ရွှေသန့်စင်ခန်းများ ပိတ်ထားသဖြင့် ရွှေဆိုင်များ ပြင်ပရွှေမဝယ်သောကြောင့် ပြည်သူများသာ အထိနာ

362

Pearl(NP News)-မတ် ၁၃
ရွှေသန့်စင်ခန်းများ ပိတ်ထားသဖြင့် ရွှေဆိုင်များ ပြင်ပရွှေမဝယ်သောကြောင့် ပြည်သူများသာ အထိနာရကြောင်း ရွှေဆိုင်လုပ်ငန်းရှင် တစ်ဦးက The Statesman ဂျာနယ်သို့ပြောသည်။
လက်ရှိတွင် ရွှေသန့်စင်ခန်းလုပ်ငန်းကို ပိတ်ခိုင်းထားသည်မှာ (၁၀) ရက်ကျော် ကြာမြင့်ပြီ ဖြစ်ပြီး ထိုသို့ ပိတ်ထားသည့်အတွက် ရွှေဆိုင်လုပ်ငန်းများက ပြင်ပရွှေထည်များ ဝယ်ယူခြင်းကို ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်နေရကြောင်း သိရသည်။
“ ချွတ်ခန်းတွေဆိုတာအနည်းဆုံး ကျပ် (၁၆၀၀၀၀) ၊ (၁၇၀၀၀၀) ချွတ်ခပေးရတယ်။ ချွတ်ခအပြင် ရွှေလျော့တာပေါ့ ။ ၁၂ကျပ်သားပေးရင် ၁၀ကျပ်သားလောက်ထွက်လာတယ်။ ပြီးရင် စျေးကွက်ကို ထိန်းချုပ်တာတွေ ဒီပစ္စည်းကို ရှားပါးအောင်လုပ်တာတွေ၊ ဝယ်ယူ စုဆောင်းတာတွေက ဒီချွတ်ခန်းက လူတွေ ပါဝင် ပတ်သက်နေတာကြီးက သိပ်သဘောမကျဘူး။ အဲဒါမျိုးတွေကြောင့်လည်း နိုင်ငံတော်က ပိတ်ထားတာ ဖြစ်မှာပေါ့လေ။ တချို့ဆိုင်တွေကတော့ အခေါက်ချွတ်လို့မရလို့ ထိန်းဝယ်နေရတယ်။ အခေါက်ချွတ်ပြီး ပြန်ဖော်တဲ့ Process ကို လုပ်လို့မရတဲ့အတွက် ကိုယ့်ဆိုင်ရွှေလောက်ပဲ ဦးစားပေး ပြီး ပြန်ဝယ်ရတာပေါ့။ အပြင်ရွှေ မဝယ်တော့ဘူးပေါ့” ဟု ပြောသည်။
လက်ရှိတွင် ပြည်တွင်း၌ အခေါက်ရွှေပေါက်စျေး မှာ (၁၀၉၃၀၀၀၀) ကျပ်ခန့် ဖြစ်ပေါ်နေရာ ရွှေဆိုင်လုပ်ငန်းများအနေဖြင့် အရောင်းပါးပြီး ပြန်လည်ဝယ်ယူနေရခြင်းမျိုးသာရှိကြောင်း သိရသည်။
ရွှေသန့်စင်ခန်းလုပ်ငန်းများ ပိတ်ထားသည့်အတွက် ရွှေဆိုင်များက ပြင်ပရွှေထည်များ အပါအဝင် ရွှေထည်များ ပြန်လည်း ဝယ်ယူခြင်းကို ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်နေရသည့်အတွက် စားသုံးသူများ နစ်နာ ရကြောင်းလည်း ရွှေဆိုင်လုပ်ငန်းရှင် တစ်ဦးက ပြောသည်။
“တချို့တွေ အွန်လိုင်းမှာ ရောင်းတဲ့ဆိုင်တွေ ရောင်းချင်သလိုရောင်းတယ်။ ပြီးရင် ဆိုင်က ဘယ်နားရှာရမယ် မှန်းမသိဘူး။ အဲဒီလိုဆိုင်တွေကို ပြန်ရောင်းဖို့ အဆင်မပြေတော့ ရှိတဲ့ဆိုင်တွေကို လိုက်ရောင်းရတော့ အခုဆို ချွတ်ခန်းပိတ်တဲ့အတွက် အပြင်ရွှေမကောက်တော့ဘူး။ ကောက်ရင်တောင် စျေးနှိမ်ပြီးကောက်ကြတယ်။ ရောင်းချင်တဲ့လူတွေမှာတော့ နစ်နာမှုတွေ ဖြစ်သွားတာပေါ့။ ပိတ်သွားတဲ့ဆိုင်တွေ၊ ဘိုးဘွားတွေ လက်ထပ်က ရွှေတွေဆို ရောင်းရ ဒုက္ခရောက်တာပေါ့။ အခုဆိုရင် လူတိုင်း ကသီနေပြီလေ။ အခုဆို ချွတ်ခန်းတွေပိတ်တဲ့အတွက် လွယ်လင့်တတူငွေဖြစ်လွယ်တဲ့ရွှေက ငွေဖြစ်မလွယ်သလို ဖြစ်နေတာပေါ့လေ” ဟု ပြောသည်။
ထိုသို့ ပိတ်ခိုင်းထားမည့်အစား အမည် စာရင်းများဖြင့် မှတ်တမ်းပြုလုပ်၍ တရားဝင် လိုင်စင်ရ ရွှေဆိုင်လုပ်ငန်း လုပ်ကိုင်သူများကို ရွှေသန့်စင်ခွင့် ရရှိရန် မျှော်လင့်နေကြာင်းလည်း သိရသည်။
“ ချွတ်ခန်းကြီး ပိတ်နေတာထက်စာရင်စနစ်တကျလေး ချွတ်လို့ရတဲ့ စနစ်လေး လုပ်ရင် အားလုံးအဆင် ပြေတာပေါ့” ဟု ပြောသည်။
လက်ရှိတွင် မွန်ပြည်နယ် ဘီးလင်းမြို့နယ်အနီး KNU တပ်မဟာ (၁) နှင့် တပ်မဟာ(၅)နယ်မြေများရှိ တရား မဝင်ရွှေလုပ်ကွက်များအပါအဝင် ချင်းတွင်းမြစ်အတွင်း တရားမဝင် လုပ်ကွက်မှ ရရှိသည့် ရွှေများကို မန္တလေးရှိ ရွှေချွတ်ခန်း(ရွှေ သန့်စင်ခြင်း လုပ် ငန်း) များတွင် ရွှေသန့်စင်ကြကြောင်းလည်း သိရသည်။

Zawgyi Version:
ေ႐ႊသန႔္စင္ခန္းပိတ္ထားသျဖင့္ ေ႐ႊဆိုင္မ်ား ျပင္ပေ႐ႊမဝယ္ေသာေၾကာင့္ ျပည္သူမ်ားသာ အထိနာ
Pearl(NP News)-မတ္ ၁၃
ေ႐ႊသန႔္စင္ခန္းပိတ္ထားသျဖင့္ ေ႐ႊဆိုင္မ်ား ျပင္ပေ႐ႊမဝယ္ေသာေၾကာင့္ ျပည္သူမ်ားသာ အထိနာရေၾကာင္း ေ႐ႊဆိုင္လုပ္ငန္းရွင္ တစ္ဦးက The Statesman ဂ်ာနယ္သို႔ေျပာသည္။
လက္ရွိတြင္ ေ႐ႊသန႔္စင္ခန္းလုပ္ငန္းကို ပိတ္ခိုင္းထားသည္မွာ (၁၀) ရက္ေက်ာ္ ၾကာျမင့္ၿပီ ျဖစ္ၿပီး ထိုသို႔ ပိတ္ထားသည့္အတြက္ ေ႐ႊဆိုင္လုပ္ငန္းမ်ားက ျပင္ပေ႐ႊထည္မ်ား ဝယ္ယူျခင္းကို ထိန္းထိန္းသိမ္းသိမ္း ေဆာင္႐ြက္ေနရေၾကာင္း သိရသည္။
“ ခြၽတ္ခန္းေတြဆိုတာအနည္းဆုံး က်ပ္ (၁၆၀၀၀၀) ၊ (၁၇၀၀၀၀) ခြၽတ္ခေပးရတယ္။ ခြၽတ္ခအျပင္ ေ႐ႊေလ်ာ့တာေပါ့ ။ ၁၂က်ပ္သားေပးရင္ ၁၀က်ပ္သားေလာက္ထြက္လာတယ္။ ၿပီးရင္ ေစ်းကြက္ကို ထိန္းခ်ဳပ္တာေတြ ဒီပစၥည္းကို ရွားပါးေအာင္လုပ္တာေတြ၊ ဝယ္ယူ စုေဆာင္းတာေတြက ဒီခြၽတ္ခန္းက လူေတြ ပါဝင္ ပတ္သက္ေနတာႀကီးက သိပ္သေဘာမက်ဘူး။ အဲဒါမ်ိဳးေတြေၾကာင့္လည္း ႏိုင္ငံေတာ္က ပိတ္ထားတာ ျဖစ္မွာေပါ့ေလ။ တခ်ိဳ႕ဆိုင္ေတြကေတာ့ အေခါက္ခြၽတ္လို႔မရလို႔ ထိန္းဝယ္ေနရတယ္။ အေခါက္ခြၽတ္ၿပီး ျပန္ေဖာ္တဲ့ Process ကို လုပ္လို႔မရတဲ့အတြက္ ကိုယ့္ဆိုင္ေ႐ႊေလာက္ပဲ ဦးစားေပး ၿပီး ျပန္ဝယ္ရတာေပါ့။ အျပင္ေ႐ႊ မဝယ္ေတာ့ဘူးေပါ့” ဟု ေျပာသည္။
လက္ရွိတြင္ ျပည္တြင္း၌ အေခါက္ေ႐ႊေပါက္ေစ်း မွာ (၁၀၉၃၀၀၀၀) က်ပ္ခန႔္ ျဖစ္ေပၚေနရာ ေ႐ႊဆိုင္လုပ္ငန္းမ်ားအေနျဖင့္ အေရာင္းပါးၿပီး ျပန္လည္ဝယ္ယူေနရျခင္းမ်ိဳးသာရွိေၾကာင္း သိရသည္။
ေ႐ႊသန႔္စင္ခန္းလုပ္ငန္းမ်ား ပိတ္ထားသည့္အတြက္ ေ႐ႊဆိုင္မ်ားက ျပင္ပေ႐ႊထည္မ်ား အပါအဝင္ ေ႐ႊထည္မ်ား ျပန္လည္း ဝယ္ယူျခင္းကို ထိန္းထိန္းသိမ္းသိမ္းေဆာင္႐ြက္ေနရသည့္အတြက္ စားသုံးသူမ်ား နစ္နာ ရေၾကာင္းလည္း ေ႐ႊဆိုင္လုပ္ငန္းရွင္ တစ္ဦးက ေျပာသည္။
“တခ်ိဳ႕ေတြ အြန္လိုင္းမွာ ေရာင္းတဲ့ဆိုင္ေတြ ေရာင္းခ်င္သလိုေရာင္းတယ္။ ၿပီးရင္ ဆိုင္က ဘယ္နားရွာရမယ္ မွန္းမသိဘူး။ အဲဒီလိုဆိုင္ေတြကို ျပန္ေရာင္းဖို႔ အဆင္မေျပေတာ့ ရွိတဲ့ဆိုင္ေတြကို လိုက္ေရာင္းရေတာ့ အခုဆို ခြၽတ္ခန္းပိတ္တဲ့အတြက္ အျပင္ေ႐ႊမေကာက္ေတာ့ဘူး။ ေကာက္ရင္ေတာင္ ေစ်းႏွိမ္ၿပီးေကာက္ၾကတယ္။ ေရာင္းခ်င္တဲ့လူေတြမွာေတာ့ နစ္နာမႈေတြ ျဖစ္သြားတာေပါ့။ ပိတ္သြားတဲ့ဆိုင္ေတြ၊ ဘိုးဘြားေတြ လက္ထပ္က ေ႐ႊေတြဆို ေရာင္းရ ဒုကၡေရာက္တာေပါ့။ အခုဆိုရင္ လူတိုင္း ကသီေနၿပီေလ။ အခုဆို ခြၽတ္ခန္းေတြပိတ္တဲ့အတြက္ လြယ္လင့္တတူေငြျဖစ္လြယ္တဲ့ေ႐ႊက ေငြျဖစ္မလြယ္သလို ျဖစ္ေနတာေပါ့ေလ” ဟု ေျပာသည္။
ထိုသို႔ ပိတ္ခိုင္းထားမည့္အစား အမည္ စာရင္းမ်ားျဖင့္ မွတ္တမ္းျပဳလုပ္၍ တရားဝင္ လိုင္စင္ရ ေ႐ႊဆိုင္လုပ္ငန္း လုပ္ကိုင္သူမ်ားကို ေ႐ႊသန႔္စင္ခြင့္ ရရွိရန္ ေမွ်ာ္လင့္ေနၾကာင္းလည္း သိရသည္။
“ ခြၽတ္ခန္းႀကီး ပိတ္ေနတာထက္စာရင္စနစ္တက်ေလး ခြၽတ္လို႔ရတဲ့ စနစ္ေလး လုပ္ရင္ အားလုံးအဆင္ ေျပတာေပါ့” ဟု ေျပာသည္။
လက္ရွိတြင္ မြန္ျပည္နယ္ ဘီးလင္းၿမိဳ႕နယ္အနီး KNU တပ္မဟာ (၁) ႏွင့္ တပ္မဟာ(၅)နယ္ေျမမ်ားရွိ တရား မဝင္ေ႐ႊလုပ္ကြက္မ်ားအပါအဝင္ ခ်င္းတြင္းျမစ္အတြင္း တရားမဝင္ လုပ္ကြက္မွ ရရွိသည့္ ေ႐ႊမ်ားကို မႏၲေလးရွိ ေ႐ႊခြၽတ္ခန္း(ေ႐ႊ သန႔္စင္ျခင္း လုပ္ ငန္း) မ်ားတြင္ ေ႐ႊသန႔္စင္ၾကေၾကာင္းလည္း သိရသည္။