သမိုင်းကြောင်းနှင့် ဗိသုကာလက်ရာများ ကြွယ်ဝခဲ့သည့် ကရာကောင်းမြို့

 212

Pika (NP News) - မတ်လ ၁၃

ကရာကောင်းမြို့သည် ပိုလန်နိုင်ငံတွင်းတွင် ဒုတိယမြောက်အကြီးဆုံးနှင့် ရှေးအကျဆုံးမြို့များ ထဲမှတစ်မြို့ဖြစ်ပြီး ြွကယ်ဝသောသမိုင်းကြောင်း၊ ရင်သပ်ရှုမောဖွယ်ကောင်းသော ဗိသုကာပညာတို့ ကြောင့် နာမည်ကျော်ကြားသည့် မြို့တစ်မြို့လည်း ဖြစ်သည်။ ထို့ပြင် ကရာကောင်းမြို့သည် (၁၉၇၈) ခုနှစ်တွင် ယူနက်စကိုအဖွဲ့၏ ကမ္ဘာ့အမွေအနှစ် နေရာအဖြစ် အသိအမှတ်ပြုခံခဲ့ရပြီး အလယ်ခေတ် မြို့ ဟောင်း၊ ကြီးကျယ်ခမ်းနားသော Wawel ရဲတိုက်နှင့် သမိုင်းဝင် Kazimierz ခရိုင်တို့က ၎င်းကို ဥရောပ၏ ဆွဲဆောင်မှုအရှိဆုံးနေရာများထဲမှ တစ်ခုဖြစ်လာစေခြင်းဖြစ်ကြောင်းလည်းသိရသည်။ ကရာကောင်းမြို့ သည် Vistula မြစ်ပေါ်တွင်တည် ရှိပြီး စုစုပေါင်းနေထိုင်သူလူဦးရေမှာ(၈၀၄၃၂၇)ဦးရှိကြောင်းလည်း သိရ သည်။ (၁၉၅၆)ခုနှစ်အထိ ပိုလန်နိုင်ငံ၏ တရားဝင်မြို့တော်ဖြစ်ပြီး ရိုးရာ အစဉ်အလာအရ ပိုလန်ပညာ ရေး၊ ယဉ်ကျေးမှုနှင့် အနုပညာဘဝ၏ ဦးဆောင် ဗဟိုချက်များထဲမှတစ် ခုလည်းဖြစ်သည်။ ထို့ပြင် ကရာ ကောင်း၏ ရှေးဟောင်းမြို့သည် ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် အသိအမှတ်ပြုခံရသည့် ကမ္ဘာ့ပထဆုံး နေရာများထဲမှတစ်ခုလည်းဖြစ်သည်။

သမိုင်းကြောင်း

ကရာကောင်းမြို့သည် ရွာငယ်လေး တစ်ရွာအဖြစ်မှစတင်ခဲ့ခြင်းဖြစ်ပြီး (၉၈၅)ခုနှစ်တွင် ဥရောပ အလယ်ပိုင်း၏စည်ကားသော ကုန်သွယ်ရေးဆိုင်ရာ အချက်အချာနေရာတစ်ခုဖြစ်လာခဲ့ကြောင်း သိရ သည်။ ကရာကောင်းမြို့သည် (၁၃၀၈)ခုနှစ်တွင် Piast မင်းဆက်မှ ပိုလန်ဘုရင်များ၏ ရုံးစိုက်ရာ နေရာ ဖြစ်လာခဲ့ပြီး နောက်ပိုင်းတွင် Jagiellonian ဘုရင်များလက်ထက်နှင့်(၁၆)ရာစု နှောင်းပိုင်းတွင် Sigismu- nd III က ၎င်း၏တော်ဝင် တရားရုံးကို ဝါဆောသို့ ပြောင်းရွှေ့ချိန်အထိ ပိုလန်-လစ်သူယေးနီးယား၏ အုပ်ချုပ်ရေးဗဟိုချက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်းသိရသည်။ ထို့ပြင် (၁၉၁၈) ခုနှစ်တွင် ဒုတိယ ပိုလန်သမ္မတနိုင်ငံ ပေါ် ပေါက်လာခြင်းနှင့်အတူ ကရာကောင်းမြို့သည် အမျိုးသားစိတ်ဓာတ်၏ အဓိကအချက်အချာနေရာတစ်ခုအဖြစ် ၎င်း၏အခန်းကဏ္ဍကို ပြန်လည်အတည်ပြုခဲ့ ကြောင်းသိရသည်။ (၁၉၇၈) ခုနှစ်တွင် ကရာကောင်း၏ ဂိုဏ်းချုပ်ဘုန်းတော်ကြီး Karol Wojtyła သည် နှစ်ပေါင်း (၄၅၅) နှစ် အတွင်း အီတလီမဟုတ်သော ပထမဆုံး ပုပ်ရဟန်းမင်းကြီးဖြစ်သည့် ပုပ်ရဟန်း မင်းကြီး John Paul အဖြစ် ရာထူးတိုးမြှင့်ခံခဲ့ရသည်။ မြို့ဟောင်းနှင့် ကရာကောင်း၏ သမိုင်းဝင်မြို့လယ်သည် အနီးအနားရှိ Wieliczka ဆားတွင်းနှင့်အတူ ပိုလန်၏ ပထမဆုံး ကမ္ဘာ့အမွေအနှစ်နေရာများလည်း ဖြစ်သည်။ Gothic? Renaissance နှင့် Baroque ဗိသုကာလက်ရာများ၏ ခေတ်တစ်လျှောက်တည်ရှိ ခဲ့သော ၎င်း၏ ကျယ် ပြန့်သော ယဉ်ကျေးမှုနှင့် ဗိသုကာအမွေအနှစ်များတွင် Wawel ဘုရားရှိခိုး ကျောင်းနှင့် Wawel တော်ဝင် ရဲတိုက်၊ St. Mary's Basilica ၊ Saints Peter ESihf Paul ချာ့ချ်ကျောင်းနှင့် ဥရောပတွင် အကြီးဆုံး အလယ်ခေတ်ဈေးရင်ပြင် Rynek Główny တို့ပါဝင်ကြောင်းလည်းသိရသည်။ကရာကောင်းမြို့တွင် ကမ္ဘာ ပေါ်မှာ ရှေးအကျဆုံးတက္က သိုလ်များထဲမှတစ်ခုဖြစ်ပြီး ပိုလန်၏ နာမည်အကျော်ကြားဆုံး အဆင့်မြင့် ပညာရေးဌာနအဖြစ် မကြာခဏ သတ်မှတ်ခံရသည့် Jagiellonian တက္ကသိုလ်လည်း ရှိသည်။ ထို့ပြင် အမျိုးသားပြတိုက်၊ ကရာကောင်း အော်ပရာ၊ Juliusz Słowacki ပြဇာတ်ရုံ၊ အမျိုးသား Stary ပြဇာတ်ရုံ နှင့် Jagiell onian စာကြည့်တိုက်အပါအဝင် အမျိုးသားရေးအရ အရေးပါသော အဖွဲ့အစည်းများစွာ လည်းရှိကြောင်း သိရသည်။
ကရာကောင်းမြို့ကို Globalization and World Cities Research Network က မြင့်မားသော အဆင့်ရှိသည့် ကမ္ဘာလုံးဆိုင်ရာမြို့တစ်မြို့ အဖြစ် သတ်မှတ်ထားကြောင်းလည်း သိရသည့်အပြင် နိုင်ငံ တွင်းတွင် ဒုတိယမြောက်အလုပ်အများဆုံးလေဆိပ်နှင့် အရှေ့တောင်ပိုင်း ပိုလန်သားများအတွက် အရေး အကြီးဆုံးနိုင်ငံတကာ လေဆိပ်ဖြစ်သော John Paul II နိုင်ငံတကာ လေဆိပ်က ဝန်ဆောင်မှုပေးထား ကြောင်း သိရသည်။ (၂၀ဝဝ) ပြည့်တွင် ကရာကောင်းမြို့ကို ဥရောပ ယဉ်ကျေးမှုမြို့တော်အဖြစ် သတ် မှတ်ခဲ့ပြီး (၂၀၁၃)ခုနှစ်တွင် ယူနက်စကို၏ စာပေမြို့တော်အဖြစ် တရားဝင်အတည်ပြုပေးခဲ့ကြောင်း သိရသည်။

စီးပွားရေး

ကရာကောင်းမြို့သည် ပိုလန်နိုင်ငံ၏ အရေး အကြီးဆုံးစီးပွားရေးအချက်အချက်များထဲမှတစ်ခု ဖြစ်ပြီး ကွန်မြူနစ်ဝါဒကျဆုံးပြီးနောက်ပိုင်းတည်းက ပုဂ္ဂလိကကဏ္ဍမှာ တည်ငြိမ်စွာ တိုးတက်လာခဲ့ ကြောင်း သိရသည်။ ဗြိတိသျှ၊ ဂျာမန်နှင့် စကင်ဒီနေးဗီးယားအခြေစိုက်ကုမ္ပဏီများနှင့်အတူ Google? Uber၊ IBM ၊ Shell ၊ UBS ၊ HSBC ၊ Motorola ၊ Aptiv ၊ MAN ၊ General Electric ၊ ABB ၊ Aon ၊ Akamai ၊ Cisco ၊ Hitachi ၊ Altria ၊ Capgemini နှင့် Sabre Holdings အပါအဝင် နိုင်ငံတကာ ကုမ္ပဏီ ကြီး(၅၀)ခုခန့်မှာ ကရာကောင်းမြို့တွင် အခြေစိုက်ကြကြောင်းလည်းသိရသည်။ ထို့ပြင် စီးပွားရေး ဆော့ဖ်ဝဲလ်ကုမ္ပဏီ Comarch ၏ ကမ္ဘာလုံးဆိုင်ရာဌာနချုပ်လည်းဖြစ်ပြီး ပိုလန်နိုင်ငံတွင်းတွင် ဝါဆော မြို့ပြီးလျှင် လာရောက်လည်ပတ်မှုအများဆုံး မြို့တစ်မြို့လည်းဖြစ်သည်။ ကုလသမဂ္ဂကုန်သွယ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးညီလာခံ (UNCTAD) ကထုတ်ပြန်ခဲ့သော (၂၀၁၁) ခုနှစ် ကမ္ဘာ့ရင်းနှီးမြှုပ် နှံမှုအစီရင် ခံစာအရ ကရာကောင်းမြို့သည် ကမ္ဘာလုံးဆိုင်ရာ BPO ပရောဂျက်များ (စီးပွားရေးလုပ်ငန်းစဉ် Outsourcing) တွင် ရင်းနှီးမြှုပ်နှံမှုအတွက် အလျင်မြန်ဆုံးမြို့လည်းဖြစ်ကြောင်းသိရသည်။
ကရာကောင်းမြို့၏ ဝင်ငွေအဓိကရင်းမြစ်များမှာ အိမ်ခြံမြေပိုင်ဆိုင်မှုများနှင့်အသုံးပြုမှုအတွက် မြူနီစပယ်အခွန်မှ (၁၄)ရာခိုင်နှုန်း၊ အမျိုးသား ဘတ်ဂျက်မှ လွှဲပြောင်းမှုများ၏ (၃၀) ရာခိုင်နှုန်းနှင့် ပြည် နယ်ထောက်ပံ့ငွေများမှ (၃၄) ရာခိုင်နှုန်းတို့ဖြစ် ကြောင်းသိရသည်။ ကရာကောင်းမြို့၏ ဖွံ့ဖြိုးတိုးတက် ရေးကုန်ကျစရိတ်များတွင် လမ်းများ၊ သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး (ပေါင်းစပ်) တည် ဆောက်ရေးအတွက် (၄၁)ရာခိုင်နှုန်းနှင့်မြို့၏ အခြေခံအဆောက်အအုံနှင့် ပတ်ဝန်းကျင်အတွက် (၂၅) ရာခိုင်နှုန်း တို့ပါဝင်သည်။ ထို့ပြင် ငွေချေးစာချုပ် ခရက်ဒစ် အဆင့် သတ်မှတ်ချက်မြင့်မားပြီး လူဦးရေ၏ (၆၀)ရာခိုင်နှုန်းခန့်မှာ အသက် (၄၅)နှစ်အောက် အရွယ်များဖြစ်ကြကြောင်း သိရသည်။ Unity Tower အဆောက်အအုံကို နှစ်ပေါင်း(၃၀)ခန့်ကြာမြင့်ပြီးနောက် (၂၀၂၀)ပြည့်နှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့ပြီး စီးပွားရေးနှင့် လူနေစင်တာ အသစ်တစ်ခုကို ဖန်တီးပေးနိုင်ခဲ့ကာ K1 အဆောက်အအုံပြီးလျှင် မြို့တွင်း တွင် ဒုတိယမြောက်အမြင့်ဆုံးအဆောက်အအုံတစ်ခုလည်းဖြစ်သည်။

zawgyi version

Related news

© 2021. All rights reserved.