အီရန်ရေနံအကျပ်အတည်းကို ရုရှားနှင့် အမေရိကန်တို့ဆွေးနွေး

 332

Pika(NP News)-မတ် ၁၃
အီရန်အပေါ်လုပ်ဆောင်ခဲ့သော အမေရိကန်-အစ္စရေးစစ်ပွဲကြောင့် ဖြစ်ပေါ်လာသည့် လက်ရှိရေနံအကျပ်အတည်းနှင့်ပတ်သက်ပြီး ရုရှားနှင့်အမေရိကန်တို့က ဆွေးနွေးမှုများလုပ်ဆောင်ခဲ့ကြောင်း ရုရှားသမ္မတပူတင်၏ ရင်းနှီးမြှုပ်နှံမှုသံတမန် ကီရေးဒီမစ်ထရိဗ်က ထုတ်ပြန်ကြေညာခဲ့သည်။အမေရိကန်နှင့် ရုရှားတို့ကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ လုပ်ငန်းအစည်းအဝေးသို့ တက်ရောက်ရန် ပူတင်၏တောင်းဆိုချက်များအရ အမေရိကန်သို့သွားရောက်ခဲ့ကြောင်း ကီရေးဒီမစ်ထရိဗ်က ပြောကြားခဲ့သည်။ထို့ပြင် ရုရှား-အမေရိကန်ဆက်ဆံရေးကို ပြန်လည်ထူထောင်ရန် ကူညီပေးနိုင်သည့် အလားအလာရှိသော စီမံကိန်းများနှင့်အတူ ကမ္ဘာလုံးဆိုင်ရာစွမ်းအင်ဈေးကွက်များတွင် လက်ရှိဖြစ်ပွားနေသော အကျပ်အတည်းကို နှစ်ဖက်စလုံးက ဆွေးနွေးခဲ့ကြောင်း ကီရေးဒီမစ်ထရိဗ်က‌ ပြောကြားခဲ့သည်။ကီရေးဒီမစ်ထရိဗ်က”ယနေ့ခေတ်မှာ အမေရိကန်အပါအဝင် နိုင်ငံအများအပြားဟာ ကမ္ဘာလုံးဆိုင်ရာစီးပွားရေးတည်ငြိမ်မှုကို သေချာစေဖို့အတွက် ရုရှားရေနံနဲ့သဘာဝဓါတ်ငွေ့ရဲ့ အဓိကကျတဲ့စနစ်ဖွဲ့စည်းတဲ့ အခန်းကဏ္ဍအပြင် ရုရှားအပေါ်ပိတ်ဆို့မှုတွေရဲ့ ထိရောက်မှုမရှိတာတွေနဲ့ ပျက်စီးစေတတ်တဲ့ သဘောသဘာဝကို ပိုမိုနားလည်စပြုလာကြပါပြီ။”ဟုပြောဆိုခဲ့သည်။ထို့ပြင် အကျိုးသက်ရောက်မှုရှိသောအစည်းအဝေးအတွက် အမေရိကန်အထူးသံတမန်စတိဗ်ဝစ်အော့ဖ်၊အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏သားမက် ဂျဲကူရှနာနှင့် အိမ်ဖြူတော်အကြီးတန်းအကြံပေး Josh Gruenbaumတို့ကို ကျေးဇူးတင်ကြောင်း ကီရေးဒီမစ်ထရိဗ်က ထပ်မံပြောကြားခဲ့သည်။အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်တွင်ကျင်းပခဲ့သော ရုရှားနှင့်ဆွေးနွေးပွဲများကို စတိဗ်ဝစ်အော့ဖ်က အတည်ပြုခဲ့ပြီး ဆွေးနွေးပွဲအတွင်း အကြောင်းအရာအမျိုးမျိုးကို ဆွေးနွေးခဲ့ကြကာ အဆက်အသွယ်များဆက်ရှိနေရန် သဘောတူညီခဲ့ကြောင်း ထုတ်ပြန်ပြောကြားခဲ့သည်။

Zawgyi Version:
အီရန္ေရနံအက်ပ္အတည္းကို ႐ုရွားႏွင့္ အေမရိကန္တို႔ေဆြးေႏြး
Pika(NP News)-မတ္ ၁၃
အီရန္အေပၚလုပ္ေဆာင္ခဲ့ေသာ အေမရိကန္-အစၥေရးစစ္ပြဲေၾကာင့္ ျဖစ္ေပၚလာသည့္ လက္ရွိေရနံအက်ပ္အတည္းႏွင့္ပတ္သက္ၿပီး ႐ုရွားႏွင့္အေမရိကန္တို႔က ေဆြးေႏြးမႈမ်ားလုပ္ေဆာင္ခဲ့ေၾကာင္း ႐ုရွားသမၼတပူတင္၏ ရင္းႏွီးျမႇဳပ္ႏွံမႈသံတမန္ ကီေရးဒီမစ္ထရိဗ္က ထုတ္ျပန္ေၾကညာခဲ့သည္။အေမရိကန္ႏွင့္ ႐ုရွားတို႔ၾကား စီးပြားေရးပူးေပါင္းေဆာင္႐ြက္မႈဆိုင္ရာ လုပ္ငန္းအစည္းအေဝးသို႔ တက္ေရာက္ရန္ ပူတင္၏ေတာင္းဆိုခ်က္မ်ားအရ အေမရိကန္သို႔သြားေရာက္ခဲ့ေၾကာင္း ကီေရးဒီမစ္ထရိဗ္က ေျပာၾကားခဲ့သည္။ထို႔ျပင္ ႐ုရွား-အေမရိကန္ဆက္ဆံေရးကို ျပန္လည္ထူေထာင္ရန္ ကူညီေပးႏိုင္သည့္ အလားအလာရွိေသာ စီမံကိန္းမ်ားႏွင့္အတူ ကမာၻလုံးဆိုင္ရာစြမ္းအင္ေဈးကြက္မ်ားတြင္ လက္ရွိျဖစ္ပြားေနေသာ အက်ပ္အတည္းကို ႏွစ္ဖက္စလုံးက ေဆြးေႏြးခဲ့ေၾကာင္း ကီေရးဒီမစ္ထရိဗ္က‌ ေျပာၾကားခဲ့သည္။ကီေရးဒီမစ္ထရိဗ္က”ယေန႔ေခတ္မွာ အေမရိကန္အပါအဝင္ ႏိုင္ငံအမ်ားအျပားဟာ ကမာၻလုံးဆိုင္ရာစီးပြားေရးတည္ၿငိမ္မႈကို ေသခ်ာေစဖို႔အတြက္ ႐ုရွားေရနံနဲ႔သဘာဝဓါတ္ေငြ႕ရဲ႕ အဓိကက်တဲ့စနစ္ဖြဲ႕စည္းတဲ့ အခန္းက႑အျပင္ ႐ုရွားအေပၚပိတ္ဆို႔မႈေတြရဲ႕ ထိေရာက္မႈမရွိတာေတြနဲ႔ ပ်က္စီးေစတတ္တဲ့ သေဘာသဘာဝကို ပိုမိုနားလည္စျပဳလာၾကပါၿပီ။”ဟုေျပာဆိုခဲ့သည္။ထို႔ျပင္ အက်ိဳးသက္ေရာက္မႈရွိေသာအစည္းအေဝးအတြက္ အေမရိကန္အထူးသံတမန္စတိဗ္ဝစ္ေအာ့ဖ္၊အေမရိကန္သမၼတေဒၚနယ္ထရမ့္၏သားမက္ ဂ်ဲကူရွနာႏွင့္ အိမ္ျဖဴေတာ္အႀကီးတန္းအႀကံေပး Josh Gruenbaumတို႔ကို ေက်းဇူးတင္ေၾကာင္း ကီေရးဒီမစ္ထရိဗ္က ထပ္မံေျပာၾကားခဲ့သည္။အေမရိကန္ႏိုင္ငံ ဖေလာ္ရီဒါျပည္နယ္တြင္က်င္းပခဲ့ေသာ ႐ုရွားႏွင့္ေဆြးေႏြးပြဲမ်ားကို စတိဗ္ဝစ္ေအာ့ဖ္က အတည္ျပဳခဲ့ၿပီး ေဆြးေႏြးပြဲအတြင္း အေၾကာင္းအရာအမ်ိဳးမ်ိဳးကို ေဆြးေႏြးခဲ့ၾကကာ အဆက္အသြယ္မ်ားဆက္ရွိေနရန္ သေဘာတူညီခဲ့ေၾကာင္း ထုတ္ျပန္ေျပာၾကားခဲ့သည္။

Related news

© 2021. All rights reserved.