အမေရိကန်နိုင်ငံရှိ ဂျူးဘုရားကျောင်းကို ကားဖြင့် ဝင်တိုက်ပြီးနောက် သေနတ်ပစ်ခတ်မှုဖြစ်ပွား

 432

ဂျန်ဇက် (NP News) - မတ် ၁၃

အမေရိကန်နိုင်ငံ မီရှီဂန်ပြည်နယ်၊ West Bloomfield မြို့ရှိ နိုင်ငံ၏ အကြီးဆုံး Reform ဂျူးဘုရားကျောင်းဖြစ်သော Temple Israel တွင် ယနေ့ မွန်းလွှဲပိုင်းက ထိတ်လန့်ဖွယ်ရာ တိုက်ခိုက်မှုတစ်ခုဖြစ်ပွားခဲ့‌ကြောင်း သိရသည်။
အမျိုးသားတစ်ဦးသည် ရိုင်ဖယ်သေနတ် ကိုင်ဆောင်ကာ ၎င်း၏ ကားဖြင့် ဘုရားကျောင်းအတွင်းသို့ အရှိန်ပြင်းစွာ ဝင်တိုက်ခဲ့ပြီးနောက် ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း အမေရိကန်အာဏာပိုင်များက အတည်ပြုပြောကြားခဲ့ သည်။
အဆိုပါအမျိုးသားသည် ဘုရားကျောင်း၏ တံခါးများကို ကားဖြင့် ဝင်တိုက်ဖျက်ဆီးကာ စင်္ကြံလမ်းတစ်လျှောက် မောင်းနှင်ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီး ဝင်တိုက်မှုကြောင့် ကားမှာ မီးလောင်ကျွမ်းသွားခဲ့ကာ ဘုရားကျောင်းအမိုးမှ မီးခိုးလုံးကြီးများ ထွက်ပေါ်လာခဲ့ကြောင်း သိရသည်။ အဆိုပါအမျိုးသားသည် စင်္ကြံလမ်းတစ်လျှောက် မောင်းနှင် ဝင်ရောက်ခဲ့ပြီးနောက်ကားပေါ်မှ ရိုင်ဖယ်သေနတ်ဖြင့် ဆင်းလာကာ ပစ်ခတ်ရန် ကြိုးပမ်းခဲ့သော်လည်း ဘုရားကျောင်း၏ လုံခြုံရေးတပ်ဖွဲ့ဝင်များက ချက်ချင်း တန်ပြန်ပစ်ခတ်ခဲ့ရာသေဆုံးခဲ့ကြောင်း သိရသည်။
ဘုရားကျောင်းအတွင်းရှိ မူကြိုကျောင်းမှ ကလေးငယ်များ၊ ဆရာ၊ ဆရာမများ နှင့် ဝန်ထမ်းများအားလုံး ဘေးကင်း လုံခြုံကြပြီး ထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း Oakland County ရဲမှူးကြီး မိုက်ကယ် ဘော့ချက်က အတည်ပြု ခဲ့သည်။ ပစ်ခတ်မှုဖြစ်ပွားသည့်နေရာသို့ ရဲကားအစီးရေ (၈ဝ) ကျော် အပါအဝင် FBI အဖွဲ့နှင့် ပြည်ထဲရေးလုံခြုံရေး အဖွဲ့အစည်းများ ချက်ချင်း ရောက်ရှိလာခဲ့သည်။
အစောပိုင်းတွင် အနီးနားရှိ စာသင်ကျောင်းများကို Lockdown ချခဲ့ပြီး (၁) မိုင်ပတ်လည်ရှိ ဒေသခံများကို အိမ်ထဲ တွင်သာ လုံခြုံစွာ နေထိုင်ကြရန် အမိန့်ထုတ်ပြန်ခဲ့သော်လည်း အခြေအနေကို ထိန်းချုပ်နိုင်ပြီဖြစ်ပြီး လက်ရှိအချိန် တွင် အမိန့်ကို ပြန်လည် ရုပ်သိမ်းလိုက်ပြီ ဖြစ်သည်။အမေရိကန်ထောက်လှမ်းရေးအဖွဲ့ FBI၏ ဒါရိုက်တာ ကက်ပါတယ် ကလည်း ယခုဖြစ်ရပ်ကို "ရည်ရွယ်ချက်ရှိရှိ ကားဖြင့်ဝင်တိုက်မှုနှင့် သေနတ်ပစ်ခတ်မှုဟု သတ်မှတ်ကြောင်းပြောသည်။ အမေရိကန်ရဲတပ်ဖွဲ့သည် ပစ်ခတ်မှုကျူးလွန်ခဲ့သူနှင့်ပတ်သက်ပြီး တစ်စုံတစ်ရာ သတင်းထုတ်ပြန်ခြင်းမရှိသေးဘဲ စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်လျက်ရှိနေဆဲဖြစ်ကြောင်း သိရသည်။

Zawgyi Version;
အေမရိကန္ႏိုင္ငံရွိ ဂ်ဴးဘုရားေက်ာင္းကို ကားျဖင့္ ဝင္တိုက္ၿပီးေနာက္ ေသနတ္ပစ္ခတ္မႈျဖစ္ပြား
ဂ်န္ဇက္ (NP News) - မတ္ ၁၃
အေမရိကန္ႏိုင္ငံ မီရွီဂန္ျပည္နယ္၊ West Bloomfield ၿမိဳ႕ရွိ ႏိုင္ငံ၏ အႀကီးဆုံး Reform ဂ်ဴးဘုရားေက်ာင္းျဖစ္ေသာ Temple Israel တြင္ ယေန႔ မြန္းလႊဲပိုင္းက ထိတ္လန႔္ဖြယ္ရာ တိုက္ခိုက္မႈတစ္ခုျဖစ္ပြားခဲ့‌ေၾကာင္း သိရသည္။
အမ်ိဳးသားတစ္ဦးသည္ ႐ိုင္ဖယ္ေသနတ္ ကိုင္ေဆာင္ကာ ၎၏ ကားျဖင့္ ဘုရားေက်ာင္းအတြင္းသို႔ အရွိန္ျပင္းစြာ ဝင္တိုက္ခဲ့ၿပီးေနာက္ ပစ္ခတ္မႈမ်ား လုပ္ေဆာင္ခဲ့ေၾကာင္း အေမရိကန္အာဏာပိုင္မ်ားက အတည္ျပဳေျပာၾကားခဲ့ သည္။
အဆိုပါအမ်ိဳးသားသည္ ဘုရားေက်ာင္း၏ တံခါးမ်ားကို ကားျဖင့္ ဝင္တိုက္ဖ်က္ဆီးကာ စႀကႍလမ္းတစ္ေလွ်ာက္ ေမာင္းႏွင္ဝင္ေရာက္ခဲ့ျခင္းျဖစ္ၿပီး ဝင္တိုက္မႈေၾကာင့္ ကားမွာ မီးေလာင္ကြၽမ္းသြားခဲ့ကာ ဘုရားေက်ာင္းအမိုးမွ မီးခိုးလုံးႀကီးမ်ား ထြက္ေပၚလာခဲ့ေၾကာင္း သိရသည္။ အဆိုပါအမ်ိဳးသားသည္ စႀကႍလမ္းတစ္ေလွ်ာက္ ေမာင္းႏွင္ ဝင္ေရာက္ခဲ့ၿပီးေနာက္ကားေပၚမွ ႐ိုင္ဖယ္ေသနတ္ျဖင့္ ဆင္းလာကာ ပစ္ခတ္ရန္ ႀကိဳးပမ္းခဲ့ေသာ္လည္း ဘုရားေက်ာင္း၏ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက ခ်က္ခ်င္း တန္ျပန္ပစ္ခတ္ခဲ့ရာေသဆုံးခဲ့ေၾကာင္း သိရသည္။
ဘုရားေက်ာင္းအတြင္းရွိ မူႀကိဳေက်ာင္းမွ ကေလးငယ္မ်ား၊ ဆရာ၊ ဆရာမမ်ား ႏွင့္ ဝန္ထမ္းမ်ားအားလုံး ေဘးကင္း လုံၿခဳံၾကၿပီး ထိခိုက္ဒဏ္ရာရရွိမႈမရွိေၾကာင္း Oakland County ရဲမႉးႀကီး မိုက္ကယ္ ေဘာ့ခ်က္က အတည္ျပဳ ခဲ့သည္။ ပစ္ခတ္မႈျဖစ္ပြားသည့္ေနရာသို႔ ရဲကားအစီးေရ (၈ဝ) ေက်ာ္ အပါအဝင္ FBI အဖြဲ႕ႏွင့္ ျပည္ထဲေရးလုံၿခဳံေရး အဖြဲ႕အစည္းမ်ား ခ်က္ခ်င္း ေရာက္ရွိလာခဲ့သည္။
အေစာပိုင္းတြင္ အနီးနားရွိ စာသင္ေက်ာင္းမ်ားကို Lockdown ခ်ခဲ့ၿပီး (၁) မိုင္ပတ္လည္ရွိ ေဒသခံမ်ားကို အိမ္ထဲ တြင္သာ လုံၿခဳံစြာ ေနထိုင္ၾကရန္ အမိန႔္ထုတ္ျပန္ခဲ့ေသာ္လည္း အေျခအေနကို ထိန္းခ်ဳပ္ႏိုင္ၿပီျဖစ္ၿပီး လက္ရွိအခ်ိန္ တြင္ အမိန႔္ကို ျပန္လည္ ႐ုပ္သိမ္းလိုက္ၿပီ ျဖစ္သည္။အေမရိကန္ေထာက္လွမ္းေရးအဖြဲ႕ FBI၏ ဒါ႐ိုက္တာ ကက္ပါတယ္ ကလည္း ယခုျဖစ္ရပ္ကို "ရည္႐ြယ္ခ်က္ရွိရွိ ကားျဖင့္ဝင္တိုက္မႈႏွင့္ ေသနတ္ပစ္ခတ္မႈဟု သတ္မွတ္ေၾကာင္းေျပာသည္။ အေမရိကန္ရဲတပ္ဖြဲ႕သည္ ပစ္ခတ္မႈက်ဴးလြန္ခဲ့သူႏွင့္ပတ္သက္ၿပီး တစ္စုံတစ္ရာ သတင္းထုတ္ျပန္ျခင္းမရွိေသးဘဲ စုံစမ္းစစ္ေဆးမႈမ်ား လုပ္ေဆာင္လ်က္ရွိေနဆဲျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.