အော်ပရာနဲ့ ဘဲလေးကပွဲတွေကို နှိမ့်ချပြောဆိုခဲ့တဲ့ သရုပ်ဆောင် တင်မိုသီချလမတ် ဝေဖန်ခံရ

 136

ရောင်နီ (NP News) - မတ် ၁၃

ဟောလိဝုဒ်ထိပ်တန်းမင်းသားတစ်ဦးဖြစ်တဲ့ တင်မိုသီချလမတ်က အော်ပရာ နဲ့ ဘဲလေး အနုပညာရပ်တွေ ကို လူငယ်တွေ စိတ်မဝင်စားတော့တဲ့ ခေတ်နောက်ကျတဲ့ဖျော်ဖြေမှုတွေအဖြစ် ပြောကြားခဲ့ခြင်းကြောင့် အနုပညာ လောကနဲ့ ပရိသတ်တွေရဲ့ပြင်းထန်တဲ့ဝေဖန်ကန့်ကွက်မှုကို ခံနေရပါတယ်။
Dune, Wonka ဇာတ်ကားတွေနဲ့ အောင်မြင်မှုရရှိထားတဲ့ အသက် ၂၈ နှစ်အရွယ် မင်းသား ချလမတ် ဟာ မကြာသေးမီက ပြုလုပ်ခဲ့တဲ့အင်တာဗျူးတစ်ခုမှာ ယနေ့ခေတ် ဖျော်ဖြေရေးလောကရဲ့အပြောင်းအလဲတွေကို ဆွေးနွေးရင်း အဆိုပါ မှတ်ချက်ကို ပေးခဲ့ခြင်းဖြစ်ပါတယ်။ ၎င်းက "အခုထိ ရှင်သန်နေဆဲ အနုပညာတွေဖြစ်ပေမယ့် ဘယ်သူမှ ဂရုမစိုက်ကြတော့တဲ့ အော်ပရာ၊ ဘဲလေးအက လို နေရာတွေမှာ ကျွန်တော်တော့ အလုပ်မလုပ်ချင်ဘူး၊ ဘဲလေးအက နဲ့ အော်ပရာပိုင်း ကျွမ်းကျင်သူတွေကိုတော့ လေးစားပါတယ်" လို့ ပြောကြားခဲ့ပြီး အဲဒီအနုပညာရပ် တွေဟာ ခေတ်နဲ့ အလှမ်းဝေးသွားပြီဖြစ်တယ်လို့ သွယ်ဝိုက် နှိမ့်ချပြောဆိုခဲ့ပါတယ်။
ဒီပြောကြားချက် ထွက်ပေါ်လာပြီးနောက် ဆိုရှယ်မီဒီယာပေါ်မှာ အနုပညာရှင်တွေနဲ့ ပရိသတ်တွေရဲ့မကျေမနပ် တုံ့ပြန်မှုတွေကို ရင်ဆိုင်ခဲ့ရပါတယ်။ ဝေဖန်သူတွေက အော်ပရာနဲ့ ဘဲလေးအက ဟာ ရာစုနှစ်ပေါင်းများစွာ ခိုင်မာစွာ တည်တံ့လာတဲ့ ဂန္ထဝင်အနုပညာရပ်တွေဖြစ်ပြီး တင်မိုသီ အနေနဲ့ ၎င်းတို့ကို ခေတ်ကုန်နေပြီလို့ သတ်မှတ်ခြင်းဟာ အနုပညာအပေါ် နားလည်မှုလွဲမှားခြင်းဖြစ်ကြောင်း၊ လက်ရှိ လူငယ်အများအပြားလည်း ဒီဖျော်ဖြေပွဲတွေကို စိတ်ဝင်တစား အားပေးနေကြဆဲဖြစ်ပြီး အနုပညာရှင်တစ်ဦးအနေနဲ့ အခြားသော အနုပညာနယ်ပယ်ကို လေးစားမှု ရှိသင့်ကြောင်း ထောက်ပြခဲ့ကြပါတယ်။
လက်ရှိအချိန်အထိတော့ မင်းသား ချလမတ်ဘက်မှ ဝေဖန်မှုတွေနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာ ပြန်လည် ရှင်းလင်းတုံ့ပြန်ခြင်း မရှိသေးဘူးလို့ သိရပါတယ်။

Zawgyi Version;
ေအာ္ပရာနဲ႔ ဘဲေလးကပြဲေတြကို ႏွိမ့္ခ်ေျပာဆိုခဲ့တဲ့ သ႐ုပ္ေဆာင္ တင္မိုသီခ်လမတ္ ေဝဖန္ခံရ
ေရာင္နီ (NP News) - မတ္ ၁၃
ေဟာလိဝုဒ္ထိပ္တန္းမင္းသားတစ္ဦးျဖစ္တဲ့ တင္မိုသီခ်လမတ္က ေအာ္ပရာ နဲ႔ ဘဲေလး အႏုပညာရပ္ေတြ ကို လူငယ္ေတြ စိတ္မဝင္စားေတာ့တဲ့ ေခတ္ေနာက္က်တဲ့ေဖ်ာ္ေျဖမႈေတြအျဖစ္ ေျပာၾကားခဲ့ျခင္းေၾကာင့္ အႏုပညာ ေလာကနဲ႔ ပရိသတ္ေတြရဲ႕ျပင္းထန္တဲ့ေဝဖန္ကန႔္ကြက္မႈကို ခံေနရပါတယ္။
Dune, Wonka ဇာတ္ကားေတြနဲ႔ ေအာင္ျမင္မႈရရွိထားတဲ့ အသက္ ၂၈ ႏွစ္အ႐ြယ္ မင္းသား ခ်လမတ္ ဟာ မၾကာေသးမီက ျပဳလုပ္ခဲ့တဲ့အင္တာဗ်ဴးတစ္ခုမွာ ယေန႔ေခတ္ ေဖ်ာ္ေျဖေရးေလာကရဲ႕အေျပာင္းအလဲေတြကို ေဆြးေႏြးရင္း အဆိုပါ မွတ္ခ်က္ကို ေပးခဲ့ျခင္းျဖစ္ပါတယ္။ ၎က "အခုထိ ရွင္သန္ေနဆဲ အႏုပညာေတြျဖစ္ေပမယ့္ ဘယ္သူမွ ဂ႐ုမစိုက္ၾကေတာ့တဲ့ ေအာ္ပရာ၊ ဘဲေလးအက လို ေနရာေတြမွာ ကြၽန္ေတာ္ေတာ့ အလုပ္မလုပ္ခ်င္ဘူး၊ ဘဲေလးအက နဲ႔ ေအာ္ပရာပိုင္း ကြၽမ္းက်င္သူေတြကိုေတာ့ ေလးစားပါတယ္" လို႔ ေျပာၾကားခဲ့ၿပီး အဲဒီအႏုပညာရပ္ ေတြဟာ ေခတ္နဲ႔ အလွမ္းေဝးသြားၿပီျဖစ္တယ္လို႔ သြယ္ဝိုက္ ႏွိမ့္ခ်ေျပာဆိုခဲ့ပါတယ္။
ဒီေျပာၾကားခ်က္ ထြက္ေပၚလာၿပီးေနာက္ ဆိုရွယ္မီဒီယာေပၚမွာ အႏုပညာရွင္ေတြနဲ႔ ပရိသတ္ေတြရဲ႕မေက်မနပ္ တုံ႔ျပန္မႈေတြကို ရင္ဆိုင္ခဲ့ရပါတယ္။ ေဝဖန္သူေတြက ေအာ္ပရာနဲ႔ ဘဲေလးအက ဟာ ရာစုႏွစ္ေပါင္းမ်ားစြာ ခိုင္မာစြာ တည္တံ့လာတဲ့ ဂႏၴဝင္အႏုပညာရပ္ေတြျဖစ္ၿပီး တင္မိုသီ အေနနဲ႔ ၎တို႔ကို ေခတ္ကုန္ေနၿပီလို႔ သတ္မွတ္ျခင္းဟာ အႏုပညာအေပၚ နားလည္မႈလြဲမွားျခင္းျဖစ္ေၾကာင္း၊ လက္ရွိ လူငယ္အမ်ားအျပားလည္း ဒီေဖ်ာ္ေျဖပြဲေတြကို စိတ္ဝင္တစား အားေပးေနၾကဆဲျဖစ္ၿပီး အႏုပညာရွင္တစ္ဦးအေနနဲ႔ အျခားေသာ အႏုပညာနယ္ပယ္ကို ေလးစားမႈ ရွိသင့္ေၾကာင္း ေထာက္ျပခဲ့ၾကပါတယ္။
လက္ရွိအခ်ိန္အထိေတာ့ မင္းသား ခ်လမတ္ဘက္မွ ေဝဖန္မႈေတြနဲ႔ပတ္သက္ၿပီး တစ္စုံတစ္ရာ ျပန္လည္ ရွင္းလင္းတုံ႔ျပန္ျခင္း မရွိေသးဘူးလို႔ သိရပါတယ္။

Related news

© 2021. All rights reserved.