အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်‌ဆောင်ရွက်ရန်လို

 96

ထိုက်စံ (NP News)-မတ် ၁၅
အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်‌ဆောင်ရွက်ရန်လိုအပ်ကြောင်း မြန်မာနိုင်ငံ၏ အာဆီယံစီးပွားရေးဝန်ကြီးဖြစ်သူ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝါဝါမောင်၏ ပြောကြားချက်အရ သိရသည်။
ဖိလစ်ပိုင်နိုင်ငံ၊ တာဂွစ်မြို့၌ ပြီးခဲ့သည့်(မတ် ၁၂ ရက်)မှ (မတ် ၁၃ ရက်)အထိ ကျင်းပခဲ့သည့် (၃၂) ကြိမ်မြောက် အာဆီယံစီးပွားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးပွဲ၌ ပြည်ထောင်စုဝန်ကြီးမှ ဆွေးနွေးပြောကြားခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုဝန်ကြီးမှ လက်ရှိကာလတွင် ပထဝီနိုင်ငံရေး နှင့် ပထဝီစီးပွားရေးဆိုင်ရာ မသေချာမှုများ မြင့်တက်နေသည့်အတွက် စီးပွားရေးလုံခြုံမှုသည် အရေးကြီးကြောင်း၊ ဒေသ တွင်း တန်ဖိုးကွင်းဆက်ကြံ့ကြံ့ခံနိုင်ရေး၊ စီးပွားရေးတိုးတက်မှု တည်ငြိမ်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှု နက်ရှိုင်းစေရေးအတွက် စီးပွားရေးလုံခြုံမှုသည် မရှိ မဖြစ်လိုအပ်ကြောင်း၊ လက်ရှိဖြစ်ပွား နေသည့် အရှေ့အလယ်ပိုင်းပဋိပက္ခသည် ဒေသတွင်းစွမ်းအင်လုံခြုံမှုအပေါ် စိန်ခေါ်မှုဖြစ်စေသည့်အတွက် အဖွဲ့ဝင်နိုင်ငံများ အကြား စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်‌ဆောင်ရွက်ရန်လိုအပ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ထို့အပြင် စွမ်းအင်နှင့် သယ်ယူပို့ဆောင်မှုစရိတ် မြင့်တက်မှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ကုန်ဈေးနှုန်းကြီးမြင့်မှု၊ ထောက်ပံ့ပို့ဆောင်ရေး ကွင်းဆက်ပြတ်တောက်မှု၊ စားရေရိက္ခာ လုံခြုံမှုအတွက်လည်း ဒေသတွင်းပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ စီးပွား ရေးအပေါ် ရိုက်ခတ်လျက်ရှိသည့် လက်ရှိ ကြုံတွေ့နေရသည့် စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန် အာဆီယံ၏ အချက်အချာကျမှုကို ဗဟိုပြု၍ မည်သည့်အဖွဲ့ဝင်နိုင်ငံမှ နောက်ကျကျန်ရစ်နေမှုမရှိစေဘဲ ဒေသတွင်းနိုင်ငံများအကြား စည်းလုံးညီညွတ်မှုအားကောင်းစေရေးကို တွန်းအားပေးဆောင်ရွက်ရန်ဖြစ်ကြောင်းနှင့် အစိုးရနှင့်ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်မှုများ ပိုမိုနက်ရှိုင်းခိုင်မာစေ ရန်လည်းလိုအပ်ကြောင်း အလေးထား ဆွေးနွေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ၂၀၂၆ ခုနှစ် ဖိလစ်ပိုင်နိုင်ငံအာဆီယံအလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူစဉ် ဦးစားပေးဆောင်ရွက်မည့် စီးပွားရေးလုပ်ငန်းစဉ်များ (Priority Economic Deliverables- PEDs) အချိန် မီအကောင်အထည်ဖော်ပြီးစီးရေးအတွက် အခြားအာဆီယံနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အာဆီယံအပေါင်းတစ် လွတ်လပ်သောကုန်သွယ်မှုဒေသများ ညှိနှိုင်းရာတွင် နှစ်ဦးနှစ်ဖက်အကျိုးရှိသည့်ရလဒ်များ ထွက်ပေါ်လာစေရေးအတွက် ညှိနှိုင်းဆောင်ရွက်ရန်လိုအပ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

Zawgyi Version:
အာဆီယံအဖြဲ႕ဝင္ႏိုင္ငံမ်ားအၾကား စြမ္းအင္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္မႈ တိုးျမႇင့္‌ေဆာင္႐ြက္ရန္လို
ထိုက္စံ (NP News)-မတ္ ၁၅
အာဆီယံအဖြဲ႕ဝင္ႏိုင္ငံမ်ားအၾကား စြမ္းအင္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္မႈ တိုးျမႇင့္‌ေဆာင္႐ြက္ရန္လိုအပ္ေၾကာင္း ျမန္မာႏိုင္ငံ၏ အာဆီယံစီးပြားေရးဝန္ႀကီးျဖစ္သူ ရင္းႏွီးျမႇဳပ္ႏွံမႈႏွင့္ ႏိုင္ငံျခားစီးပြားဆက္သြယ္ေရးဝန္ႀကီးဌာန ၊ ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာဝါဝါေမာင္၏ ေျပာၾကားခ်က္အရ သိရသည္။
ဖိလစ္ပိုင္ႏိုင္ငံ၊ တာဂြစ္ၿမိဳ႕၌ ၿပီးခဲ့သည့္(မတ္ ၁၂ ရက္)မွ (မတ္ ၁၃ ရက္)အထိ က်င္းပခဲ့သည့္ (၃၂) ႀကိမ္ေျမာက္ အာဆီယံစီးပြားေရးဝန္ႀကီးမ်ား သီးသန႔္အစည္းအေဝးပြဲ၌ ျပည္ေထာင္စုဝန္ႀကီးမွ ေဆြးေႏြးေျပာၾကားခဲ့ျခင္းျဖစ္သည္။
ျပည္ေထာင္စုဝန္ႀကီးမွ လက္ရွိကာလတြင္ ပထဝီႏိုင္ငံေရး ႏွင့္ ပထဝီစီးပြားေရးဆိုင္ရာ မေသခ်ာမႈမ်ား ျမင့္တက္ေနသည့္အတြက္ စီးပြားေရးလုံၿခဳံမႈသည္ အေရးႀကီးေၾကာင္း၊ ေဒသ တြင္း တန္ဖိုးကြင္းဆက္ႀကံ့ႀကံ့ခံႏိုင္ေရး၊ စီးပြားေရးတိုးတက္မႈ တည္ၿငိမ္ေရးႏွင့္ ပူးေပါင္းေဆာင္႐ြက္မႈ နက္ရႈိင္းေစေရးအတြက္ စီးပြားေရးလုံၿခဳံမႈသည္ မရွိ မျဖစ္လိုအပ္ေၾကာင္း၊ လက္ရွိျဖစ္ပြား ေနသည့္ အေရွ႕အလယ္ပိုင္းပဋိပကၡသည္ ေဒသတြင္းစြမ္းအင္လုံၿခဳံမႈအေပၚ စိန္ေခၚမႈျဖစ္ေစသည့္အတြက္ အဖြဲ႕ဝင္ႏိုင္ငံမ်ား အၾကား စြမ္းအင္ဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္မႈ တိုးျမႇင့္‌ေဆာင္႐ြက္ရန္လိုအပ္ေၾကာင္း ေဆြးေႏြးေျပာၾကားခဲ့သည္။
ထို႔အျပင္ စြမ္းအင္ႏွင့္ သယ္ယူပို႔ေဆာင္မႈစရိတ္ ျမင့္တက္မႈေၾကာင့္ ျဖစ္ေပၚလာႏိုင္သည့္ ကုန္ေဈးႏႈန္းႀကီးျမင့္မႈ၊ ေထာက္ပံ့ပို႔ေဆာင္ေရး ကြင္းဆက္ျပတ္ေတာက္မႈ၊ စားေရရိကၡာ လုံၿခဳံမႈအတြက္လည္း ေဒသတြင္းပူးေပါင္း ေဆာင္႐ြက္ရန္ လိုအပ္ေၾကာင္း၊ စီးပြား ေရးအေပၚ ႐ိုက္ခတ္လ်က္ရွိသည့္ လက္ရွိ ႀကဳံေတြ႕ေနရသည့္ စိန္ေခၚမႈမ်ားကို ေက်ာ္လႊားႏိုင္ရန္ အာဆီယံ၏ အခ်က္အခ်ာက်မႈကို ဗဟိုျပဳ၍ မည္သည့္အဖြဲ႕ဝင္ႏိုင္ငံမွ ေနာက္က်က်န္ရစ္ေနမႈမရွိေစဘဲ ေဒသတြင္းႏိုင္ငံမ်ားအၾကား စည္းလုံးညီၫြတ္မႈအားေကာင္းေစေရးကို တြန္းအားေပးေဆာင္႐ြက္ရန္ျဖစ္ေၾကာင္းႏွင့္ အစိုးရႏွင့္ပုဂၢလိက ပူးေပါင္း ေဆာင္႐ြက္မႈမ်ား ပိုမိုနက္ရႈိင္းခိုင္မာေစ ရန္လည္းလိုအပ္ေၾကာင္း အေလးထား ေဆြးေႏြးခဲ့ေၾကာင္း သိရသည္။
ဆက္လက္၍ ျပည္ေထာင္စုဝန္ႀကီးက ၂၀၂၆ ခုႏွစ္ ဖိလစ္ပိုင္ႏိုင္ငံအာဆီယံအလွည့္က် ဥကၠ႒ တာဝန္ယူစဥ္ ဦးစားေပးေဆာင္႐ြက္မည့္ စီးပြားေရးလုပ္ငန္းစဥ္မ်ား (Priority Economic Deliverables- PEDs) အခ်ိန္ မီအေကာင္အထည္ေဖာ္ၿပီးစီးေရးအတြက္ အျခားအာဆီယံႏိုင္ငံမ်ားႏွင့္ ပူးေပါင္းေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း၊ အာဆီယံအေပါင္းတစ္ လြတ္လပ္ေသာကုန္သြယ္မႈေဒသမ်ား ညႇိႏႈိင္းရာတြင္ ႏွစ္ဦးႏွစ္ဖက္အက်ိဳးရွိသည့္ရလဒ္မ်ား ထြက္ေပၚလာေစေရးအတြက္ ညႇိႏႈိင္းေဆာင္႐ြက္ရန္လိုအပ္ေၾကာင္း ေဆြးေႏြးေျပာၾကားခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.