ရိတ်ခြွေစက်ပြင်နေစဉ် ပူလီကြိုးဖြင့် လက်မ ပြတ်တောက်ခဲ့သည့်လူနာအား ခြေညိုးဖြင့် အစားထိုးခွဲစိတ်ကုသခဲ့ရာအောင်မြင်ခဲ့

 509

ထိုက်စံ ( NP News)- မတ် ၁၃
ရိတ်ခြွေစက်ပြင်နေစဉ် ပူလီကြိုးဖြင့် လက်မ ပြတ်တောက်ခဲ့သည့်လူနာအား ခြေညိုးဖြင့် အစားထိုးခွဲစိတ်ကုသခဲ့ရာ အောင်မြင်ခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ၏ထုတ်ပြန်ချက်အရ သိရသည်။
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၊ ကံကြီးရွာမှ အသက် (၃၃)နှစ်အရွယ် ဦးသန့်ဇင်ဦး သည် ရိတ်ခြွေစက်ပြင်နေစဉ် ပူလီကြိုးဖြင့် ဝဲဘက်လက်မ ထိခိုက်ခဲ့ကြောင်း သိရသည်။
ထိုသို့ထိခိုက်ခဲ့သောကြောင့် ပြီးခဲ့သည့်(ဖေဖော်ဝါရီ ၁၉ ရက် )က မြန်အောင်ပြည်သူ့ဆေးရုံတွင် ကနဦးကုသမှုခံယူခဲ့ပြီး ဖေဖော်ဝါရီ (၂၀) ရက်တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ တက်ရောက်၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှတစ်ဆင့် ရန်ကုန်အရိုးရောဂါ အထူးကုဆေးရုံ လက်ပိုင်းဆိုင်ရာ ခွဲစိတ်ကုသဆောင်သို့ လွဲပြောင်းခဲ့ကာ အတွင်းလူနာအဖြစ် ကုသမှု ခံယူခဲ့ကြောင်း သိရသည်။
ထို့နောက် ရန်ကုန်အရိုးရောဂါအထူးကုဆေးရုံ ပါမောက္ခ ဒေါက်တာကျော်သူထွန်း (လက်ပိုင်းဆိုင်ရာခွဲစိတ်) ဦးဆောင်သည့်အဖွဲ့မှ ပြတ်တောက်ထိခိုက်ခဲ့သည့် ဝဲလက်မနေရာတွင် ယာဘက်ခြေညိုးဖြင့် အစားထိုး ခွဲစိတ်ကုသခဲ့ကြောင်း သိရသည်။
ထိုသို့ ခွဲစိတ်ကုသပြီးနောက် (၈)ရက်မြောက်နေ့ တွင် အစားထိုးကုသထားသည့် လက်ချောင်းမှာ ကောင်းမွန်စွာ ရှင်သန်လှုပ်ရှားနိုင်သည့် အခြေအနေရှိ၍ ခွဲစိတ်ကုသခြင်းမှာ အောင်မြင်ခဲ့ကြောင်း သိရသည်။
ထိုသို့ပြတ်တောက်သွားသည့်လက်မအားခြေညိုးဖြင့်အောင်မြင်စွာအစားထိုး ခွဲစိတ်ကုသမှုအောင်မြင်ခြင်းမှာ ဒုတိယအကြိမ်ဖြစ်ကြောင်း သိရသည်။
ထို့အတူ ပြီးခဲ့သည့်(၂၀၁၉) ခုနှစ်က ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ပြည်သူ့ဆေးရုံကြီးတွင် ပြတ်တောက်သွားသည့်လက်မအားခြေညိုးဖြင့်ခွဲစိတ်ကုသခြင်းမှာလည်း ပထမကြိမ်အဖြစ် အောင်မြင်ခဲ့ကြောင်း သိရသည်။

Zawgyi Version:
ရိတ္ေႁခြစက္ျပင္ေနစဥ္ ပူလီႀကိဳးျဖင့္ လက္မ ျပတ္ေတာက္ခဲ့သည့္လူနာအား ေျခညိဳးျဖင့္ အစားထိုးခြဲစိတ္ကုသခဲ့ရာ ေအာင္ျမင္ခဲ့
ထိုက္စံ ( NP News)- မတ္ ၁၃
ရိတ္ေႁခြစက္ျပင္ေနစဥ္ ပူလီႀကိဳးျဖင့္ လက္မ ျပတ္ေတာက္ခဲ့သည့္လူနာအား ေျခညိဳးျဖင့္ အစားထိုးခြဲစိတ္ကုသခဲ့ရာ ေအာင္ျမင္ခဲ့ေၾကာင္း က်န္းမာေရးဝန္ႀကီးဌာန ၏ထုတ္ျပန္ခ်က္အရ သိရသည္။
ဧရာဝတီတိုင္းေဒသႀကီး၊ ျမန္ေအာင္ၿမိဳ႕နယ္၊ ကံႀကီး႐ြာမွ အသက္ (၃၃)ႏွစ္အ႐ြယ္ ဦးသန႔္ဇင္ဦး သည္ ရိတ္ေႁခြစက္ျပင္ေနစဥ္ ပူလီႀကိဳးျဖင့္ ဝဲဘက္လက္မ ထိခိုက္ခဲ့ေၾကာင္း သိရသည္။
ထိုသို႔ထိခိုက္ခဲ့ေသာေၾကာင့္ ၿပီးခဲ့သည့္(ေဖေဖာ္ဝါရီ ၁၉ ရက္ )က ျမန္ေအာင္ျပည္သူ႔ေဆး႐ုံတြင္ ကနဦးကုသမႈခံယူခဲ့ၿပီး ေဖေဖာ္ဝါရီ (၂၀) ရက္တြင္ ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးသို႔ တက္ေရာက္၍ ရန္ကုန္ျပည္သူ႔ေဆး႐ုံႀကီးမွတစ္ဆင့္ ရန္ကုန္အ႐ိုးေရာဂါ အထူးကုေဆး႐ုံ လက္ပိုင္းဆိုင္ရာ ခြဲစိတ္ကုသေဆာင္သို႔ လြဲေျပာင္းခဲ့ကာ အတြင္းလူနာအျဖစ္ ကုသမႈ ခံယူခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ ရန္ကုန္အ႐ိုးေရာဂါအထူးကုေဆး႐ုံ ပါေမာကၡ ေဒါက္တာေက်ာ္သူထြန္း (လက္ပိုင္းဆိုင္ရာခြဲစိတ္) ဦးေဆာင္သည့္အဖြဲ႕မွ ျပတ္ေတာက္ထိခိုက္ခဲ့သည့္ ဝဲလက္မေနရာတြင္ ယာဘက္ေျခညိဳးျဖင့္ အစားထိုး ခြဲစိတ္ကုသခဲ့ေၾကာင္း သိရသည္။
ထိုသို႔ ခြဲစိတ္ကုသၿပီးေနာက္ (၈)ရက္ေျမာက္ေန႔ တြင္ အစားထိုးကုသထားသည့္ လက္ေခ်ာင္းမွာ ေကာင္းမြန္စြာ ရွင္သန္လႈပ္ရွားႏိုင္သည့္ အေျခအေနရွိ၍ ခြဲစိတ္ကုသျခင္းမွာ ေအာင္ျမင္ခဲ့ေၾကာင္း သိရသည္။
ထိုသို႔ျပတ္ေတာက္သြားသည့္လက္မအားေျခညိဳးျဖင့္ေအာင္ျမင္စြာအစားထိုး ခြဲစိတ္ကုသမႈေအာင္ျမင္ျခင္းမွာ ဒုတိယအႀကိမ္ျဖစ္ေၾကာင္း သိရသည္။
ထို႔အတူ ၿပီးခဲ့သည့္(၂၀၁၉) ခုႏွစ္က ရန္ကုန္တိုင္းေဒသႀကီး၊ အင္းစိန္ျပည္သူ႔ေဆး႐ုံႀကီးတြင္ ျပတ္ေတာက္သြားသည့္လက္မအားေျခညိဳးျဖင့္ခြဲစိတ္ကုသျခင္းမွာလည္း ပထမႀကိမ္အျဖစ္ ေအာင္ျမင္ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.