ရေနံဈေးကွက်စိန်ခေါ်မှုများကို ဖြေရှင်းနိုင်အောင် ရေနံစည်ပေါင်း သန်း ၄၀၀ခန့် ထုတ်ရောင်းမယ်လို့ (IEA) အဖွဲ့ ပြော

 224

ဂျန်ဇက်(NP News) - မတ် ၁၂
နိုင်ငံတကာစွမ်းအင်အေဂျင်စီ (IEA) ကလည်း လက်ရှိဖြစ်ပွားနေတဲ့ အမေရိကန်နိုင်ငံ နဲ့အီရန်ကြားဖြစ်ပွားနေတဲ့ စစ်ပွဲကြောင့်ကမ္ဘာနိုင်ငံများ ကြား လောင်စာဆီလိုအပ်ချက်မြင့်တက်မှုနဲ့ အရေးပေါ် ရေနံစည် သန်း ၄၀၀ ကို ထုတ်ရောင်းချဖို့ စီစဉ်နေတယ်လို့သိရပါတယ်။နိုင်ငံတကာစွမ်းအင်အေဂျင်စီ (IEA) ရဲ့ အဖွဲ့ဝင် ၃၂ နိုင်ငံက အရေးပေါ် ရေနံစည် သန်း ၄၀၀ ကို ထုတ်သုံးဖို့ မတ်လ ၁၁ ရက်နေ့မှာ သဘောတူလိုက်ပါတယ်။ (IEA) အဖွဲ့က အဲဒီထုတ်ရောင်းမယ့် ရေနံပမာဏာဟာ ၂၀၂၂ ခုနှစ်စတင်ခဲ့တဲ့ ရုရှား-ယူကရိန်းစစ်ပွဲတုန်းက ထုတ်သုံးခဲ့တဲ့ ရေနံစည်ပေါင်းသန်း ၁၈၀ ကျော်ထက် နှစ်ဆကျော်များပြားပြီး IEA သမိုင်းတစ်လျှောက်အကြီးမားဆုံး ထုတ်သုံးမှုလည်းဖြစ်ပါတယ်။ ဒါပေမယ့် ဟော်မုဇ်ရေလက်ကြား ဆက်ပိတ်နေသရွေ့ ဒါဟာ ပြဿနာရဲ့ အရင်းအမြစ်ကို ဖြေရှင်းနိုင်မယ့် နည်းလမ်းမဟုတ်ဘူးလို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။(IEA) အဖွဲ့အကြီးအကဲက စစ်ပွဲကြောင့် ကမ္ဘာ ရေနံ ဈေးကွက်ဟာ အရေးကြီးတဲ့အလှည့် အပြောင်းကာလကို ရောက်ရှိနေတယ်လို့ ပြောပါတယ်။
(IEA)အဖွဲဝင့်နိုင်ငံ ပေါင်း ၃၂နိုင်ငံစလုံးက သဘောတူညီထားတဲ့ ရေနံစည်ပေါင်း သန်း ၄၀၀ခန့်ထုတ်ရောင်းမယ့် အစီအစဉ်ကို အမေရိကန်နိုင်ငံက ဦးဆောင်မှာဖြစ်ပြီး အမေရိကန်က ရေနံ စည်ပေါင်း ၁၇၂သန်းခန့်ထုတ်ရောင်းမယ်လို့ အမေရိကန် စွမ်းအင်ဝန်ကြီးက ပြောပါတယ်။အီရန်စစ်ဘက်က ဟော်မုဇ်ရေလက်ကြားမှာတိုက်ခိုက်မှုများဆက်လက်ဖြစ်ပွားမှုအပြင် "ဒေသတွင်းလုံခြုံရေးကို ဖျက်ဆီးလိုက်တဲ့အတွက် ရေနံတစ်စည်ကို ဒေါ်လာ ၂၀၀ အထိပေးဝယ်ဖို့ ပြင်ထားကြပါ" လို့ နိုင်ငံတကာကို သတိပေးထားတယ်လို့ သိရပါတယ်။ အီတလီအစိုးရကတော့ အရေးပေါ် ရေနံစည်ပေါင်း သန်း ၄၀၀ခန့် ထုတ်ရောင်းမယ့်အစီအစဉ်မှာ ပူးပေါင်းပါဝင်ပြီး ရေနံစည်ပေါင်း သန်း ၉၀ခန့်ထုတ်ရောင်းမယ်လို့ ပြောပါတယ်။(IEA) အဖွဲ့အကြီးအကဲက '' ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ ရေနံဈေးကွက်စိန်ခေါ်မှုများဟာ မကြုံစဖူး တဲ့ အတိုင်းအတာနဲ့ ကြီးမားလွန်းတာကြောင့် IEA အဖွဲ့ဝင်နိုင်ငံများက အရေးပေါ် စုပေါင်းလုပ်ဆောင်မှုနဲ့အတူ တုံ့ပြန်ခဲ့တာကိုအလွန်ဝမ်းမြောက်မိပါတယ်။
ဈေးကွက်အတွင်းမှာ လုံလောက်တဲ့ လမ်းကြောင်းများနဲ့ သိုလှောင်ရုံများ မရှိတော့တာကြောင့် အရှေ့အလယ်ပိုင်း ရေနံထုတ်လုပ်သူများဟာ ထုတ်လုပ်မှု လျှော့ချဖို့ စတင်လာခဲ့တယ်။ ဒါ့အပြင်
စွမ်းအင်နဲ့ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံများ ပျက်စီးဆုံးရှုံးမှုများအပြင် နောက်ထပ်တိုက်ခိုက်မှုများကို မြင်တွေ့နေရတယ်။ထူးသဖြင့် ဂျက်လေယာဉ်လောင်စာဆီ နဲ့ ဒီဇယ်ထောက်ပံ့မှုအပေါ် အဓိကသက်ရောက်မှုများ ရှိနေတယ်။”လို့ ပြောပါတယ်။

Zawgyi Version:
ေရနံေဈးကြက္စိန္ေခၚမႈမ်ားကို ေျဖရွင္းႏိုင္ေအာင္ ေရနံစည္ေပါင္း သန္း ၄၀၀ခန႔္ ထုတ္ေရာင္းမယ္လို႔ (IEA) အဖြဲ႕ ေျပာ
ဂ်န္ဇက္(NP News) - မတ္ ၁၂
ႏိုင္ငံတကာစြမ္းအင္ေအဂ်င္စီ (IEA) ကလည္း လက္ရွိျဖစ္ပြားေနတဲ့ အေမရိကန္ႏိုင္ငံ နဲ႔အီရန္ၾကားျဖစ္ပြားေနတဲ့ စစ္ပြဲေၾကာင့္ကမာၻႏိုင္ငံမ်ား ၾကား ေလာင္စာဆီလိုအပ္ခ်က္ျမင့္တက္မႈနဲ႔ အေရးေပၚ ေရနံစည္ သန္း ၄၀၀ ကို ထုတ္ေရာင္းခ်ဖို႔ စီစဥ္ေနတယ္လို႔သိရပါတယ္။ႏိုင္ငံတကာစြမ္းအင္ေအဂ်င္စီ (IEA) ရဲ႕ အဖြဲ႕ဝင္ ၃၂ ႏိုင္ငံက အေရးေပၚ ေရနံစည္ သန္း ၄၀၀ ကို ထုတ္သုံးဖို႔ မတ္လ ၁၁ ရက္ေန႔မွာ သေဘာတူလိုက္ပါတယ္။ (IEA) အဖြဲ႕က အဲဒီထုတ္ေရာင္းမယ့္ ေရနံပမာဏာဟာ ၂၀၂၂ ခုႏွစ္စတင္ခဲ့တဲ့ ႐ုရွား-ယူကရိန္းစစ္ပြဲတုန္းက ထုတ္သုံးခဲ့တဲ့ ေရနံစည္ေပါင္းသန္း ၁၈၀ ေက်ာ္ထက္ ႏွစ္ဆေက်ာ္မ်ားျပားၿပီး IEA သမိုင္းတစ္ေလွ်ာက္အႀကီးမားဆုံး ထုတ္သုံးမႈလည္းျဖစ္ပါတယ္။ ဒါေပမယ့္ ေဟာ္မုဇ္ေရလက္ၾကား ဆက္ပိတ္ေနသေ႐ြ႕ ဒါဟာ ျပႆနာရဲ႕ အရင္းအျမစ္ကို ေျဖရွင္းႏိုင္မယ့္ နည္းလမ္းမဟုတ္ဘူးလို႔ ကြၽမ္းက်င္သူေတြက သုံးသပ္ထားပါတယ္။(IEA) အဖြဲ႕အႀကီးအကဲက စစ္ပြဲေၾကာင့္ ကမာၻ ေရနံ ေဈးကြက္ဟာ အေရးႀကီးတဲ့အလွည့္ အေျပာင္းကာလကို ေရာက္ရွိေနတယ္လို႔ ေျပာပါတယ္။
(IEA)အဖြဲဝင့္ႏိုင္ငံ ေပါင္း ၃၂ႏိုင္ငံစလုံးက သေဘာတူညီထားတဲ့ ေရနံစည္ေပါင္း သန္း ၄၀၀ခန႔္ထုတ္ေရာင္းမယ့္ အစီအစဥ္ကို အေမရိကန္ႏိုင္ငံက ဦးေဆာင္မွာျဖစ္ၿပီး အေမရိကန္က ေရနံ စည္ေပါင္း ၁၇၂သန္းခန႔္ထုတ္ေရာင္းမယ္လို႔ အေမရိကန္ စြမ္းအင္ဝန္ႀကီးက ေျပာပါတယ္။အီရန္စစ္ဘက္က ေဟာ္မုဇ္ေရလက္ၾကားမွာတိုက္ခိုက္မႈမ်ားဆက္လက္ျဖစ္ပြားမႈအျပင္ "ေဒသတြင္းလုံၿခဳံေရးကို ဖ်က္ဆီးလိုက္တဲ့အတြက္ ေရနံတစ္စည္ကို ေဒၚလာ ၂၀၀ အထိေပးဝယ္ဖို႔ ျပင္ထားၾကပါ" လို႔ ႏိုင္ငံတကာကို သတိေပးထားတယ္လို႔ သိရပါတယ္။ အီတလီအစိုးရကေတာ့ အေရးေပၚ ေရနံစည္ေပါင္း သန္း ၄၀၀ခန႔္ ထုတ္ေရာင္းမယ့္အစီအစဥ္မွာ ပူးေပါင္းပါဝင္ၿပီး ေရနံစည္ေပါင္း သန္း ၉၀ခန႔္ထုတ္ေရာင္းမယ္လို႔ ေျပာပါတယ္။(IEA) အဖြဲ႕အႀကီးအကဲက '' ကြၽန္ေတာ္တို႔ ရင္ဆိုင္ေနရတဲ့ ေရနံေဈးကြက္စိန္ေခၚမႈမ်ားဟာ မႀကဳံစဖူး တဲ့ အတိုင္းအတာနဲ႔ ႀကီးမားလြန္းတာေၾကာင့္ IEA အဖြဲ႕ဝင္ႏိုင္ငံမ်ားက အေရးေပၚ စုေပါင္းလုပ္ေဆာင္မႈနဲ႔အတူ တုံ႔ျပန္ခဲ့တာကိုအလြန္ဝမ္းေျမာက္မိပါတယ္။
ေဈးကြက္အတြင္းမွာ လုံေလာက္တဲ့ လမ္းေၾကာင္းမ်ားနဲ႔ သိုေလွာင္႐ုံမ်ား မရွိေတာ့တာေၾကာင့္ အေရွ႕အလယ္ပိုင္း ေရနံထုတ္လုပ္သူမ်ားဟာ ထုတ္လုပ္မႈ ေလွ်ာ့ခ်ဖို႔ စတင္လာခဲ့တယ္။ ဒါ့အျပင္
စြမ္းအင္နဲ႔ စြမ္းအင္ဆိုင္ရာ အေျခခံအေဆာက္အအုံမ်ား ပ်က္စီးဆုံးရႈံးမႈမ်ားအျပင္ ေနာက္ထပ္တိုက္ခိုက္မႈမ်ားကို ျမင္ေတြ႕ေနရတယ္။ထူးသျဖင့္ ဂ်က္ေလယာဥ္ေလာင္စာဆီ နဲ႔ ဒီဇယ္ေထာက္ပံ့မႈအေပၚ အဓိကသက္ေရာက္မႈမ်ား ရွိေနတယ္။”လို႔ ေျပာပါတယ္။

Related news

© 2021. All rights reserved.