မုဒုံမြို့နယ်တွင် စက်မှုဇုန်ဖော်ထုတ်ရန် စိတ်ဝင်စားမှုအဆိုပြုလွှာ ခေါ်ယူနေ

 99

သန့်မင်းအိမ် (NP News) - မတ် ၁၄

မွန်ပြည်နယ် မုဒုံမြို့၊ နိုင်လှုံကျေးရွာ ခပ်ရခပ်ယူထိုင်တော်မူဘုရားကြီး နောက်ကျေားဘက်ရှိ မြေဧရိယာ ၃၆၈.၂၇ ဧကတွင် စက်မှုဇုန်ဖော်ထုတ်ရန် စိတ်ဝင်စားမှုအဆိုပြုလွှာကို ခေါ်ယူနေကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့၊မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါလုပ်ငန်းကို ကိုယ်ပိုင်ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက်လိုသည့် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များနှင့် ကုမ္ပဏီများအနေဖြင့် အဆိုပြုလွှာပုံစံများကို မတ်လ ၁၃ ရက်မှ ၂၅ ရက်အထိ ရုံးချိန်အတွင်း ဝယ်ယူနိုင်ပြီး လျှောက်လွှာတစ်စောင်လျှင် ငွေကျပ် ၅၀,၀၀၀ သတ်မှတ်ထားကြောင်း သိရသည်။
အဆိုပြုလွှာများကို မတ်လ ၂၆ ရက်၊ ညနေ ၄ နာရီခွဲ နောက်ဆုံးထား၍ မော်လမြိုင်မြို့၊ မောင်ငံရပ်၊ ကျိုက္ခမီလမ်းရှိ မွန်ပြည်နယ်စည်ပင်သာယာရေးအဖွဲ့ရုံးသို့ တင်သွင်းရမည်ဖြစ်ကြောင်းထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါလုပ်ငန်းနှင့်ပတ်သက်သည့်အသေးစိတ်အချက်အလက်များကို အခြားသူများထံ ထုတ်ဖော်ပြောကြားခြင်းမပြုရန် သဘောတူညီချက်ဖြင့် လျှောက်လွှာများကို ရောင်းချပေးနေခြင်းဖြစ်ပြီး အဆိုပြုလွှာ ဖွင့်လှစ်မည့်ရက်ကို ထပ်မံအကြောင်းကြားပေးမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version;
မုဒုံၿမိဳ႕နယ္တြင္ စက္မႈဇုန္ေဖာ္ထုတ္ရန္ စိတ္ဝင္စားမႈအဆိုျပဳလႊာ ေခၚယူေန
သန႔္မင္းအိမ္ (NP News) - မတ္ ၁၄
မြန္ျပည္နယ္ မုဒုံၿမိဳ႕၊ ႏိုင္လႈံေက်း႐ြာ ခပ္ရခပ္ယူထိုင္ေတာ္မူဘုရားႀကီး ေနာက္ေက်ားဘက္ရွိ ေျမဧရိယာ ၃၆၈.၂၇ ဧကတြင္ စက္မႈဇုန္ေဖာ္ထုတ္ရန္ စိတ္ဝင္စားမႈအဆိုျပဳလႊာကို ေခၚယူေနေၾကာင္း မြန္ျပည္နယ္အစိုးရအဖြဲ႕၊မြန္ျပည္နယ္စည္ပင္သာယာေရးအဖြဲ႕၏ ထုတ္ျပန္ခ်က္အရ သိရသည္။

အဆိုပါလုပ္ငန္းကို ကိုယ္ပိုင္ရင္းႏွီးျမႇဳပ္ႏွံမႈျဖင့္ ေဆာင္႐ြက္လိုသည့္ ျမန္မာႏိုင္ငံသားလုပ္ငန္းရွင္မ်ားႏွင့္ ကုမၸဏီမ်ားအေနျဖင့္ အဆိုျပဳလႊာပုံစံမ်ားကို မတ္လ ၁၃ ရက္မွ ၂၅ ရက္အထိ ႐ုံးခ်ိန္အတြင္း ဝယ္ယူႏိုင္ၿပီး ေလွ်ာက္လႊာတစ္ေစာင္လွ်င္ ေငြက်ပ္ ၅၀,၀၀၀ သတ္မွတ္ထားေၾကာင္း သိရသည္။
အဆိုျပဳလႊာမ်ားကို မတ္လ ၂၆ ရက္၊ ညေန ၄ နာရီခြဲ ေနာက္ဆုံးထား၍ ေမာ္လၿမိဳင္ၿမိဳ႕၊ ေမာင္ငံရပ္၊ က်ိဳကၡမီလမ္းရွိ မြန္ျပည္နယ္စည္ပင္သာယာေရးအဖြဲ႕႐ုံးသို႔ တင္သြင္းရမည္ျဖစ္ေၾကာင္းထုတ္ျပန္ခ်က္အရ သိရသည္။

အဆိုပါလုပ္ငန္းႏွင့္ပတ္သက္သည့္အေသးစိတ္အခ်က္အလက္မ်ားကို အျခားသူမ်ားထံ ထုတ္ေဖာ္ေျပာၾကားျခင္းမျပဳရန္ သေဘာတူညီခ်က္ျဖင့္ ေလွ်ာက္လႊာမ်ားကို ေရာင္းခ်ေပးေနျခင္းျဖစ္ၿပီး အဆိုျပဳလႊာ ဖြင့္လွစ္မည့္ရက္ကို ထပ္မံအေၾကာင္းၾကားေပးမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.