‘ ဖြစ်ရပ်မှန် တိမ်ပင်လယ်ခရီးကြမ်းကို ကြည့်ရှုပြီးနောက် ’

766

အိဖြူ (NP News) - မတ် ၁၅
အနုပညာသတင်းများကို စိတ်ဝင်တစားစောင့်ကြည့်သူတွေအတွက် NP News ရဲ့အပတ်စဉ် အနုပညာကဏ္ဍက နေ ဒီတစ်ပတ်အတွက် “ပြည်ချစ်ပရိသတ်များကြည့်သင့်တဲ့ ရုပ်ရှင်တစ်ကားနဲ့ အဆိုတော်ပိုပိုရဲ့ ကြေညာမှု” အစရှိတဲ့ အနုပညာနဲ့ဆက်စပ်သတင်းတွေကို ဖော်ပြပေးသွားပါမယ်။
လူရွှင်တော် ဟာသသရုပ်ဆောင်သိန်းဇံရဲ့ ကျန်းမာရေးအခြေအနေပိုမိုဆိုးရွားလာ
ဟာသလူရွှင်တော် သရုပ်ဆောင် သိန်းဇံက အနုပညာမီဒီယာတွေကတစ်ဆင့် “မဖြစ်မနေမို့လို့သာ လိုင်းပေါ်တင် လိုက်ရတာပါ။ အဲဒီလိုမျိုးလည်း မတင်ချင်ပါဘူး။ ရှက်ပါတယ်။ သားသမီးတွေလည်း သူတို့ရှိတာလေးတွေနဲ့တော့ ကုပေး ကြပါတယ်။ လူ့ဘဝ တိုတိုလေးပါ။ သေမှာကြောက်လို့ မဟုတ်ဘူး။ မသေခင်မှာ ခံစားနေရတဲ့ ဝေဒနာကြီးကို မခံစားချင် တော့ဘူး(ငိုလျက်)၊ ဒီအချိန်က အကုန်လုံးရှားပါး ကျပ်တည်းတဲ့အချိန်မှာဆိုတော့ သူတို့တတ်နိုင်တာ လေးတွေနဲ့ ကူညီ တာကို ကျေးဇူးတင်ပါတယ်” လို့ ၎င်းရဲ့အနုပညာလောကသားတွေနဲ့ ပရိသတ်တွေဆီ အကူအညီတောင်းခံ လိုက်ပါ တယ်။
ဒါ့ပြင်လူရွှင်တော်သိန်းဇံ အင်တာဗျူးဖြေဆိုမှုအတွင်း ‘အကယ်ဒမီမြင့်မြတ်ကို အလှူခံပေမယ့် အခုချိန်ထိ လာမလှူပါဘူး’ ဆိုတဲ့စကားက ပွဲရှာချင်တဲ့အနု ပညာသတင်းပေ့ချ်တွေအတွက် သတင်းခေါင်းစဉ်ကြီးတစ်ခုအဖြစ် ချဲ့ကားရေးသားခဲ့ကြကာ မြင့်မြတ်က လူရွှင်တော်သိန်းဇံကို (မတ်လ ၁၁ ရက်) အထိ ငွေမလှူသေးခြင်းဟာ အပြစ်တစ်ခု ကျူးလွန်မှုပုံစံအတိုင်း ပုံဖော်ရေးသား ဝေဖန်ခဲ့ကြတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။
ဒီဖြစ်စဉ်ကို သေချာကြည့်ရှုပါက လူရွှင်တော်သိန်းဇံအနေနဲ့ အားနာရှက်ရွံ့စွာ အရဲစွန့်ပြီး မြင့်မြတ် မန်နေဂျာထံ ဆက်သွယ်အကူအညီတောင်းခဲ့တာက မှန်ကန်နိုင်ပေမယ့် အဲဒီသတင်းစကားက မြင့်မြတ်ထံ မရောက်ရှိသေးတာ လည်းဖြစ်နိုင်သလို၊ မြင့်မြတ်အနေနဲ့ကြားသိပြီးရင်တောင် ၎င်းကိုယ်တိုင်လာရောက်ကြည့်ရင်း ငွေပေးလှူချင်စိတ်ရှိ ထားလို့ အကြောင်းမပြန်ဖြစ်သေးတာလည်းဖြစ်နေနိုင်ပါတယ်။ လူရွှင်တော်သိန်းဇံက “အသည်းခြောက်ခြင်း” ရောဂါရဲ့ နောက်ဆက်တွဲရောဂါများဖြစ်တဲ့ ရေဖျဉ်းစွဲခြင်းနဲ့ အစာအိမ် သွေးကြောပေါက်ခဲ့တဲ့နောက်ဆက်တွဲဝေဒနာများကိုလည်း ခံစားနေရပြီး ဆေးရုံတက်ကာ ဆေးကုသမှုခံ ယူနေရလျက်ရှိပါတယ်။ ရေဖျဉ်းစွဲခြင်းဆိုတာ ဝမ်းဗိုက်ကိုဖုံးအုပ်ထားတဲ့ အမြှေးပါးအလွှာ (Peritoneum) နဲ့ ကိုယ်တွင်းအင်္ဂါတွေကြားရှိ နေရာမှာ အရည်များ စုမိနေခြင်းဖြစ်သည်။ အရည်များ ဝမ်းဗိုက်အတွင်း အဆမတန်များလာခြင်းနဲ့ အဲဒီအရည်တွေက ဝမ်းဗိုက်ကတစ်ဆင့် အဆုတ်အမြှေးပါးအတွင်း ရောက်ရှိခြင်းတို့ကြောင့် အဆုတ်ကိုဖိမိရင် အသက်ရှုကျပ်ခြင်းဝေဒနာများ ခံစားရကြောင်း လေ့လာဖတ်ရှုမိပါတယ်။ ရောဂါဝေဒနာခံစားနေရသူ လူရွှင်တော်သိန်းဇံက စိတ်အားငယ်မှုခံစားချက်အရ ထုတ်ဖော်ပြောမိခဲ့ပေမယ့် ဝေဖန်ပြော ဆိုနေသူတွေအနေနဲ့ အမြင်ကိုဖွင့်ကြည့်ပါက မြင့်မြတ်က လူရွှင်တော်သိန်းဇံရဲ့မိသားစုဆွေမျိုး ရင်းချာ တစ်ဦး လည်းမဟုတ်သလို မဖြစ်မနေလာရောက်ကြည့်ရမယ်/လှူဒါန်းရမယ်ဆိုတဲ့ တာဝန်ဝတ္တရား သတ်မှတ်ထားခြင်း မရှိပါ။ ဒါပေမဲ့ အနုပညာလောကသားအချင်းချင်း အပြန်အလှန် ဝိုင်းဝန်းကူညီဖေးမစောင့်ရှောက်ရမယ်ဆိုတဲ့ ကရုဏာစိတ်၊ ကိုယ်ချင်းစာ စိတ်ထားတစ်ခုကြောင့်သာ ပေးကမ်းလှူဒါန်းနေကြခြင်းပင် ဖြစ်ပါတယ်။ အလားတူ သတင်းမေးမြန်းသူ တွေအနေနဲ့ကလည်း အလှူခံပုဂ္ဂိုလ်နဲ့ အလှူရှင်ပုဂ္ဂိုလ်တို့ကြား နားလည်မှုလွဲမှားစေ နိုင်မယ့်မေးမြန်းဖော်ပြမှုပုံစံတွေကို ဆင်ခြင်သင့်ပြီး မိမိတို့ရဲ့သတင်းစကားကြောင့် အခက်အခဲဖြစ်နေသူအပေါ် ထပ်ဆင့်အပူမပေးမိစေဖို့ လိုအပ်ပါတယ်။ မင်းသား ထူးခန့်ကျော်က “ဟာသလူရွှင်တော် ကိုသိန်းဇံ ဆေးကုသမှုစရိတ်အတွက် ကျွန်တော်တို့မိသားစုက (၁၅)သိန်း ကျပ် ပါရမီဖြည့် ကူညီသလို အချိန်မရွေးကျွန်တော့်ထံငွေလာယူလို့ရပါတယ်နော်။ ကျွန်တော်နဲ့ ဟာသလူရွှင်တော်ကို သိန်းဇံတို့ တစ်ခါမှမဆုံဖူးသလို ကျွန်တော့်ဦးလေးလို အစ်ကိုလိုသဘောထားပြီး ပါရမီဖြည့်ပေးခြင်းပါခင်ဗျာ” လို့ အားပေးစကားများဆိုခဲ့ပြီး၊ လက်ရှိမှာတော့ အနုပညာရှင်တချို့က သွားရောက်အားပေးကူညီနေကြတာကို တွေ့ရလျက် ရှိပါတယ်။

ဥပဒေအရ ပိုပိုရဲ့ကြေညာချက်
အဆိုတော် ပိုပိုက ၎င်းနဲ့ပတ်သက်ပြီး မဟုတ်မမှန်ပြောဆိုရေးသားနေသူတွေကို တည်ဆဲဥပဒေအတိုင်း အရေး ယူမှု လုပ်ဆောင်တော့မှာဖြစ်ကြောင်းကို နိုင်ငံ ပိုင်သတင်းစာကတစ်ဆင့် တရားဝင် ထည့်သွင်းကြေညာလိုက်ပါတယ်။ “ဒေါ်ဝတ်ရည်မိုး (ခေါ်) ပိုပိုသည် နိုင်ငံကျော်တေးသံရှင်တစ်ဦးဖြစ်ပြီး တေးသံရှင်များစွာကို သီဆိုလျက်ရှိရာ အနုပညာ ဂီတလောကတွင်ဖြစ်စေ၊ ၎င်း၏ လူမှုပတ်ဝန်းကျင်တွင်ဖြစ်စေ၊ အမည်ကောင်းသတင်းဖြင့် ဂုဏ်သတင်းရှိစွာ နေထိုင်နေ သူတစ်ဦးဖြစ်ပါသည်။ ဒေါ်ဝတ်ရည်မိုး (ခ) အဆိုတော်ပိုပိုနှင့် ၎င်း၏ လူမှုပတ်ဝန်းကျင်တို့ကို ထိခိုက်နစ်နာစေနိုင်မှန်း သိလျက်နှင့် အသရေပျက်စေရန်၊ ဂုဏ်သိက္ခာကျဆင်းစေရန်၊ ၎င်း၏ အနုပညာကိစ္စများကို ထိခိုက်စေရန် တမင်ရည် ရွယ်၍ မဟုတ်မမှန်သတင်းနှင့်စာများကို Facebook နှင့် TikTok စသည့် Social Media များကို အသုံးပြု၍ လည်း ကောင်း၊ လူမှုပတ်ဝန်းကျင်မှဖြစ်စေ ပြောဆို ရေးသားခြင်းများကို လုံးဝ (လုံးဝ) မပြုလုပ်ရန်၊ ထိုကဲ့သို့ ရေးသားပြောဆို သည်များကိုတွေ့ရှိပါက တည်ဆဲဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း” သတင်းစာထဲထည့်သွင်း ကြေညာထားခြင်း ဖြစ်ပါတယ်။
ကြေညာချက်အရ အနုပညာရှင်တွေအနေနဲ့ ၎င်းတို့နဲ့ပတ်သက်ပြီး ဝေဖန်ပြောဆိုမှုတွေအပေါ် အကာအကွယ် ယူထားခြင်းဖြစ်ပေမယ့် မြန်မာနိုင်ငံမှာ အနုပညာရှင်အများစုဟာ တရားဝင်သတင်းဌာနတွေ၊ အနုပညာမီဒီယာတွေနဲ့ တရားမဝင် clickbait ပေ့ချ်တွေရဲ့ဖော်ပြမှုတွေကို ရောထွေးလျက်ရှိကြပြီး၊ တန်းတူသတ်မှတ်ကြကာ အဖြူ/အမည်း ကွဲပြားစွာ မသိရှိကြကြောင်းတွေ့ရပါတယ်။ clickbait ပေ့ချ်တွေကလည်း ၎င်းတို့ရဲ့ ဆိုရှယ်အကောင့်တွေ Follower တိုးစေဖို့ ရည်ရွယ်ချက်တစ်ခုသက်သက်ကြောင့်သာ အနုပညာရှင်တွေအကြောင်း မဟုတ်မမှန်ရေးသာကာ ခေါင်းစဉ်တပ် ဖော်ပြလေ့ရှိကြတာဖြစ်ပါတယ်။

ဖြစ်ရပ်မှန် တိမ်ပင်လယ်ခရီးကြမ်း တိုက်ပွဲများကို ကြည့်ရှုခဲ့ခြင်း
ဒါရိုက်တာ တင်အောင်စိုး(ပန်းမြို့တော်)က နောင်ချို-တောင်ခမ်းမြို့သိမ်းတိုက်ပွဲများမှာ “ကျဆုံးသွားသော စစ်သည်များနှင့် ပါဝင်တိုက်ပွဲဝင်ခဲ့ကြသော သူရဲကောင်းများကို ဂုဏ်ပြုဖော်ပြမှု” အဖြစ် တိမ်ပင်လယ်ခရီးကြမ်းဇာတ် ကားကို အသက်သွင်းခဲ့ခြင်းဖြစ်ကြောင်း ပြောကြားလိုက်ပါတယ်။ “ကျွန်တော်တို့အနေနဲ့ ဒီရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သက် လို့ရှိရင် ရုပ်ရှင်ဇာတ်ကားအဖြစ် ရုံတင်ပြသတာမှန်သော်လည်း ကျွန်တော်တို့ရဲ့ရည်မှန်းချက်သည် ဝင်ငွေလည်း မဟုတ်သလို အကယ်ဒမီဆု တွေအတွက်လည်း မဟုတ်ပါဘူး။ ကျွန်တော်တို့ စစ်ဆင်ရေးမှာ တိုက်ပွဲမှာ အသက်ပေးသွား ရတဲ့ ကျွန်တော်တို့သူရဲကောင်းတွေရဲ့ဝိညာဉ်တွေကိုသာ ကျွန်တော်တို့ ဂုဏ်ပြုခြင်းဖြစ်ပါတယ်။ လူများများကြည့် စေချင်တာကလွဲရင် ကျန်တဲ့မျှော်လင့်ချက်မရှိပါဘူး။ အဓိက ကျဆုံးသွားတဲ့ စစ်သည်တွေ၊ ပါဝင်တိုက်ပွဲဝင်ခဲ့ကြတဲ့ သူရဲ ကောင်းတွေကိုသာ ဂုဏ်ပြုခြင်းဖြစ်ပါတယ်” လို့ ရုပ်ရှင်ပရီမီယံရှိုး မပြသခင် မိတ်ဆက်စကားပြောကြားစဉ်မှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
“တိမ်ပင်လယ်ခရီးကြမ်း” ရုပ်ရှင်ဇာတ်ကားပရီမီယံရှိုးပြပွဲကို မတ်လ (၁၁) ရက် နေ့လယ် (၁) နာရီက ရန်ကင်း မြို့နယ်ရှိ မြဝတီမီဒီယာစင်တာရှိ ရုပ်ရှင်ရုံခန်းမမှာ ပြသခဲ့ပါတယ်။
Battle Of Taung Hkam “တိမ်ပင်လယ် ခရီးကြမ်း” ရုပ်ရှင်ဟာ (၂၀၂၃) ခုနှစ် အောက်တိုဘာကစတင်ပြီး နောင်ချို-ပြင်ဦးလွင်-မန္တလေးမြို့အထိ ထိုးဖောက်ဝင်ရောက်လာတဲ့အကြမ်းဖက်သမားတွေကို တပ်မတော်သားတွေ နှိမ်နင်း မောင်းထုတ်ခဲ့ကြတဲ့ ဖြစ်ရပ်မှန် တိုက်ပွဲများအကြောင်း ရိုက်ကူးထားတဲ့ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။ အကယ်ဒမီ ဒါရိုက်တာ တင်အောင်စိုး (ပန်းမြို့တော်)က “တကယ်တမ်းမြေပြင်မှာ တိုက်ပွဲပေါင်း (၂၀ဝ) ကျော်ရှိခဲ့ပေ မယ့် ရုပ်ရှင်ထဲမှာ တိုက်ပွဲတွေအားလုံးကို မပြနိုင်ပေမယ့် တိုက်ပွဲ(၈)ပွဲကိုသာ ထည့်သွင်းပြနိုင်ပါတယ်။ ရုပ်ရှင်သဘော အရ ရသမြောက်အောင် ဇာတ်လမ်းတွေချိတ်ဆက်ပြီးပြရတဲ့အတွက် ရုပ်ရှင်ကိုလည်း လေးလံမသွားအောင်၊ တကယ့် ဖြစ်ရပ်မှန်ကိုလည်း ပျက်ပြယ်မသွားအောင် ရုပ်ရှင်ရဲ့သဘောသဘာဝနဲ့ တပ်မတော်ရဲ့ စစ်နည်းဗျူဟာနဲ့လည်း မလွတ် အောင် အတတ်နိုင်ဆုံး ရိုက်ကူးတင်ဆက်ထားပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
(၂၀၂၃) ခုနှစ်၊ အောက်တိုဘာလ၊ (၂၇) ရက်က မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ အဖွဲ့ဝင်တွေဖြစ်ကြတဲ့ AA လက်နက်ကိုင်အဖွဲ့၊ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) နဲ့ တအာင်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့ စတင်ခဲ့တဲ့ (၁၀၂၇) စစ်ဆင်ရေးကြောင့်ဖြစ်ပေါ်လာတဲ့ ပြည်တွင်း တိုက်ပွဲများ အနက် နောင်ချိုမြို့သိမ်းတိုက်ပွဲ၊ တောင်ခမ်းတိုက်ပွဲ၊ တောင်ပေါ်ကြီးစခန်းကုန်း (ဇင်ယော်ကုန်း)၊ တောင်ခမ်း-မကျီးရေ ပြန်လည်ချိတ်ဆက်နိုင်ခဲ့ခြင်း၊ အမှတ်(၉၀၂)အမြောက်စခန်းကွပ်ကဲမှုဌာနချုပ်နဲ့အတူ ခြေလျင်ခြေမြန်တပ်ရင်းများနဲ့ ဒရုန်းတပ်ဖွဲ့တို့ရဲ့ ပူးပေါင်း တိုက်ပွဲဝင်ပုံများကို ကြည့်ရှုကြရမှာဖြစ်ပါတယ်။ “တိမ်ပင်လယ်ခရီးကြမ်း” ရုပ်ရှင်ဇာတ် ကားကိုကြည့်ရှုပြီးသူတစ်ဦးအနေနဲ့ ဒီဇာတ်ကားကို ဘယ်လိုလူတွေ ကြည့်ရှုသင့်ပါသလဲဆိုရင် “တိုင်းပြည်ကို ချစ်မြတ်နိုးသူတိုင်း ကြည့်ရှုသင့်ပါတယ်” လို့ ဆိုပါရစေ။
ဒီဇာတ်ကားမှာ မြန်မာနိုင်ငံသား တိုင်းရင်းသားညီအစ်ကိုမောင်နှမအချင်းချင်း နယ်မြေလုတိုက်ပွဲတွေကြောင့် လူ့အသက်ပေါင်းများစွာ ဆုံးရှုံးကြရပုံ၊ တပ်မတော်သားများမှ အမိမြေကို အသက်ပေး ကာကွယ်စောင့်ရှောက်ပုံနဲ့ တပ်မတော်ရဲ့ခံစစ်မှ ထိုးစစ်သို့ပြောင်းလဲချိန်မှာ အသုံးပြုခဲ့တဲ့ စစ်နည်းဗျူဟာများနဲ့ လက်နက်ခဲယမ်းများကို ပြည်သူ များသိရှိခွင့်ရကြမှာဖြစ်ပါတယ်။ “တိမ်ပင်လယ်ခရီးကြမ်း” ရုပ်ရှင်ဇာတ်ကားမှာ သရုပ်ဆောင် နက္ခတ်၊ အောင်ကျော် ထွန်း၊ စိုးသီဟ၊ နေလင်းရှိန်၊ နက်ရှိုင်းကို၊ ပိုင်အုပ်စိုးအောင်၊ ခိုင်ဇော်၊ ဉာဏ၊ မြယာ၊ မြနန္ဒာ တို့နဲ့အတူ တပ်မတော် သားများနဲ့မိသားစုဝင်များ ပါဝင်ထားပြီး၊ ဇာတ်òန်းနှင့် ဒါရိုက်တာအဖြစ် အကယ်ဒမီ တင်အောင်စိုး (ပန်းမြို့တော်)က ရိုက်ကူးပုံဖော်မှုကို ရတနာအောင်ထုတ်လုပ်ရေးက ထုတ်လုပ်ဖြန့်ချိခဲ့ခြင်းဖြစ်ပါတယ်။ “တိမ်ပင်လယ်ခရီးကြမ်း” ရုပ်ရှင် ဇာတ်ကားကို မတ်လ (၁၃) ရက် (သောကြာနေ့) မှ (၁၉) ရက်(ကြာသပတေးနေ့) အထိ မြန်မာတစ်နိုင်ငံလုံးရှိ ရုပ်ရှင် တွေမှာ ရုံတင်ပြသလျက်ရှိရာ မတ်လ (၂၅) ရက်နဲ့ (၂၆) ရက်တို့မှာလည်း နိုင်ငံပိုင်ရုပ်မြင်သံကြားလိုင်းများက နှစ်ကြိမ် ဆက်တိုက် ထုတ်လွှင့်ပြသသွားမှာဖြစ်ပါတယ်။
ဒီတစ်ပတ်အတွက် အနုပညာကဏ္ဍကို ဒီလောက်နဲ့ရပ်နားပါရစေ။

Zawgyi Version;
‘ ျဖစ္ရပ္မွန္ တိမ္ပင္လယ္ခရီးၾကမ္းကို ၾကည့္ရႈၿပီးေနာက္ ’
အိျဖဴ (NP News) - မတ္ ၁၅
အႏုပညာသတင္းမ်ားကို စိတ္ဝင္တစားေစာင့္ၾကည့္သူေတြအတြက္ NP News ရဲ႕အပတ္စဥ္ အႏုပညာက႑က ေန ဒီတစ္ပတ္အတြက္ “ျပည္ခ်စ္ပရိသတ္မ်ားၾကည့္သင့္တဲ့ ႐ုပ္ရွင္တစ္ကားနဲ႔ အဆိုေတာ္ပိုပိုရဲ႕ ေၾကညာမႈ” အစရွိတဲ့ အႏုပညာနဲ႔ဆက္စပ္သတင္းေတြကို ေဖာ္ျပေပးသြားပါမယ္။
လူ႐ႊင္ေတာ္ ဟာသသ႐ုပ္ေဆာင္သိန္းဇံရဲ႕ က်န္းမာေရးအေျခအေနပိုမိုဆိုး႐ြားလာ
ဟာသလူ႐ႊင္ေတာ္ သ႐ုပ္ေဆာင္ သိန္းဇံက အႏုပညာမီဒီယာေတြကတစ္ဆင့္ “မျဖစ္မေနမို႔လို႔သာ လိုင္းေပၚတင္ လိုက္ရတာပါ။ အဲဒီလိုမ်ိဳးလည္း မတင္ခ်င္ပါဘူး။ ရွက္ပါတယ္။ သားသမီးေတြလည္း သူတို႔ရွိတာေလးေတြနဲ႔ေတာ့ ကုေပး ၾကပါတယ္။ လူ႔ဘဝ တိုတိုေလးပါ။ ေသမွာေၾကာက္လို႔ မဟုတ္ဘူး။ မေသခင္မွာ ခံစားေနရတဲ့ ေဝဒနာႀကီးကို မခံစားခ်င္ ေတာ့ဘူး(ငိုလ်က္)၊ ဒီအခ်ိန္က အကုန္လုံးရွားပါး က်ပ္တည္းတဲ့အခ်ိန္မွာဆိုေတာ့ သူတို႔တတ္ႏိုင္တာ ေလးေတြနဲ႔ ကူညီ တာကို ေက်းဇူးတင္ပါတယ္” လို႔ ၎ရဲ႕အႏုပညာေလာကသားေတြနဲ႔ ပရိသတ္ေတြဆီ အကူအညီေတာင္းခံ လိုက္ပါ တယ္။
ဒါ့ျပင္လူ႐ႊင္ေတာ္သိန္းဇံ အင္တာဗ်ဴးေျဖဆိုမႈအတြင္း ‘အကယ္ဒမီျမင့္ျမတ္ကို အလႉခံေပမယ့္ အခုခ်ိန္ထိ လာမလႉပါဘူး’ ဆိုတဲ့စကားက ပြဲရွာခ်င္တဲ့အႏု ပညာသတင္းေပ့ခ်္ေတြအတြက္ သတင္းေခါင္းစဥ္ႀကီးတစ္ခုအျဖစ္ ခ်ဲ႕ကားေရးသားခဲ့ၾကကာ ျမင့္ျမတ္က လူ႐ႊင္ေတာ္သိန္းဇံကို (မတ္လ ၁၁ ရက္) အထိ ေငြမလႉေသးျခင္းဟာ အျပစ္တစ္ခု က်ဴးလြန္မႈပုံစံအတိုင္း ပုံေဖာ္ေရးသား ေဝဖန္ခဲ့ၾကတာကိုလည္း ေတြ႕ျမင္ခဲ့ရပါတယ္။
ဒီျဖစ္စဥ္ကို ေသခ်ာၾကည့္ရႈပါက လူ႐ႊင္ေတာ္သိန္းဇံအေနနဲ႔ အားနာရွက္႐ြံ႕စြာ အရဲစြန႔္ၿပီး ျမင့္ျမတ္ မန္ေနဂ်ာထံ ဆက္သြယ္အကူအညီေတာင္းခဲ့တာက မွန္ကန္ႏိုင္ေပမယ့္ အဲဒီသတင္းစကားက ျမင့္ျမတ္ထံ မေရာက္ရွိေသးတာ လည္းျဖစ္ႏိုင္သလို၊ ျမင့္ျမတ္အေနနဲ႔ၾကားသိၿပီးရင္ေတာင္ ၎ကိုယ္တိုင္လာေရာက္ၾကည့္ရင္း ေငြေပးလႉခ်င္စိတ္ရွိ ထားလို႔ အေၾကာင္းမျပန္ျဖစ္ေသးတာလည္းျဖစ္ေနႏိုင္ပါတယ္။ လူ႐ႊင္ေတာ္သိန္းဇံက “အသည္းေျခာက္ျခင္း” ေရာဂါရဲ႕ ေနာက္ဆက္တြဲေရာဂါမ်ားျဖစ္တဲ့ ေရဖ်ဥ္းစြဲျခင္းနဲ႔ အစာအိမ္ ေသြးေၾကာေပါက္ခဲ့တဲ့ေနာက္ဆက္တြဲေဝဒနာမ်ားကိုလည္း ခံစားေနရၿပီး ေဆး႐ုံတက္ကာ ေဆးကုသမႈခံ ယူေနရလ်က္ရွိပါတယ္။ ေရဖ်ဥ္းစြဲျခင္းဆိုတာ ဝမ္းဗိုက္ကိုဖုံးအုပ္ထားတဲ့ အေျမႇးပါးအလႊာ (Peritoneum) နဲ႔ ကိုယ္တြင္းအဂၤါေတြၾကားရွိ ေနရာမွာ အရည္မ်ား စုမိေနျခင္းျဖစ္သည္။ အရည္မ်ား ဝမ္းဗိုက္အတြင္း အဆမတန္မ်ားလာျခင္းနဲ႔ အဲဒီအရည္ေတြက ဝမ္းဗိုက္ကတစ္ဆင့္ အဆုတ္အေျမႇးပါးအတြင္း ေရာက္ရွိျခင္းတို႔ေၾကာင့္ အဆုတ္ကိုဖိမိရင္ အသက္ရႈက်ပ္ျခင္းေဝဒနာမ်ား ခံစားရေၾကာင္း ေလ့လာဖတ္ရႈမိပါတယ္။ ေရာဂါေဝဒနာခံစားေနရသူ လူ႐ႊင္ေတာ္သိန္းဇံက စိတ္အားငယ္မႈခံစားခ်က္အရ ထုတ္ေဖာ္ေျပာမိခဲ့ေပမယ့္ ေဝဖန္ေျပာ ဆိုေနသူေတြအေနနဲ႔ အျမင္ကိုဖြင့္ၾကည့္ပါက ျမင့္ျမတ္က လူ႐ႊင္ေတာ္သိန္းဇံရဲ႕မိသားစုေဆြမ်ိဳး ရင္းခ်ာ တစ္ဦး လည္းမဟုတ္သလို မျဖစ္မေနလာေရာက္ၾကည့္ရမယ္/လႉဒါန္းရမယ္ဆိုတဲ့ တာဝန္ဝတၱရား သတ္မွတ္ထားျခင္း မရွိပါ။ ဒါေပမဲ့ အႏုပညာေလာကသားအခ်င္းခ်င္း အျပန္အလွန္ ဝိုင္းဝန္းကူညီေဖးမေစာင့္ေရွာက္ရမယ္ဆိုတဲ့ က႐ုဏာစိတ္၊ ကိုယ္ခ်င္းစာ စိတ္ထားတစ္ခုေၾကာင့္သာ ေပးကမ္းလႉဒါန္းေနၾကျခင္းပင္ ျဖစ္ပါတယ္။ အလားတူ သတင္းေမးျမန္းသူ ေတြအေနနဲ႔ကလည္း အလႉခံပုဂၢိဳလ္နဲ႔ အလႉရွင္ပုဂၢိဳလ္တို႔ၾကား နားလည္မႈလြဲမွားေစ ႏိုင္မယ့္ေမးျမန္းေဖာ္ျပမႈပုံစံေတြကို ဆင္ျခင္သင့္ၿပီး မိမိတို႔ရဲ႕သတင္းစကားေၾကာင့္ အခက္အခဲျဖစ္ေနသူအေပၚ ထပ္ဆင့္အပူမေပးမိေစဖို႔ လိုအပ္ပါတယ္။ မင္းသား ထူးခန႔္ေက်ာ္က “ဟာသလူ႐ႊင္ေတာ္ ကိုသိန္းဇံ ေဆးကုသမႈစရိတ္အတြက္ ကြၽန္ေတာ္တို႔မိသားစုက (၁၅)သိန္း က်ပ္ ပါရမီျဖည့္ ကူညီသလို အခ်ိန္မေ႐ြးကြၽန္ေတာ့္ထံေငြလာယူလို႔ရပါတယ္ေနာ္။ ကြၽန္ေတာ္နဲ႔ ဟာသလူ႐ႊင္ေတာ္ကို သိန္းဇံတို႔ တစ္ခါမွမဆုံဖူးသလို ကြၽန္ေတာ့္ဦးေလးလို အစ္ကိုလိုသေဘာထားၿပီး ပါရမီျဖည့္ေပးျခင္းပါခင္ဗ်ာ” လို႔ အားေပးစကားမ်ားဆိုခဲ့ၿပီး၊ လက္ရွိမွာေတာ့ အႏုပညာရွင္တခ်ိဳ႕က သြားေရာက္အားေပးကူညီေနၾကတာကို ေတြ႕ရလ်က္ ရွိပါတယ္။
ဥပေဒအရ ပိုပိုရဲ႕ေၾကညာခ်က္
အဆိုေတာ္ ပိုပိုက ၎နဲ႔ပတ္သက္ၿပီး မဟုတ္မမွန္ေျပာဆိုေရးသားေနသူေတြကို တည္ဆဲဥပေဒအတိုင္း အေရး ယူမႈ လုပ္ေဆာင္ေတာ့မွာျဖစ္ေၾကာင္းကို ႏိုင္ငံ ပိုင္သတင္းစာကတစ္ဆင့္ တရားဝင္ ထည့္သြင္းေၾကညာလိုက္ပါတယ္။ “ေဒၚဝတ္ရည္မိုး (ေခၚ) ပိုပိုသည္ ႏိုင္ငံေက်ာ္ေတးသံရွင္တစ္ဦးျဖစ္ၿပီး ေတးသံရွင္မ်ားစြာကို သီဆိုလ်က္ရွိရာ အႏုပညာ ဂီတေလာကတြင္ျဖစ္ေစ၊ ၎၏ လူမႈပတ္ဝန္းက်င္တြင္ျဖစ္ေစ၊ အမည္ေကာင္းသတင္းျဖင့္ ဂုဏ္သတင္းရွိစြာ ေနထိုင္ေန သူတစ္ဦးျဖစ္ပါသည္။ ေဒၚဝတ္ရည္မိုး (ခ) အဆိုေတာ္ပိုပိုႏွင့္ ၎၏ လူမႈပတ္ဝန္းက်င္တို႔ကို ထိခိုက္နစ္နာေစႏိုင္မွန္း သိလ်က္ႏွင့္ အသေရပ်က္ေစရန္၊ ဂုဏ္သိကၡာက်ဆင္းေစရန္၊ ၎၏ အႏုပညာကိစၥမ်ားကို ထိခိုက္ေစရန္ တမင္ရည္ ႐ြယ္၍ မဟုတ္မမွန္သတင္းႏွင့္စာမ်ားကို Facebook ႏွင့္ TikTok စသည့္ Social Media မ်ားကို အသုံးျပဳ၍ လည္း ေကာင္း၊ လူမႈပတ္ဝန္းက်င္မွျဖစ္ေစ ေျပာဆို ေရးသားျခင္းမ်ားကို လုံးဝ (လုံးဝ) မျပဳလုပ္ရန္၊ ထိုကဲ့သို႔ ေရးသားေျပာဆို သည္မ်ားကိုေတြ႕ရွိပါက တည္ဆဲဥပေဒႏွင့္အညီ အေရးယူေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း” သတင္းစာထဲထည့္သြင္း ေၾကညာထားျခင္း ျဖစ္ပါတယ္။
ေၾကညာခ်က္အရ အႏုပညာရွင္ေတြအေနနဲ႔ ၎တို႔နဲ႔ပတ္သက္ၿပီး ေဝဖန္ေျပာဆိုမႈေတြအေပၚ အကာအကြယ္ ယူထားျခင္းျဖစ္ေပမယ့္ ျမန္မာႏိုင္ငံမွာ အႏုပညာရွင္အမ်ားစုဟာ တရားဝင္သတင္းဌာနေတြ၊ အႏုပညာမီဒီယာေတြနဲ႔ တရားမဝင္ clickbait ေပ့ခ်္ေတြရဲ႕ေဖာ္ျပမႈေတြကို ေရာေထြးလ်က္ရွိၾကၿပီး၊ တန္းတူသတ္မွတ္ၾကကာ အျဖဴ/အမည္း ကြဲျပားစြာ မသိရွိၾကေၾကာင္းေတြ႕ရပါတယ္။ clickbait ေပ့ခ်္ေတြကလည္း ၎တို႔ရဲ႕ ဆိုရွယ္အေကာင့္ေတြ Follower တိုးေစဖို႔ ရည္႐ြယ္ခ်က္တစ္ခုသက္သက္ေၾကာင့္သာ အႏုပညာရွင္ေတြအေၾကာင္း မဟုတ္မမွန္ေရးသာကာ ေခါင္းစဥ္တပ္ ေဖာ္ျပေလ့ရွိၾကတာျဖစ္ပါတယ္။
ျဖစ္ရပ္မွန္ တိမ္ပင္လယ္ခရီးၾကမ္း တိုက္ပြဲမ်ားကို ၾကည့္ရႈခဲ့ျခင္း
ဒါ႐ိုက္တာ တင္ေအာင္စိုး(ပန္းၿမိဳ႕ေတာ္)က ေနာင္ခ်ိဳ-ေတာင္ခမ္းၿမိဳ႕သိမ္းတိုက္ပြဲမ်ားမွာ “က်ဆုံးသြားေသာ စစ္သည္မ်ားႏွင့္ ပါဝင္တိုက္ပြဲဝင္ခဲ့ၾကေသာ သူရဲေကာင္းမ်ားကို ဂုဏ္ျပဳေဖာ္ျပမႈ” အျဖစ္ တိမ္ပင္လယ္ခရီးၾကမ္းဇာတ္ ကားကို အသက္သြင္းခဲ့ျခင္းျဖစ္ေၾကာင္း ေျပာၾကားလိုက္ပါတယ္။ “ကြၽန္ေတာ္တို႔အေနနဲ႔ ဒီ႐ုပ္ရွင္ဇာတ္ကားနဲ႔ ပတ္သက္ လို႔ရွိရင္ ႐ုပ္ရွင္ဇာတ္ကားအျဖစ္ ႐ုံတင္ျပသတာမွန္ေသာ္လည္း ကြၽန္ေတာ္တို႔ရဲ႕ရည္မွန္းခ်က္သည္ ဝင္ေငြလည္း မဟုတ္သလို အကယ္ဒမီဆု ေတြအတြက္လည္း မဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔ စစ္ဆင္ေရးမွာ တိုက္ပြဲမွာ အသက္ေပးသြား ရတဲ့ ကြၽန္ေတာ္တို႔သူရဲေကာင္းေတြရဲ႕ဝိညာဥ္ေတြကိုသာ ကြၽန္ေတာ္တို႔ ဂုဏ္ျပဳျခင္းျဖစ္ပါတယ္။ လူမ်ားမ်ားၾကည့္ ေစခ်င္တာကလြဲရင္ က်န္တဲ့ေမွ်ာ္လင့္ခ်က္မရွိပါဘူး။ အဓိက က်ဆုံးသြားတဲ့ စစ္သည္ေတြ၊ ပါဝင္တိုက္ပြဲဝင္ခဲ့ၾကတဲ့ သူရဲ ေကာင္းေတြကိုသာ ဂုဏ္ျပဳျခင္းျဖစ္ပါတယ္” လို႔ ႐ုပ္ရွင္ပရီမီယံရႈိး မျပသခင္ မိတ္ဆက္စကားေျပာၾကားစဥ္မွာ ထည့္သြင္းေျပာၾကားခဲ့ပါတယ္။
“တိမ္ပင္လယ္ခရီးၾကမ္း” ႐ုပ္ရွင္ဇာတ္ကားပရီမီယံရႈိးျပပြဲကို မတ္လ (၁၁) ရက္ ေန႔လယ္ (၁) နာရီက ရန္ကင္း ၿမိဳ႕နယ္ရွိ ျမဝတီမီဒီယာစင္တာရွိ ႐ုပ္ရွင္႐ုံခန္းမမွာ ျပသခဲ့ပါတယ္။
Battle Of Taung Hkam “တိမ္ပင္လယ္ ခရီးၾကမ္း” ႐ုပ္ရွင္ဟာ (၂၀၂၃) ခုႏွစ္ ေအာက္တိုဘာကစတင္ၿပီး ေနာင္ခ်ိဳ-ျပင္ဦးလြင္-မႏၲေလးၿမိဳ႕အထိ ထိုးေဖာက္ဝင္ေရာက္လာတဲ့အၾကမ္းဖက္သမားေတြကို တပ္မေတာ္သားေတြ ႏွိမ္နင္း ေမာင္းထုတ္ခဲ့ၾကတဲ့ ျဖစ္ရပ္မွန္ တိုက္ပြဲမ်ားအေၾကာင္း ႐ိုက္ကူးထားတဲ့႐ုပ္ရွင္ဇာတ္ကားျဖစ္ပါတယ္။ အကယ္ဒမီ ဒါ႐ိုက္တာ တင္ေအာင္စိုး (ပန္းၿမိဳ႕ေတာ္)က “တကယ္တမ္းေျမျပင္မွာ တိုက္ပြဲေပါင္း (၂၀ဝ) ေက်ာ္ရွိခဲ့ေပ မယ့္ ႐ုပ္ရွင္ထဲမွာ တိုက္ပြဲေတြအားလုံးကို မျပႏိုင္ေပမယ့္ တိုက္ပြဲ(၈)ပြဲကိုသာ ထည့္သြင္းျပႏိုင္ပါတယ္။ ႐ုပ္ရွင္သေဘာ အရ ရသေျမာက္ေအာင္ ဇာတ္လမ္းေတြခ်ိတ္ဆက္ၿပီးျပရတဲ့အတြက္ ႐ုပ္ရွင္ကိုလည္း ေလးလံမသြားေအာင္၊ တကယ့္ ျဖစ္ရပ္မွန္ကိုလည္း ပ်က္ျပယ္မသြားေအာင္ ႐ုပ္ရွင္ရဲ႕သေဘာသဘာဝနဲ႔ တပ္မေတာ္ရဲ႕ စစ္နည္းဗ်ဴဟာနဲ႔လည္း မလြတ္ ေအာင္ အတတ္ႏိုင္ဆုံး ႐ိုက္ကူးတင္ဆက္ထားပါတယ္” လို႔ ေျပာၾကားခဲ့ပါတယ္။
(၂၀၂၃) ခုႏွစ္၊ ေအာက္တိုဘာလ၊ (၂၇) ရက္က ေျမာက္ပိုင္းညီေနာင္မဟာမိတ္သုံးဖြဲ႕ အဖြဲ႕ဝင္ေတြျဖစ္ၾကတဲ့ AA လက္နက္ကိုင္အဖြဲ႕၊ ျမန္မာအမ်ိဳးသား ဒီမိုကရက္တစ္မဟာမိတ္တပ္မေတာ္ (MNDAA) နဲ႔ တအာင္း အမ်ိဳးသား လြတ္ေျမာက္ေရးတပ္မေတာ္ (TNLA) တို႔ စတင္ခဲ့တဲ့ (၁၀၂၇) စစ္ဆင္ေရးေၾကာင့္ျဖစ္ေပၚလာတဲ့ ျပည္တြင္း တိုက္ပြဲမ်ား အနက္ ေနာင္ခ်ိဳၿမိဳ႕သိမ္းတိုက္ပြဲ၊ ေတာင္ခမ္းတိုက္ပြဲ၊ ေတာင္ေပၚႀကီးစခန္းကုန္း (ဇင္ေယာ္ကုန္း)၊ ေတာင္ခမ္း-မက်ီးေရ ျပန္လည္ခ်ိတ္ဆက္ႏိုင္ခဲ့ျခင္း၊ အမွတ္(၉၀၂)အေျမာက္စခန္းကြပ္ကဲမႈဌာနခ်ဳပ္နဲ႔အတူ ေျခလ်င္ေျချမန္တပ္ရင္းမ်ားနဲ႔ ဒ႐ုန္းတပ္ဖြဲ႕တို႔ရဲ႕ ပူးေပါင္း တိုက္ပြဲဝင္ပုံမ်ားကို ၾကည့္ရႈၾကရမွာျဖစ္ပါတယ္။ “တိမ္ပင္လယ္ခရီးၾကမ္း” ႐ုပ္ရွင္ဇာတ္ ကားကိုၾကည့္ရႈၿပီးသူတစ္ဦးအေနနဲ႔ ဒီဇာတ္ကားကို ဘယ္လိုလူေတြ ၾကည့္ရႈသင့္ပါသလဲဆိုရင္ “တိုင္းျပည္ကို ခ်စ္ျမတ္ႏိုးသူတိုင္း ၾကည့္ရႈသင့္ပါတယ္” လို႔ ဆိုပါရေစ။
ဒီဇာတ္ကားမွာ ျမန္မာႏိုင္ငံသား တိုင္းရင္းသားညီအစ္ကိုေမာင္ႏွမအခ်င္းခ်င္း နယ္ေျမလုတိုက္ပြဲေတြေၾကာင့္ လူ႔အသက္ေပါင္းမ်ားစြာ ဆုံးရႈံးၾကရပုံ၊ တပ္မေတာ္သားမ်ားမွ အမိေျမကို အသက္ေပး ကာကြယ္ေစာင့္ေရွာက္ပုံနဲ႔ တပ္မေတာ္ရဲ႕ခံစစ္မွ ထိုးစစ္သို႔ေျပာင္းလဲခ်ိန္မွာ အသုံးျပဳခဲ့တဲ့ စစ္နည္းဗ်ဴဟာမ်ားနဲ႔ လက္နက္ခဲယမ္းမ်ားကို ျပည္သူ မ်ားသိရွိခြင့္ရၾကမွာျဖစ္ပါတယ္။ “တိမ္ပင္လယ္ခရီးၾကမ္း” ႐ုပ္ရွင္ဇာတ္ကားမွာ သ႐ုပ္ေဆာင္ နကၡတ္၊ ေအာင္ေက်ာ္ ထြန္း၊ စိုးသီဟ၊ ေနလင္းရွိန္၊ နက္ရႈိင္းကို၊ ပိုင္အုပ္စိုးေအာင္၊ ခိုင္ေဇာ္၊ ဉာဏ၊ ျမယာ၊ ျမနႏၵာ တို႔နဲ႔အတူ တပ္မေတာ္ သားမ်ားနဲ႔မိသားစုဝင္မ်ား ပါဝင္ထားၿပီး၊ ဇာတ္òန္းႏွင့္ ဒါ႐ိုက္တာအျဖစ္ အကယ္ဒမီ တင္ေအာင္စိုး (ပန္းၿမိဳ႕ေတာ္)က ႐ိုက္ကူးပုံေဖာ္မႈကို ရတနာေအာင္ထုတ္လုပ္ေရးက ထုတ္လုပ္ျဖန႔္ခ်ိခဲ့ျခင္းျဖစ္ပါတယ္။ “တိမ္ပင္လယ္ခရီးၾကမ္း” ႐ုပ္ရွင္ ဇာတ္ကားကို မတ္လ (၁၃) ရက္ (ေသာၾကာေန႔) မွ (၁၉) ရက္(ၾကာသပေတးေန႔) အထိ ျမန္မာတစ္ႏိုင္ငံလုံးရွိ ႐ုပ္ရွင္ ေတြမွာ ႐ုံတင္ျပသလ်က္ရွိရာ မတ္လ (၂၅) ရက္နဲ႔ (၂၆) ရက္တို႔မွာလည္း ႏိုင္ငံပိုင္႐ုပ္ျမင္သံၾကားလိုင္းမ်ားက ႏွစ္ႀကိမ္ ဆက္တိုက္ ထုတ္လႊင့္ျပသသြားမွာျဖစ္ပါတယ္။
ဒီတစ္ပတ္အတြက္ အႏုပညာက႑ကို ဒီေလာက္နဲ႔ရပ္နားပါရေစ။