လောင်စာဆီလိုအပ်ချက်များကြောင့် အာဆီယံနိုင်ငံအချို့၏ ရုံးများပိတ်ထားရဟုဆို

 295

ဂျန်ဇက် (Ref : aljazeera) (NP News) - မတ်လ ၁၅

အီရန်နှင့်အမေရိကန်ဦးဆောင်သော မဟာမိတ်နိုင်ငံများဖြစ်ပွားနေသည့် စစ်ပွဲကြောင့် ကမ္ဘာ့ရေနံကုန်သွယ် ရေးအတွက် အဓိကဖြတ်သန်း သွားလာနေရသော ဟော်မုဇ်ရေလက်ကြားသည် ပိတ်ဆို့လျက်ရှိနေရာ အာဆီယံဒေသ အတွင်းရှိ နိုင်ငံ များတွင် ရုံးများပိတ်ထားရသလို ခရီးသွားလာခွင့်ကန့် သတ်ခြင်းများရှိနေကြောင် သိရသည်။

အာဆီယံနိုင်ငံများသည် ဟော်မုဇ်ရေလက် ကြားမှဖြတ်သန်းသည့် ရေနံနှင့်ဓာတ်ငွေ့ကို ပြည်ပမှတင်သွင်းမှု များကို အဓိကမှီခိုခဲ့ရသည့်အတွက် လက်ရှိအချိန်တွင် လောင်စာဆီအကျပ်အတည်းကို ရင် ဆိုင်နေရကြောင်းသိရသည်။

ပြီးခဲ့သည့် (၂၀၂၄)ခုနှစ်နောက်ပိုင်း ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းတင်ဆောင်သည့် ဓာတ်ငွေ့အရည် အားလုံး၏ (၈၃)ရာခိုင်နှုန်းနှင့် ရေနံစိမ်း (၈၄)ရာခိုင်နှုန်းသည် အာရှတိုက်နိုင်ငံများအတွက်ဖြစ်သည်ဟုသိရသည်။ လက်ရှိအချိန်တွင် စစ်ပွဲကြောင့် ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းရေးများစွာ အခက်ခဲဖြစ်နေသည့်အတွက်ရေနံနှင့် ဓာတ်ငွေ့သယ်ယူပို့ဆောင်ရေးနှင့် စွမ်းအင်ထောက်ပံ့ရေး ကွင်းဆက်ပြတ်တောက်လုနီးပါးဖြစ်ကြောင်းသိရသည်။ ဖိလစ် ပိုင်နိုင်ငံတွင် လောင်စာဆီများကို ချွေတာနိုင်ရန် အစိုးရရုံးများကို သီတင်းတစ်ပတ်တွင် (၄)ရက်သာအလုပ်ဆင်းရန် အမိန့်ထုတ်ပြန်ထားသလို ထိုင်းနှင့်ဗီယက်နမ်နိုင်ငံတို့တွင်လည်း အိမ်မှသာ အလုပ်လုပ်ရန်(work from home) စီစဉ် ဆောင်ရွက်ထားရကြောင်းသိရသည်။

အာဆီယံဒေသအတွင်းရှိနိုင်ငံများသည် ရေနံနှင့်လောင်စာဆီများကို ပြည်ပနိုင်ငံများမှ အဓိကတင်သွင်းနေရာ စစ်ပွဲဖြစ်လာချိန်တွင် စွမ်းအင်လောင် စာဆီအခက်ခဲများစွာဖြစ်နေရပြီး အရန်လောင်စာဆီ နည်းပါးသည့်အခြေနေများရှိ နေကြောင်းသိရသည်။ ဖိလစ်ပိုင်နိုင်ငံ၏ အရန်လောင်စာဆီသည် ရက်ပေါင်း (၆၀)စာသာကျန်ရှိနေပြီး ပုဂ္ဂလိက ကုမ္ပဏီများမှ ရေနံတင်သွင်းမည်ဆိုလျှင် အခွန်လျှော့ချပေးမည်ဟု သတင်းထုတ်ပြန်ထားသည်။ ထိုင်းနိုင်ငံတွင်လည်း အရန်လောင်စာဆီသည် ရက်ပေါင်း (၆၅) ရက်စာသာ ကျန်ရှိနေပြီး အစိုးရက ရက်ပေါင်း (၃၀)စာ လောင် စာဆီများ ထပ်မံရရှိရန်ကြိုးပမ်းနေကြောင်းသိရသည်။

ဗီယက်နမ်နိုင်ငံသည် အရှေ့အလယ်ပိုင်းနိုင်ငံမဟုတ်သောနိုင်ငံများထံမှ ရေနံစိမ်းစည်ပေါင်း (၄)သန်းရရှိရန် ကြိုးပမ်းနေသော်လည်း အဆိုပါအရေ အတွက်က ဗီယက်နမ်နိုင်ငံ၏ လောင်စာဆီသုံးစွဲမှု (၆)ရက်စာသာ ဖူလုံဖွယ်ရှိနေ ကြောင်းသိရသည်။ ဗီယက်နမ်နိုင်ငံတွင် အရန်လောင်စာဆီ ရက်ပေါင်း (၂၀)စာသာကျန်ရှိနေပြီး လောင်စာဆီများ ထပ်မံမရ ပါက ဗီယက်နမ်နိုင်ငံသည် အခက်အခဲများစွာ ပိုမိုဖြစ် လာရဖွယ်ရှိနေသည်။
ထို့ပြင် အာဆီယံနိုင်ငံများထဲ၌ စီးပွားရေး အကောင်းဆုံးနိုင်ငံဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံတွင် အရန်လောင် စာဆီသည် ရက်ပေါင်း (၂၃)ရက်စာသာ ကျန်ရှိနေပြီး ဂျပန်နိုင်ငံတွင် အရန်လောင်စာဆီ ရက်ပေါင်း (၂၅၄)ရက်စာ ကျန်ရှိ နေကြောင်းသိရသည်။ ထို့ပြင် တောင်ကိုရီးယားနိုင်ငံတွင် အရန်လောင်စာ ဆီ ရက်ပေါင်း (၂၀၈)စာနှင့် တရုတ်နိုင်ငံတွင် အရန် လောင်စာဆီ ရက်ပေါင်း (၁၂၀)စာသာကျန်ရှိနေ ကြောင်းသိရသည်။ အာဆီယံဒေသအတွင်းရှိနိုင်ငံအချို့တွင် လောင်စာဆီချွေတာနိုင်ရန်အတွက် စွမ်းအင်ပစ္စည်းများကို အလှည့်ကျရောင်းချမှုများလုပ်ဆောင်နေရကြောင်း သိရ သည်။

zawgyi version

ေလာင္စာဆီလိုအပ္ခ်က္မ်ားေၾကာင့္ အာဆီယံႏိုင္ငံအခ်ိဳ႕၏ ႐ုံးမ်ားပိတ္ထားရဟုဆို

ဂ်န္ဇက္ (Ref : aljazeera) (NP News) - မတ္လ ၁၅

အီရန္ႏွင့္အေမရိကန္ဦးေဆာင္ေသာ မဟာမိတ္ႏိုင္ငံမ်ားျဖစ္ပြားေနသည့္ စစ္ပြဲေၾကာင့္ ကမာၻ႔ေရနံကုန္သြယ္ ေရးအတြက္ အဓိကျဖတ္သန္း သြားလာေနရေသာ ေဟာ္မုဇ္ေရလက္ၾကားသည္ ပိတ္ဆို႔လ်က္ရွိေနရာ အာဆီယံေဒသ အတြင္းရွိ ႏိုင္ငံ မ်ားတြင္ ႐ုံးမ်ားပိတ္ထားရသလို ခရီးသြားလာခြင့္ကန႔္ သတ္ျခင္းမ်ားရွိေနေၾကာင္ သိရသည္။

အာဆီယံႏိုင္ငံမ်ားသည္ ေဟာ္မုဇ္ေရလက္ ၾကားမွျဖတ္သန္းသည့္ ေရနံႏွင့္ဓာတ္ေငြ႕ကို ျပည္ပမွတင္သြင္းမႈ မ်ားကို အဓိကမွီခိုခဲ့ရသည့္အတြက္ လက္ရွိအခ်ိန္တြင္ ေလာင္စာဆီအက်ပ္အတည္းကို ရင္ ဆိုင္ေနရေၾကာင္းသိရသည္။

ၿပီးခဲ့သည့္ (၂၀၂၄)ခုႏွစ္ေနာက္ပိုင္း ေဟာ္မုဇ္ေရလက္ၾကားကို ျဖတ္သန္းတင္ေဆာင္သည့္ ဓာတ္ေငြ႕အရည္ အားလုံး၏ (၈၃)ရာခိုင္ႏႈန္းႏွင့္ ေရနံစိမ္း (၈၄)ရာခိုင္ႏႈန္းသည္ အာရွတိုက္ႏိုင္ငံမ်ားအတြက္ျဖစ္သည္ဟုသိရသည္။ လက္ရွိအခ်ိန္တြင္ စစ္ပြဲေၾကာင့္ ေဟာ္မုဇ္ေရလက္ၾကားကို ျဖတ္သန္းေရးမ်ားစြာ အခက္ခဲျဖစ္ေနသည့္အတြက္ေရနံႏွင့္ ဓာတ္ေငြ႕သယ္ယူပို႔ေဆာင္ေရးႏွင့္ စြမ္းအင္ေထာက္ပံ့ေရး ကြင္းဆက္ျပတ္ေတာက္လုနီးပါးျဖစ္ေၾကာင္းသိရသည္။ ဖိလစ္ ပိုင္ႏိုင္ငံတြင္ ေလာင္စာဆီမ်ားကို ေခြၽတာႏိုင္ရန္ အစိုးရ႐ုံးမ်ားကို သီတင္းတစ္ပတ္တြင္ (၄)ရက္သာအလုပ္ဆင္းရန္ အမိန႔္ထုတ္ျပန္ထားသလို ထိုင္းႏွင့္ဗီယက္နမ္ႏိုင္ငံတို႔တြင္လည္း အိမ္မွသာ အလုပ္လုပ္ရန္(work from home) စီစဥ္ ေဆာင္႐ြက္ထားရေၾကာင္းသိရသည္။

အာဆီယံေဒသအတြင္းရွိႏိုင္ငံမ်ားသည္ ေရနံႏွင့္ေလာင္စာဆီမ်ားကို ျပည္ပႏိုင္ငံမ်ားမွ အဓိကတင္သြင္းေနရာ စစ္ပြဲျဖစ္လာခ်ိန္တြင္ စြမ္းအင္ေလာင္ စာဆီအခက္ခဲမ်ားစြာျဖစ္ေနရၿပီး အရန္ေလာင္စာဆီ နည္းပါးသည့္အေျခေနမ်ားရွိ ေနေၾကာင္းသိရသည္။ ဖိလစ္ပိုင္ႏိုင္ငံ၏ အရန္ေလာင္စာဆီသည္ ရက္ေပါင္း (၆၀)စာသာက်န္ရွိေနၿပီး ပုဂၢလိက ကုမၸဏီမ်ားမွ ေရနံတင္သြင္းမည္ဆိုလွ်င္ အခြန္ေလွ်ာ့ခ်ေပးမည္ဟု သတင္းထုတ္ျပန္ထားသည္။ ထိုင္းႏိုင္ငံတြင္လည္း အရန္ေလာင္စာဆီသည္ ရက္ေပါင္း (၆၅) ရက္စာသာ က်န္ရွိေနၿပီး အစိုးရက ရက္ေပါင္း (၃၀)စာ ေလာင္ စာဆီမ်ား ထပ္မံရရွိရန္ႀကိဳးပမ္းေနေၾကာင္းသိရသည္။

ဗီယက္နမ္ႏိုင္ငံသည္ အေရွ႕အလယ္ပိုင္းႏိုင္ငံမဟုတ္ေသာႏိုင္ငံမ်ားထံမွ ေရနံစိမ္းစည္ေပါင္း (၄)သန္းရရွိရန္ ႀကိဳးပမ္းေနေသာ္လည္း အဆိုပါအေရ အတြက္က ဗီယက္နမ္ႏိုင္ငံ၏ ေလာင္စာဆီသုံးစြဲမႈ (၆)ရက္စာသာ ဖူလုံဖြယ္ရွိေန ေၾကာင္းသိရသည္။ ဗီယက္နမ္ႏိုင္ငံတြင္ အရန္ေလာင္စာဆီ ရက္ေပါင္း (၂၀)စာသာက်န္ရွိေနၿပီး ေလာင္စာဆီမ်ား ထပ္မံမရ ပါက ဗီယက္နမ္ႏိုင္ငံသည္ အခက္အခဲမ်ားစြာ ပိုမိုျဖစ္ လာရဖြယ္ရွိေနသည္။
ထို႔ျပင္ အာဆီယံႏိုင္ငံမ်ားထဲ၌ စီးပြားေရး အေကာင္းဆုံးႏိုင္ငံျဖစ္သည့္ အင္ဒိုနီးရွားႏိုင္ငံတြင္ အရန္ေလာင္ စာဆီသည္ ရက္ေပါင္း (၂၃)ရက္စာသာ က်န္ရွိေနၿပီး ဂ်ပန္ႏိုင္ငံတြင္ အရန္ေလာင္စာဆီ ရက္ေပါင္း (၂၅၄)ရက္စာ က်န္ရွိ ေနေၾကာင္းသိရသည္။ ထို႔ျပင္ ေတာင္ကိုရီးယားႏိုင္ငံတြင္ အရန္ေလာင္စာ ဆီ ရက္ေပါင္း (၂၀၈)စာႏွင့္ တ႐ုတ္ႏိုင္ငံတြင္ အရန္ ေလာင္စာဆီ ရက္ေပါင္း (၁၂၀)စာသာက်န္ရွိေန ေၾကာင္းသိရသည္။ အာဆီယံေဒသအတြင္းရွိႏိုင္ငံအခ်ိဳ႕တြင္ ေလာင္စာဆီေခြၽတာႏိုင္ရန္အတြက္ စြမ္းအင္ပစၥည္းမ်ားကို အလွည့္က်ေရာင္းခ်မႈမ်ားလုပ္ေဆာင္ေနရေၾကာင္း သိရ သည္။

Related news

© 2021. All rights reserved.