အီရန်က ကယ်လီဖိုးနီးယားပြည်နယ်ကို ဒရုန်းတွေနဲ့ ပစ်မှတ်ထားတိုက်ခိုက်သွားနိုင်တယ်လို့ အက်ဖ်ဘီအိုင်အဖွဲ့သတိပေး

336

Pika(NP News) - မတ်လ ၁၂
အီရန်က ဒရုန်းတွေနဲ့ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်ကို တိုက်ခိုက်မှုတွေလုပ်ဆောင်သွားနိုင်တယ်လို့ အက်ဖ်ဘီအိုင်အဖွဲ့က သတိပေးပြောဆိုခဲ့ပါတယ်။ဒါပေမယ့်လည်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အမေရိကန်မြေအပေါ် အီရန်ကျောက်ထောက်နောက်ခံပြုတိုက်ခိုက်မှုတွေကို စိုးရိမ်တာမျိုးမရှိဘူးလို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။အမေရိကန်နဲ့အစ္စရေးတို့ဟာ ပြီးခဲ့တဲ့သီတင်းပတ်(၂)ပတ်နီးပါးလောက်က အီရန်ကို တိုက်ခိုက်မှုတွေစတင်လုပ်ဆောင်ခဲ့တာဖြစ်ပြီး အရှေ့အလယ်ပိုင်းဒေသမှာ ကျယ်ပြန့်တဲ့ပဋိပက္ခကြီးတစ်ခုကို ပေါ်ပေါက်လာစေခဲ့ပါတယ်။အီရန်ထိပ်တန်းခေါင်းဆောင် အလီခါမေနီနဲ့ အခြားအကြီးတန်းအရာရှိတွေကို သတ်ပစ်ခဲ့တဲ့ အမေရိကန်-အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုတွေကို လက်တုံ့ပြန်တဲ့အနေနဲ့ အီရန်ကလည်း လက်စားချေတိုက်ခိုက်မှုတွေကို ပြန်လည်လုပ်ဆောင်ခဲ့တာပဲဖြစ်ပါတယ်။ဒါ့ပြင် အမေရိကန်မြေအပေါ် တိုက်ခိုက်မှုတွေအပါအဝင် လက်စားချေမှုတွေ တိုးမြင့်လာမှာနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေ ရှိ/မရှိဆိုတဲ့ မေးခွန်းတွေကို ဒေါ်နယ်ထရမ့်က တုံ့ပြန်ဖြေကြားခဲ့တယ်လို့လည်း သိရပါတယ်။ဒေါ်နယ်ထရမ့်က”အဲ့ဒီလိုမျိုး တိုက်ခိုက်မှုတွေကို ကျွန်တော်လုံးဝစိုးရိမ်ပူပန်နေမှာမဟုတ်ပါဘူး။”လို့ပြောဆိုခဲ့ပါတယ်။အက်ဖ်ဘီအိုင်အဖွဲ့က”အီရန်က ကယ်လီဖိုးနီးယားပြည်နယ်မှာရှိတဲ့ အမေရိကန်ရဲဌာနတွေကို ဒရုန်းတွေပစ်လွှတ်ပြီး လက်စားချေတိုက်ခိုက်မှုတွေ လုပ်ဆောင်သွားနိုင်ပါတယ်။”လို့ သတိပေးပြောဆိုခဲ့ပါတယ်။

Zawgyi Version:
အီရန္က ကယ္လီဖိုးနီးယားျပည္နယ္ကို ဒ႐ုန္းေတြနဲ႔ ပစ္မွတ္ထားတိုက္ခိုက္သြားႏိုင္တယ္လို႔ အက္ဖ္ဘီအိုင္အဖြဲ႕သတိေပး
Pika(NP News) - မတ္လ ၁၂
အီရန္က ဒ႐ုန္းေတြနဲ႔ အေမရိကန္ႏိုင္ငံ ကယ္လီဖိုးနီးယားျပည္နယ္ကို တိုက္ခိုက္မႈေတြလုပ္ေဆာင္သြားႏိုင္တယ္လို႔ အက္ဖ္ဘီအိုင္အဖြဲ႕က သတိေပးေျပာဆိုခဲ့ပါတယ္။ဒါေပမယ့္လည္း အေမရိကန္သမၼတေဒၚနယ္ထရမ့္က အေမရိကန္ေျမအေပၚ အီရန္ေက်ာက္ေထာက္ေနာက္ခံျပဳတိုက္ခိုက္မႈေတြကို စိုးရိမ္တာမ်ိဳးမရွိဘူးလို႔ ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။အေမရိကန္နဲ႔အစၥေရးတို႔ဟာ ၿပီးခဲ့တဲ့သီတင္းပတ္(၂)ပတ္နီးပါးေလာက္က အီရန္ကို တိုက္ခိုက္မႈေတြစတင္လုပ္ေဆာင္ခဲ့တာျဖစ္ၿပီး အေရွ႕အလယ္ပိုင္းေဒသမွာ က်ယ္ျပန႔္တဲ့ပဋိပကၡႀကီးတစ္ခုကို ေပၚေပါက္လာေစခဲ့ပါတယ္။အီရန္ထိပ္တန္းေခါင္းေဆာင္ အလီခါေမနီနဲ႔ အျခားအႀကီးတန္းအရာရွိေတြကို သတ္ပစ္ခဲ့တဲ့ အေမရိကန္-အစၥေရးတို႔ရဲ႕ တိုက္ခိုက္မႈေတြကို လက္တုံ႔ျပန္တဲ့အေနနဲ႔ အီရန္ကလည္း လက္စားေခ်တိုက္ခိုက္မႈေတြကို ျပန္လည္လုပ္ေဆာင္ခဲ့တာပဲျဖစ္ပါတယ္။ဒါ့ျပင္ အေမရိကန္ေျမအေပၚ တိုက္ခိုက္မႈေတြအပါအဝင္ လက္စားေခ်မႈေတြ တိုးျမင့္လာမွာနဲ႔ပတ္သက္ၿပီး စိုးရိမ္မႈေတြ ရွိ/မရွိဆိုတဲ့ ေမးခြန္းေတြကို ေဒၚနယ္ထရမ့္က တုံ႔ျပန္ေျဖၾကားခဲ့တယ္လို႔လည္း သိရပါတယ္။ေဒၚနယ္ထရမ့္က”အဲ့ဒီလိုမ်ိဳး တိုက္ခိုက္မႈေတြကို ကြၽန္ေတာ္လုံးဝစိုးရိမ္ပူပန္ေနမွာမဟုတ္ပါဘူး။”လို႔ေျပာဆိုခဲ့ပါတယ္။အက္ဖ္ဘီအိုင္အဖြဲ႕က”အီရန္က ကယ္လီဖိုးနီးယားျပည္နယ္မွာရွိတဲ့ အေမရိကန္ရဲဌာနေတြကို ဒ႐ုန္းေတြပစ္လႊတ္ၿပီး လက္စားေခ်တိုက္ခိုက္မႈေတြ လုပ္ေဆာင္သြားႏိုင္ပါတယ္။”လို႔ သတိေပးေျပာဆိုခဲ့ပါတယ္။