ကချင်မျိုးနွယ်စုများကို အခြေခံ၍ အိန္ဒိယ ပြည်နယ်အချို့မှတစ်ဆင့် မြေရှားရောင်းရန် KIA ကြိုးပမ်းနေကြောင်း သတင်းထွက်

 278

သုတကျော် (Ref : aljazeera) (NP News) - မတ်လ ၁၅

အိန္ဒိယရှိ ကချင်မျိုးနွယ်စုများကို အခြေခံ၍ အိန္ဒိယ ပြည်နယ်အချို့မှတစ်ဆင့် မြေရှားရောင်းရန် KIA ကြိုးပမ်းနေ ကြောင်း NP News က စုံစမ်း သိရှိရသည်။

ပြီးခဲ့သည့် (၂၀၂၅) ခုနှစ် နှောင်းပိုင်းက အိန္ဒိယနှင့် KIA အကြား မြေရှားနှင့်ပတ်သက်၍ လျှို့ဝှက် သဘောတူညီ ချက်ရရှိခဲ့ကြောင်း Silicon Valley Times အမည်ရှိ သတင်းဌာနတစ်ခုက ရေးသားခဲ့ဖူးသော်လည်း ယင်းသတင်းမှာ မဟုတ်မှန်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးမှ တာဝန်ရှိသူတစ်ဦးက NP News သို့ ဖြေကြားခဲ့ဖူးသည်။

ယင်းသတင်း၏နောက်ကွယ်တွင် အခြား နောက်ဆက်တွဲ သတင်းထွက်ပေါ်လာခြင်း မရှိတော့ဘဲ အဆိုပါ သတင်းဌာနမှာလည်း မထင်မရှား သတင်း ဌာနတစ်ခုဖြစ်သည့်အပြင် သက်သေ မပြနိုင်သော သတင်းမှား တစ်ခုအဖြစ် တိမ်မြုပ်သွားခဲ့ပြီး မြေပြင် တွင်လည်း သိသာထင်ရှားသော ပြောင်းလဲခြင်းမျိုး မတွေ့ရသေးပေ။
‘အိန္ဒိယကတော့ မြန်မာအစိုးရနဲ့ ဆက်ဆံရေးကောင်းနေတာကို ဖျက်ပြီးတော့ KIA နဲ့ သဘောတူမှာ မဟုတ်ဘူး’ ဟု ကချင်ပြည်နယ် မြောက်ပိုင်းမှ သတင်းရင်းမြစ်က ဆိုသည်။

သို့သော် KIA အနေဖြင့် အိန္ဒိယနိုင်ငံအတွင်း နေထိုင်နေသည့် ကချင်နွယ်ဖွား ဆင်းဖေါ (ဂျိန်းဖေါ့) များကို ကြားခံကာ ၎င်းတို့ နေထိုင်သည့် ပြည်နယ် အစိုးရများနှင့် ဆက်သွယ်ရန် ကြိုးပမ်းနေသည့် အရိပ်လက္ခဏာများကို မြင်တွေ့ရကြောင်း ၎င်းက ပြောသည်။

လက်ရှိတွင် KIA အနေဖြင့် ပန်ဝါတွင် မြေရှား အကြီးအကျယ် တူးဖော်ကာ တရုတ်နိုင်ငံသို့ ရောင်းချနေပြီး အဆိုပါ ဒေသတွင် တူးဖော်နေသူ အများစုမှာလည်း တရုတ်လုပ်ငန်းရှင်များပင် ဖြစ်ကြောင်း သိရသည်။
‘မြေရှားကို KIA ဘက်က ဈေးတက်တော့ တရုတ်ဘက်က ပန်ဝါကဂိတ်ကို ပိတ်လိုက်တယ်။ KIA က အိန္ဒိယနဲ့ ဆက်ဆံရေး တည်ဆောက် ဖို့ကြိုးပမ်းနေတယ်။ ကချင်မနောပွဲ အိန္ဒိယမှာ လုပ်တာ ဒီဘက်ကနေ အများကြီးသွားကြ တယ်။ အရပ်ဘက်က သွားကြတယ်။ ဒါပေမဲ့ နောက်ကွယ်မှာ KIA က ရှိနေတာပေါ့’ ဟု ၎င်းက ဆိုသည်။
KIA အနေဖြင့် ဆက်ဆံရေး တည်ဆောက်ရန်အတွက် ကချင်မျိုးနွယ်စုများအား ပွဲတော်အတွက် ကူညီပေးခြင်း မျိုး ရှိနေကြောင်း ၎င်းကဆိုသည်။

“ကချင်က ဟိုမှာ က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသနီးပါး ရထားတာ။ ဒူဝါတွေ အုပ်ချုပ်တာမျိုးလည်း ရှိတယ်။ KIA နဲ့ အစိုးရက တိုက်ရိုက် မဆက်ဆံဘူးလေ။ ပြည်နယ်တွေနဲ့ ဆက်ဆံရေး ထူထောင်ချင် ထူထောင်တယ်လို့ ယူဆရလိမ့်မယ်။ ဒေသခံ ကချင်တိုင်းရင်းသားတွေက တစ်ဆင့် ပြည်နယ်အစိုးရနဲ့ ချိတ်ဆက်ဖို့ ကြိုးပမ်းတာမျိုးပေါ့။ ဗဟိုအစိုးရအဆင့် တော့ မဟုတ်ဘူး။ အိန္ဒိယကလည်း အဲဒီလောက်ကြီး ဆက်ဆံမှာ မဟုတ်ဘူး” ဟု ၎င်းက ပြောသည်။

KIA အနေဖြင့် တရုတ်ထက် ဈေးပိုပေးသော အိန္ဒိယကို မြေရှားရောင်းလိုသော ဆန္ဒများ ရှိနေသည့်အတွက် အရေးအကြီးဆုံးမှာ ဈေး ကောင်းပေးသောကြောင့်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
‘အိန္ဒိယဘက်ကိုသာ ရောင်းနိုင်မယ် ဆိုရင် ဈေးက နှစ်ဆ၊ သုံးဆကို ရမှာ။ ဈေးကောင်း ရတယ်’ ဟု ၎င်းက ဆိုသည်။

တစ်ဖက်တွင် အတည်မပြုနိုင်သော်လည်း NP News က စုံစမ်းသိရှိရသော အချက်အလက်များက KIA နှင့် အမေရိကန်၏ CIA တို့ တွေ့ဆုံခြင်းမျိုး ရှိခဲ့ကြောင်း သိရသည်။
‘‘အဓိက တွေ့တာကတော့ တရုတ်ရဲ့ မြန်မာအပေါ် ဩဇာကို ပယ်ဖျက်ဖို့ ကြိုးစားတာမျိုးပေါ့။ မြန်မာကြေသွား လည်း သူတို့က ဂရုမစိုက်ဘူး အဓိက တရုတ်ဩဇာ မသက်ရောက်အောင် လုပ်ချင်တဲ့ သဘောပေါ့” ဟု ယင်းနှင့် ပတ်သက်၍ သတင်း ရင်းမြစ် တစ်ဦးက ပြောသည်။

အိန္ဒိယအနေဖြင့် ၎င်းတို့၏ မြေရှားသတ္တု ရရှိရာလမ်းကြောင်းကို တရုတ်တစ်နိုင်ငံတည်းအပေါ် မမှီခိုဘဲ ခွဲဖြန့်ထားလိုသော ဆန္ဒရှိနိုင်ကြောင်း စင်ကာပူအမျိုးသားတက္ကသိုလ်နှင့် လန်ဒန် King’s College တို့တွင် အိန္ဒိယ-မြန်မာ ဆက်ဆံရေးနှင့် နယ်စပ်ရေးရာနိုင်ငံရေးကို အထူးပြုလေ့လာနေသော ပါရဂူဘွဲ့ကြို Angshuman Choudhury က ပြော ကြောင်း ဆောင်းပါးရှင် Emily Fishbein ၏ ‘Not for Sale’: Rare Earths Pitch Ignites Debate Over US-Myanmar Engagement အမည်ရှိ ဆောင်းပါးတွင် ဖော်ပြထားသည်။
သို့သော် ၎င်း၏ ပြောကြားချက်မှာ KIA ကို ရည်òန်းခြင်းမဟုတ်ဘဲ အိန္ဒိယအစိုးရနှင့် မြန်မာအစိုးရကြား အခြေ အနေကို ပြောကြားခြင်း ဖြစ်သည်။

‘လတ်တလော ဖြစ်ပေါ်နေတဲ့ အိန္ဒိယ-တရုတ် ဆက်ဆံရေး ပြန်လည်ပြေလည်လာမှုဟာ မြန်မာနိုင်ငံ မြောက်ပိုင်းက မြေရှားသတ္တုတွေကို ရယူဖို့အတွက် နှစ်နိုင်ငံကြား တိတ်တဆိတ် ပူးပေါင်းဆောင်ရွက်နိုင်မယ့် လမ်းစတွေ ပွင့်သွားစေပါတယ်။ ဒါပေမဲ့ တရုတ်ကတော့ ဒီဒေသအပေါ် သူတို့ရဲ့ လွှမ်းမိုးမှုကို ဆက်လက်ထိန်းသိမ်းထားချင်မှာ အသေအချာပါပဲ’ ဟု ၎င်းက ဆိုသည်။

အဆိုပါ ကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယ သံရုံးထံက တစုံတစ်ရာ မှတ်ချက်ပေး ရန်အတွက် NP News က မေးမြန်းခဲ့ရာ ယခု သတင်းရေးသားချိန်အထိ ပြန်လည် ဖြေ ကြားခြင်း မရှိသေးပေ။

zawgyi version

ကခ်င္မ်ိဳးႏြယ္စုမ်ားကို အေျခခံ၍ အိႏၵိယ ျပည္နယ္အခ်ိဳ႕မွတစ္ဆင့္ ေျမရွားေရာင္းရန္ KIA ႀကိဳးပမ္းေနေၾကာင္း သတင္းထြက္

သုတေက်ာ္ (NP News) - မတ္လ ၁၅

အိႏၵိယရွိ ကခ်င္မ်ိဳးႏြယ္စုမ်ားကို အေျခခံ၍ အိႏၵိယ ျပည္နယ္အခ်ိဳ႕မွတစ္ဆင့္ ေျမရွားေရာင္းရန္ KIA ႀကိဳးပမ္းေန ေၾကာင္း NP News က စုံစမ္း သိရွိရသည္။

ၿပီးခဲ့သည့္ (၂၀၂၅) ခုႏွစ္ ေႏွာင္းပိုင္းက အိႏၵိယႏွင့္ KIA အၾကား ေျမရွားႏွင့္ပတ္သက္၍ လွ်ိဳ႕ဝွက္ သေဘာတူညီ ခ်က္ရရွိခဲ့ေၾကာင္း Silicon Valley Times အမည္ရွိ သတင္းဌာနတစ္ခုက ေရးသားခဲ့ဖူးေသာ္လည္း ယင္းသတင္းမွာ မဟုတ္မွန္ေၾကာင္း ျမန္မာႏိုင္ငံဆိုင္ရာ အိႏၵိယသံ႐ုံးမွ တာဝန္ရွိသူတစ္ဦးက NP News သို႔ ေျဖၾကားခဲ့ဖူးသည္။

ယင္းသတင္း၏ေနာက္ကြယ္တြင္ အျခား ေနာက္ဆက္တြဲ သတင္းထြက္ေပၚလာျခင္း မရွိေတာ့ဘဲ အဆိုပါ သတင္းဌာနမွာလည္း မထင္မရွား သတင္း ဌာနတစ္ခုျဖစ္သည့္အျပင္ သက္ေသ မျပႏိုင္ေသာ သတင္းမွား တစ္ခုအျဖစ္ တိမ္ျမဳပ္သြားခဲ့ၿပီး ေျမျပင္ တြင္လည္း သိသာထင္ရွားေသာ ေျပာင္းလဲျခင္းမ်ိဳး မေတြ႕ရေသးေပ။
‘အိႏၵိယကေတာ့ ျမန္မာအစိုးရနဲ႔ ဆက္ဆံေရးေကာင္းေနတာကို ဖ်က္ၿပီးေတာ့ KIA နဲ႔ သေဘာတူမွာ မဟုတ္ဘူး’ ဟု ကခ်င္ျပည္နယ္ ေျမာက္ပိုင္းမွ သတင္းရင္းျမစ္က ဆိုသည္။

သို႔ေသာ္ KIA အေနျဖင့္ အိႏၵိယႏိုင္ငံအတြင္း ေနထိုင္ေနသည့္ ကခ်င္ႏြယ္ဖြား ဆင္းေဖါ (ဂ်ိန္းေဖါ့) မ်ားကို ၾကားခံကာ ၎တို႔ ေနထိုင္သည့္ ျပည္နယ္ အစိုးရမ်ားႏွင့္ ဆက္သြယ္ရန္ ႀကိဳးပမ္းေနသည့္ အရိပ္လကၡဏာမ်ားကို ျမင္ေတြ႕ရေၾကာင္း ၎က ေျပာသည္။

လက္ရွိတြင္ KIA အေနျဖင့္ ပန္ဝါတြင္ ေျမရွား အႀကီးအက်ယ္ တူးေဖာ္ကာ တ႐ုတ္ႏိုင္ငံသို႔ ေရာင္းခ်ေနၿပီး အဆိုပါ ေဒသတြင္ တူးေဖာ္ေနသူ အမ်ားစုမွာလည္း တ႐ုတ္လုပ္ငန္းရွင္မ်ားပင္ ျဖစ္ေၾကာင္း သိရသည္။
‘ေျမရွားကို KIA ဘက္က ေဈးတက္ေတာ့ တ႐ုတ္ဘက္က ပန္ဝါကဂိတ္ကို ပိတ္လိုက္တယ္။ KIA က အိႏၵိယနဲ႔ ဆက္ဆံေရး တည္ေဆာက္ ဖို႔ႀကိဳးပမ္းေနတယ္။ ကခ်င္မေနာပြဲ အိႏၵိယမွာ လုပ္တာ ဒီဘက္ကေန အမ်ားႀကီးသြားၾက တယ္။ အရပ္ဘက္က သြားၾကတယ္။ ဒါေပမဲ့ ေနာက္ကြယ္မွာ KIA က ရွိေနတာေပါ့’ ဟု ၎က ဆိုသည္။
KIA အေနျဖင့္ ဆက္ဆံေရး တည္ေဆာက္ရန္အတြက္ ကခ်င္မ်ိဳးႏြယ္စုမ်ားအား ပြဲေတာ္အတြက္ ကူညီေပးျခင္း မ်ိဳး ရွိေနေၾကာင္း ၎ကဆိုသည္။

“ကခ်င္က ဟိုမွာ က ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရ ေဒသနီးပါး ရထားတာ။ ဒူဝါေတြ အုပ္ခ်ဳပ္တာမ်ိဳးလည္း ရွိတယ္။ KIA နဲ႔ အစိုးရက တိုက္႐ိုက္ မဆက္ဆံဘူးေလ။ ျပည္နယ္ေတြနဲ႔ ဆက္ဆံေရး ထူေထာင္ခ်င္ ထူေထာင္တယ္လို႔ ယူဆရလိမ့္မယ္။ ေဒသခံ ကခ်င္တိုင္းရင္းသားေတြက တစ္ဆင့္ ျပည္နယ္အစိုးရနဲ႔ ခ်ိတ္ဆက္ဖို႔ ႀကိဳးပမ္းတာမ်ိဳးေပါ့။ ဗဟိုအစိုးရအဆင့္ ေတာ့ မဟုတ္ဘူး။ အိႏၵိယကလည္း အဲဒီေလာက္ႀကီး ဆက္ဆံမွာ မဟုတ္ဘူး” ဟု ၎က ေျပာသည္။

KIA အေနျဖင့္ တ႐ုတ္ထက္ ေဈးပိုေပးေသာ အိႏၵိယကို ေျမရွားေရာင္းလိုေသာ ဆႏၵမ်ား ရွိေနသည့္အတြက္ အေရးအႀကီးဆုံးမွာ ေဈး ေကာင္းေပးေသာေၾကာင့္ျဖစ္ေၾကာင္း ၎က ဆိုသည္။
‘အိႏၵိယဘက္ကိုသာ ေရာင္းႏိုင္မယ္ ဆိုရင္ ေဈးက ႏွစ္ဆ၊ သုံးဆကို ရမွာ။ ေဈးေကာင္း ရတယ္’ ဟု ၎က ဆိုသည္။

တစ္ဖက္တြင္ အတည္မျပဳႏိုင္ေသာ္လည္း NP News က စုံစမ္းသိရွိရေသာ အခ်က္အလက္မ်ားက KIA ႏွင့္ အေမရိကန္၏ CIA တို႔ ေတြ႕ဆုံျခင္းမ်ိဳး ရွိခဲ့ေၾကာင္း သိရသည္။

‘‘အဓိက ေတြ႕တာကေတာ့ တ႐ုတ္ရဲ႕ ျမန္မာအေပၚ ဩဇာကို ပယ္ဖ်က္ဖို႔ ႀကိဳးစားတာမ်ိဳးေပါ့။ ျမန္မာေၾကသြား လည္း သူတို႔က ဂ႐ုမစိုက္ဘူး အဓိက တ႐ုတ္ဩဇာ မသက္ေရာက္ေအာင္ လုပ္ခ်င္တဲ့ သေဘာေပါ့” ဟု ယင္းႏွင့္ ပတ္သက္၍ သတင္း ရင္းျမစ္ တစ္ဦးက ေျပာသည္။

အိႏၵိယအေနျဖင့္ ၎တို႔၏ ေျမရွားသတၱဳ ရရွိရာလမ္းေၾကာင္းကို တ႐ုတ္တစ္ႏိုင္ငံတည္းအေပၚ မမွီခိုဘဲ ခြဲျဖန႔္ထားလိုေသာ ဆႏၵရွိႏိုင္ေၾကာင္း စင္ကာပူအမ်ိဳးသားတကၠသိုလ္ႏွင့္ လန္ဒန္ King’s College တို႔တြင္ အိႏၵိယ-ျမန္မာ ဆက္ဆံေရးႏွင့္ နယ္စပ္ေရးရာႏိုင္ငံေရးကို အထူးျပဳေလ့လာေနေသာ ပါရဂူဘြဲ႕ႀကိဳ Angshuman Choudhury က ေျပာ ေၾကာင္း ေဆာင္းပါးရွင္ Emily Fishbein ၏ ‘Not for Sale’: Rare Earths Pitch Ignites Debate Over US-Myanmar Engagement အမည္ရွိ ေဆာင္းပါးတြင္ ေဖာ္ျပထားသည္။
သို႔ေသာ္ ၎၏ ေျပာၾကားခ်က္မွာ KIA ကို ရည္òန္းျခင္းမဟုတ္ဘဲ အိႏၵိယအစိုးရႏွင့္ ျမန္မာအစိုးရၾကား အေျခ အေနကို ေျပာၾကားျခင္း ျဖစ္သည္။

‘လတ္တေလာ ျဖစ္ေပၚေနတဲ့ အိႏၵိယ-တ႐ုတ္ ဆက္ဆံေရး ျပန္လည္ေျပလည္လာမႈဟာ ျမန္မာႏိုင္ငံ ေျမာက္ပိုင္းက ေျမရွားသတၱဳေတြကို ရယူဖို႔အတြက္ ႏွစ္ႏိုင္ငံၾကား တိတ္တဆိတ္ ပူးေပါင္းေဆာင္႐ြက္ႏိုင္မယ့္ လမ္းစေတြ ပြင့္သြားေစပါတယ္။ ဒါေပမဲ့ တ႐ုတ္ကေတာ့ ဒီေဒသအေပၚ သူတို႔ရဲ႕ လႊမ္းမိုးမႈကို ဆက္လက္ထိန္းသိမ္းထားခ်င္မွာ အေသအခ်ာပါပဲ’ ဟု ၎က ဆိုသည္။

အဆိုပါ ကိစၥႏွင့္ပတ္သက္၍ ျမန္မာႏိုင္ငံ ဆိုင္ရာ အိႏၵိယ သံ႐ုံးထံက တစုံတစ္ရာ မွတ္ခ်က္ေပး ရန္အတြက္ NP News က ေမးျမန္းခဲ့ရာ ယခု သတင္းေရးသားခ်ိန္အထိ ျပန္လည္ ေျဖ ၾကားျခင္း မရွိေသးေပ။

Related news

© 2021. All rights reserved.