BTS အဖွဲ့ဝင် ဂျောင်ကွတ်၏ “Seven” သီချင်းက ကမ္ဘာလုံးဆိုင်ရာဇယားများတွင် နောက်ထပ် မှတ်တိုင်သစ်များစိုက်ထူ

 65

Pika (NP News) - မတ် ၁၅

တောင်ကိုရီးယားနာမည်ကျော် အမျိုးသား အဆိုတော်အဖွဲ့ BTS ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဂျောင်ကွတ်၏ “Seven” သီချင်းသည် Billboard ကမ္ဘာလုံးဆိုင်ရာ ဇယားများတွင် နောက်ထပ်မှတ်တိုင် တစ်ခုကို စိုက်ထူနိုင်ခဲ့ပြီ ဖြစ် ကြောင်းသိရသည်။ Billboard ကထုတ်ပြန်ခဲ့သည့်ဇယားအရ ဂျောင်ကွတ်၏ “Seven”သီချင်းသည် Global 200 ဇယား၌ အဆင့်(၁၆၀)တွင် ရပ်တည်နိုင်ခဲ့ကြောင်း လည်းသိရသည်။ အဆိုပါအောင်မြင်မှုနှင့်အတူ ‘Seven’ သီချင်းသည် Global 200 ဇယားတွင် သီတင်းပတ်(၁၃၄)ပတ်ဆက်တိုက် ရပ်တည်နိုင်ခဲ့ပြီး အာရှအဖွဲ့များနှင့် တစ်ကိုယ်တော် အနုပညာရှင် များကြားတွင် ယင်းဇယားမှာ ပထမဆုံးနှင့်အချိန်အကြာဆုံးရပ်တည်ခဲ့သည့် သီချင်းတစ်ပုဒ်အဖြစ် စံချိန်တင်ခဲ့ကြောင်း သိရသည်။ ထို့ပြင် ယင်းအောင်မြင်မှုက ဂျောင်ကွတ်၏ ကမ္ဘာလုံးဆိုင်ရာရေပန်းစားကျော် ကြားမှုများကို သက်သေပြ နေခြင်းမျိုးဖြစ်ကြောင်းလည်း သိရသည်။

“Seven” သီချင်းသည် Global Excl. U.S ဇယားတွင်လည်း အဆင့်(၇၅) နေရာတွင် ရပ်တည်နေခဲ့ပြီး သီတင်းပတ်(၁၃၇)ပတ်ဆက်တိုက် အဆိုပါဇယားတွင် ရပ်တည်နိုင်ခဲ့ကြောင်းသိရသည်။ အဆိုပါအောင်မြင်မှုသည် အာရှတစ်ကိုယ်တော်အနု ပညာရှင်တစ်ဦး၏ သီချင်းက Global Excl. U.S ဇယားတွင် အချိန် အကြာဆုံးရပ်တည်နိုင်ခဲ့သည့်သီချင်းအဖြစ် နောက်ထပ်မှတ်တိုင်တစ်ခုကို စိုက်ထူနိုင်ခဲ့ကြောင်းလည်းသိရသည်။ ဂျောင် ကွတ်၏ ‘‘Seven” သီချင်းသည် ထွက်ရှိခဲ့သည်မှာ အချိန်ကြာပြီဖြစ်သော်လည်း လက်ရှိအချိန်အထိ ကမ္ဘာတစ်ဝန်းရှိ ပရိသတ် များကြားတွင် ရေပန်းစားနေဆဲဖြစ်ကြောင်းလည်း သိရသည်။

Zawgyi Version;
BTS အဖြဲ႕ဝင္ ေဂ်ာင္ကြတ္၏ “Seven” သီခ်င္းက ကမာၻလုံးဆိုင္ရာဇယားမ်ားတြင္ ေနာက္ထပ္ မွတ္တိုင္သစ္မ်ားစိုက္ထူ
Pika (NP News) - မတ္ ၁၅
ေတာင္ကိုရီးယားနာမည္ေက်ာ္ အမ်ိဳးသား အဆိုေတာ္အဖြဲ႕ BTS ၏ အဖြဲ႕ဝင္တစ္ဦးျဖစ္သူ ေဂ်ာင္ကြတ္၏ “Seven” သီခ်င္းသည္ Billboard ကမာၻလုံးဆိုင္ရာ ဇယားမ်ားတြင္ ေနာက္ထပ္မွတ္တိုင္ တစ္ခုကို စိုက္ထူႏိုင္ခဲ့ၿပီ ျဖစ္ ေၾကာင္းသိရသည္။ Billboard ကထုတ္ျပန္ခဲ့သည့္ဇယားအရ ေဂ်ာင္ကြတ္၏ “Seven”သီခ်င္းသည္ Global 200 ဇယား၌ အဆင့္(၁၆၀)တြင္ ရပ္တည္ႏိုင္ခဲ့ေၾကာင္း လည္းသိရသည္။ အဆိုပါေအာင္ျမင္မႈႏွင့္အတူ ‘Seven’ သီခ်င္းသည္ Global 200 ဇယားတြင္ သီတင္းပတ္(၁၃၄)ပတ္ဆက္တိုက္ ရပ္တည္ႏိုင္ခဲ့ၿပီး အာရွအဖြဲ႕မ်ားႏွင့္ တစ္ကိုယ္ေတာ္ အႏုပညာရွင္ မ်ားၾကားတြင္ ယင္းဇယားမွာ ပထမဆုံးႏွင့္အခ်ိန္အၾကာဆုံးရပ္တည္ခဲ့သည့္ သီခ်င္းတစ္ပုဒ္အျဖစ္ စံခ်ိန္တင္ခဲ့ေၾကာင္း သိရသည္။ ထို႔ျပင္ ယင္းေအာင္ျမင္မႈက ေဂ်ာင္ကြတ္၏ ကမာၻလုံးဆိုင္ရာေရပန္းစားေက်ာ္ ၾကားမႈမ်ားကို သက္ေသျပ ေနျခင္းမ်ိဳးျဖစ္ေၾကာင္း လည္းသိရသည္။ “Seven” သီခ်င္းသည္ Global Excl. U.S ဇယားတြင္လည္း အဆင့္(၇၅) ေနရာတြင္ ရပ္တည္ေနခဲ့ၿပီး သီတင္းပတ္(၁၃၇)ပတ္ဆက္တိုက္ အဆိုပါဇယားတြင္ ရပ္တည္ႏိုင္ခဲ့ေၾကာင္းသိရသည္။ အဆိုပါေအာင္ျမင္မႈသည္ အာရွတစ္ကိုယ္ေတာ္အႏု ပညာရွင္တစ္ဦး၏ သီခ်င္းက Global Excl. U.S ဇယားတြင္ အခ်ိန္ အၾကာဆုံးရပ္တည္ႏိုင္ခဲ့သည့္သီခ်င္းအျဖစ္ ေနာက္ထပ္မွတ္တိုင္တစ္ခုကို စိုက္ထူႏိုင္ခဲ့ေၾကာင္းလည္းသိရသည္။ ေဂ်ာင္ ကြတ္၏ ‘‘Seven” သီခ်င္းသည္ ထြက္ရွိခဲ့သည္မွာ အခ်ိန္ၾကာၿပီျဖစ္ေသာ္လည္း လက္ရွိအခ်ိန္အထိ ကမာၻတစ္ဝန္းရွိ ပရိသတ္ မ်ားၾကားတြင္ ေရပန္းစားေနဆဲျဖစ္ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.