ပရဟိတအမည်ခံများက အစိုးရဆေးရုံများတစ်ဝိုက်တွင်နေရာယူကာ စီးပွားဖြစ်လူနာပို့ဆောင်ခြင်းများ လုပ်ဆောင်နေ

7531

သန့်ဇင် (NP News) - မတ် ၁၃
ရန်ကုန်တိုင်းအတွင်းရှိ အစိုးရဆေးရုံကြီးများတစ်ဝိုက်တွင်နေရာယူထားသည့် ပရဟိတအမည်ခံ များက စီးပွားဖြစ်လူနာပို့ဆောင်ခြင်းများလုပ်ဆောင်နေကြောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့ ချုပ် (ရန် ကုန်) YRO မှ ဥက္ကဋ္ဌ ဦးထွန်းထွန်းဦးက NP News သို့ပြောသည်။
ယင်းအဖွဲ့များသည် လွန်ခဲ့သည့် (၁၅) နှစ်ဝန်းကျင်ကပင် ပေါက်ဖွားလုပ်ကိုင်လာခဲ့ခြင်းဖြစ်ပြီး စီးပွားဖြစ်လူနာပို့ဆောင်ခြင်းများလုပ်ကိုင်လာခဲ့ရာ လက်ရှိအချိန်အထိ ရန်ကုန်တိုင်းအတွင်း အစိုးရ ဆေးရုံကြီးများတွင် လုပ်ကိုင်နေဆဲဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့ ကိုယ်ပိုင်လူနာတင်ယာဉ်လုပ်ပြီးတော့ ဆေးရုံတွေရဲ့ အနီးတစ်ဝိုက်မှာ ရပ်ပြီး တော့ ဆေးရုံထဲက အောက်ခြေဝန်ထမ်းတွေပေါ့နော် ဥပမာ သူနာပြုထဲက တချို့နဲ့ပေါ့ပေါင်းပြီးတော့ လုပ်တာပေါ့နော်။ ဒါတွေက ဆေးရုံကြီးတိုင်းမှာရှိပါတယ်။ ဆေးရုံဆိုတာလည်း အစိုးရဆေးရုံကြီးတွေမှာ ပိုများပါတယ်။ ဆေးရုံကြီးနဲ့ မြောက်ဥက္ကလာနဲ့ အင်းစိန် ဆေးရုံကြီးတွေမှာပိုများတယ်ပေါ့နော်။ သူတို့က တော့ နှစ်ပေါင်းများစွာကြာပြီလုပ်စားနေကြတာ။ နှစ်ပေါင်း (၁၅) နှစ်လောက်ရှိပြီ။ ပရဟိတကားတွေ မရှိသေးတော့ သူတို့နဲ့ပဲဆက်ဆံပြီးလုပ်နေကြာတာပေါ့နော်။ ဆေးရုံကနေ အောက်ခြေဝန်ထမ်းတွေချိတ် ဆက်ပြီး မတန်တဆဈေးတွေယူပြီး လိုက်ပို့နေကြတာပေါ့”ဟု ဦးထွန်းထွန်းဦးက ပြောသည်။
အဆိုပါ အယောင်ဆောင်ပရဟိတအသင်းများသည် လူနာပို့ဆောင်ရာတွင် ငွေကြေးများစွာ တောင်းခံလေ့ရှိကြပြီး အချို့မှာ ရန်ကုန်မှ ချင်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်သို့ ပို့ ဆောင်ရာတွင် ကျပ်သိန်း (၈၀) အထိ တောင်းခံကြကြောင်း သိရသည်။
“စီးပွားဖြစ်လာလုပ်စားနေကြတာပေါ့။ အရင်တည်း လုပ်စားနေကြတာပေါ့။ အယောင်ဆောင် ဆို တာထက် စီးပွားဖြစ်လာလုပ်ကြတာ။ ပရဟိတ နာမည်ခံလုပ်ကြတာပေါ့။ တချို့ဆိုရင် ချင်းပြည်ဘက် တွေနဲ့ လားရှိုး၊ မြစ်ကြီးနားတို့ဘက်ကို ပို့မယ်ဆိုရင် သိန်း (၈၀) အထိတောင်ယူတဲ့ဟာတွေရှိတယ်”ဟု ၎င်းက ပြောသည်။ ထို့ပြင် အစိုးရဆေးရုံများတွင် လူနာရှင်ထံမှ ကျပ်သိန်းနှင့်ချီတောင်းခံကာ ဆေးရုံ အောက်ခြေဝန်ထမ်းများနှင့် ပူးပေါင်း၍ သွေးပွဲစားလုပ်နေသူများလည်း များစွာရှိနေကြောင်းလည်း ၎င်း က ဆိုသည်။
“တချို့သွေးလုပ်စားတဲ့လူတွေကတော့ (A) သွေးတို့ဆိုရင် (B) သွေးတို့ဆိုရင် တစ်သိန်းခွဲ (၂) သိန်းတောင်းကြတယ်။ တချို့လူတွေကျတော့လည်း ဥပမာ (AB) သွေးဆိုရင်ရှားတယ်။ အဲဒီထဲကမှ မိုင်း နပ်စ်(-)သွေးဆိုရင် အရမ်းရှားတယ်လေ။ အဲဒီလို သွေးဆိုရင် (၂) သိန်း (၃) သိန်းတောင်းကြ တယ်။ အဲဒီ သွေးလုပ်စားတဲ့လူတွေက လူနာရှင်ဆီက တောင်းကြတာ။ အဲဒါမျိုးကို သွေးလုပ်စားတယ်ပေါ့။ ဆိုတော့ တကယ်စိတ်ဓာတ်နဲ့လုပ်နေတဲ့ ပရဟိအသင်းတွေကတော့ မရရအောင်ရှာပေးပေါ့။ နောက် ဆုံးမရတော့ လည်း လုပ်စားတဲ့အသင်းတွေဆီပဲ အကူအညီတောင်းရတာပေါ့။ အဲဒီမှာ နည်းနည်းလောက် လျှော့ပေး ပါဦးနဲ့ ဒီလိုပဲ အကူအညီတောင်းရတာပေါ့” ဟု ၎င်းကပြောသည်။
ထို့ကြောင့် ရန်ကုန်တိုင်းအတွင်းအစိုးရ ဆေးရုံများတွင် အထက်ပါကဲ့သို့ ကိစ္စရပ်များ မဖြစ်ပေါ်စေရန် ဆေးရုံများနှင့်ချိတ်ဆက်ထားသည့် လူနာတင်ယာဉ်စာရင်းနှင့် နိဗ္ဗာန်ယာဉ်စာရင်း၊ သွေးလိုအပ်သည့် လူနာများအတွက် သွေးအလှူရှင် များအသင်းစာရင်းများကို ဆေးရုံကြော်ငြာဘုတ်များတွင် တရားဝင်ကပ်ထားဖော်ပြသွားမည်ဖြစ် ကြောင်း သိရသည်။
အဆိုပါ ကိစ္စပ်များအပါအဝင် အစိုးရ ဆေးရုံများတွင် လာရောက်ဆေးကုသမှုခံယူများအဆင်ပြေစေရန်အရေးပါသည့် အချက် (၆) ချက်ကို လည်း ပြီးခဲ့သည့် မတ်လ (၅) ရက်က မြောက်ဥက္ကလာ ပြည်သူ့ဆေးရုံကြီးမှ တာဝန်ရှိသူများနှင့် ရန်ကုန်တိုင်းအတွင်းရှိ ပရဟိတအသင်းများတွေ့ဆုံကာ ဆွေးနွေးခဲ့ကြောင်း သိရသည်။

Zawgyi Version;
ပရဟိတအမည္ခံမ်ားက အစိုးရေဆး႐ုံမ်ားတစ္ဝိုက္တြင္ေနရာယူကာ စီးပြားျဖစ္လူနာပို႔ေဆာင္ျခင္းမ်ား လုပ္ေဆာင္ေန
သန႔္ဇင္ (NP News) - မတ္ ၁၃
ရန္ကုန္တိုင္းအတြင္းရွိ အစိုးရေဆး႐ုံႀကီးမ်ားတစ္ဝိုက္တြင္ေနရာယူထားသည့္ ပရဟိတအမည္ခံ မ်ားက စီးပြားျဖစ္လူနာပို႔ေဆာင္ျခင္းမ်ားလုပ္ေဆာင္ေနေၾကာင္း လူမႈကူညီကယ္ဆယ္ေရးအဖြဲ႕ ခ်ဳပ္ (ရန္ ကုန္) YRO မွ ဥကၠ႒ ဦးထြန္းထြန္းဦးက NP News သို႔ေျပာသည္။
ယင္းအဖြဲ႕မ်ားသည္ လြန္ခဲ့သည့္ (၁၅) ႏွစ္ဝန္းက်င္ကပင္ ေပါက္ဖြားလုပ္ကိုင္လာခဲ့ျခင္းျဖစ္ၿပီး စီးပြားျဖစ္လူနာပို႔ေဆာင္ျခင္းမ်ားလုပ္ကိုင္လာခဲ့ရာ လက္ရွိအခ်ိန္အထိ ရန္ကုန္တိုင္းအတြင္း အစိုးရ ေဆး႐ုံႀကီးမ်ားတြင္ လုပ္ကိုင္ေနဆဲျဖစ္ေၾကာင္း သိရသည္။
“ကြၽန္ေတာ္တို႔ ကိုယ္ပိုင္လူနာတင္ယာဥ္လုပ္ၿပီးေတာ့ ေဆး႐ုံေတြရဲ႕ အနီးတစ္ဝိုက္မွာ ရပ္ၿပီး ေတာ့ ေဆး႐ုံထဲက ေအာက္ေျခဝန္ထမ္းေတြေပါ့ေနာ္ ဥပမာ သူနာျပဳထဲက တခ်ိဳ႕နဲ႔ေပါ့ေပါင္းၿပီးေတာ့ လုပ္တာေပါ့ေနာ္။ ဒါေတြက ေဆး႐ုံႀကီးတိုင္းမွာရွိပါတယ္။ ေဆး႐ုံဆိုတာလည္း အစိုးရေဆး႐ုံႀကီးေတြမွာ ပိုမ်ားပါတယ္။ ေဆး႐ုံႀကီးနဲ႔ ေျမာက္ဥကၠလာနဲ႔ အင္းစိန္ ေဆး႐ုံႀကီးေတြမွာပိုမ်ားတယ္ေပါ့ေနာ္။ သူတို႔က ေတာ့ ႏွစ္ေပါင္းမ်ားစြာၾကာၿပီလုပ္စားေနၾကတာ။ ႏွစ္ေပါင္း (၁၅) ႏွစ္ေလာက္ရွိၿပီ။ ပရဟိတကားေတြ မရွိေသးေတာ့ သူတို႔နဲ႔ပဲဆက္ဆံၿပီးလုပ္ေနၾကာတာေပါ့ေနာ္။ ေဆး႐ုံကေန ေအာက္ေျခဝန္ထမ္းေတြခ်ိတ္ ဆက္ၿပီး မတန္တဆေဈးေတြယူၿပီး လိုက္ပို႔ေနၾကတာေပါ့”ဟု ဦးထြန္းထြန္းဦးက ေျပာသည္။
အဆိုပါ အေယာင္ေဆာင္ပရဟိတအသင္းမ်ားသည္ လူနာပို႔ေဆာင္ရာတြင္ ေငြေၾကးမ်ားစြာ ေတာင္းခံေလ့ရွိၾကၿပီး အခ်ိဳ႕မွာ ရန္ကုန္မွ ခ်င္းျပည္နယ္၊ ကခ်င္ျပည္နယ္ႏွင့္ ရွမ္းျပည္နယ္သို႔ ပို႔ ေဆာင္ရာတြင္ က်ပ္သိန္း (၈၀) အထိ ေတာင္းခံၾကေၾကာင္း သိရသည္။
“စီးပြားျဖစ္လာလုပ္စားေနၾကတာေပါ့။ အရင္တည္း လုပ္စားေနၾကတာေပါ့။ အေယာင္ေဆာင္ ဆို တာထက္ စီးပြားျဖစ္လာလုပ္ၾကတာ။ ပရဟိတ နာမည္ခံလုပ္ၾကတာေပါ့။ တခ်ိဳ႕ဆိုရင္ ခ်င္းျပည္ဘက္ ေတြနဲ႔ လားရႈိး၊ ျမစ္ႀကီးနားတို႔ဘက္ကို ပို႔မယ္ဆိုရင္ သိန္း (၈၀) အထိေတာင္ယူတဲ့ဟာေတြရွိတယ္”ဟု ၎က ေျပာသည္။ ထို႔ျပင္ အစိုးရေဆး႐ုံမ်ားတြင္ လူနာရွင္ထံမွ က်ပ္သိန္းႏွင့္ခ်ီေတာင္းခံကာ ေဆး႐ုံ ေအာက္ေျခဝန္ထမ္းမ်ားႏွင့္ ပူးေပါင္း၍ ေသြးပြဲစားလုပ္ေနသူမ်ားလည္း မ်ားစြာရွိေနေၾကာင္းလည္း ၎ က ဆိုသည္။
“တခ်ိဳ႕ေသြးလုပ္စားတဲ့လူေတြကေတာ့ (A) ေသြးတို႔ဆိုရင္ (B) ေသြးတို႔ဆိုရင္ တစ္သိန္းခြဲ (၂) သိန္းေတာင္းၾကတယ္။ တခ်ိဳ႕လူေတြက်ေတာ့လည္း ဥပမာ (AB) ေသြးဆိုရင္ရွားတယ္။ အဲဒီထဲကမွ မိုင္း နပ္စ္(-)ေသြးဆိုရင္ အရမ္းရွားတယ္ေလ။ အဲဒီလို ေသြးဆိုရင္ (၂) သိန္း (၃) သိန္းေတာင္းၾက တယ္။ အဲဒီ ေသြးလုပ္စားတဲ့လူေတြက လူနာရွင္ဆီက ေတာင္းၾကတာ။ အဲဒါမ်ိဳးကို ေသြးလုပ္စားတယ္ေပါ့။ ဆိုေတာ့ တကယ္စိတ္ဓာတ္နဲ႔လုပ္ေနတဲ့ ပရဟိအသင္းေတြကေတာ့ မရရေအာင္ရွာေပးေပါ့။ ေနာက္ ဆုံးမရေတာ့ လည္း လုပ္စားတဲ့အသင္းေတြဆီပဲ အကူအညီေတာင္းရတာေပါ့။ အဲဒီမွာ နည္းနည္းေလာက္ ေလွ်ာ့ေပး ပါဦးနဲ႔ ဒီလိုပဲ အကူအညီေတာင္းရတာေပါ့” ဟု ၎ကေျပာသည္။
ထို႔ေၾကာင့္ ရန္ကုန္တိုင္းအတြင္းအစိုးရ ေဆး႐ုံမ်ားတြင္ အထက္ပါကဲ့သို႔ ကိစၥရပ္မ်ား မျဖစ္ေပၚေစရန္ ေဆး႐ုံမ်ားႏွင့္ခ်ိတ္ဆက္ထားသည့္ လူနာတင္ယာဥ္စာရင္းႏွင့္ နိဗၺာန္ယာဥ္စာရင္း၊ ေသြးလိုအပ္သည့္ လူနာမ်ားအတြက္ ေသြးအလႉရွင္ မ်ားအသင္းစာရင္းမ်ားကို ေဆး႐ုံေၾကာ္ျငာဘုတ္မ်ားတြင္ တရားဝင္ကပ္ထားေဖာ္ျပသြားမည္ျဖစ္ ေၾကာင္း သိရသည္။
အဆိုပါ ကိစၥပ္မ်ားအပါအဝင္ အစိုးရ ေဆး႐ုံမ်ားတြင္ လာေရာက္ေဆးကုသမႈခံယူမ်ားအဆင္ေျပေစရန္အေရးပါသည့္ အခ်က္ (၆) ခ်က္ကို လည္း ၿပီးခဲ့သည့္ မတ္လ (၅) ရက္က ေျမာက္ဥကၠလာ ျပည္သူ႔ေဆး႐ုံႀကီးမွ တာဝန္ရွိသူမ်ားႏွင့္ ရန္ကုန္တိုင္းအတြင္းရွိ ပရဟိတအသင္းမ်ားေတြ႕ဆုံကာ ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။