မြန်မာနိုင်ငံရှိ သင်းခွေချပ်ကဲ့သို့ အခြားရှားပါးတိရစ္ဆာန်များကို ပြည်ပသို့ ပေါ်ပေါ်ထင်ထင် သယ်ယူ၊ ရောင်းချခြင်းများ ရှိနေ

266

စော (NP News) - မတ် ၁၃
မြန်မာနိုင်ငံရှိ သင်းခွေချပ်ကဲ့သို့ အခြားရှားပါးတိရစ္ဆာန်များကို ပြည်ပသို့ ပေါ်ပေါ်ထင်ထင် သယ် ယူ၊ ရောင်းချခြင်းများရှိနေကြောင်း ရှားပါးတိရစ္ဆာန်အရေးစောင့်ကြည့်ထိန်းသိမ်းနေသူတစ်ဦးက NP News မှတစ်ဆင့်ပြောကြားသည်။
အဆိုပါ တောရိုင်းတိရစ္ဆာန်များကို တရုတ် နိုင်ငံ အပါအဝင် ထိုင်းနှင့်အိန္ဒိယနိုင်ငံတို့သို့ ရောင်းချ မှုများရှိနေပြီး မြန်မာနိုင်ငံသည် တောရိုင်းတိရစ္ဆာန်များကို လွယ်လင့်တကူရရှိနိုင်မည့်နေရာတစ်ခုဖြစ် လာနေကြောင်းသိရသည်။
“ပိုဆိုးတာတော့ဟုတ်ပါတယ်။ ကားသမားတွေကို ငွေအများကြီးပေးပြီး ပေါ်ပေါ်ထင်ထင်တင် နေကြတာ။ ဆိုးတာကတော့ ရှမ်းပြည်ဘက်နဲ့ ကချင်မှာတော့ အဆိုးဆုံးပါပဲ။ သင်းခွေချပ်တွေ၊ မျောက် လေပွေတွေဆို မကျန်သလောက်ကိုဖြစ်နေပါပြီ။ ပဲခူး ရိုးမမှာလည်း ပုပ္ပါးမျောက်မြီးရှည်တွေကို ဖမ်းဆီး သတ်ဖြတ်နေကြပါတယ်”ဟု ၎င်းက ပြောကြားသည်။
အဆိုပါ သင်းခွေချပ်၊ မျောက်လေပွေ (Slow loris) နှင့် ပုပ္ပါးမျောက်မြီးရှည်များသည် အပြည် ပြည်ဆိုင်ရာသဘာဝထိန်းသိမ်းရေးအဖွဲ့(IUCN)တွင် အနီရောင်အဆင့်ဖြစ်သော မျိုးတုံးရန်အန္တရာယ်ရှိ သည့် မျိုးစိတ်အဖြစ်သတ်မှတ်ထားပြီး ပုပ္ပါး မျောက်မြီးရှည်သည် မြန်မာနိုင်ငံတွင်သာတွေ့ရှိရ၍ ၎င်းတို့ ကျက်စားရာ ပုပ္ပါးတောင်ကိုအစွဲပြုကာ အမည်ပေးထားခြင်းဖြစ်ကြောင်းသိရသည်။
ထို့ပြင် အရေအတွက်ကျဆင်းနေသော မြန်မာနိုင်ငံရှိ ရှားပါးပန်ဒါနီများကိုလည်း တရားမဝင် ရောင်းချမှုများရှိနေပြီး စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့နယ်တွင် ပန်ဒါနီ (၉)ကောင်ကို တရားမဝင် သယ်ဆောင်လာသည့်ကားကို ပြီးခဲ့သည့် (၂၀၂၅)ခုနှစ် စက်တင်ဘာလအတွင်းက ဖမ်းမိခဲ့သည့်ဖြစ်စဉ် လည်း ရှိခဲ့သည်။
“အမျိုးသားဥယျာဉ်တွေကို သေချာကွပ်ကဲပြီးထိန်းသိမ်းသင့်ပါတယ်”ဟု ゞင်းက အကြံပြုပြော ကြားသည်။ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်း ရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ (၄၁)အရ လုံးဝကာကွယ်ထားသည့် တောရိုင်းတိရစ္ဆာန် သို့မဟုတ် နိုင်ငံတကာ ကုန်သွယ်မှု တွင် ကာကွယ်ထိန်းချုပ်သည့်တိရစ္ဆာန်ကို သတ်ဖြတ်ခြင်း၊ အမဲလိုက်ခြင်း သို့မဟုတ် အနာတရဖြစ်စေ ခြင်း၊ စုဆောင်းခြင်း၊ ရောင်းချခြင်း သို့မဟုတ် တစ်နည်းနည်းဖြင့် လွှဲပြောင်းခြင်းစသည်တို့ကို ပြုလုပ်ပါ က ထောင်ဒဏ်(၃)နှစ်မှ (၁၀)နှစ်အထိ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်ကြောင်း သိရသည်။

Zawgyi Version;
ျမန္မာႏိုင္ငံရွိ သင္းေခြခ်ပ္ကဲ့သို႔ အျခားရွားပါးတိရစာၦန္မ်ားကို ျပည္ပသို႔ ေပၚေပၚထင္ထင္ သယ္ယူ၊ ေရာင္းခ်ျခင္းမ်ား ရွိေန
ေစာ (NP News) - မတ္ ၁၃
ျမန္မာႏိုင္ငံရွိ သင္းေခြခ်ပ္ကဲ့သို႔ အျခားရွားပါးတိရစာၦန္မ်ားကို ျပည္ပသို႔ ေပၚေပၚထင္ထင္ သယ္ ယူ၊ ေရာင္းခ်ျခင္းမ်ားရွိေနေၾကာင္း ရွားပါးတိရစာၦန္အေရးေစာင့္ၾကည့္ထိန္းသိမ္းေနသူတစ္ဦးက NP News မွတစ္ဆင့္ေျပာၾကားသည္။
အဆိုပါ ေတာ႐ိုင္းတိရစာၦန္မ်ားကို တ႐ုတ္ ႏိုင္ငံ အပါအဝင္ ထိုင္းႏွင့္အိႏၵိယႏိုင္ငံတို႔သို႔ ေရာင္းခ် မႈမ်ားရွိေနၿပီး ျမန္မာႏိုင္ငံသည္ ေတာ႐ိုင္းတိရစာၦန္မ်ားကို လြယ္လင့္တကူရရွိႏိုင္မည့္ေနရာတစ္ခုျဖစ္ လာေနေၾကာင္းသိရသည္။
“ပိုဆိုးတာေတာ့ဟုတ္ပါတယ္။ ကားသမားေတြကို ေငြအမ်ားႀကီးေပးၿပီး ေပၚေပၚထင္ထင္တင္ ေနၾကတာ။ ဆိုးတာကေတာ့ ရွမ္းျပည္ဘက္နဲ႔ ကခ်င္မွာေတာ့ အဆိုးဆုံးပါပဲ။ သင္းေခြခ်ပ္ေတြ၊ ေမ်ာက္ ေလေပြေတြဆို မက်န္သေလာက္ကိုျဖစ္ေနပါၿပီ။ ပဲခူး ႐ိုးမမွာလည္း ပုပၸါးေမ်ာက္ၿမီးရွည္ေတြကို ဖမ္းဆီး သတ္ျဖတ္ေနၾကပါတယ္”ဟု ၎က ေျပာၾကားသည္။
အဆိုပါ သင္းေခြခ်ပ္၊ ေမ်ာက္ေလေပြ (Slow loris) ႏွင့္ ပုပၸါးေမ်ာက္ၿမီးရွည္မ်ားသည္ အျပည္ ျပည္ဆိုင္ရာသဘာဝထိန္းသိမ္းေရးအဖြဲ႕(IUCN)တြင္ အနီေရာင္အဆင့္ျဖစ္ေသာ မ်ိဳးတုံးရန္အႏၲရာယ္ရွိ သည့္ မ်ိဳးစိတ္အျဖစ္သတ္မွတ္ထားၿပီး ပုပၸါး ေမ်ာက္ၿမီးရွည္သည္ ျမန္မာႏိုင္ငံတြင္သာေတြ႕ရွိရ၍ ၎တို႔ က်က္စားရာ ပုပၸါးေတာင္ကိုအစြဲျပဳကာ အမည္ေပးထားျခင္းျဖစ္ေၾကာင္းသိရသည္။
ထို႔ျပင္ အေရအတြက္က်ဆင္းေနေသာ ျမန္မာႏိုင္ငံရွိ ရွားပါးပန္ဒါနီမ်ားကိုလည္း တရားမဝင္ ေရာင္းခ်မႈမ်ားရွိေနၿပီး စစ္ကိုင္းတိုင္းေဒသႀကီး အင္းေတာ္ၿမိဳ႕နယ္တြင္ ပန္ဒါနီ (၉)ေကာင္ကို တရားမဝင္ သယ္ေဆာင္လာသည့္ကားကို ၿပီးခဲ့သည့္ (၂၀၂၅)ခုႏွစ္ စက္တင္ဘာလအတြင္းက ဖမ္းမိခဲ့သည့္ျဖစ္စဥ္ လည္း ရွိခဲ့သည္။
“အမ်ိဳးသားဥယ်ာဥ္ေတြကို ေသခ်ာကြပ္ကဲၿပီးထိန္းသိမ္းသင့္ပါတယ္”ဟု ゞင္းက အႀကံျပဳေျပာ ၾကားသည္။ ဇီဝမ်ိဳးစုံမ်ိဳးကြဲႏွင့္ သဘာဝထိန္းသိမ္း ေရးနယ္ေျမမ်ား ကာကြယ္ေစာင့္ေရွာက္ျခင္းဆိုင္ရာ ဥပေဒ ပုဒ္မ (၄၁)အရ လုံးဝကာကြယ္ထားသည့္ ေတာ႐ိုင္းတိရစာၦန္ သို႔မဟုတ္ ႏိုင္ငံတကာ ကုန္သြယ္မႈ တြင္ ကာကြယ္ထိန္းခ်ဳပ္သည့္တိရစာၦန္ကို သတ္ျဖတ္ျခင္း၊ အမဲလိုက္ျခင္း သို႔မဟုတ္ အနာတရျဖစ္ေစ ျခင္း၊ စုေဆာင္းျခင္း၊ ေရာင္းခ်ျခင္း သို႔မဟုတ္ တစ္နည္းနည္းျဖင့္ လႊဲေျပာင္းျခင္းစသည္တို႔ကို ျပဳလုပ္ပါ က ေထာင္ဒဏ္(၃)ႏွစ္မွ (၁၀)ႏွစ္အထိ ခ်မွတ္ရမည့္အျပင္ ေငြဒဏ္လည္းခ်မွတ္ႏိုင္ေၾကာင္းသိရသည္။