တက္ကသိုလ်ဝင်စာမေးပွဲ၊ မြန်မာစာဘာသာရပ်ကို လာရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ ဦးရေ နှစ်သိန်းခွဲကျော်ရှိ

114

ထိုက်စံ (NP News)- မတ် ၁၂
တက္ကသိုလ်ဝင်စာမေးပွဲ၊ မြန်မာစာဘာသာရပ်ကို လာရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ ဦးရေ နှစ်သိန်းခွဲကျော်ရှိကြောင်း ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
(၂၀၂၆) ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယမန်နေ့(မတ် ၁၁)ရက် ရက်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စတင် ကျင်းပခြင်း ဖြစ်သည်။
အဆိုပါစာမေးပွဲကို ပြည်တွင်းစာစစ်ဌာန (၈၇၁) ခု နှင့် နိုင်ငံခြားစာစစ်ဌာန (၁၆) ခု စာစစ်ဌာန စုစုပေါင်း (၈၈၇) ခု ဖွင့်လှစ်ဖြေဆိုခဲ့ရာ စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူ ကျောင်းသား၊ ကျောင်းသူ ဦးရေ စုစုပေါင်း (၂၆၈၇၅၃) ဦး ရှိခဲ့သည့်အနက် (၂၅၅၂၂၈) ဦး လာရောက် ဖြေဆိုကြောင်း သိရသည်။
ထို့ကြောင့် ယခုနှစ် တက္ကသိုလ် ဝင်စာမေးပွဲတွင် ဖြေဆိုသူ (၉၄ ဒသမ ၉၇) ရာခိုင်နှုန်း ရှိပြီး ဖြေဆိုရန်ပျက်ကွက်သူဦးရေမှာ (၁၃၅၂၅) ဦးရှိကြောင်း သိရသည်။
ထို့အတူ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲ ကိုလည်း တပြိုင်နက်တည်း ပြုလုပ်ရာ ပထမနေ့ မြန်မာစာဘာသာရပ် လာရောက်ဖြေဆိုသူဦးရေမှာ စုစုပေါင်း (၃၃၆၄) ဦး ရှိကြောင်း သိရသည်။
အဆိုပါ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်ဝင်စာမေးပွဲကို ပြည်တွင်းစာစစ်ဌာန စုစုပေါင်း (၅၃) ခု ဖွင့်လှစ်ဖြေဆိုခဲ့ရာ စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း (၃၃၈၆) ဦး ရှိပြီး ဖြေဆိုရန် ပျက်ကွက်ဦးရေ( ၂၂) ဦး ရှိကာ ဖြေဆိုသူ ၉၉ ဒသမ ၃၅ ရာခိုင်နှုန်းရှိကြောင်း ပညာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။
zawgyi version
တကၠသိုလ္ဝင္စာေမးပြဲ၊ ျမန္မာစာဘာသာရပ္ကို လာေရာက္ေျဖဆိုသူ ေက်ာင္းသား၊ ေက်ာက္သူ ဦးေရ ႏွစ္သိန္းခြဲေက်ာ္ ရွိ
ထိုက္စံ (NP News) - မတ္ ၁၂
တကၠသိုလ္ဝင္စာေမးပြဲ၊ ျမန္မာစာဘာသာရပ္ကို လာေရာက္ေျဖဆိုသူ ေက်ာင္းသား၊ ေက်ာက္သူ ဦးေရ ႏွစ္သိန္းခြဲေက်ာ္ ရွိေၾကာင္း ပညာေရးဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္အရ သိရသည္။
(၂၀၂၆) ခုႏွစ္ တကၠသိုလ္ဝင္စာေမးပြဲကို ယမန္ေန႔(မတ္ ၁၁)ရက္ ရက္တြင္ တစ္ႏိုင္ငံလုံး အတိုင္းအတာျဖင့္ စတင္ က်င္းပျခင္း ျဖစ္သည္။
အဆိုပါစာေမးပြဲကို ျပည္တြင္းစာစစ္ဌာန (၈၇၁) ခု ႏွင့္ ႏိုင္ငံျခားစာစစ္ဌာန (၁၆) ခု စာစစ္ဌာန စုစုေပါင္း (၈၈၇) ခု ဖြင့္လွစ္ေျဖဆိုခဲ့ရာ စာေမးပြဲေျဖဆိုရန္ စာရင္းေပးသြင္းသူ ေက်ာင္းသား၊ ေက်ာင္းသူ ဦးေရ စုစုေပါင္း (၂၆၈၇၅၃) ဦး ရွိခဲ့သည့္အနက္ (၂၅၅၂၂၈) ဦး လာေရာက္ ေျဖဆိုေၾကာင္း သိရသည္။
ထို႔ေၾကာင့္ ယခုႏွစ္ တကၠသိုလ္ ဝင္စာေမးပြဲတြင္ ေျဖဆိုသူ (၉၄ ဒသမ ၉၇) ရာခိုင္ႏႈန္း ရွိၿပီး ေျဖဆိုရန္ပ်က္ကြက္သူဦးေရမွာ (၁၃၅၂၅) ဦးရွိေၾကာင္း သိရသည္။
ထို႔အတူ စက္မႈ၊ စိုက္ပ်ိဳး၊ ေမြးျမဴေရး တကၠသိုလ္ဝင္စာေမးပြဲ ကိုလည္း တၿပိဳင္နက္တည္း ျပဳလုပ္ရာ ပထမေန႔ ျမန္မာစာဘာသာရပ္ လာေရာက္ေျဖဆိုသူဦးေရမွာ စုစုေပါင္း (၃၃၆၄) ဦး ရွိေၾကာင္း သိရသည္။
အဆိုပါ စက္မႈ၊ စိုက္ပ်ိဳး၊ ေမြးျမဴေရး တကၠသိုလ္ဝင္စာေမးပြဲကို ျပည္တြင္းစာစစ္ဌာန စုစုေပါင္း (၅၃) ခု ဖြင့္လွစ္ေျဖဆိုခဲ့ရာ စာေမးပြဲေျဖဆိုရန္ စာရင္းေပးသြင္းသူဦးေရ စုစုေပါင္း (၃၃၈၆) ဦး ရွိၿပီး ေျဖဆိုရန္ ပ်က္ကြက္ဦးေရ( ၂၂) ဦး ရွိကာ ေျဖဆိုသူ ၉၉ ဒသမ ၃၅ ရာခိုင္ႏႈန္းရွိေၾကာင္း ပညာေရးဝန္ႀကီးဌာနမွ ထုတ္ျပန္ထားသည္။