ပြင်သစ်မှာ သေဆုံးသွားတဲ့ ကလေးငယ်တစ်ဦး သောက်သုံးခဲ့တဲ့ နို့မှုန့်မှာ ပုံမှန်ထက်လွန်ကဲတဲ့ အဆိပ်အတောက်တွေ တွေ့ရှိ

 1619

ရောင်နီ (NP News) - မတ် ၁၃

ပြင်သစ်နိုင်ငံမှာ သေဆုံးသွားခဲ့တဲ့ ကလေးငယ်တစ်ဦး သောက်သုံးခဲ့တဲ့ နို့မှုန့်မှာ ပုံမှန်မဟုတ်ဘဲ မြင့်မား လွန်းတဲ့အဆိပ်အတောက်ပမာဏကို စစ်ဆေးတွေ့ရှိရတယ်လို့ နစ်နာသူမိသားစုရဲ့ရှေ့နေက ထုတ်ဖော်ပြောကြား လိုက်ပါတယ်။
ကလေးငယ်ဟာ နို့မှုန့်သောက်သုံးပြီးနောက် ရုတ်တရက် နေမကောင်းဖြစ်ကာ သေဆုံးသွားခဲ့တာဖြစ်ပြီး မိသားစုဝင်တွေက သံသယရှိတာကြောင့် နို့မှုန့်ကို ဓာတ်ခွဲစမ်းသပ်မှုတွေပြုလုပ်ခဲ့ရာမှ ယခုလို ရလဒ်ထွက်ပေါ်လာ ခြင်းဖြစ်တယ်လို့ သိရပါတယ်။ ကလေးငယ် သောက်သုံးခဲ့တဲ့ နို့မှုန့်ဗူးထဲမှာ ခန္ဓာကိုယ်အတွက် အလွန်အန္တရာယ် ရှိတဲ့ ဘက်တီးရီးယား (သို့မဟုတ်) ဓာတုပစ္စည်းတွေကြောင့်ဖြစ်ပေါ်တဲ့အဆိပ်အတောက်တွေကို သတ်မှတ်ချက် ထက်များစွာကျော်လွန်ပြီး တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။ ဒီဖြစ်ရပ်အတွက် တာဝန်ရှိတဲ့ နို့မှုန့်ကုမ္ပဏီရဲ့အမည်ကို သတင်းမှာ အသေးစိတ်ဖော်ပြထားခြင်း မရှိပါဘူး။ ကုမ္ပဏီဘက်ကတော့ ထုတ်ကုန်တွေဟာ တင်းကြပ်တဲ့ စစ်ဆေးမှုတွေနဲ့အတူ ထုတ်လုပ်ခဲ့တာဖြစ်ပြီး ယခုဖြစ်စဉ်အတွက် အာဏာပိုင်တွေနဲ့ပူးပေါင်းကာ အသေးစိတ် စုံစမ်းနေတယ်လို့ ပြောဆိုထားပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလကလည်း ဥရောပရဲ့ ထိပ်တန်းကုမ္ပဏီကြီးတွေ ဖြစ်ကြတဲ့ Nestle, Danone, နဲ့ Lactalis အပါအဝင် ထုတ်လုပ်သူအများအပြားဟာ ၎င်းတို့ရဲ့နို့မှုန့်တွေမှာ Cereulide လို့ ခေါ်တဲ့ အဆိပ်အတောက်တွေ ပါဝင် နေနိုင်တဲ့အတွက် နိုင်ငံပေါင်း (၆၀) ကျော်မှာ ရောင်းချထားတဲ့ နို့မှုန့်တွေကို ဈေးကွက်အတွင်းမှ ပြန်လည် သိမ်းဆည်းမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

Zawgyi Version;
ျပင္သစ္မွာ ေသဆုံးသြားတဲ့ ကေလးငယ္တစ္ဦး ေသာက္သုံးခဲ့တဲ့ ႏို႔မႈန႔္မွာ ပုံမွန္ထက္လြန္ကဲတဲ့ အဆိပ္အေတာက္ ေတြ ေတြ႕ရွိ
ေရာင္နီ (NP News) - မတ္ ၁၃
ျပင္သစ္ႏိုင္ငံမွာ ေသဆုံးသြားခဲ့တဲ့ ကေလးငယ္တစ္ဦး ေသာက္သုံးခဲ့တဲ့ ႏို႔မႈန႔္မွာ ပုံမွန္မဟုတ္ဘဲ ျမင့္မား လြန္းတဲ့အဆိပ္အေတာက္ပမာဏကို စစ္ေဆးေတြ႕ရွိရတယ္လို႔ နစ္နာသူမိသားစုရဲ႕ေရွ႕ေနက ထုတ္ေဖာ္ေျပာၾကား လိုက္ပါတယ္။
ကေလးငယ္ဟာ ႏို႔မႈန႔္ေသာက္သုံးၿပီးေနာက္ ႐ုတ္တရက္ ေနမေကာင္းျဖစ္ကာ ေသဆုံးသြားခဲ့တာျဖစ္ၿပီး မိသားစုဝင္ေတြက သံသယရွိတာေၾကာင့္ ႏို႔မႈန႔္ကို ဓာတ္ခြဲစမ္းသပ္မႈေတြျပဳလုပ္ခဲ့ရာမွ ယခုလို ရလဒ္ထြက္ေပၚလာ ျခင္းျဖစ္တယ္လို႔ သိရပါတယ္။ ကေလးငယ္ ေသာက္သုံးခဲ့တဲ့ ႏို႔မႈန႔္ဗူးထဲမွာ ခႏၶာကိုယ္အတြက္ အလြန္အႏၲရာယ္ ရွိတဲ့ ဘက္တီးရီးယား (သို႔မဟုတ္) ဓာတုပစၥည္းေတြေၾကာင့္ျဖစ္ေပၚတဲ့အဆိပ္အေတာက္ေတြကို သတ္မွတ္ခ်က္ ထက္မ်ားစြာေက်ာ္လြန္ၿပီး ေတြ႕ရွိခဲ့ရတယ္လို႔ ဆိုပါတယ္။ ဒီျဖစ္ရပ္အတြက္ တာဝန္ရွိတဲ့ ႏို႔မႈန႔္ကုမၸဏီရဲ႕အမည္ကို သတင္းမွာ အေသးစိတ္ေဖာ္ျပထားျခင္း မရွိပါဘူး။ ကုမၸဏီဘက္ကေတာ့ ထုတ္ကုန္ေတြဟာ တင္းၾကပ္တဲ့ စစ္ေဆးမႈေတြနဲ႔အတူ ထုတ္လုပ္ခဲ့တာျဖစ္ၿပီး ယခုျဖစ္စဥ္အတြက္ အာဏာပိုင္ေတြနဲ႔ပူးေပါင္းကာ အေသးစိတ္ စုံစမ္းေနတယ္လို႔ ေျပာဆိုထားပါတယ္။
ၿပီးခဲ့တဲ့ ဒီဇင္ဘာလကလည္း ဥေရာပရဲ႕ ထိပ္တန္းကုမၸဏီႀကီးေတြ ျဖစ္ၾကတဲ့ Nestle, Danone, နဲ႔ Lactalis အပါအဝင္ ထုတ္လုပ္သူအမ်ားအျပားဟာ ၄င္းတို႔ရဲ႕ႏို႔မႈန႔္ေတြမွာ Cereulide လို႔ ေခၚတဲ့ အဆိပ္အေတာက္ေတြ ပါဝင္ ေနႏိုင္တဲ့အတြက္ ႏိုင္ငံေပါင္း (၆၀) ေက်ာ္မွာ ေရာင္းခ်ထားတဲ့ ႏို႔မႈန႔္ေတြကို ေဈးကြက္အတြင္းမွ ျပန္လည္ သိမ္းဆည္းမႈေတြ ျပဳလုပ္ခဲ့ၾကပါတယ္။

Related news

© 2021. All rights reserved.