Driving Simulator ဖြင့် ကားမောင်းသင်ခြင်းကို ကျယ်ပြန့်စေရန် ဆောင်ရွက်နေသော်လည်းဈေးနှုန်းက အဟန့်အတား ဖြစ်နေ

1268

သန့်ဇင် (NP News) - မတ်လ ၁၂
ယာဉ်မောင်းသင်တန်းပေးရာတွင် Driving Simulator ဖြင့် ကားမောင်းသင်ခြင်းကို ကျယ်ပြန့်စေရန်ဆောင်ရွက်နေသော်လည်း ဈေးနှုန်း က အဟန့်အတားဖြစ်နေကြောင်း နည်းပညာပိုင်း ကျွမ်းကျင်သူတစ်ဦးက NP News သို့ပြောကြားချက်အရသိရသည်။
မြန်မာနိုင်ငံတွင် Driving Simulator အသုံးပြုမှုကို (၂၀၁၈)ခုနှစ်ဝန်းကျင်ကပင် စတင်ခဲ့ သော်လည်း ယခင်က Gaming သဘောမျိုးသာရှိခဲ့ ရာLearning ပုံစံသို့ အပြည့်အဝပြောင်းလဲရန် ကြိုး ပမ်းနေကြကြောင်း ၎င်းကပြောသည်။
" တကယ်တမ်း Driving Simulator စတာကတော့ မြန်မာနိုင်ငံမှာက (၂၀၁၈) လောက် တည်းကပေါ့။ အများစုက Driving Hour အတွက် ပေါ့နော်။ ကားမမောင်းတတ်တဲ့လူတွေအတွက် သင် ပေးတဲ့သဘောသုံးတာပေါ့။ ပုံမှန် Gaming သဘော ကနေ Learning သဘောလုပ်မယ်ဆိုတော့ တော် တော်ကိုအချိန်ယူရတာရှိတယ်။ သုံးတဲ့အပေါ်မှာမူ တည်ပြီးလုပ်သွားကြတာပေါ့။ ကျွန်တော်တို့နိုင်ငံမှာက အရင်က ဒီ Culture ကိုမမိဘူးလေ။ အဲဒီတော့ တစ်စတစ်စယူလာရတာပေါ့။ ယူလာပြီး အခုလို Social Media ခေတ်ရောက်လာတဲ့အခါမှာ ဒီ ပစ္စည်းတွေက ဒီလိုတွေပါဆိုတာသိကုန်ကြတာပေါ့"ဟု အထက်ပါသတင်းရင်းမြစ်ကပြောသည်။
လက်ရှိတွင် YBPC ကုမ္ပဏီတွင် Simulator(၂)လုံးဖြင့် စတင်သင်ကြားပေးနေပြီး တစ်လ လျှင် သင်တန်းတစ်ခုနှုန်းဖြင့် အောင်မြင်စွာ လေ့ကျင့် ပေးခဲ့ပြီးဖြစ်ကြောင်းသိရသည်။
" အခုတော့ ဒီနှစ်ထဲမှာ YBPC ပေါ့။ ဒီကုမ္ပ ဏီကနေပြီးတော့ ကျွန်တော်တို့ဆီကို Simulator (၂) လုံးမှာထားတာရှိတယ်။ ကျွန်တော်တို့လည်း ဆင်ပေး ခဲ့ပြီးပြီ။ (၂၀၂၅) ခုနှစ် (၁၂) လပိုင်းတည်းက သူတို့ ကိုရောင်းပေးနိုင်ခဲ့တာဆိုတော့ သူတို့လည်း စပြီးတော့ Training ပေးနေပြီပေါ့။ သင်တန်းကာလလည်း တစ်လကို သင်တန်းတစ်ခုသင်တာဆိုတော့ အနည်းဆုံး မရှိဘူးဆိုရင် သင်တန်း (၄)ခုလောက်တော့ ပေးပြီး ပြီပေါ့" ဟု ၎င်းကဆက်ပြောသည်။
သို့သော်လည်း Driving Simulator တစ်စုံလုံး အပြီးအစီးတပ်ဆင်ရန် သိန်း(၁၂၀)ဝန်း ကျင်အထိကုန်ကျနိုင်သဖြင့် သင်တန်းကျောင်းအ သေးစားများအတွက် ဝယ်ယူရန် ဈေးနှုန်းကြီးမြင့်မှုနှင့် ကြုံတွေ့နေရကြောင်းလည်း ၎င်းကဆိုသည်။
" ဈေးနှုန်းကတော့ ဒီဘက်ခေတ်ရဲ့ သဘောသဘာဝအရ ဈေးကများတယ်။ များလို့လည်း ယာဉ်မောင်းသင်တန်းကုမ္ပဏီအသေးတွေက ဝယ် တပ်ဖို့စိတ်ကူးမရှိကြတာပေါ့။ Driving Gear တစ်လုံးတည်းတင် သိန်း(၃၀)ဝန်းကျင်ရှိတယ်။ နောက်ပြီး Driving Computer တစ်လုံးတင် သိန်း (၄၀) ဝန်းကျင်ရှိတာကိုး။ အဲဒီလိုဆိုတော့ ဒီ (၂) ခုတင်ပဲ သိန်း(၇၀)ဝန်းကျင်သွားတာကိုး။ အဲဒီ လိုဆိုတော့ (၇၀) လောက်သွားမယ့်အတူတူ ဝယ်သုံး မယ်ဆိုလည်း မရှိတော့ဘူးပေါ့။ အဲဒီမှာပဲ TV ဖြစ်တဲ့ Monitor ပါထပ်တပ်လိုက်ရင် သိန်း (၂၀)လောက် ထပ်ပေါင်းထည့်ပြီး သိန်း(၉၀)လောက်သွားပြီ။ အဲဒါထိုင်ခုံမပါဘူး။ အဲဒီမှာ အကုန်လုံးဆင်လိုက်ရင် သိန်း(၁၂၀)ဝန်းကျင်လောက်သွားရော။ အဲဒီမှာပဲ ဩညငအသမ ကောင်းရင်ကောင်း သလိုထပ်ကွဲသေး တယ်"ဟု ၎င်းကပြောသည်။
သို့သော်လည်း Monitor ဖြင့် (၃) နာရီ လေ့ကျင့်ခြင်းသည် ကားဖြင့်(၁)နာရီ မောင်းနှင် လေ့ကျင့်ခြင်းနှင့်တူညီသောကြောင့် ကားအစီးရေ မလောက်ငသည့်ပြဿနာကိုဖြေရှင်းနိုင်ပြီး ကား ပျက်စီးမှုကိုလည်း လျှော့ချနိုင်မည်ဖြစ်ကြောင်း ၎င်းက အကြံပြုသည်။
" ကားမောင်းလေ့ကျင့်တဲ့အခါမှာ ကိုယ့် ကားကိုလည်းအနာမခံစေချင်ဘူးပေါ့။ ဈေးလည်း သက်သာစေချင်တယ်ဆိုရင် ဒီဟာနဲ့ အရင်လေ့ကျင့်ပေါ့။ လေ့ကျင်ပြီးမှ တကယ့်ကားနဲ့ လေ့ကျင့်တဲ့အချိန်မှာ ဥပမာ Driving Simulator နဲ့ (၃) နာရီ လောက်လေ့ကျင့်ပြီးတဲ့အချိန်မှာ တကယ့်ကားနဲ့ (၁) နာရီလောက်လေ့ကျင့်တာနဲ့အတူတူပဲ။ အဲဒီလိုသွား ကျတယ်။ အဲဒီလိုမျိုးပေါ့။ မောင်းရဲတာ မမောင်းရဲ တာကတော့ လူစိတ်ပေါ့"ဟု ၎င်းကအကြံပြုထားသည်။

Zawgyi Version:
Driving Simulator ျဖင့္ ကားေမာင္းသင္ျခင္းကို က်ယ္ျပန႔္ေစရန္ ေဆာင္႐ြက္ေနေသာ္လည္းေဈးႏႈန္း က အဟန႔္အတား ျဖစ္ေန
သန႔္ဇင္ (NP News) - မတ္လ ၁၂
ယာဥ္ေမာင္းသင္တန္းေပးရာတြင္ Driving Simulator ျဖင့္ ကားေမာင္းသင္ျခင္းကို က်ယ္ျပန႔္ေစရန္ေဆာင္႐ြက္ေနေသာ္လည္း ေဈးႏႈန္း က အဟန႔္အတားျဖစ္ေနေၾကာင္း နည္းပညာပိုင္း ကြၽမ္းက်င္သူတစ္ဦးက NP News သို႔ေျပာၾကားခ်က္အရသိရသည္။
ျမန္မာႏိုင္ငံတြင္ Driving Simulator အသုံးျပဳမႈကို (၂၀၁၈)ခုႏွစ္ဝန္းက်င္ကပင္ စတင္ခဲ့ ေသာ္လည္း ယခင္က Gaming သေဘာမ်ိဳးသာရွိခဲ့ ရာLearning ပုံစံသို႔ အျပည့္အဝေျပာင္းလဲရန္ ႀကိဳး ပမ္းေနၾကေၾကာင္း ၎ကေျပာသည္။
" တကယ္တမ္း Driving Simulator စတာကေတာ့ ျမန္မာႏိုင္ငံမွာက (၂၀၁၈) ေလာက္ တည္းကေပါ့။ အမ်ားစုက Driving Hour အတြက္ ေပါ့ေနာ္။ ကားမေမာင္းတတ္တဲ့လူေတြအတြက္ သင္ ေပးတဲ့သေဘာသုံးတာေပါ့။ ပုံမွန္ Gaming သေဘာ ကေန Learning သေဘာလုပ္မယ္ဆိုေတာ့ ေတာ္ ေတာ္ကိုအခ်ိန္ယူရတာရွိတယ္။ သုံးတဲ့အေပၚမွာမူ တည္ၿပီးလုပ္သြားၾကတာေပါ့။ ကြၽန္ေတာ္တို႔ႏိုင္ငံမွာက အရင္က ဒီ Culture ကိုမမိဘူးေလ။ အဲဒီေတာ့ တစ္စတစ္စယူလာရတာေပါ့။ ယူလာၿပီး အခုလို Social Media ေခတ္ေရာက္လာတဲ့အခါမွာ ဒီ ပစၥည္းေတြက ဒီလိုေတြပါဆိုတာသိကုန္ၾကတာေပါ့"ဟု အထက္ပါသတင္းရင္းျမစ္ကေျပာသည္။
လက္ရွိတြင္ YBPC ကုမၸဏီတြင္ Simulator(၂)လုံးျဖင့္ စတင္သင္ၾကားေပးေနၿပီး တစ္လ လွ်င္ သင္တန္းတစ္ခုႏႈန္းျဖင့္ ေအာင္ျမင္စြာ ေလ့က်င့္ ေပးခဲ့ၿပီးျဖစ္ေၾကာင္းသိရသည္။
" အခုေတာ့ ဒီႏွစ္ထဲမွာ YBPC ေပါ့။ ဒီကုမၸ ဏီကေနၿပီးေတာ့ ကြၽန္ေတာ္တို႔ဆီကို Simulator (၂) လုံးမွာထားတာရွိတယ္။ ကြၽန္ေတာ္တို႔လည္း ဆင္ေပး ခဲ့ၿပီးၿပီ။ (၂၀၂၅) ခုႏွစ္ (၁၂) လပိုင္းတည္းက သူတို႔ ကိုေရာင္းေပးႏိုင္ခဲ့တာဆိုေတာ့ သူတို႔လည္း စၿပီးေတာ့ Training ေပးေနၿပီေပါ့။ သင္တန္းကာလလည္း တစ္လကို သင္တန္းတစ္ခုသင္တာဆိုေတာ့ အနည္းဆုံး မရွိဘူးဆိုရင္ သင္တန္း (၄)ခုေလာက္ေတာ့ ေပးၿပီး ၿပီေပါ့" ဟု ၎ကဆက္ေျပာသည္။
သို႔ေသာ္လည္း Driving Simulator တစ္စုံလုံး အၿပီးအစီးတပ္ဆင္ရန္ သိန္း(၁၂၀)ဝန္း က်င္အထိကုန္က်ႏိုင္သျဖင့္ သင္တန္းေက်ာင္းအ ေသးစားမ်ားအတြက္ ဝယ္ယူရန္ ေဈးႏႈန္းႀကီးျမင့္မႈႏွင့္ ႀကဳံေတြ႕ေနရေၾကာင္းလည္း ၎ကဆိုသည္။
" ေဈးႏႈန္းကေတာ့ ဒီဘက္ေခတ္ရဲ႕ သေဘာသဘာဝအရ ေဈးကမ်ားတယ္။ မ်ားလို႔လည္း ယာဥ္ေမာင္းသင္တန္းကုမၸဏီအေသးေတြက ဝယ္ တပ္ဖို႔စိတ္ကူးမရွိၾကတာေပါ့။ Driving Gear တစ္လုံးတည္းတင္ သိန္း(၃၀)ဝန္းက်င္ရွိတယ္။ ေနာက္ၿပီး Driving Computer တစ္လုံးတင္ သိန္း (၄၀) ဝန္းက်င္ရွိတာကိုး။ အဲဒီလိုဆိုေတာ့ ဒီ (၂) ခုတင္ပဲ သိန္း(၇၀)ဝန္းက်င္သြားတာကိုး။ အဲဒီ လိုဆိုေတာ့ (၇၀) ေလာက္သြားမယ့္အတူတူ ဝယ္သုံး မယ္ဆိုလည္း မရွိေတာ့ဘူးေပါ့။ အဲဒီမွာပဲ TV ျဖစ္တဲ့ Monitor ပါထပ္တပ္လိုက္ရင္ သိန္း (၂၀)ေလာက္ ထပ္ေပါင္းထည့္ၿပီး သိန္း(၉၀)ေလာက္သြားၿပီ။ အဲဒါထိုင္ခုံမပါဘူး။ အဲဒီမွာ အကုန္လုံးဆင္လိုက္ရင္ သိန္း(၁၂၀)ဝန္းက်င္ေလာက္သြားေရာ။ အဲဒီမွာပဲ ဩညငအသမ ေကာင္းရင္ေကာင္း သလိုထပ္ကြဲေသး တယ္"ဟု ၎ကေျပာသည္။
သို႔ေသာ္လည္း Monitor ျဖင့္ (၃) နာရီ ေလ့က်င့္ျခင္းသည္ ကားျဖင့္(၁)နာရီ ေမာင္းႏွင္ ေလ့က်င့္ျခင္းႏွင့္တူညီေသာေၾကာင့္ ကားအစီးေရ မေလာက္ငသည့္ျပႆနာကိုေျဖရွင္းႏိုင္ၿပီး ကား ပ်က္စီးမႈကိုလည္း ေလွ်ာ့ခ်ႏိုင္မည္ျဖစ္ေၾကာင္း ၎က အႀကံျပဳသည္။
" ကားေမာင္းေလ့က်င့္တဲ့အခါမွာ ကိုယ့္ ကားကိုလည္းအနာမခံေစခ်င္ဘူးေပါ့။ ေဈးလည္း သက္သာေစခ်င္တယ္ဆိုရင္ ဒီဟာနဲ႔ အရင္ေလ့က်င့္ေပါ့။ ေလ့က်င္ၿပီးမွ တကယ့္ကားနဲ႔ ေလ့က်င့္တဲ့အခ်ိန္မွာ ဥပမာ Driving Simulator နဲ႔ (၃) နာရီ ေလာက္ေလ့က်င့္ၿပီးတဲ့အခ်ိန္မွာ တကယ့္ကားနဲ႔ (၁) နာရီေလာက္ေလ့က်င့္တာနဲ႔အတူတူပဲ။ အဲဒီလိုသြား က်တယ္။ အဲဒီလိုမ်ိဳးေပါ့။ ေမာင္းရဲတာ မေမာင္းရဲ တာကေတာ့ လူစိတ္ေပါ့"ဟု ၎ကအႀကံျပဳထားသည္။