တရုတ်ပြည်မှာ မွေးဖွားနှုန်းကျဆင်းမှုကို မြှင့်တင်ဖို့ လက်ထပ်နိုင်တဲ့အသက်အရွယ်ကို ၁၆ နှစ်ထိ လျှော့ချခြင်း အပါအဝင် နည်းလမ်းသစ်တွေကို အစိုးရ စဉ်းစားနေ

 190

ရောင်နီ (NP News) - မတ် ၁၃

တရုတ်နိုင်ငံရဲ့ကျဆင်းလာနေတဲ့ မွေးဖွားနှုန်းနဲ့ လူဦးရေ လျော့နည်းလာမှုကို တားဆီးဖို့အတွက် အစိုးရက လက်ထပ်နိုင်တဲ့ တရားဝင် အသက်အရွယ်ကို လျှော့ချခြင်း၊ မိသားစုတွေအတွက် ထောက်ပံ့ကြေး တိုးမြှင့်ပေးခြင်း အပါအဝင် မူဝါဒအသစ်တွေ ချမှတ်ဖို့ အလေးအနက် စဉ်းစားနေပါတယ်။
လက်ရှိ တရုတ်နိုင်ငံရဲ့ဥပဒေမှာ လက်ထပ်နိုင်တဲ့ အနိမ့်ဆုံး အသက်အရွယ်ကို အမျိုးသား ၂၂ နှစ်၊ အမျိုးသမီး ၂ဝ နှစ် သတ်မှတ်ထားတာဖြစ်ပါတယ်။ ဒါပေမယ့် မကြာသေးခင်က ကျင်းပခဲ့တဲ့ နိုင်ငံရေး အစည်း အဝေးတွေမှာ အကြံပေးပညာရှင်အချို့က အဲဒီအသက်အရွယ်ကို ၁၈ နှစ် (သို့မဟုတ်) အချို့က ၁၆ နှစ်အထိ လျှော့ချဖို့ တိုက်တွန်းခဲ့ကြပါတယ်။ ဒီလို လျှော့ချလိုက်ခြင်းဖြင့် လူငယ်တွေ စောစီးစွာ အိမ်ထောင်ပြုနိုင်ပြီး ကလေးမွေးဖွားနိုင်တဲ့ကာလကိုလည်း ပိုမိုရှည်ကြာစေမယ်လို့ ရည်ရွယ်ခြင်းဖြစ်ပါတယ်။
ဒါပေမယ့် အဲဒီအဆိုပြုချက်ဟာ အွန်လိုင်းအသုံးပြုသူတွေနဲ့ လူငယ်တွေအကြား ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါ တယ်။ လူငယ်အများစုက သူတို့အိမ်ထောင်မပြုနိုင်ခြင်းဟာ အသက်အရွယ်ကြောင့်မဟုတ်ဘဲ မြင့်မားလှတဲ့ နေထိုင်မှုစရိတ်နဲ့ စီးပွားရေး ဖိအားတွေကြောင့်ဖြစ်တယ်လို့ တုံ့ပြန်ကြပါတယ်။
မွေးဖွားနှုန်းကျဆင်းမှုကို ကုစားဖို့အတွက် ဒေသန္တရအစိုးရတွေက ဒုတိယ (သို့မဟုတ်) တတိယမြောက် ကလေးယူတဲ့မိသားစုတွေကို ငွေသားဆုကြေး ပေးအပ်ခြင်း၊ ကလေးရှိတဲ့ မိဘတွေအတွက် ကိုယ်ရေးကိုယ်တာ ဝင်ငွေခွန် လျှော့ပေါ့ပေးမှုတွေကို ပိုမိုတိုးမြှင့်ခြင်း၊ ကလေးများတဲ့မိသားစုတွေကို အစိုးရအိမ်ရာ လျှောက်ထားရာမှာ ဦးစားပေးခြင်းနဲ့ အိမ်ရာချေးငွေ အတိုးနှုန်းများကို လျှော့ချပေးခြင်း စတဲ့နည်းလမ်းတွေကို အစိုးရက ထည့်သွင်း စဉ်းစားနေပါတယ်။ ဒါအပြင် ကလေးထိန်းကျောင်းစရိတ်နဲ့ ပညာရေးစရိတ် ဝန်ထုပ်ဝန်ပိုးတွေကို လျှော့ချပေးနိုင် မယ့်ဝန်ဆောင်မှုတွေကိုလည်း အားဖြည့်ဆောင်ရွက်ဖို့ စီစဉ်နေပါတယ်။
တရုတ်နိုင်ငံဟာ ၂၀၂၃ ခုနှစ်မှာ လူဦးရေ ဆက်တိုက်ကျဆင်းမှုနဲ့ ကြုံတွေ့ခဲ့ရပြီး သေဆုံးနှုန်းက မွေးဖွားနှုန်း ထက် ပိုများလာခဲ့ပါတယ်။ နေထိုင်မှုစရိတ် ကြီးမားခြင်း၊ အလုပ်အကိုင်ရှားပါးခြင်းနဲ့ လူငယ်တွေရဲ့လူနေမှုပုံစံ ပြောင်းလဲလာခြင်းတို့ကြောင့် အိမ်ထောင်ပြုခြင်းနဲ့ ကလေးယူခြင်းကို ရှောင်လွှဲလာကြတာက နိုင်ငံရဲ့ အနာဂတ် စီးပွားရေးအတွက် စိန်ခေါ်မှုတစ်ရပ် ဖြစ်လာနေပါတယ်။

Zawgyi Version;
တ႐ုတ္ျပည္မွာ ေမြးဖြားႏႈန္းက်ဆင္းမႈကို ျမႇင့္တင္ဖို႔ လက္ထပ္ႏိုင္တဲ့အသက္အ႐ြယ္ကို ၁၆ ႏွစ္ထိ ေလွ်ာ့ခ်ျခင္း အပါအဝင္ နည္းလမ္းသစ္ေတြကို အစိုးရ စဥ္းစားေန
ေရာင္နီ (NP News) - မတ္ ၁၃
တ႐ုတ္ႏိုင္ငံရဲ႕က်ဆင္းလာေနတဲ့ ေမြးဖြားႏႈန္းနဲ႔ လူဦးေရ ေလ်ာ့နည္းလာမႈကို တားဆီးဖို႔အတြက္ အစိုးရက လက္ထပ္ႏိုင္တဲ့ တရားဝင္ အသက္အ႐ြယ္ကို ေလွ်ာ့ခ်ျခင္း၊ မိသားစုေတြအတြက္ ေထာက္ပံ့ေၾကး တိုးျမႇင့္ေပးျခင္း အပါအဝင္ မူဝါဒအသစ္ေတြ ခ်မွတ္ဖို႔ အေလးအနက္ စဥ္းစားေနပါတယ္။
လက္ရွိ တ႐ုတ္ႏိုင္ငံရဲ႕ဥပေဒမွာ လက္ထပ္ႏိုင္တဲ့ အနိမ့္ဆုံး အသက္အ႐ြယ္ကို အမ်ိဳးသား ၂၂ ႏွစ္၊ အမ်ိဳးသမီး ၂ဝ ႏွစ္ သတ္မွတ္ထားတာျဖစ္ပါတယ္။ ဒါေပမယ့္ မၾကာေသးခင္က က်င္းပခဲ့တဲ့ ႏိုင္ငံေရး အစည္း အေဝးေတြမွာ အႀကံေပးပညာရွင္အခ်ိဳ႕က အဲဒီအသက္အ႐ြယ္ကို ၁၈ ႏွစ္ (သို႔မဟုတ္) အခ်ိဳ႕က ၁၆ ႏွစ္အထိ ေလွ်ာ့ခ်ဖို႔ တိုက္တြန္းခဲ့ၾကပါတယ္။ ဒီလို ေလွ်ာ့ခ်လိုက္ျခင္းျဖင့္ လူငယ္ေတြ ေစာစီးစြာ အိမ္ေထာင္ျပဳႏိုင္ၿပီး ကေလးေမြးဖြားႏိုင္တဲ့ကာလကိုလည္း ပိုမိုရွည္ၾကာေစမယ္လို႔ ရည္႐ြယ္ျခင္းျဖစ္ပါတယ္။
ဒါေပမယ့္ အဲဒီအဆိုျပဳခ်က္ဟာ အြန္လိုင္းအသုံးျပဳသူေတြနဲ႔ လူငယ္ေတြအၾကား ေဝဖန္မႈေတြနဲ႔ ရင္ဆိုင္ေနရပါ တယ္။ လူငယ္အမ်ားစုက သူတို႔အိမ္ေထာင္မျပဳႏိုင္ျခင္းဟာ အသက္အ႐ြယ္ေၾကာင့္မဟုတ္ဘဲ ျမင့္မားလွတဲ့ ေနထိုင္မႈစရိတ္နဲ႔ စီးပြားေရး ဖိအားေတြေၾကာင့္ျဖစ္တယ္လို႔ တုံ႔ျပန္ၾကပါတယ္။
ေမြးဖြားႏႈန္းက်ဆင္းမႈကို ကုစားဖို႔အတြက္ ေဒသႏၲရအစိုးရေတြက ဒုတိယ (သို႔မဟုတ္) တတိယေျမာက္ ကေလးယူတဲ့မိသားစုေတြကို ေငြသားဆုေၾကး ေပးအပ္ျခင္း၊ ကေလးရွိတဲ့ မိဘေတြအတြက္ ကိုယ္ေရးကိုယ္တာ ဝင္ေငြခြန္ ေလွ်ာ့ေပါ့ေပးမႈေတြကို ပိုမိုတိုးျမႇင့္ျခင္း၊ ကေလးမ်ားတဲ့မိသားစုေတြကို အစိုးရအိမ္ရာ ေလွ်ာက္ထားရာမွာ ဦးစားေပးျခင္းနဲ႔ အိမ္ရာေခ်းေငြ အတိုးႏႈန္းမ်ားကို ေလွ်ာ့ခ်ေပးျခင္း စတဲ့နည္းလမ္းေတြကို အစိုးရက ထည့္သြင္း စဥ္းစားေနပါတယ္။ ဒါအျပင္ ကေလးထိန္းေက်ာင္းစရိတ္နဲ႔ ပညာေရးစရိတ္ ဝန္ထုပ္ဝန္ပိုးေတြကို ေလွ်ာ့ခ်ေပးႏိုင္ မယ့္ဝန္ေဆာင္မႈေတြကိုလည္း အားျဖည့္ေဆာင္႐ြက္ဖို႔ စီစဥ္ေနပါတယ္။
တ႐ုတ္ႏိုင္ငံဟာ ၂၀၂၃ ခုႏွစ္မွာ လူဦးေရ ဆက္တိုက္က်ဆင္းမႈနဲ႔ ႀကဳံေတြ႕ခဲ့ရၿပီး ေသဆုံးႏႈန္းက ေမြးဖြားႏႈန္း ထက္ ပိုမ်ားလာခဲ့ပါတယ္။ ေနထိုင္မႈစရိတ္ ႀကီးမားျခင္း၊ အလုပ္အကိုင္ရွားပါးျခင္းနဲ႔ လူငယ္ေတြရဲ႕လူေနမႈပုံစံ ေျပာင္းလဲလာျခင္းတို႔ေၾကာင့္ အိမ္ေထာင္ျပဳျခင္းနဲ႔ ကေလးယူျခင္းကို ေရွာင္လႊဲလာၾကတာက ႏိုင္ငံရဲ႕ အနာဂတ္ စီးပြားေရးအတြက္ စိန္ေခၚမႈတစ္ရပ္ ျဖစ္လာေနပါတယ္။

Related news

© 2021. All rights reserved.