လောင်စာဆီဈေးနှုန်း မြင့်တက်လာမှုကြောင့် Air New Zealand လေကြောင်းလိုင်း ခရီးစဉ်ပေါင်း ၁,၁၀၀ ဖျက်သိမ်း

144

ရောင်နီ (NP News) - မတ် ၁၃
အရှေ့အလယ်ပိုင်းဒေသ ပဋိပက္ခတွေကြောင့် လောင်စာဆီဈေးနှုန်း အဆမတန် မြင့်တက်လာမှုကို တုံ့ပြန် တဲ့အနေနဲ့ Air New Zealand လေကြောင်းလိုင်းဟာ လာမယ့် မေလအစောပိုင်းအထိပြေးဆွဲဖို့ စီစဉ်ထားတဲ့ ခရီးစဉ် ပေါင်း ၁,၁၀၀ ကို ဖျက်သိမ်းလိုက်တယ်လို့ မတ်လ ၁၂ ရက်မှာ ကြေညာခဲ့ပါတယ်။
အရေအတွက်ဟာ လေကြောင်းလိုင်းရဲ့ စုစုပေါင်း ပျံသန်းမှု ကွန်ရက်တစ်ခုလုံးရဲ့ ၅ ရာခိုင်နှုန်း ခန့်ရှိပြီး ခရီးသည်ပေါင်း ၄၄,၀၀၀ ခန့်အပေါ်သက်ရောက်မှုရှိမှာဖြစ်ပါတယ်။ ဖျက်သိမ်းလိုက်တဲ့ ခရီးစဉ်အများစုဟာ လူစီးနည်းတဲ့အချိန်တွေမှာ ပြေးဆွဲတဲ့ ပြည်တွင်းခရီးစဉ်တွေဖြစ်ပါတယ်။
လေကြောင်းလိုင်းရဲ့အမှုဆောင် အရာရှိချုပ် နစ်ခိုင်ရာဗစ်ရှန်ကာရဲ့ပြောကြားချက်အရ အရှေ့အလယ်ပိုင်းဒေသရဲ့ စစ်မီးတွေကြောင့် လေယာဉ်ဆီ ဈေးနှုန်း တစ်စည်ကို အမေရိကန်ဒေါ်လာ ၈၅ ဝန်းကျင်မှ နှစ်ဆနီးပါး ခုန်တက်သွား ခြင်းကြောင့် ယခုလို ခရီးစဉ်တွေ လျှော့ချဖို့ ဆုံးဖြတ်ခဲ့ရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
"ကျွန်တော်တို့အနေနဲ့ အဓိက လိုအပ်ချက်ဖြစ်တဲ့ လက်မှတ်ခ ဈေးနှုန်းတွေကို အဆမတန် မတက်အောင် ထိန်းသိမ်းဖို့နဲ့ လုပ်ငန်းလည်ပတ်မှု ကုန်ကျစရိတ်ကို တတ်နိုင်သမျှ လျှော့ချဖို့အတွက် ဒီလိုခက်ခဲတဲ့ ဆုံးဖြတ်ချက် ကို ချမှတ်ခဲ့ရတာပါ" လို့ ၄င်းက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။
ဒါပေမယ့်လည်း နယူးဇီလန်နဲ့ အမေရိကန်ပြည်ထောင်စုကို ပြေးဆွဲနေတဲ့ခရီးစဉ်တွေကတော့ ပုံမှန်အတိုင်း ဆက်လက်ပြေးဆွဲသွားမယ်လို့ ဆိုပါတယ်။ အရှေ့အလယ်ပိုင်း လေပိုင်နက် မလုံခြုံမှုကြောင့် ဥရောပကို သွားရောက်မယ့်ခရီးသည်တွေဟာ အမေရိကန်ပြည်ထောင်စုကို ဖြတ်သန်းသွားလာတဲ့လမ်းကြောင်းကို ပိုမို ရွေးချယ်လာကြတာကြောင့် အဲဒီလမ်းကြောင်းကတော့ ဝယ်လိုအား မြင့်တက်နေပါတယ်။
အီရန်-အမေရိကန်-အစ္စရေးတို့ရဲ့တိုက်ခိုက်မှုတွေကြောင့် ဟော်မုဇ်ရေလက်ကြားကို ပိတ်လိုက်ပြီးတဲ့နောက် ယခုသီတင်းပတ်အတွင်း ရေနံဈေးနှုန်းတွေ တစ်စည်ကို အမေရိကန်ဒေါ်လာ ၁၀၀ ကျော်အထိ မြင့်တက်ခဲ့ပါတယ်။

Zawgyi Version;
ေလာင္စာဆီေဈးႏႈန္း ျမင့္တက္လာမႈေၾကာင့္ Air New Zealand ေလေၾကာင္းလိုင္း ခရီးစဥ္ေပါင္း ၁,၁၀၀ ဖ်က္သိမ္း
ေရာင္နီ (NP News) - မတ္ ၁၃
အေရွ႕အလယ္ပိုင္းေဒသ ပဋိပကၡေတြေၾကာင့္ ေလာင္စာဆီေဈးႏႈန္း အဆမတန္ ျမင့္တက္လာမႈကို တုံ႔ျပန္ တဲ့အေနနဲ႔ Air New Zealand ေလေၾကာင္းလိုင္းဟာ လာမယ့္ ေမလအေစာပိုင္းအထိေျပးဆြဲဖို႔ စီစဥ္ထားတဲ့ ခရီးစဥ္ ေပါင္း ၁,၁၀၀ ကို ဖ်က္သိမ္းလိုက္တယ္လို႔ မတ္လ ၁၂ ရက္မွာ ေၾကညာခဲ့ပါတယ္။
အေရအတြက္ဟာ ေလေၾကာင္းလိုင္းရဲ႕ စုစုေပါင္း ပ်ံသန္းမႈ ကြန္ရက္တစ္ခုလုံးရဲ႕ ၅ ရာခိုင္ႏႈန္း ခန႔္ရွိၿပီး ခရီးသည္ေပါင္း ၄၄,၀၀၀ ခန႔္အေပၚသက္ေရာက္မႈရွိမွာျဖစ္ပါတယ္။ ဖ်က္သိမ္းလိုက္တဲ့ ခရီးစဥ္အမ်ားစုဟာ လူစီးနည္းတဲ့အခ်ိန္ေတြမွာ ေျပးဆြဲတဲ့ ျပည္တြင္းခရီးစဥ္ေတြျဖစ္ပါတယ္။
ေလေၾကာင္းလိုင္းရဲ႕အမႈေဆာင္ အရာရွိခ်ဳပ္ နစ္ခိုင္ရာဗစ္ရွန္ကာရဲ႕ေျပာၾကားခ်က္အရ အေရွ႕အလယ္ပိုင္းေဒသရဲ႕ စစ္မီးေတြေၾကာင့္ ေလယာဥ္ဆီ ေဈးႏႈန္း တစ္စည္ကို အေမရိကန္ေဒၚလာ ၈၅ ဝန္းက်င္မွ ႏွစ္ဆနီးပါး ခုန္တက္သြား ျခင္းေၾကာင့္ ယခုလို ခရီးစဥ္ေတြ ေလွ်ာ့ခ်ဖို႔ ဆုံးျဖတ္ခဲ့ရျခင္းျဖစ္တယ္လို႔ ဆိုပါတယ္။
"ကြၽန္ေတာ္တို႔အေနနဲ႔ အဓိက လိုအပ္ခ်က္ျဖစ္တဲ့ လက္မွတ္ခ ေဈးႏႈန္းေတြကို အဆမတန္ မတက္ေအာင္ ထိန္းသိမ္းဖို႔နဲ႔ လုပ္ငန္းလည္ပတ္မႈ ကုန္က်စရိတ္ကို တတ္ႏိုင္သမွ် ေလွ်ာ့ခ်ဖို႔အတြက္ ဒီလိုခက္ခဲတဲ့ ဆုံးျဖတ္ခ်က္ ကို ခ်မွတ္ခဲ့ရတာပါ" လို႔ ၄င္းက ျဖည့္စြက္ေျပာၾကားခဲ့ပါတယ္။
ဒါေပမယ့္လည္း နယူးဇီလန္နဲ႔ အေမရိကန္ျပည္ေထာင္စုကို ေျပးဆြဲေနတဲ့ခရီးစဥ္ေတြကေတာ့ ပုံမွန္အတိုင္း ဆက္လက္ေျပးဆြဲသြားမယ္လို႔ ဆိုပါတယ္။ အေရွ႕အလယ္ပိုင္း ေလပိုင္နက္ မလုံၿခဳံမႈေၾကာင့္ ဥေရာပကို သြားေရာက္မယ့္ခရီးသည္ေတြဟာ အေမရိကန္ျပည္ေထာင္စုကို ျဖတ္သန္းသြားလာတဲ့လမ္းေၾကာင္းကို ပိုမို ေ႐ြးခ်ယ္လာၾကတာေၾကာင့္ အဲဒီလမ္းေၾကာင္းကေတာ့ ဝယ္လိုအား ျမင့္တက္ေနပါတယ္။
အီရန္-အေမရိကန္-အစၥေရးတို႔ရဲ႕တိုက္ခိုက္မႈေတြေၾကာင့္ ေဟာ္မုဇ္ေရလက္ၾကားကို ပိတ္လိုက္ၿပီးတဲ့ေနာက္ ယခုသီတင္းပတ္အတြင္း ေရနံေဈးႏႈန္းေတြ တစ္စည္ကို အေမရိကန္ေဒၚလာ ၁၀၀ ေက်ာ္အထိ ျမင့္တက္ခဲ့ပါတယ္။