TNLA ထိန်းချုပ်ရာ ကွတ်ခိုင်ကို သိမ်းရန် MNDAA က စတင် ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သတင်းထွက်

 451

သုတကျော် (NP News) - မတ် ၁၄

ရှမ်းပြည်နယ်မြောက်ပိုင်းမှ TNLA ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့ကို သိမ်းရန် အတွက် MNDAA က (ယနေ့ မတ်လ ၁၃ ရက်) တွင် စတင် ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း NP News ၏ ဒေသခံ သတင်းရင်းမြစ် နှင့် ဒေသတွင်း အခြေစိုက်သတင်းမီဒီယာအချို့ တွင် ရေးသားထားချက်အရ သိရသည်။
ကွတ်ခိုင်မြို့အရေးနှင့်ပတ်သက်၍ TNLA နှင့် MNDAA တို့အကြား တင်းမာမှုဖြစ်ပွားနေရာမှ ယခုအခါ တိုက်ပွဲ အသွင်တစ်ခု အသွင်းပြောင်းလဲသွားခဲ့ခြင်းဖြစ်သည်။

နံနက် ၁၀ နာရီမှ စတင်ကာ မြို့အနီး လက်နက်ကြီးသံများ ကြားနရခြင်းဖြစ်ပြီး ကိုးကန့်ဘက်က စတင် တိုက်ခိုက်ခြင်းဖြစ်သည်ဟု သိရကြောင်း TNLA နှင့်ပတ်သက်သောသတင်းများကို အစဉ်တစိုက်ဖော်ပြနေသည့် ရွှေဖီမြေသတင်းဌာန၏ သတင်းတွင် ရေးသားထားသည်။

MNDAA က မန်ပြိန်းဘက်မှ TNLA တပ်ဘက်ရှိရာသို့ စတင်ပစ်ခတ်ခြင်းဖြစ်ပြီး မြို့ရှိရာဘက်တွင်လည်း ပစ်ခတ်သံများ ကြားနေရခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။
“ထိုးစစ်ကတော့ စနေတယ်။ လောလောဆယ်တော့ အကုန်ပိတ်ထားတယ်” ဟု ဒေသခံတစ်ဦးက ဆိုသည်။
ကွတ်ခိုင်မြို့ကို TNLA တို့က သံလွင်ခရိုင်တွင် ထည့်ထားပြီး MNDAA တို့ကလည်း ကွတ်ခိုင်ခရိုင်အဖြစ် ဖွဲ့စည်းထားသည်။

ပုံစာ - ပုံဟောင်း

Zawgyi Version;
TNLA ထိန္းခ်ဳပ္ရာ ကြတ္ခိုင္ကို သိမ္းရန္ MNDAA က စတင္ ထိုးစစ္ဆင္တိုက္ခိုက္ေနေၾကာင္း သတင္းထြက္
သုတေက်ာ္ (NP News) - မတ္ ၁၄

ရွမ္းျပည္နယ္ေျမာက္ပိုင္းမွ TNLA ထိန္းခ်ဳပ္ထားသည့္ ကြတ္ခိုင္ၿမိဳ႕ကို သိမ္းရန္ အတြက္ MNDAA က (ယေန႔ မတ္လ ၁၃ ရက္) တြင္ စတင္ ထိုးစစ္ဆင္ တိုက္ခိုက္ေနေၾကာင္း NP News ၏ ေဒသခံ သတင္းရင္းျမစ္ ႏွင့္ ေဒသတြင္း အေျခစိုက္သတင္းမီဒီယာအခ်ိဳ႕ တြင္ ေရးသားထားခ်က္အရ သိရသည္။
ကြတ္ခိုင္ၿမိဳ႕အေရးႏွင့္ပတ္သက္၍ TNLA ႏွင့္ MNDAA တို႔အၾကား တင္းမာမႈျဖစ္ပြားေနရာမွ ယခုအခါ တိုက္ပြဲ အသြင္တစ္ခု အသြင္းေျပာင္းလဲသြားခဲ့ျခင္းျဖစ္သည္။

နံနက္ ၁၀ နာရီမွ စတင္ကာ ၿမိဳ႕အနီး လက္နက္ႀကီးသံမ်ား ၾကားနရျခင္းျဖစ္ၿပီး ကိုးကန႔္ဘက္က စတင္ တိုက္ခိုက္ျခင္းျဖစ္သည္ဟု သိရေၾကာင္း TNLA ႏွင့္ပတ္သက္ေသာသတင္းမ်ားကို အစဥ္တစိုက္ေဖာ္ျပေနသည့္ ေ႐ႊဖီေျမသတင္းဌာန၏ သတင္းတြင္ ေရးသားထားသည္။

MNDAA က မန္ၿပိန္းဘက္မွ TNLA တပ္ဘက္ရွိရာသို႔ စတင္ပစ္ခတ္ျခင္းျဖစ္ၿပီး ၿမိဳ႕ရွိရာဘက္တြင္လည္း ပစ္ခတ္သံမ်ား ၾကားေနရျခင္းျဖစ္သည္ဟု ေဖာ္ျပထားသည္။
“ထိုးစစ္ကေတာ့ စေနတယ္။ ေလာေလာဆယ္ေတာ့ အကုန္ပိတ္ထားတယ္” ဟု ေဒသခံတစ္ဦးက ဆိုသည္။
ကြတ္ခိုင္ၿမိဳ႕ကို TNLA တို႔က သံလြင္ခ႐ိုင္တြင္ ထည့္ထားၿပီး MNDAA တို႔ကလည္း ကြတ္ခိုင္ခ႐ိုင္အျဖစ္ ဖြဲ႕စည္းထားသည္။

ပုံစာ - ပုံဟောင်း

Related news

© 2021. All rights reserved.