ငါးလုပ်ငန်းနှင့်ငါးမွေးမြူရေးဆိုင်ရာသုတေသနရန်ပုံငွေ ကျပ်သိန်းပေါင်း (၃၅,၀၀၀) ကျော်ရှိ

 437

Pearl (NP News) - မတ် ၁၄

ငါးလုပ်ငန်းနှင့်ငါးမွေးမြူရေးဆိုင်ရာသုတေသနရန်ပုံငွေ ကျပ်သိန်းပေါင်း ၃၅၀၀၀ ကျော်ရှိကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ယမန်နေ့ (မတ် ၁၃ ရက်) က ကျင်းပသော သတ္တမအကြိမ်မြောက် ငါးလုပ်ငန်းဆိုင်ရာသုတေသန ရန်ပုံငွေစီမံအုပ်ချုပ်မှုကော်မတီ အစည်းအဝေးတွင် ပြောသည်။

အဆိုပါ အစည်းအဝေးတွင် ဒုတိယဝန်ကြီးက ပထမအကြိမ် ရန်ပုံငွေစီမံအုပ်ချုပ်မှုကော်မတီ အစည်းအဝေးဆုံးဖြတ်ချက်များအရ ငါးလုပ်ငန်းနှင့်ငါးမွေးမြူရေးဆိုင်ရာ သုတေသနလုပ်ငန်းများကို စတင်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း ပြောသည်။
ထိုသို့ ဆောင်ရွက်နေပြီး သုတေသနရန်ပုံငွေကောက်ခံရရှိသည့် ကျပ်သိန်းပေါင်း ၅၇၆၃၃ ဒသမ ၅၈၂၀၅ မှ သုတေသနလုပ်ငန်းများသို့ ကျပ်သိန်းပေါင်း (၂၁၇၆၁ ဒသမ ၄၁၈) ကို သတ်မှတ်ဘဏ္ဍာရေး စည်းမျဉ်းနှင့် အညီ ခွင့်ပြုချထားပေးခဲ့ပြီး လက်ကျန်ငွေမှာကျပ် သိန်းပေါင်း (၃၅၈၇၂ ဒသမ ၁၆၄) ဖြစ်ကြောင်းလည်း ထည့်သွင်းပြောကြားသည်။

ငါးလုပ်ငန်းဆိုင်ရာသုတေသနရန်ပုံငွေ ထူထောင်မှုစာချုပ်အရ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် သုတေသနလုပ်ငန်းများ၏ ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ၁၂လပိုင်း မှ ၂၀၂၅ ခုနှစ် ၁၂ လပိုင်း အထိသုံးစွဲပြီး အသုံးစရိတ်များ၊ ရှင်းတမ်းများကို ဌာနတွင်း သုတေသနရန်ပုံငွေစစ်ဆေးရေးအဖွဲ့က ဘဏ္ဍာရေးဆိုင်ရာ သတ်မှတ်ချက်များနှင့်အညီ ခြောက်ကြိမ်စစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း၊ အဆိုပါ အသုံးစရိတ်များအား တနင်္သာရီတိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးကလည်း စစ်ဆေးပြီးဖြစ်ကြောင်းလည်း ဒုတိယဝန်ကြီးက ပြောသည်။
လက်ရှိ ငါးလုပ်ငန်းဆိုင်ရာအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများမှာ ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးဆောင်ရွက်သော ရေသတ္တဝါများ၏ ရောဂါဖြစ်ပွားမှုအခြေအနေများအား စမ်းသပ် သုတေသနပြု စစ်ဆေးဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ငါးမွေးမြူရေးလုပ်ငန်းများတွင် ငါးရောဂါကျရောက်ပါက ဆုံးရှုံးမှုတန်ဖိုး လွန်စွာမြင့်မားသည့်အတွက် တနင်္သာရီတိုင်းဒေသကြီး ငါး/ပုစွန်မွေးမြူရေးလုပ်ငန်းများအတွက် ပြင်ပမှငါးရောဂါများ ကျရောက်မှုမရှိစေရန်၊ ငါးရောဂါကျရောက်မှုမှ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အထောက်အပံ့ကောင်းများပေးနိုင်ရန် ရည်ရွယ် ဆောင်ရွက်ခြင်းဖြစ်ကြောင်းလည်း သိရသည်။
ထို့ပြင် မွေးမြူရေးသုတေသနဦးစီးဌာနမှလည်း ကျွန်းစုစခန်းအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကိုဆောင်ရွက် လျက်ရှိကာ ငါးလုပ်ငန်းဦးစီးဌာနမှ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်မှ မတ် ၂၂ ရက်အထိ တနင်္သာရီ ကမ်းရိုးတန်းရေပြင်တွင် ငါးသယံဇာတတည်ရှိမှုကို M.V.SEAFDEC 2 သုတေသနရေယာဉ်ဖြင့် ဆောင်ရွက်လျက်ရှိပြီး ကလွင်စခန်းအဆင့်မြှင့်တင်ခြင်းကိုလည်း ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်းသိရသည်။
ထို့အတူ ငါးလုပ်ငန်းဦးစီးဌာနနှင့် မြိတ်တက္ကသိုလ်၊ အဏ္ဏဝါသိပ္ပံဌာနတို့ပူးပေါင်းဆောင်ရွက်မည့် ငုပ်ရှပ်၏ မျိုးပွားမှု၊ ရှင်သန်ပေါက်ပွားမှုပျံ့နှံ့တည်ရှိမှုနှင့် ဂေဟစနစ်အား သုတေသနပြုခြင်းစီမံကိန်းကိုလည်း ခွင့်ပြုထားရှိ၍ အကောင်အထည်ဖော်ဆောင်ရွက်နေပြီး ၂၀၂၅ ခုနှစ် ဇန်နဝါရီတွင် ကျင်းပခဲ့သော ငါး၊ ပုစွန်၊ ကမာ၊ ရေမှော်၊ ရေသတ္တဝါ မွေးမြူရေးနှင့် သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်ကိုလည်း Proceeding စာအုပ်အဖြစ် ဆက်လက်ပုံနှိပ်ထုတ် ဝေမည်ဖြစ်ကြောင်းလည်း သိရသည်။

Zawgyi Version;
ငါးလုပ္ငန္းႏွင့္ငါးေမြးျမဴေရးဆိုင္ရာသုေတသနရန္ပုံေငြ က်ပ္သိန္းေပါင္း (၃၅,၀၀၀) ေက်ာ္ရွိ
Pearl (NP News) - မတ္ ၁၄
ငါးလုပ္ငန္းႏွင့္ငါးေမြးျမဴေရးဆိုင္ရာသုေတသနရန္ပုံေငြ က်ပ္သိန္းေပါင္း ၃၅၀၀၀ ေက်ာ္ရွိေၾကာင္း စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ဆည္ေျမာင္းဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ေဒါက္တာေအာင္ႀကီးက ယမန္ေန႔ (မတ္ ၁၃ ရက္) က က်င္းပေသာ သတၱမအႀကိမ္ေျမာက္ ငါးလုပ္ငန္းဆိုင္ရာသုေတသန ရန္ပုံေငြစီမံအုပ္ခ်ဳပ္မႈေကာ္မတီ အစည္းအေဝးတြင္ ေျပာသည္။
အဆိုပါ အစည္းအေဝးတြင္ ဒုတိယဝန္ႀကီးက ပထမအႀကိမ္ ရန္ပုံေငြစီမံအုပ္ခ်ဳပ္မႈေကာ္မတီ အစည္းအေဝးဆုံးျဖတ္ခ်က္မ်ားအရ ငါးလုပ္ငန္းႏွင့္ငါးေမြးျမဴေရးဆိုင္ရာ သုေတသနလုပ္ငန္းမ်ားကို စတင္အေကာင္အထည္ေဖာ္ေဆာင္႐ြက္လ်က္ရွိေၾကာင္း ေျပာသည္။
ထိုသို႔ ေဆာင္႐ြက္ေနၿပီး သုေတသနရန္ပုံေငြေကာက္ခံရရွိသည့္ က်ပ္သိန္းေပါင္း ၅၇၆၃၃ ဒသမ ၅၈၂၀၅ မွ သုေတသနလုပ္ငန္းမ်ားသို႔ က်ပ္သိန္းေပါင္း (၂၁၇၆၁ ဒသမ ၄၁၈) ကို သတ္မွတ္ဘ႑ာေရး စည္းမ်ဥ္းႏွင့္ အညီ ခြင့္ျပဳခ်ထားေပးခဲ့ၿပီး လက္က်န္ေငြမွာက်ပ္ သိန္းေပါင္း (၃၅၈၇၂ ဒသမ ၁၆၄) ျဖစ္ေၾကာင္းလည္း ထည့္သြင္းေျပာၾကားသည္။
ငါးလုပ္ငန္းဆိုင္ရာသုေတသနရန္ပုံေငြ ထူေထာင္မႈစာခ်ဳပ္အရ အေကာင္အထည္ေဖာ္ေဆာင္႐ြက္လ်က္ရွိသည့္ သုေတသနလုပ္ငန္းမ်ား၏ ၿပီးခဲ့သည့္ ၂၀၂၂ ခုႏွစ္ ၁၂လပိုင္း မွ ၂၀၂၅ ခုႏွစ္ ၁၂ လပိုင္း အထိသုံးစြဲၿပီး အသုံးစရိတ္မ်ား၊ ရွင္းတမ္းမ်ားကို ဌာနတြင္း သုေတသနရန္ပုံေငြစစ္ေဆးေရးအဖြဲ႕က ဘ႑ာေရးဆိုင္ရာ သတ္မွတ္ခ်က္မ်ားႏွင့္အညီ ေျခာက္ႀကိမ္စစ္ေဆး ေဆာင္႐ြက္ခဲ့ေၾကာင္း၊ အဆိုပါ အသုံးစရိတ္မ်ားအား တနသၤာရီတိုင္းေဒသႀကီး စာရင္းစစ္ခ်ဳပ္႐ုံးကလည္း စစ္ေဆးၿပီးျဖစ္ေၾကာင္းလည္း ဒုတိယဝန္ႀကီးက ေျပာသည္။
လက္ရွိ ငါးလုပ္ငန္းဆိုင္ရာအေကာင္အထည္ေဖာ္ေဆာင္႐ြက္လ်က္ရွိသည့္ လုပ္ငန္းမ်ားမွာ ငါးလုပ္ငန္းဦးစီးဌာနမွ ဦးစီးေဆာင္႐ြက္ေသာ ေရသတၱဝါမ်ား၏ ေရာဂါျဖစ္ပြားမႈအေျခအေနမ်ားအား စမ္းသပ္ သုေတသနျပဳ စစ္ေဆးေဆာင္႐ြက္ျခင္းျဖစ္ေၾကာင္း၊ ငါးေမြးျမဴေရးလုပ္ငန္းမ်ားတြင္ ငါးေရာဂါက်ေရာက္ပါက ဆုံးရႈံးမႈတန္ဖိုး လြန္စြာျမင့္မားသည့္အတြက္ တနသၤာရီတိုင္းေဒသႀကီး ငါး/ပုစြန္ေမြးျမဴေရးလုပ္ငန္းမ်ားအတြက္ ျပင္ပမွငါးေရာဂါမ်ား က်ေရာက္မႈမရွိေစရန္၊ ငါးေရာဂါက်ေရာက္မႈမွ ႀကိဳတင္ကာကြယ္ႏိုင္ေရးအတြက္ အေထာက္အပံ့ေကာင္းမ်ားေပးႏိုင္ရန္ ရည္႐ြယ္ ေဆာင္႐ြက္ျခင္းျဖစ္ေၾကာင္းလည္း သိရသည္။
ထို႔ျပင္ ေမြးျမဴေရးသုေတသနဦးစီးဌာနမွလည္း ကြၽန္းစုစခန္းအဆင့္ျမႇင့္တင္ျခင္း လုပ္ငန္းမ်ားကိုေဆာင္႐ြက္ လ်က္ရွိကာ ငါးလုပ္ငန္းဦးစီးဌာနမွ ၂၀၂၆ ခုႏွစ္ ေဖေဖာ္ဝါရီ ၂၂ ရက္မွ မတ္ ၂၂ ရက္အထိ တနသၤာရီ ကမ္း႐ိုးတန္းေရျပင္တြင္ ငါးသယံဇာတတည္ရွိမႈကို M.V.SEAFDEC 2 သုေတသနေရယာဥ္ျဖင့္ ေဆာင္႐ြက္လ်က္ရွိၿပီး ကလြင္စခန္းအဆင့္ျမႇင့္တင္ျခင္းကိုလည္း ဆက္လက္ေဆာင္႐ြက္သြား မည္ျဖစ္ေၾကာင္းသိရသည္။
ထို႔အတူ ငါးလုပ္ငန္းဦးစီးဌာနႏွင့္ ၿမိတ္တကၠသိုလ္၊ အဏၰဝါသိပၸံဌာနတို႔ပူးေပါင္းေဆာင္႐ြက္မည့္ ငုပ္ရွပ္၏ မ်ိဳးပြားမႈ၊ ရွင္သန္ေပါက္ပြားမႈပ်ံ႕ႏွံ႔တည္ရွိမႈႏွင့္ ေဂဟစနစ္အား သုေတသနျပဳျခင္းစီမံကိန္းကိုလည္း ခြင့္ျပဳထားရွိ၍ အေကာင္အထည္ေဖာ္ေဆာင္႐ြက္ေနၿပီး ၂၀၂၅ ခုႏွစ္ ဇန္နဝါရီတြင္ က်င္းပခဲ့ေသာ ငါး၊ ပုစြန္၊ ကမာ၊ ေရေမွာ္၊ ေရသတၱဝါ ေမြးျမဴေရးႏွင့္ သုေတသနလုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရးဖိုရမ္ကိုလည္း Proceeding စာအုပ္အျဖစ္ ဆက္လက္ပုံႏွိပ္ထုတ္ ေဝမည္ျဖစ္ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.