MNDAA အုပ်ချုပ်ရေး လက်အောက်မှ လွတ်ပြီးသည့်နောက် လားရှိုးတွင် မူးယစ်ဆေးသုံးသူ ယခင်ထက် ပိုများလာ

65

သန့်မင်းအိမ် (NP News) - မတ် ၁၃
MNDAA အုပ်ချုပ်ရေးလက်အောက်မှ လွတ်ပြီးသည့်နောက် လားရှိုးတွင် မူးယစ်ဆေးသုံးသူ ယခင်ထက်ပိုများလာကြောင်း ဒေသခံများထံ NP News က ဆက်သွယ်မေးမြန်းထားသော အချက် အလက်များအရ သိရသည်။
လက်ရှိ အခြေအနေအရ လားရှိုးတွင် ခိုး၊ ဆိုး၊ လု၊ နှိုက်သည့် ဖြစ်စဉ်များလည်းရှိနေရာ အဓိက အကြောင်းအရင်းမှာ မူးယစ်ဆေးဝါး အသုံးပြုသူ များပြားလာသောကြောင့် ဖြစ်နိုင်ကြောင်းလည်း ဒေသ ခံများက သုံးသပ်သည်။
“မူးယစ်ဆေးကတော့ ပေါတယ်။ ပေါတယ်ဆိုတာက အရင်လက်ကျန်တွေ အရင်ကတည်းက ပေါနေတာဆိုတော့လေ။ မူးယစ်ဆေးဝါး ကအရင် ကိုးကန့် တွေတုန်းကလည်းသူတို့သုံးတာကို။ စစ်ဖြစ်ခါ စက သူတို့က ဆေးတစ်ထုပ်ကို ကားတစ်စီး၊ ဆိုင်ကယ်တစ်စီးနဲ့ လဲနေကြတာလေ ကိုးကန့်တွေက။ ဖွတ် သမား၊ ဘိန်းသမား ချမ်း သာတာပေါ့။ အခုလည်းအဲဒီလက်ကျန်တွေပဲနေမှာပေါ့။ မူးယစ်ဆေးဝါး လည်း ပေါတယ်၊ ခိုးဆိုး လုနှိုက်လည်းများတယ်”ဟု မြို့ခံတစ်ဦးက ဆိုသည်။ မူးယစ်ဆေးဝါးသည် ယခင်ကပင် ပေါများနေသည်ဖြစ်သော်လည်း ပိုများလာခြင်းဖြစ်ကြောင်း အခြား ဒေသခံတစ်ဦးက ဆိုသည်။
“မူးယစ်ဆေးဝါးက NLD လက်ထက်တည်းက ရှိတာ။ ရှိပြီးတော့ ဒီကိုးကန့်သိမ်းပြီးတဲ့ နောက် ပိုင်း၊ ကိုးကန့်လက်ကလွတ်ပြီးတဲ့ နောက်ပိုင်းမှာတော့ လမ်းကြောင်းပိုပွင့်သွားတယ် ပြောရမလား မသိ ဘူး။ ဒီနေ့တောင် မူးယစ်နဲ့ပတ်သက်လို့ မြို့ထဲမှာ ဖမ်းနေတာ မြင်ခဲ့တယ်”ဟု လားရှိုးမြို့ခံတစ်ဦးက ဆို သည်။ လက်ရှိ လားရှိုးမြို့တွင် ဒုစရိုက်မှုများရှိနေရာတွင် ရိုက်လုသောအခြေအနေမှ ဓားဖြင့် ခုတ်လု သောအခြေအနေမျိုးအထိ ရှိလာနေကြောင်း သိရသည်။
“အခုက ပိုများလာတယ်။ အပြင်ထွက်ရင်တောင် ဆိုင်ကယ်ဆိုရင် ကောင်းကောင်းသန့်သန့် မစီး ရဲဘူး။ အရင်တုန်းကလို လုမယ်၊ ရိုက်မယ်ဆိုတာထက် အခုက သူတို့လိုချင်တာတွေ့တာနဲ့ ဓားနဲ့ အရင် ခုတ်တာ။ မိန်းကလေးဘာညာလည်းမရှောင်ဘူး၊ လိုချင်တာရှိရင် ချက်ချင်း ဓားနဲ့ ခုတ်ပြီးလုတာ” ဟု ပြောသည်။
လားရှိုးမြို့ကို နိုင်ငံတော်အစိုးရက ထိန်းချုပ်ထားပြီးဖြစ်သော်လည်း မြို့အပြင်ဘက်တွင် MNDAA တို့ ရှိနေသည်ဖြစ်ရာ ဒုစရိုက်မှုကျူး လွန်ပြီးသည့်နောက် မြို့ပြင်ထွက်လိုက်ရုံဖြင့် လွတ်မြောက်နေကြ ကြောင်းလည်း ၎င်းက ဆိုသည်။ “မြို့ထဲမှာ လုပြီး မြို့ပြင်ထွက်ပြေးလိုက်တာနဲ့ လွတ်သွားတာပဲ” ဟု ၎င်းကပြောသည်။

Zawgyi Version;
MNDAA အုပ္ခ်ဳပ္ေရး လက္ေအာက္မွ လြတ္ၿပီးသည့္ေနာက္ လားရႈိးတြင္ မူးယစ္ေဆးသုံးသူ ယခင္ထက္ ပိုမ်ားလာ
သန႔္မင္းအိမ္ (NP News) - မတ္ ၁၃
MNDAA အုပ္ခ်ဳပ္ေရးလက္ေအာက္မွ လြတ္ၿပီးသည့္ေနာက္ လားရႈိးတြင္ မူးယစ္ေဆးသုံးသူ ယခင္ထက္ပိုမ်ားလာေၾကာင္း ေဒသခံမ်ားထံ NP News က ဆက္သြယ္ေမးျမန္းထားေသာ အခ်က္ အလက္မ်ားအရ သိရသည္။
လက္ရွိ အေျခအေနအရ လားရႈိးတြင္ ခိုး၊ ဆိုး၊ လု၊ ႏႈိက္သည့္ ျဖစ္စဥ္မ်ားလည္းရွိေနရာ အဓိက အေၾကာင္းအရင္းမွာ မူးယစ္ေဆးဝါး အသုံးျပဳသူ မ်ားျပားလာေသာေၾကာင့္ ျဖစ္ႏိုင္ေၾကာင္းလည္း ေဒသ ခံမ်ားက သုံးသပ္သည္။
“မူးယစ္ေဆးကေတာ့ ေပါတယ္။ ေပါတယ္ဆိုတာက အရင္လက္က်န္ေတြ အရင္ကတည္းက ေပါေနတာဆိုေတာ့ေလ။ မူးယစ္ေဆးဝါး ကအရင္ ကိုးကန႔္ ေတြတုန္းကလည္းသူတို႔သုံးတာကို။ စစ္ျဖစ္ခါ စက သူတို႔က ေဆးတစ္ထုပ္ကို ကားတစ္စီး၊ ဆိုင္ကယ္တစ္စီးနဲ႔ လဲေနၾကတာေလ ကိုးကန႔္ေတြက။ ဖြတ္ သမား၊ ဘိန္းသမား ခ်မ္း သာတာေပါ့။ အခုလည္းအဲဒီလက္က်န္ေတြပဲေနမွာေပါ့။ မူးယစ္ေဆးဝါး လည္း ေပါတယ္၊ ခိုးဆိုး လုႏႈိက္လည္းမ်ားတယ္”ဟု ၿမိဳ႕ခံတစ္ဦးက ဆိုသည္။ မူးယစ္ေဆးဝါးသည္ ယခင္ကပင္ ေပါမ်ားေနသည္ျဖစ္ေသာ္လည္း ပိုမ်ားလာျခင္းျဖစ္ေၾကာင္း အျခား ေဒသခံတစ္ဦးက ဆိုသည္။
“မူးယစ္ေဆးဝါးက NLD လက္ထက္တည္းက ရွိတာ။ ရွိၿပီးေတာ့ ဒီကိုးကန႔္သိမ္းၿပီးတဲ့ ေနာက္ ပိုင္း၊ ကိုးကန႔္လက္ကလြတ္ၿပီးတဲ့ ေနာက္ပိုင္းမွာေတာ့ လမ္းေၾကာင္းပိုပြင့္သြားတယ္ ေျပာရမလား မသိ ဘူး။ ဒီေန႔ေတာင္ မူးယစ္နဲ႔ပတ္သက္လို႔ ၿမိဳ႕ထဲမွာ ဖမ္းေနတာ ျမင္ခဲ့တယ္”ဟု လားရႈိးၿမိဳ႕ခံတစ္ဦးက ဆို သည္။ လက္ရွိ လားရႈိးၿမိဳ႕တြင္ ဒုစ႐ိုက္မႈမ်ားရွိေနရာတြင္ ႐ိုက္လုေသာအေျခအေနမွ ဓားျဖင့္ ခုတ္လု ေသာအေျခအေနမ်ိဳးအထိ ရွိလာေနေၾကာင္း သိရသည္။
“အခုက ပိုမ်ားလာတယ္။ အျပင္ထြက္ရင္ေတာင္ ဆိုင္ကယ္ဆိုရင္ ေကာင္းေကာင္းသန႔္သန႔္ မစီး ရဲဘူး။ အရင္တုန္းကလို လုမယ္၊ ႐ိုက္မယ္ဆိုတာထက္ အခုက သူတို႔လိုခ်င္တာေတြ႕တာနဲ႔ ဓားနဲ႔ အရင္ ခုတ္တာ။ မိန္းကေလးဘာညာလည္းမေရွာင္ဘူး၊ လိုခ်င္တာရွိရင္ ခ်က္ခ်င္း ဓားနဲ႔ ခုတ္ၿပီးလုတာ” ဟု ေျပာသည္။
လားရႈိးၿမိဳ႕ကို ႏိုင္ငံေတာ္အစိုးရက ထိန္းခ်ဳပ္ထားၿပီးျဖစ္ေသာ္လည္း ၿမိဳ႕အျပင္ဘက္တြင္ MNDAA တို႔ ရွိေနသည္ျဖစ္ရာ ဒုစ႐ိုက္မႈက်ဴး လြန္ၿပီးသည့္ေနာက္ ၿမိဳ႕ျပင္ထြက္လိုက္႐ုံျဖင့္ လြတ္ေျမာက္ေနၾက ေၾကာင္းလည္း ၎က ဆိုသည္။ “ၿမိဳ႕ထဲမွာ လုၿပီး ၿမိဳ႕ျပင္ထြက္ေျပးလိုက္တာနဲ႔ လြတ္သြားတာပဲ” ဟု ၎ကေျပာသည္။