနင်္သာရီတိုင်းအနေဖြင့် တန်ချိန် (၂၈၅၀ဝဝ)ကျော်တင်ပို့နိုင်ခဲ့ကာ အမေရိကန်ဒေါ်လာ (၃၀၃.၆၂၈) သန်းရရှိခဲ့ကြောင်းလည်း သိရသည်။

Zawgyi Version:
တနသၤာရီ ေရလုပ္သားမ်ား လူမႈစီးပြားအဆင္ေျပေစေရးအတြက္ ဧၿပီလကုန္အထိ ငါးဖမ္းခြင့္ေပးရန္ တင္ျပထား
Pearl (NPNews) - မတ္လ ၁၁

တနသၤာရီတိုင္းေဒသႀကီးမွ ေရလုပ္သား မ်ား လူမႈစီးပြားအဆင္ေျပေစေရးအတြက္ ဧၿပီလကုန္ အထိ ငါးဖမ္းခြင့္ေပးရန္တင္ျပထားေၾကာင္း ငါးလုပ္ ငန္းအဖြဲ႕ခ်ဳပ္မွ တာဝန္ရွိသူတစ္ဦးက NP News သို႔ေျပာသည္။
ျမန္မာ့ပင္လယ္ျပင္တြင္ ငါးသားေပါက္ ရာသီ (ငါးဖမ္းပိတ္ခ်ိန္) ည္ မ်ားေသာအားျဖင့္ ေမလ မွ ဇူလိုင္လကုန္အထိ (သို႔မဟုတ္) ဧၿပီလမွ ဇြန္လ ကုန္အထိသတ္မွတ္ၾကသည့္အတြက္ ယခု မတ္လ ကုန္လွ်င္ ငါးဖမ္းရာသီအဆုံးသတ္ၿပီး (၃)လခန႔္ ငါးဖမ္းေလွမ်ား ရပ္နားထားရမည္ျဖစ္ေၾကာင္းသိရ သည္။
" ေရရွည္သယံဇာတထိန္းသိမ္းတဲ့အေနနဲ႔ တစ္ႏွစ္မွာ (၃) လနားရမယ္ဆိုေတာ့ သူရဲ႕မူေဘာင္ ဥပေဒအရေပါ့ေနာ္။ လုပ္ထုံးလုပ္နည္းအရေတာ့ မတ္ လအကုန္နားရဖို႔ စာထြက္ထားတာေပါ့။ လာမယ့္ မတ္ လကုန္ရင္ ငါးဖမ္းရာသီနားမယ္ဆိုေတာ့ (၃) လနား မယ္ဆိုေတာ့ တင္ပို႔မႈကေတာ့မရွိဘူးေပါ့" ဟု ေျပာ သည္။
လက္ရွိတြင္ တနသၤာရီတိုင္းေဒသႀကီး အတြင္း ငါးဖမ္းေရလုပ္သား (၃)ေသာင္းဝန္းက်င္ ရွိကာ ၎တို႔၏ လူမႈစီးပြားအဆင္ေျပေစႏိုင္ေရး အတြက္ ဧၿပီလကုန္အထိ ငါးဖမ္းခြင့္ေပးရန္ ေရလုပ္ သားမ်ားမွေတာင္းဆိုလာသည့္အတြက္ ငါးလုပ္ငန္း အဖြဲ႕ခ်ဳပ္အေနျဖင့္ သက္ဆိုင္ရာဦးစီးဌာနမ်ားသို႔ စာတင္ထားေၾကာင္း သိရသည္။
" တနသၤာရီတိုင္းမွာေတာ့ ငါးဖမ္းေရလုပ္ သားကေတာ့ လူဦးေရ (၃) ေသာင္းေလာက္ရွိမယ္။ နားရင္ေတာ့ ကိုယ့္အိမ္ကိုယ္ျပန္ၾကတာေပါ့။ ေလွမွာ ေတာ့ အေစာင့္ေလာက္ပဲက်န္ခဲ့တာေပါ့။ တခ်ိဳ႕က် ေတာ့လည္း လုပ္ငန္းအခက္အခဲေၾကာင့္ (၂)လပဲ နားခိုင္းပါေပါ့။ ေရလုပ္သားေတြလည္း လူမႈစီးပြား အဆင္ေျပေအာင္ေပါ့ေနာ္။ ေလွနားတဲ့အခ်ိန္ဆို သူ တို႔မွာ ဝင္ေငြကမရွိေတာ့ဘူးေလ။ အဲဒီေတာ့ ေတာင္း ဆိုတာ။ ေတာင္းဆိုေတာ့ ေလွ်ာက္ေတာ့ ေလွ်ာက္ ထားေပးတာေပါ့ " ဟုေျပာသည္။
ထို႔ျပင္ အခ်ိဳ႕ငါးဖမ္းကိရိယာမ်ားသည္ မိုးရာသီတြင္ရပ္ထားရၿပီး ေႏြရာသီတြင္သာ အသုံးျပဳ ၍ရသည့္အတြက္ ဧၿပီလကုန္အထိ ငါးဖမ္းခြင့္ေပး ရန္ေတာင္းဆိုမႈမ်ားရွိေၾကာင္းလည္း သိရသည္။
" ေရလုပ္သားေတြကေတာ့ ဧၿပီလ တစ္လ ေတာင္းခိုင္းတာေပါ့။ ေတာင္းေတာ့ ေတာင္းေပး ထားတာေပါ့။ ရ ၊ မရေတာ့ မသိဘူး။ အဖြဲ႕ခ်ဳပ္အေနနဲ႔ စာေတာ့တင္ေပးထားတာေပါ့။ ရန္ကုန္တိုင္းေရာ၊ တနသၤာရီတိုင္းေရာေပါ့။ မတ္လကုန္မွာဆို ပုံမွန္ေတာ့ နားခိုင္းထားတာေပါ့။ တခ်ိဳ႕ ငါးဖမ္းကိရိယာေတြက က်ေတာ့လည္း ေႏြရာသီမွာ အလုပ္လုပ္လို႔ရတယ္။ ဇြန္၊ ဇူလိုင္၊ ဩဂုတ္ဆိုရင္ မရဘူး။ ငါးဖမ္းတဲ့ကိရိယာ အလိုက္ကြဲျပားသြားေတာ့ေလ။ သူတို႔ မိုးရာသီမွာ ခြင့္ျပဳလည္း လုပ္လို႔မရဘူး"ဟု ေျပာသည္။
ၿပီးခဲ့သည့္ (၂၀၂၄ - ၂၀၂၅)ဘ႑ာႏွစ္ တြင္လည္း တစ္ႏိုင္ငံလုံးအတိုင္းအတာအေနျဖင့္ ေရ ထြက္ကုန္တင္ပို႔မႈမွ ေဒၚလာ သန္း(၇၀ဝ)ေက်ာ္ရရွိခဲ့ ၿပီး တနသၤာရီတိုင္းအေနျဖင့္ တန္ခ်ိန္ (၂၈၅၀ဝဝ)ေက်ာ္တင္ပို႔ႏိုင္ခဲ့ကာ အေမရိကန္ေဒၚလာ (၃၀၃.၆၂၈) သန္းရရွိခဲ့ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.