စစ်ပွဲဖြစ်ပွားနေချိန်တွင် အီရန်က တရုတ်နိုင်ငံသို့ ရေနံစိမ်းစည်ပိုင်းပေါင်း ၁၂သန်းနီးပါး တင်ပို့နိုင်ခဲ့ဟုဆို

169

ဂျန်ဇက်(NP News) - မတ် ၁၂
အမေရိကန် နှင့် အီရန်တို့ကြား ဖြစ်ပွားနေသော စစ်ရေးပဋိပက္ခများကြောင့် ကမ္ဘာ့အရေးအပါဆုံး ရေကြောင်းကုန်သွယ်ရေးလမ်းကြောင်းဖြစ်သည့်ဟော်မုဇ်ရေလက်ကြားတွင် တင်းမာမှုများ မြင့်တက်နေချိန်တွင် အီရန်နိုင်ငံက တရုတ်နိုင်ငံသို့ ရေနံစိမ်းများ ဆက်လက်တင်ပို့နိုင်ရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းလျက်ရှိရာ အီရန်၏ ရေနံစိမ်းစည်ပိုင်းပေါင်း ၁၁ ဒသမ ၇ သန်းခန့် တရုတ်နိုင်ငံသို့ တင်ပို့နိုင်ခဲ့ကြောင်း ဂြိုဟ်တုအချက်အလက်များအရ သိရသည်။အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) သည် တရုတ်သို့သွားမည့် ရေနံတင်သင်္ဘောများကိုမူ အထူးကင်းလွတ်ခွင့်နှင့် လုံခြုံရေးအစောင့်အရှောက်များ ပေးထားကြောင်းသိရသည်။ပဋိပက္ခစတင်ချိန်မှစတင်ပြီး အီရန်၏ တင်ပို့ခဲ့သော ရေနံအားလုံးသည် တရုတ်နိုင်ငံသို့သာ တိုက်ရိုက်ဦးတည်သွားခဲ့သည်ဟုTankerTrackers နှင့် Kpler တို့၏ဂြိုဟ်တုအချက်အလက်များကဖော်ပြထားသည်။အီရန်ရေနံတင်ပို့မှု စုစုပေါင်း၏ ၈၀ ရာခိုင်နှုန်း မှ ၉၀ ရာခိုင်နှုန်း အထိ တရုတ်နိုင်ငံက ဝယ်ယူနေခြင်းဖြစ်ရာအီရန်အတွက် အဓိကဝင်ငွေလမ်းကြောင်းကြီး ဖြစ်နေကာ စစ်ရေးကာလအတွင်း လိုအပ်သော ဘဏ္ဍာငွေများ မပြတ်တောက်စေရန် တရုတ်သို့သွားမည့်သင်္ဘောများကို အီရန်ဘက်မှ မဖြစ်မနေ ကာကွယ်ပေးနေရခြင်း ဖြစ်သည်။
အီရန်၏ (IRGC)တပ်ဖွဲ့သည်တရုတ်သို့သွားမည့် ရေနံတင်သင်္ဘောများကိုမူ အထူးကင်းလွတ်ခွင့်နှင့် လုံခြုံရေးအစောင့်အရှောက်များ ပေးထားကြောင်းသိရသည်။ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းနေသည့် သင်္ဘောများ၏ ထက်ဝက်ခန့်မှာအီရန်၏ အရိပ်ရေယာဉ်စု’များဖြစ်ကြောင်းနိုင်ငံတကာ ရေကြောင်းသတင်းအချက်အလက် စောင့်ကြည့်လေ့လာရေးအဖွဲ့ဖြစ်သည့်၏စစ်တမ်းများက ဖော်ပြထားသည်။အီရန်သည် စစ်ပွဲကြောင့် ရေလက်ကြားအတွင်း စစ်ရေးပိတ်ဆို့မှုများကို ရှောင်လွှဲရန်အတွက် ဟော်မုဇ်ရေလက်ကြား၏ အပြင်ဘက်ဖြစ်သည့် အိုမန်ပင်လယ်ကွေ့ဘက်ခြမ်းတွင်ရှိသော Jask ရေနံတင်ပို့ရေးစခန်း ကိုပိုမိုအသုံးပြုလာခဲ့ပြီး ပြီးခဲ့သည့် သီတင်းပတ်အတွင်းတွင် အလွန်ကြီးမားသော ရေနံတင်သင်္ဘောကြီး (VLCC) တစ်စင်းသည် အီရန်ဆိပ်ကမ်းမှတစ်ဆင့် တရုတ်သို့ ရေနံများ လျှို့ဝှက်တင်ဆောင်သွားနိုင်ခဲ့ခြင်းကြောင့်အီရန်၏ အခြားရွေးချယ်စရာ လမ်းကြောင်းသစ် အောင်မြင်မှုကို သက်သေပြနေကြောင်း နိုင်ငံတကာသတင်းမီဒီယာများက ဖော်ပြထားသည်။

Zawgyi Version:
စစ္ပြဲျဖစ္ပြားေနခ်ိန္တြင္ အီရန္က တ႐ုတ္ႏိုင္ငံသို႔ ေရနံစိမ္းစည္ပိုင္းေပါင္း ၁၂သန္းနီးပါး တင္ပို႔ႏိုင္ခဲ့ဟုဆို
ဂ်န္ဇက္(NP News) - မတ္ ၁၂
အေမရိကန္ ႏွင့္ အီရန္တို႔ၾကား ျဖစ္ပြားေနေသာ စစ္ေရးပဋိပကၡမ်ားေၾကာင့္ ကမာၻ႔အေရးအပါဆုံး ေရေၾကာင္းကုန္သြယ္ေရးလမ္းေၾကာင္းျဖစ္သည့္ေဟာ္မုဇ္ေရလက္ၾကားတြင္ တင္းမာမႈမ်ား ျမင့္တက္ေနခ်ိန္တြင္ အီရန္ႏိုင္ငံက တ႐ုတ္ႏိုင္ငံသို႔ ေရနံစိမ္းမ်ား ဆက္လက္တင္ပို႔ႏိုင္ရန္ နည္းလမ္းမ်ိဳးစုံျဖင့္ ႀကိဳးပမ္းလ်က္ရွိရာ အီရန္၏ ေရနံစိမ္းစည္ပိုင္းေပါင္း ၁၁ ဒသမ ၇ သန္းခန႔္ တ႐ုတ္ႏိုင္ငံသို႔ တင္ပို႔ႏိုင္ခဲ့ေၾကာင္း ၿဂိဳဟ္တုအခ်က္အလက္မ်ားအရ သိရသည္။အီရန္ေတာ္လွန္ေရးအေစာင့္တပ္ (IRGC) သည္ တ႐ုတ္သို႔သြားမည့္ ေရနံတင္သေဘၤာမ်ားကိုမူ အထူးကင္းလြတ္ခြင့္ႏွင့္ လုံၿခဳံေရးအေစာင့္အေရွာက္မ်ား ေပးထားေၾကာင္းသိရသည္။ပဋိပကၡစတင္ခ်ိန္မွစတင္ၿပီး အီရန္၏ တင္ပို႔ခဲ့ေသာ ေရနံအားလုံးသည္ တ႐ုတ္ႏိုင္ငံသို႔သာ တိုက္႐ိုက္ဦးတည္သြားခဲ့သည္ဟုTankerTrackers ႏွင့္ Kpler တို႔၏ၿဂိဳဟ္တုအခ်က္အလက္မ်ားကေဖာ္ျပထားသည္။အီရန္ေရနံတင္ပို႔မႈ စုစုေပါင္း၏ ၈၀ ရာခိုင္ႏႈန္း မွ ၉၀ ရာခိုင္ႏႈန္း အထိ တ႐ုတ္ႏိုင္ငံက ဝယ္ယူေနျခင္းျဖစ္ရာအီရန္အတြက္ အဓိကဝင္ေငြလမ္းေၾကာင္းႀကီး ျဖစ္ေနကာ စစ္ေရးကာလအတြင္း လိုအပ္ေသာ ဘ႑ာေငြမ်ား မျပတ္ေတာက္ေစရန္ တ႐ုတ္သို႔သြားမည့္သေဘၤာမ်ားကို အီရန္ဘက္မွ မျဖစ္မေန ကာကြယ္ေပးေနရျခင္း ျဖစ္သည္။
အီရန္၏ (IRGC)တပ္ဖြဲ႕သည္တ႐ုတ္သို႔သြားမည့္ ေရနံတင္သေဘၤာမ်ားကိုမူ အထူးကင္းလြတ္ခြင့္ႏွင့္ လုံၿခဳံေရးအေစာင့္အေရွာက္မ်ား ေပးထားေၾကာင္းသိရသည္။ေဟာ္မုဇ္ေရလက္ၾကားကို ျဖတ္သန္းေနသည့္ သေဘၤာမ်ား၏ ထက္ဝက္ခန႔္မွာအီရန္၏ အရိပ္ေရယာဥ္စု’မ်ားျဖစ္ေၾကာင္းႏိုင္ငံတကာ ေရေၾကာင္းသတင္းအခ်က္အလက္ ေစာင့္ၾကည့္ေလ့လာေရးအဖြဲ႕ျဖစ္သည့္၏စစ္တမ္းမ်ားက ေဖာ္ျပထားသည္။အီရန္သည္ စစ္ပြဲေၾကာင့္ ေရလက္ၾကားအတြင္း စစ္ေရးပိတ္ဆို႔မႈမ်ားကို ေရွာင္လႊဲရန္အတြက္ ေဟာ္မုဇ္ေရလက္ၾကား၏ အျပင္ဘက္ျဖစ္သည့္ အိုမန္ပင္လယ္ေကြ႕ဘက္ျခမ္းတြင္ရွိေသာ Jask ေရနံတင္ပို႔ေရးစခန္း ကိုပိုမိုအသုံးျပဳလာခဲ့ၿပီး ၿပီးခဲ့သည့္ သီတင္းပတ္အတြင္းတြင္ အလြန္ႀကီးမားေသာ ေရနံတင္သေဘၤာႀကီး (VLCC) တစ္စင္းသည္ အီရန္ဆိပ္ကမ္းမွတစ္ဆင့္ တ႐ုတ္သို႔ ေရနံမ်ား လွ်ိဳ႕ဝွက္တင္ေဆာင္သြားႏိုင္ခဲ့ျခင္းေၾကာင့္အီရန္၏ အျခားေ႐ြးခ်ယ္စရာ လမ္းေၾကာင္းသစ္ ေအာင္ျမင္မႈကို သက္ေသျပေနေၾကာင္း ႏိုင္ငံတကာသတင္းမီဒီယာမ်ားက ေဖာ္ျပထားသည္။