တရားမဝင် ကုန်စည်များ တင်ဆောင်မှုကြောင့် ကမ်းရိုးတန်းသွား သင်္ဘောအချို့ ရပ်ဆိုင်းထားရ

 165

Pearl (NP News) - မတ် ၁၄

တရားမဝင် ကုန်စည်များတင်ဆောင်မှုကြောင့် ကမ်းရိုးတန်းသွားသင်္ဘောအချို့ ရပ်ဆိုင်းထားရကြောင်း ကမ်းရိုး တန်းသွားသင်္ဘောများနှင့် နီးစပ်သူတစ်ဦးက NP News သို့ ပြောသည်။
ကမ်းရိုးတမ်းသွား သင်္ဘောပေါင်း (၂၆၁) စီးရှိကာအချို့မှာ တရားမဝင်ကုန်စည်များ တင်ဆောင်မှုကြောင့် ရပ်ဆိုင်းထားရသည်မှာ(၄) လခန့် ကြာမြင့်နေပြီဖြစ်ပြီး လက်ရှိတွင် ဖြေရှင်းဆောင်ရွက် နေကြောင်းလည်း သိရသည်။
“ကုန်သည်တွေ တော်တော်များများက စတဲ့ ကာလတုန်းက ရေကြောင်းဆိုင်ရာ ကုန်သွယ်တာတွေ ၊ ဥပဒေတွေ နားမလည်ကြဘူး။ နားမလည် တဲ့အခါကျတော့ ပြဿနာတွေ အများကြီးဖြစ်တယ်။ ကုန်သည်နဲ့ သင်္ဘောပိုင်ရှင်နဲ့ ဖြစ်တယ်။ ကုန်သည်တွေက ကုန်တွေကိုတင်တဲ့နေရာမှာ သင်္ဘောပေါ်တင်ရမယ့် စာရင်းတွေကို မပေးတာတို့ ၊ မပေးတဲ့ အတွက် တရားမဝင်ကုန်တွေပါလာတယ်။ ပါလာတော့ တချို့သင်္ဘောတွေဆို ရပ်ဆိုင်းထားရတဲ့အနေ အထားပေါ့နော်။ (၄) လလောက်ရှိပြီ။ အခု အဲဒါကို ဘယ်လိုတွေအရေးယူမလဲဆိုတာ ဖြေရှင်းဖို့တွေ လုပ်နေတယ်။ ဒဏ်ငွေတစ်ရပ်ရပ် ဆောင်ရမှာပေါ့နော်” ဟု ပြောသည်။

သယ်ယူပို့ဆောင်ရေးကဏ္ဍ (၃)ခုအနက် ရေကြောင်းပို့ဆောင်ရေးသည် အခြားသယ်ယူပို့ ဆောင်ရေးများနှင့် နှိုင်းယှဉ်ပါက ကုန်ကျစရိတ် သက်သာပြီး ကုန်သည်များနှင့်သက်ဆိုင်ရာဌာန ဆိုင်ရာများ၊ အဖွဲ့အစည်းများက စနစ်တကျ ဟန်ချက် ညီညီပူးပေါင်း ဆောင်ရွက်နိုင်ပါက နိုင်ငံတော်အနေဖြင့် အခွန်အခများရရှိမည်ဖြစ်သည့်အပြင် တရား မဝင်ကုန် စည်များကိုလည်း ထိန်းချုပ်နိုင်မည် ဖြစ် ကြောင်း လည်းသိရသည်။
“အဓိကကတော့ ကုန်သည်တွေက အရေးကြီးပါတယ်။ ကုန်သည်တွေက အတွေ့အကြုံမရှိတော့ ဒီကနေစည်း ကမ်းတွေ ထုတ်ပြန်လည်း ရပါတယ်ကွာဆိုတာမျိုးတွေ လုပ်တော့ ပြဿနာတွေဖြစ်တာ။ အဲဒါကြောင့် သင်္ဘော ပေါ်ကုန်တင်တဲ့အခါကျွမ်းကျင်ဖို့လည်း လိုတယ်။ သတ်မှတ်တဲ့ လိုင်စင်တွေ ၊ Certificate တွေ သက်ဆိုင်ရာ ကုမ္ပဏီ တွေမှာ ရှိဖို့လိုပါတယ်။ စလုပ်တုန်းကဆို ဘာဖြစ်လဲဆိုရင်တင်တဲ့ ကုမ္ပဏီတွေက လိုင်စင်လည်းမရှိဘူး။ Certificate လည်းမရှိဘူး။ ရောထွေးပြီးလုပ်တော့ ပြဿနာတွေများတယ်။ အခု ဒါလေးတွေကိုလည်း စနစ်တကျတော့ ကိုင်နေ ပေမယ့် လိုအပ်ချက်လေးတွေတော့ ရှိနေဆဲပါပဲ။ အရင်ထက် စာရင်တော့ ပိုကောင်းလာပါတယ်။ ဝိုင်းဝန်းပူးပေါင်း ပြီးလုပ်ရင်တော့ နိုင်ငံတော်အတွက်လည်း အခွန်အကောက်တွေ ပိုပြီးရလာမယ်။ တရားမဝင်ကုန်စည်တွေ လည်း လျော့နည်းလာပြီး ဈေးနှုန်းတွေလည်း သက်သာလာမယ်။ လိုအပ်ချက်တွေကိုတော့ စဉ်ဆက်မပြတ် ဆောင်ရွက်နေ ပါတယ်”ဟု ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလက ရန်ကုန် - ရနောင်း-ရန်ကုန်၊ ရန်ကုန်-ကော့သောင်း- ရန်ကုန်၊ ရန်ကုန်-မြိတ်-ရန်ကုန်လမ်းကြောင်းများကို ကမ်း ရိုးတန်းသွား သင်္ဘော(၅၅)စင်းဖြင့် ကုန်သွယ်ခဲ့ကြကြောင်း သိရသည်။
ပြည်တွင်းမှ ရေထွက်ကုန်များ၊ စိုက်ပျိုးရေးထုတ်ကုန်များ၊ CMP စနစ်ဖြင့် ဆောင်ရွက်သည့် အထည်များ တင်ပို့ခဲ့ကြပြီး ပြည်ပမှ လူသုံးကုန်များနှင့် ဆေးဝါးများအများဆုံးတင်ပို့ခဲ့ကြောင်း သိရသည်။
“ကုန်သွယ်မှုက တဖြည်းဖြည်းနဲ့ တည်ငြိမ်လာ မှုတော့ရှိပါတယ်။ စီးပွားကူးသန်းက သတ်မှတ်ထား တာတွေရှိ တယ်။ နိုင်ငံတော်ရဲ့ ဝင်ငွေပေါ် မူတည်ပြီး Policy တွေပေါ်မူတည်ပြီး ချမှတ်ပေးထားတာ တွေရှိတယ်။ အဲဒီအတိုင်း သွားနေကြပါတယ်။ ပြီးခဲ့တဲ့ (၂)လပိုင်းက ရန်ကုန် - ကော့သောင်းကတော့ ရန်ကုန်ကို လာတာက (၁၉) စင်းရှိတယ်။ ရန်ကုန်ကနေ ထွက်တာက (၈) စင်းရှိတယ်။ အသွားအပြန် (၂၇)စင်း။ ရန်ကုန် - မြိတ်က ရန်ကုန်ကို လာတာက (၁၁) စင်း၊ ရန်ကုန်ကနေ ထွက်တာ (၁၂)စင်း၊ ရန်ကုန်- ရနောင်း ကတော့ Normal Trade အနေနဲ့သွားတာ ကရနောင်းကနေ ရန်ကုန်ကို ဝင်တာ(၂)စင်း၊ ရန်ကုန် ကနေ ရနောင်းကို ထွက်ခွာသွားတာ (၃)စင်းရှိတယ်။ စုစုပေါင်း (၅)စင်း။ အဲဒီထဲမှာ ကွန်တိန်နာသင်္ဘော တွေလည်းပါပါတယ်။ စပြီးတော့လည်း ကြိုးစား ဆောင်ရွက်လျက်ရှိပါတယ်။ တန်ချိန်ကတော့ သင်္ဘောပေါ်မူတည်ပြီးတော့ DMA က သတ်မှတ်တဲ့ Deadweight တန်ချိန်ထက် ပိုပြီးတင်လို့ မရပါဘူး။ စစ်ဆေးတဲ့အဖွဲ့ တွေကလည်း အမြဲစစ်နေတာ” ဟု ပြောသည်။
အလားတူ ပြီးခဲ့သည့်လက ရန်ကုန်- စစ်တွေ-ရန်ကုန် ၊ ရန်ကုန်-ကျောက်ဖြူ-ရန်ကုန် ကို ကမ်းရိုးတန်းသွား သင်္ဘော(၅၅)စင်းဖြင့် ကုန် သွယ်ခဲ့ကြကြောင်း သိရသည်။
“ရခိုင်လည်း ပုံမှန်သွားနေပါတယ်။ စစ်တွေ၊ မာန်အောင် ၊ ကျောက်ဖြူကို သင်္ဘောတွေ ထွက်ပါတယ်။ ပြီးခဲ့တဲ့လက ရန်ကုန် - စစ်တွေက (၆)စင်း၊ ကျောက်ဖြူဆိုရင်လည်း (၂) စင်းရှိတယ်။ မာန် အောင်က ပြီးခဲ့တဲ့လကတော့ မရှိဘူး။ သွားတာတော့ သွားတယ်။ အဲဒီဘက်တွေ သွားတာလည်း အဆင်ပြေတယ်။ ခက်ခက်ခဲခဲမရှိဘူး။ အဓိကကတော့ စား သောက်ကုန်ပေါ့။ လူသုံးကုန်ပေါ့” ဟု ပြောသည်။

Zawgyi Version;
တရားမဝင္ ကုန္စည္မ်ား တင္ေဆာင္မႈေၾကာင့္ ကမ္း႐ိုးတန္းသြား သေဘၤာအခ်ိဳ႕ ရပ္ဆိုင္းထားရ
Pearl (NP News) - မတ္ ၁၄
တရားမဝင္ ကုန္စည္မ်ားတင္ေဆာင္မႈေၾကာင့္ ကမ္း႐ိုးတန္းသြားသေဘၤာအခ်ိဳ႕ ရပ္ဆိုင္းထားရေၾကာင္း ကမ္း႐ိုး တန္းသြားသေဘၤာမ်ားႏွင့္ နီးစပ္သူတစ္ဦးက NP News သို႔ ေျပာသည္။
ကမ္း႐ိုးတမ္းသြား သေဘၤာေပါင္း (၂၆၁) စီးရွိကာအခ်ိဳ႕မွာ တရားမဝင္ကုန္စည္မ်ား တင္ေဆာင္မႈေၾကာင့္ ရပ္ဆိုင္းထားရသည္မွာ(၄) လခန႔္ ၾကာျမင့္ေနၿပီျဖစ္ၿပီး လက္ရွိတြင္ ေျဖရွင္းေဆာင္႐ြက္ ေနေၾကာင္းလည္း သိရသည္။
“ကုန္သည္ေတြ ေတာ္ေတာ္မ်ားမ်ားက စတဲ့ ကာလတုန္းက ေရေၾကာင္းဆိုင္ရာ ကုန္သြယ္တာေတြ ၊ ဥပေဒေတြ နားမလည္ၾကဘူး။ နားမလည္ တဲ့အခါက်ေတာ့ ျပႆနာေတြ အမ်ားႀကီးျဖစ္တယ္။ ကုန္သည္နဲ႔ သေဘၤာပိုင္ရွင္နဲ႔ ျဖစ္တယ္။ ကုန္သည္ေတြက ကုန္ေတြကိုတင္တဲ့ေနရာမွာ သေဘၤာေပၚတင္ရမယ့္ စာရင္းေတြကို မေပးတာတို႔ ၊ မေပးတဲ့ အတြက္ တရားမဝင္ကုန္ေတြပါလာတယ္။ ပါလာေတာ့ တခ်ိဳ႕သေဘၤာေတြဆို ရပ္ဆိုင္းထားရတဲ့အေန အထားေပါ့ေနာ္။ (၄) လေလာက္ရွိၿပီ။ အခု အဲဒါကို ဘယ္လိုေတြအေရးယူမလဲဆိုတာ ေျဖရွင္းဖို႔ေတြ လုပ္ေနတယ္။ ဒဏ္ေငြတစ္ရပ္ရပ္ ေဆာင္ရမွာေပါ့ေနာ္” ဟု ေျပာသည္။

သယ္ယူပို႔ေဆာင္ေရးက႑ (၃)ခုအနက္ ေရေၾကာင္းပို႔ေဆာင္ေရးသည္ အျခားသယ္ယူပို႔ ေဆာင္ေရးမ်ားႏွင့္ ႏႈိင္းယွဥ္ပါက ကုန္က်စရိတ္ သက္သာၿပီး ကုန္သည္မ်ားႏွင့္သက္ဆိုင္ရာဌာန ဆိုင္ရာမ်ား၊ အဖြဲ႕အစည္းမ်ားက စနစ္တက် ဟန္ခ်က္ ညီညီပူးေပါင္း ေဆာင္႐ြက္ႏိုင္ပါက ႏိုင္ငံေတာ္အေနျဖင့္ အခြန္အခမ်ားရရွိမည္ျဖစ္သည့္အျပင္ တရား မဝင္ကုန္ စည္မ်ားကိုလည္း ထိန္းခ်ဳပ္ႏိုင္မည္ ျဖစ္ ေၾကာင္း လည္းသိရသည္။
“အဓိကကေတာ့ ကုန္သည္ေတြက အေရးႀကီးပါတယ္။ ကုန္သည္ေတြက အေတြ႕အႀကဳံမရွိေတာ့ ဒီကေနစည္း ကမ္းေတြ ထုတ္ျပန္လည္း ရပါတယ္ကြာဆိုတာမ်ိဳးေတြ လုပ္ေတာ့ ျပႆနာေတြျဖစ္တာ။ အဲဒါေၾကာင့္ သေဘၤာ ေပၚကုန္တင္တဲ့အခါကြၽမ္းက်င္ဖို႔လည္း လိုတယ္။ သတ္မွတ္တဲ့ လိုင္စင္ေတြ ၊ Certificate ေတြ သက္ဆိုင္ရာ ကုမၸဏီ ေတြမွာ ရွိဖို႔လိုပါတယ္။ စလုပ္တုန္းကဆို ဘာျဖစ္လဲဆိုရင္တင္တဲ့ ကုမၸဏီေတြက လိုင္စင္လည္းမရွိဘူး။ Certificate လည္းမရွိဘူး။ ေရာေထြးၿပီးလုပ္ေတာ့ ျပႆနာေတြမ်ားတယ္။ အခု ဒါေလးေတြကိုလည္း စနစ္တက်ေတာ့ ကိုင္ေန ေပမယ့္ လိုအပ္ခ်က္ေလးေတြေတာ့ ရွိေနဆဲပါပဲ။ အရင္ထက္ စာရင္ေတာ့ ပိုေကာင္းလာပါတယ္။ ဝိုင္းဝန္းပူးေပါင္း ၿပီးလုပ္ရင္ေတာ့ ႏိုင္ငံေတာ္အတြက္လည္း အခြန္အေကာက္ေတြ ပိုၿပီးရလာမယ္။ တရားမဝင္ကုန္စည္ေတြ လည္း ေလ်ာ့နည္းလာၿပီး ေဈးႏႈန္းေတြလည္း သက္သာလာမယ္။ လိုအပ္ခ်က္ေတြကိုေတာ့ စဥ္ဆက္မျပတ္ ေဆာင္႐ြက္ေန ပါတယ္”ဟု ေျပာသည္။
ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီလက ရန္ကုန္ - ရေနာင္း-ရန္ကုန္၊ ရန္ကုန္-ေကာ့ေသာင္း- ရန္ကုန္၊ ရန္ကုန္-ၿမိတ္-ရန္ကုန္လမ္းေၾကာင္းမ်ားကို ကမ္း ႐ိုးတန္းသြား သေဘၤာ(၅၅)စင္းျဖင့္ ကုန္သြယ္ခဲ့ၾကေၾကာင္း သိရသည္။
ျပည္တြင္းမွ ေရထြက္ကုန္မ်ား၊ စိုက္ပ်ိဳးေရးထုတ္ကုန္မ်ား၊ CMP စနစ္ျဖင့္ ေဆာင္႐ြက္သည့္ အထည္မ်ား တင္ပို႔ခဲ့ၾကၿပီး ျပည္ပမွ လူသုံးကုန္မ်ားႏွင့္ ေဆးဝါးမ်ားအမ်ားဆုံးတင္ပို႔ခဲ့ေၾကာင္း သိရသည္။
“ကုန္သြယ္မႈက တျဖည္းျဖည္းနဲ႔ တည္ၿငိမ္လာ မႈေတာ့ရွိပါတယ္။ စီးပြားကူးသန္းက သတ္မွတ္ထား တာေတြရွိ တယ္။ ႏိုင္ငံေတာ္ရဲ႕ ဝင္ေငြေပၚ မူတည္ၿပီး Policy ေတြေပၚမူတည္ၿပီး ခ်မွတ္ေပးထားတာ ေတြရွိတယ္။ အဲဒီအတိုင္း သြားေနၾကပါတယ္။ ၿပီးခဲ့တဲ့ (၂)လပိုင္းက ရန္ကုန္ - ေကာ့ေသာင္းကေတာ့ ရန္ကုန္ကို လာတာက (၁၉) စင္းရွိတယ္။ ရန္ကုန္ကေန ထြက္တာက (၈) စင္းရွိတယ္။ အသြားအျပန္ (၂၇)စင္း။ ရန္ကုန္ - ၿမိတ္က ရန္ကုန္ကို လာတာက (၁၁) စင္း၊ ရန္ကုန္ကေန ထြက္တာ (၁၂)စင္း၊ ရန္ကုန္- ရေနာင္း ကေတာ့ Normal Trade အေနနဲ႔သြားတာ ကရေနာင္းကေန ရန္ကုန္ကို ဝင္တာ(၂)စင္း၊ ရန္ကုန္ ကေန ရေနာင္းကို ထြက္ခြာသြားတာ (၃)စင္းရွိတယ္။ စုစုေပါင္း (၅)စင္း။ အဲဒီထဲမွာ ကြန္တိန္နာသေဘၤာ ေတြလည္းပါပါတယ္။ စၿပီးေတာ့လည္း ႀကိဳးစား ေဆာင္႐ြက္လ်က္ရွိပါတယ္။ တန္ခ်ိန္ကေတာ့ သေဘၤာေပၚမူတည္ၿပီးေတာ့ DMA က သတ္မွတ္တဲ့ Deadweight တန္ခ်ိန္ထက္ ပိုၿပီးတင္လို႔ မရပါဘူး။ စစ္ေဆးတဲ့အဖြဲ႕ ေတြကလည္း အၿမဲစစ္ေနတာ” ဟု ေျပာသည္။
အလားတူ ၿပီးခဲ့သည့္လက ရန္ကုန္- စစ္ေတြ-ရန္ကုန္ ၊ ရန္ကုန္-ေက်ာက္ျဖဴ-ရန္ကုန္ ကို ကမ္း႐ိုးတန္းသြား သေဘၤာ(၅၅)စင္းျဖင့္ ကုန္ သြယ္ခဲ့ၾကေၾကာင္း သိရသည္။
“ရခိုင္လည္း ပုံမွန္သြားေနပါတယ္။ စစ္ေတြ၊ မာန္ေအာင္ ၊ ေက်ာက္ျဖဴကို သေဘၤာေတြ ထြက္ပါတယ္။ ၿပီးခဲ့တဲ့လက ရန္ကုန္ - စစ္ေတြက (၆)စင္း၊ ေက်ာက္ျဖဴဆိုရင္လည္း (၂) စင္းရွိတယ္။ မာန္ ေအာင္က ၿပီးခဲ့တဲ့လကေတာ့ မရွိဘူး။ သြားတာေတာ့ သြားတယ္။ အဲဒီဘက္ေတြ သြားတာလည္း အဆင္ေျပတယ္။ ခက္ခက္ခဲခဲမရွိဘူး။ အဓိကကေတာ့ စား ေသာက္ကုန္ေပါ့။ လူသုံးကုန္ေပါ့” ဟု ေျပာသည္။

Related news

© 2021. All rights reserved.