NUG-PDF တို့အကြား အတွင်းမီးလှိုက်စားနေပြီဖြစ်ကြောင်း MDY PDF ခေါင်းဆောင်ဖွင့်ဟဝန်ခံ

 756

သုတကျော် (NP News) - မတ်လ ၁၅

NUG သည် အတွင်းမီး နှင့် အပြင်မီးကြား ညပ်နေကြောင်း MDY – PDF ၏ ခေါင်းဆောင် ဖြစ်ပြီး NUG ၏ PDF အဖွဲ့ ရုံးချုပ်တွင် ဒုတိယစစ်ဦးစီးအရာရှိချုပ်ဆိုသောရာထူးကို ခန့်အပ်ခံထားရသူ ဒေါက်တာ စိုးသူရဇော်က ၎င်း၏ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်အကောင့်တွင် ဝန်ခံရေးသားခဲ့သော်လည်း NUG လက်အောက် ခိုဝင်သည့်တိုင် အမိန့် မနာခံသော PDF အဖွဲ့များရှိနေကြောင်းကိုမူ မပြော ကြားခဲ့ကြောင်း တွေ့ရသည်။

NUG သည် အကြမ်းဖက်လမ်းစဉ်ဖြင့် လက်နက်ကိုင် ပုန်ကန်ခြင်းများကိုပြုလုပ်နေရာ ၎င်းတို့၏လက်နက်ကိုင် အဖွဲ့များ၊ အဖွဲ့နှင့် ပတ်သက်သူများအကြောင်း သတင်းဆိုးများမှာ နောက်ပိုင်းကာလများတွင် ပိုမိုထွက်လာသည်ကို တွေ့ရသည်။ ဒေါက်တာ စိုးသူရဇော်က ၎င်း၏ စာအတွင်း တပ်မတော်ကို အပြင်မီးဟုသုံးနှုန်းခဲ့ပြီး ၎င်းတို့အဖွဲ့အတွင်းမှ လူမှု ရေးဖောက်ပြန်မှုများ၊ အကျင့်ပျက်ခြစားမှုများ၊ ရာဇ ဝတ်မှုများကို အတွင်းမီးဟု သုံးနှုန်းခဲ့သည်။
“အတွင်းမီးဆိုတာကတော့ အတွင်းကနေ လှိုက်စားစေပြီး တငွေ့ငွေ့နဲ့ လောင်တဲ့ ဖွဲမီးနဲ့ တူတဲ့ ကိုယ့်တော်လှန် ရေးအတွင်းက မီးတွေဖြစ်ပါတယ်။ ရုတ်တရက်ကြည့်ရင် မသိသာဘူး။ သတိထားမိတဲ့ အချိန်မှာ အတွင်းကို တော်တော် လှိုက်စားပြီးနေပြီ” ဟု ၎င်းက ဝန်ခံသည်။ အနီးစပ်ဆုံးအနေဖြင့် NUG လက်အောက်ခံ ရိုးမရာဇာ တပ်ရင်းဟု အမည်ခံ ထားသည့် PDF အဖွဲ့တစ်ဖွဲ့က အစ္စလာမ်ဘာသာဝင် သားသည်မိခင်တစ်ဦးအား ခွင့်ပြုချက်မရှိဘဲအလှူခံသည့်အတွက် ဖမ်းဆီးကာ တပ်ရင်းမှူးအဆင့်ရှိသူက ကိုယ်တိုင်က ရိုက်နှက်ခဲ့သည့်အပြင် ကျန်အဖွဲ့ဝင် တစ်ဦးကအဓမ္မပြုကျင့်ခဲ့သော ဖြစ်စဉ် ဖြစ်ပွားထား သည်။ ယင်းနှင့် ပတ်သက်၍ NUG က စာထုတ်ပြန်ခဲ့ရာ အဆိုပါစာအတွင်း နစ်နာသူ (တိုင်တန်းသူ) နှင့် ကျူးလွန်သူဟုသံသယရှိသူ (တိုင်တန်းခံရသူ)များ သည် စစ်ဘက်ဆိုင်ရာ ဥပဒေများကို လိုက်နာရ သူများဖြစ်ကြ၍ စစ်ဘက်ဆိုင်ရာ လုပ်ထုံးလုပ်နည်း များနှင့်အညီဖမ်းဆီးထိန်းသိမ်းခြင်း၊ စုံစမ်းစစ်ဆေး ခြင်းတို့ကိုပြုလုပ်လျက်ရှိသည်ဟု ဖော်ပြထားရာ တိုင် သူကိုပါ ဖမ်းဆီးစစ်ဆေးနေဖွယ် ရှိသည်။

အညာဒူဘိုင်းဟု ပြည်ပရောက် မီဒီယာအချို့တွင် တင်စားခေါ်ဝေါ်ခံရသည်အထိ မြိုင်မြို့နယ်တွင် ရေနံလုပ် ကွက်များဖြင့် ငွေရွှင်ကာ တစ်ဗိုလ် တစ်မင်း လုပ်နေသော နာမည်ကြီး PDF ခေါင်းဆောင် ဗိုလ်လက်ယာသည် လူသတ်မှု များအပါအဝင် နာမည် ဆိုးထွက်နေသော်လည်း ယခုထက်တိုင် အခြေမပျက်သည့်အပြင် မကွေးဖက်ဒရယ်ယူနစ် ကြားကာလ အစိုးရအဖွဲ့ဟုခေါ်သည် NUG လက်အောက်ခံ အဖွဲ့တွင် ကာကွယ်ရေးဝန်ကြီးအဖြစ် နေရာပေးခံ ထားရ သည်။

ယင်းအပြင် NUG ၏ ပလဖနှင့် ပကဖ အကြား ပွတ်တိုက်မှုများရှိနေပြီး အပြန်အလှန် ပစ်ခတ်သောကြောင့် လူသေဆုံးသည့်ဖြစ်စဉ်များလည်း ရှိနေသော်လည်း ယင်းနှစ်ဖွဲ့ ပူးပေါင်းဆောင်ရွက်ခြင်းများကိုလည်း တွေ့ရသည်။ ဥပမာအားဖြင့် (၂၀၂၃) ခုနှစ်အတွင်းက စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ အင်းတော်မြို့နယ်နှင့် ဗန်းမောက်မြို့နယ် တို့အတွင်း သစ်ခိုးထုတ်ခြင်း သစ်အလွန်အကျွံ ခိုးထုတ်နေမှုကိုသက်ဆိုင်ရာ ပကဖ နှင့် ပလဖတို့က ငွေရယူခွင့်ပြု ထားသည့်အတွက် ဒေသခံများဆန့် ကျင်ခြင်းကို ခံခဲ့ရသည်။ အခြားဖြစ်စဉ်များလည်း ရှိနေသည့်အနက် ပြီးခဲ့သည့်နှစ် နှောင်းပိုင်းက မူဝါဒ၊ ညွှန်ကြားချက်များကိုအကောင်အထည်ဖော်ရာ၌ စွက်ဖက်မှုများ၊ အတားအဆီးနှင့် ဖိအားပေးမှုများ၊ ပဋိပက္ခများ၊ နှုတ်အားဖြင့်၊ လက်နက်အားဖြင့် ခြိမ်း ခြောက်မှုများ၊ လုပ်ကြံသတ်ဖြတ်မှုများရှိလာသည့် အတွက်ဟုဆိုကာ NUG ၏ သစ်တောပတ်ဝန်း ကျင်ကဏ္ဍအဖွဲ့ကို တရားဝင်ရပ်ခဲ့ရသည်။

ယင်းကဲ့သို့ သယံဇာတ အလွဲသုံးစားခြင်း၊ ဂိတ်ကြေးကောက်ခြင်းမှအစပြုကာ လူသတ်မှု၊ အဓမ္မကျင့်မှု၊ တပ်ဖွဲ့အတွင်း ကြီးနိုင်ငယ်ညှဉ်းခြင်းများအထိ ဖြစ်နေပြီး PDF အဖွဲ့မှထွက်ပြေးသူများလည်း ရှိနေရာ ယင်းတို့ကို တပ်ပြေးစာရင်း ကြေညာပြီး အချို့ PDF အဖွဲ့တို့တွင် သတ်မည်ဟုခြိမ်းခြောက်ခြင်းများ အထိ ရှိနေသည်။ “NUG ရဲ့ MOD အောက်ထဲ ဝင်ပေမယ့် အမိန့်မနာခံတဲ့ တပ်တွေရှိတယ်။ ဆိုလိုတာ က လုံးလုံးဆန့်ကျင်တာမျိုးမဟုတ်ဘူး။ သူ့အပိုင် နယ်နဲ့သူ စစ်ဘုရင်လိုဖြစ်လာတာပေါ့။ ကိုယ်အဖွဲ့နဲ့ ကိုယ်လုပ်ချင်ရာ လုပ်နေတဲ့သဘောမျိုး။ တားရင် ပြန်ပစ်ချင်ပစ် မှာကိုး။ အဲဒီတော့ ငါ့အောက်မှာပဲ နေကြကွာ။ မင်းတို့အဆင်ပြေသလို လုပ်စားကြဆို တာမျိုးဖြစ်လာတယ်။ တပ်ဖွဲ့အထဲ မှာပဲ အထက်အောက် အမိန့်နာခံမှုအပြည့်အဝရှိနေတာမျိုး မဟုတ်ဘူး။ ဥပမာ ရိုးမရာဇာ ကိစ္စဆို သာမန်အပြစ်ပေးလို့ ရတယ်။ ဒါပေမဲ့ မလိုဘဲဖမ်းဆီး၊ ချုပ်နှောင်ပြီး မလိုလား အပ်တာအထိဖြစ်ကုန်တယ်”ဟု သတင်းရင်းမြစ် တစ်ဦးက ဆိုသည်။

ဒေါက်တာ စိုးသူရဇော်က ၎င်း၏စာအတွင်း အတွင်းမီးနှင့်ပတ်သက်၍ မဖြစ်မနေ ဖြေရှင်း ကုသရမည့်အရာဖြစ် ကြောင်း၊ အပြင်းအထန် နာမကျန်းဖြစ်နေစေသည့် အနာဆိုးတစ်ခုကို ဖောက်ထုတ် တဲ့အခါ အနာရှိန်ကြောင့်ဖြစ် လာသော ဖျားနာမှုကိုလည်း ရင်ဆိုင်ရသကဲ့သို့ ဓားချက်ကြောင့်ဖြစ်လာသော ယောင်ယမ်းမှုကိုလည်း ခံစားရတတ် ကြောင်း ရေးသားထားသော်လည်း အမှန်တကယ် ယင်းကဲ့သို့ အောက်ခြေအဖွဲ့ဝင်များအပေါ် ဒေါက်တာစိုးသူရဇော် တို့ကိုင်တွယ်လျှင် အမိန့်နာခံ၊ မနာခံဆိုသော အချက်ကိုမှာမူ အခြေအနေများက ညွှန်ပြနေချက်အရ မေးခွန်းထုတ်ဖွယ် ကောင်းနေသည်။

zawgyi version

NUG-PDF တို႔အၾကား အတြင္းမီးလႈိက္စားေနၿပီျဖစ္ေၾကာင္း MDY PDF ေခါင္းေဆာင္ဖြင့္ဟဝန္ခံ

သုတေက်ာ္ (NP News) - မတ္လ ၁၅

NUG သည္ အတြင္းမီး ႏွင့္ အျပင္မီးၾကား ညပ္ေနေၾကာင္း MDY – PDF ၏ ေခါင္းေဆာင္ ျဖစ္ၿပီး NUG ၏ PDF အဖြဲ႕ ႐ုံးခ်ဳပ္တြင္ ဒုတိယစစ္ဦးစီးအရာရွိခ်ဳပ္ဆိုေသာရာထူးကို ခန႔္အပ္ခံထားရသူ ေဒါက္တာ စိုးသူရေဇာ္က ၎၏ လူမႈကြန္ရက္ ေဖ့စ္ဘြတ္ခ္အေကာင့္တြင္ ဝန္ခံေရးသားခဲ့ေသာ္လည္း NUG လက္ေအာက္ ခိုဝင္သည့္တိုင္ အမိန႔္ မနာခံေသာ PDF အဖြဲ႕မ်ားရွိေနေၾကာင္းကိုမူ မေျပာ ၾကားခဲ့ေၾကာင္း ေတြ႕ရသည္။

NUG သည္ အၾကမ္းဖက္လမ္းစဥ္ျဖင့္ လက္နက္ကိုင္ ပုန္ကန္ျခင္းမ်ားကိုျပဳလုပ္ေနရာ ၎တို႔၏လက္နက္ကိုင္ အဖြဲ႕မ်ား၊ အဖြဲ႕ႏွင့္ ပတ္သက္သူမ်ားအေၾကာင္း သတင္းဆိုးမ်ားမွာ ေနာက္ပိုင္းကာလမ်ားတြင္ ပိုမိုထြက္လာသည္ကို ေတြ႕ရသည္။ ေဒါက္တာ စိုးသူရေဇာ္က ၎၏ စာအတြင္း တပ္မေတာ္ကို အျပင္မီးဟုသုံးႏႈန္းခဲ့ၿပီး ၎တို႔အဖြဲ႕အတြင္းမွ လူမႈ ေရးေဖာက္ျပန္မႈမ်ား၊ အက်င့္ပ်က္ျခစားမႈမ်ား၊ ရာဇ ဝတ္မႈမ်ားကို အတြင္းမီးဟု သုံးႏႈန္းခဲ့သည္။
“အတြင္းမီးဆိုတာကေတာ့ အတြင္းကေန လႈိက္စားေစၿပီး တေငြ႕ေငြ႕နဲ႔ ေလာင္တဲ့ ဖြဲမီးနဲ႔ တူတဲ့ ကိုယ့္ေတာ္လွန္ ေရးအတြင္းက မီးေတြျဖစ္ပါတယ္။ ႐ုတ္တရက္ၾကည့္ရင္ မသိသာဘူး။ သတိထားမိတဲ့ အခ်ိန္မွာ အတြင္းကို ေတာ္ေတာ္ လႈိက္စားၿပီးေနၿပီ” ဟု ၎က ဝန္ခံသည္။ အနီးစပ္ဆုံးအေနျဖင့္ NUG လက္ေအာက္ခံ ႐ိုးမရာဇာ တပ္ရင္းဟု အမည္ခံ ထားသည့္ PDF အဖြဲ႕တစ္ဖြဲ႕က အစၥလာမ္ဘာသာဝင္ သားသည္မိခင္တစ္ဦးအား ခြင့္ျပဳခ်က္မရွိဘဲအလႉခံသည့္အတြက္ ဖမ္းဆီးကာ တပ္ရင္းမႉးအဆင့္ရွိသူက ကိုယ္တိုင္က ႐ိုက္ႏွက္ခဲ့သည့္အျပင္ က်န္အဖြဲ႕ဝင္ တစ္ဦးကအဓမၼျပဳက်င့္ခဲ့ေသာ ျဖစ္စဥ္ ျဖစ္ပြားထား သည္။ ယင္းႏွင့္ ပတ္သက္၍ NUG က စာထုတ္ျပန္ခဲ့ရာ အဆိုပါစာအတြင္း နစ္နာသူ (တိုင္တန္းသူ) ႏွင့္ က်ဴးလြန္သူဟုသံသယရွိသူ (တိုင္တန္းခံရသူ)မ်ား သည္ စစ္ဘက္ဆိုင္ရာ ဥပေဒမ်ားကို လိုက္နာရ သူမ်ားျဖစ္ၾက၍ စစ္ဘက္ဆိုင္ရာ လုပ္ထုံးလုပ္နည္း မ်ားႏွင့္အညီဖမ္းဆီးထိန္းသိမ္းျခင္း၊ စုံစမ္းစစ္ေဆး ျခင္းတို႔ကိုျပဳလုပ္လ်က္ရွိသည္ဟု ေဖာ္ျပထားရာ တိုင္ သူကိုပါ ဖမ္းဆီးစစ္ေဆးေနဖြယ္ ရွိသည္။

အညာဒူဘိုင္းဟု ျပည္ပေရာက္ မီဒီယာအခ်ိဳ႕တြင္ တင္စားေခၚေဝၚခံရသည္အထိ ၿမိဳင္ၿမိဳ႕နယ္တြင္ ေရနံလုပ္ ကြက္မ်ားျဖင့္ ေငြ႐ႊင္ကာ တစ္ဗိုလ္ တစ္မင္း လုပ္ေနေသာ နာမည္ႀကီး PDF ေခါင္းေဆာင္ ဗိုလ္လက္ယာသည္ လူသတ္မႈ မ်ားအပါအဝင္ နာမည္ ဆိုးထြက္ေနေသာ္လည္း ယခုထက္တိုင္ အေျခမပ်က္သည့္အျပင္ မေကြးဖက္ဒရယ္ယူနစ္ ၾကားကာလ အစိုးရအဖြဲ႕ဟုေခၚသည္ NUG လက္ေအာက္ခံ အဖြဲ႕တြင္ ကာကြယ္ေရးဝန္ႀကီးအျဖစ္ ေနရာေပးခံ ထားရ သည္။

ယင္းအျပင္ NUG ၏ ပလဖႏွင့္ ပကဖ အၾကား ပြတ္တိုက္မႈမ်ားရွိေနၿပီး အျပန္အလွန္ ပစ္ခတ္ေသာေၾကာင့္ လူေသဆုံးသည့္ျဖစ္စဥ္မ်ားလည္း ရွိေနေသာ္လည္း ယင္းႏွစ္ဖြဲ႕ ပူးေပါင္းေဆာင္႐ြက္ျခင္းမ်ားကိုလည္း ေတြ႕ရသည္။ ဥပမာအားျဖင့္ (၂၀၂၃) ခုႏွစ္အတြင္းက စစ္ကိုင္းတိုင္းေဒသႀကီး အတြင္းရွိ အင္းေတာ္ၿမိဳ႕နယ္ႏွင့္ ဗန္းေမာက္ၿမိဳ႕နယ္ တို႔အတြင္း သစ္ခိုးထုတ္ျခင္း သစ္အလြန္အကြၽံ ခိုးထုတ္ေနမႈကိုသက္ဆိုင္ရာ ပကဖ ႏွင့္ ပလဖတို႔က ေငြရယူခြင့္ျပဳ ထားသည့္အတြက္ ေဒသခံမ်ားဆန႔္ က်င္ျခင္းကို ခံခဲ့ရသည္။ အျခားျဖစ္စဥ္မ်ားလည္း ရွိေနသည့္အနက္ ၿပီးခဲ့သည့္ႏွစ္ ေႏွာင္းပိုင္းက မူဝါဒ၊ ၫႊန္ၾကားခ်က္မ်ားကိုအေကာင္အထည္ေဖာ္ရာ၌ စြက္ဖက္မႈမ်ား၊ အတားအဆီးႏွင့္ ဖိအားေပးမႈမ်ား၊ ပဋိပကၡမ်ား၊ ႏႈတ္အားျဖင့္၊ လက္နက္အားျဖင့္ ၿခိမ္း ေျခာက္မႈမ်ား၊ လုပ္ႀကံသတ္ျဖတ္မႈမ်ားရွိလာသည့္ အတြက္ဟုဆိုကာ NUG ၏ သစ္ေတာပတ္ဝန္း က်င္က႑အဖြဲ႕ကို တရားဝင္ရပ္ခဲ့ရသည္။

ယင္းကဲ့သို႔ သယံဇာတ အလြဲသုံးစားျခင္း၊ ဂိတ္ေၾကးေကာက္ျခင္းမွအစျပဳကာ လူသတ္မႈ၊ အဓမၼက်င့္မႈ၊ တပ္ဖြဲ႕အတြင္း ႀကီးႏိုင္ငယ္ညႇဥ္းျခင္းမ်ားအထိ ျဖစ္ေနၿပီး PDF အဖြဲ႕မွထြက္ေျပးသူမ်ားလည္း ရွိေနရာ ယင္းတို႔ကို တပ္ေျပးစာရင္း ေၾကညာၿပီး အခ်ိဳ႕ PDF အဖြဲ႕တို႔တြင္ သတ္မည္ဟုၿခိမ္းေျခာက္ျခင္းမ်ား အထိ ရွိေနသည္။ “NUG ရဲ႕ MOD ေအာက္ထဲ ဝင္ေပမယ့္ အမိန႔္မနာခံတဲ့ တပ္ေတြရွိတယ္။ ဆိုလိုတာ က လုံးလုံးဆန႔္က်င္တာမ်ိဳးမဟုတ္ဘူး။ သူ႔အပိုင္ နယ္နဲ႔သူ စစ္ဘုရင္လိုျဖစ္လာတာေပါ့။ ကိုယ္အဖြဲ႕နဲ႔ ကိုယ္လုပ္ခ်င္ရာ လုပ္ေနတဲ့သေဘာမ်ိဳး။ တားရင္ ျပန္ပစ္ခ်င္ပစ္ မွာကိုး။ အဲဒီေတာ့ ငါ့ေအာက္မွာပဲ ေနၾကကြာ။ မင္းတို႔အဆင္ေျပသလို လုပ္စားၾကဆို တာမ်ိဳးျဖစ္လာတယ္။ တပ္ဖြဲ႕အထဲ မွာပဲ အထက္ေအာက္ အမိန႔္နာခံမႈအျပည့္အဝရွိေနတာမ်ိဳး မဟုတ္ဘူး။ ဥပမာ ႐ိုးမရာဇာ ကိစၥဆို သာမန္အျပစ္ေပးလို႔ ရတယ္။ ဒါေပမဲ့ မလိုဘဲဖမ္းဆီး၊ ခ်ဳပ္ေႏွာင္ၿပီး မလိုလား အပ္တာအထိျဖစ္ကုန္တယ္”ဟု သတင္းရင္းျမစ္ တစ္ဦးက ဆိုသည္။

ေဒါက္တာ စိုးသူရေဇာ္က ၎၏စာအတြင္း အတြင္းမီးႏွင့္ပတ္သက္၍ မျဖစ္မေန ေျဖရွင္း ကုသရမည့္အရာျဖစ္ ေၾကာင္း၊ အျပင္းအထန္ နာမက်န္းျဖစ္ေနေစသည့္ အနာဆိုးတစ္ခုကို ေဖာက္ထုတ္ တဲ့အခါ အနာရွိန္ေၾကာင့္ျဖစ္ လာေသာ ဖ်ားနာမႈကိုလည္း ရင္ဆိုင္ရသကဲ့သို႔ ဓားခ်က္ေၾကာင့္ျဖစ္လာေသာ ေယာင္ယမ္းမႈကိုလည္း ခံစားရတတ္ ေၾကာင္း ေရးသားထားေသာ္လည္း အမွန္တကယ္ ယင္းကဲ့သို႔ ေအာက္ေျခအဖြဲ႕ဝင္မ်ားအေပၚ ေဒါက္တာစိုးသူရေဇာ္ တို႔ကိုင္တြယ္လွ်င္ အမိန႔္နာခံ၊ မနာခံဆိုေသာ အခ်က္ကိုမွာမူ အေျခအေနမ်ားက ၫႊန္ျပေနခ်က္အရ ေမးခြန္းထုတ္ဖြယ္ ေကာင္းေနသည္။

Related news

© 2021. All rights reserved.