ဟော်မုဇ်ရေလက်ကြားကနေတစ်ဆင့် ဖြတ်သန်းသွားလာမှုတွေကို ပံ့ပိုးနိုင်ဖို့ မိတ်ဖက်တွေနဲ့ လက်တွဲလုပ်ဆောင်နေတယ်လို့ ဗြိတိန်ပြော

130

Pika(NP News) - မတ်လ ၁၁
အီရန်ရဲ့ ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်နေရချိန်မှာပဲ ဟော်မုဇ်ရေလက်ကြားကနေတစ်ဆင့် စီးပွားဖြစ်သင်္ဘောတွေ ဖြတ်သန်းသွားလာမှုကို ပံ့ပိုးနိုင်ဖို့အတွက် ဗြိတိန်က မိတ်ဖက်တွေနဲ့ ရွေးချယ်စရာများစွာကို လုပ်ဆောင်နေတယ်လို့ ဗြိတိန်ဝန်ကြီးချုပ်ကီရာစတာမာရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။အီရန်နဲ့ဖြစ်ပွားနေတဲ့စစ်ပွဲဟာ မကြာခင်အချိန်အတွင်း ပြီးဆုံးသွားနိုင်တယ်လို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပေမယ့်လည်း အီရန်က ဟော်မုဇ်ရေလက်ကြားကနေဖြတ်သန်းသွားလာမယ့် ရေနံတင်သင်္ဘောတွေကို ပိတ်ဆို့ဖို့ ကြိုးပမ်းမယ်ဆိုရင် အမေရိကန်ကလည်း တိုက်ခိုက်မှုတွေကို တိုးမြှင့်သွားနိုင်တယ်လို့ ထပ်မံပြောကြားခဲ့ပါတယ်။ ဗြိတိန်ဝန်ကြီးချုပ်ကီရာစတာမာရဲ့ ပြောရေးဆိုခွင့်ရှိသူက”ဟော်မုဇ်ရေလက်ကြားကနေတစ်ဆင့် လွတ်လပ်စွာရေကြောင်းသွားလာခွင့်ရဲ့ အရေးကြီးမှုတွေကို ကျွန်တော်တို့သဘောတူညီခဲ့ပါတယ်။အီရန်ရဲ့ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ရာမှာ လာမယ့်ရက်ပိုင်းတွေအတွင်း ပူးပေါင်းဆောင်ရွက်မှုတွေကို နီးကပ်စွာလုပ်ဆောင်ဖို့လည်း ကျွန်တော်တို့ သဘောတူညီခဲ့ပါတယ်။ဟော်မုဇ်ရေလက်ကြားကနေတစ်ဆင့် စီးပွားဖြစ်သင်္ဘောတွေဖြတ်သန်းသွားလာမှုကို ပံ့ပိုးနိုင်ဖို့အတွက် ဗြိတိန်က မိတ်ဖက်တွေနဲ့ ဆက်လက်လက်တွဲလုပ်ဆောင်နေပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။အဓိကကုန်သွယ်ရေးလမ်းကြောင်းတစ်ခုဖြစ်တဲ့ ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့ပစ်လိုက်ပြီလို့ အီရန်အစိုးရက ထုတ်ပြန်ကြေညာခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာ ယခုလိုမျိုးဖြစ်ရပ်တွေ ဖြစ်ပွားလာခဲ့တာလည်းဖြစ်ပါတယ်။

Zawgyi Version:
ေဟာ္မုဇ္ေရလက္ၾကားကေနတစ္ဆင့္ ျဖတ္သန္းသြားလာမႈေတြကို ပံ့ပိုးႏိုင္ဖို႔ မိတ္ဖက္ေတြနဲ႔ လက္တြဲလုပ္ေဆာင္ေနတယ္လို႔ ၿဗိတိန္ေျပာ
Pika(NP News) - မတ္လ ၁၁
အီရန္ရဲ႕ ၿခိမ္းေျခာက္မႈေတြကို ရင္ဆိုင္ေနရခ်ိန္မွာပဲ ေဟာ္မုဇ္ေရလက္ၾကားကေနတစ္ဆင့္ စီးပြားျဖစ္သေဘၤာေတြ ျဖတ္သန္းသြားလာမႈကို ပံ့ပိုးႏိုင္ဖို႔အတြက္ ၿဗိတိန္က မိတ္ဖက္ေတြနဲ႔ ေ႐ြးခ်ယ္စရာမ်ားစြာကို လုပ္ေဆာင္ေနတယ္လို႔ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ကီရာစတာမာရဲ႕ ေျပာေရးဆိုခြင့္ရွိသူက ေျပာၾကားခဲ့ပါတယ္။အီရန္နဲ႔ျဖစ္ပြားေနတဲ့စစ္ပြဲဟာ မၾကာခင္အခ်ိန္အတြင္း ၿပီးဆုံးသြားႏိုင္တယ္လို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ေျပာၾကားခဲ့ေပမယ့္လည္း အီရန္က ေဟာ္မုဇ္ေရလက္ၾကားကေနျဖတ္သန္းသြားလာမယ့္ ေရနံတင္သေဘၤာေတြကို ပိတ္ဆို႔ဖို႔ ႀကိဳးပမ္းမယ္ဆိုရင္ အေမရိကန္ကလည္း တိုက္ခိုက္မႈေတြကို တိုးျမႇင့္သြားႏိုင္တယ္လို႔ ထပ္မံေျပာၾကားခဲ့ပါတယ္။ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ကီရာစတာမာရဲ႕ ေျပာေရးဆိုခြင့္ရွိသူက”ေဟာ္မုဇ္ေရလက္ၾကားကေနတစ္ဆင့္ လြတ္လပ္စြာေရေၾကာင္းသြားလာခြင့္ရဲ႕ အေရးႀကီးမႈေတြကို ကြၽန္ေတာ္တို႔သေဘာတူညီခဲ့ပါတယ္။အီရန္ရဲ႕ၿခိမ္းေျခာက္မႈေတြကို ရင္ဆိုင္ရာမွာ လာမယ့္ရက္ပိုင္းေတြအတြင္း ပူးေပါင္းေဆာင္႐ြက္မႈေတြကို နီးကပ္စြာလုပ္ေဆာင္ဖို႔လည္း ကြၽန္ေတာ္တို႔ သေဘာတူညီခဲ့ပါတယ္။ေဟာ္မုဇ္ေရလက္ၾကားကေနတစ္ဆင့္ စီးပြားျဖစ္သေဘၤာေတြျဖတ္သန္းသြားလာမႈကို ပံ့ပိုးႏိုင္ဖို႔အတြက္ ၿဗိတိန္က မိတ္ဖက္ေတြနဲ႔ ဆက္လက္လက္တြဲလုပ္ေဆာင္ေနပါတယ္။”လို႔ေျပာဆိုခဲ့ပါတယ္။အဓိကကုန္သြယ္ေရးလမ္းေၾကာင္းတစ္ခုျဖစ္တဲ့ ေဟာ္မုဇ္ေရလက္ၾကားကို ပိတ္ဆို႔ပစ္လိုက္ၿပီလို႔ အီရန္အစိုးရက ထုတ္ျပန္ေၾကညာခဲ့ၿပီးေနာက္ ရက္ပိုင္းအၾကာမွာ ယခုလိုမ်ိဳးျဖစ္ရပ္ေတြ ျဖစ္ပြားလာခဲ့တာလည္းျဖစ္ပါတယ္။