အီရန်နိုင်ငံ၏အမြင့်ဆုံးဘာသာရေးခေါင်းဆောင်ခြေထောက် ဆုံးရှုံးထားသလို ကိုမာဝင်နေဟု သတင်းများထွက်ပေါ်
2638
ဂျန်ဇက် (NP News) - မတ် ၁၅
အမေရိကန်-အစ္စရေး ပူးပေါင်းတိုက်ခိုက်မှုတွေကြောင့် ဖခင်ဖြစ်သူကွယ်လွန်သွားပြီးနောက် အီရန်နိုင်ငံ၏ အဆင့်မြင့်ဆုံးဘာသာရေးခေါင်းဆောင် အဓိပတိသစ်အဖြစ်ရွေးချယ်ခံထားရသည့် မိုဂျ်တာဘာခါမေနီသည် လက်ရှိမှာ ကိုမာဝင်နေပြီး ခြေထောက်တစ်ဖက် သို့မဟုတ် နှစ်ဖက်စလုံး ဖြတ် တောက်ခံထားရသည်ဆိုသော သတင်းများထွက် ပေါ်လျက်ရှိနေသည်။
ဗြိတိန်အခြေစိုက် The Sun နှင့် Daily Mail သတင်းဌာနများက အီရန်နိုင်ငံ၏ အဓိပတိ ဖြစ်သူသည် တီဟီရန် မြို့က Sina University Hospital ၏ အထူးကြပ်မတ်ကုသဆောင်တွင်ကုသခံနေရပြီး ကိုမာဝင်နေကြောင်းဖော်ပြထား သည်။ လက်ရှိအချိန်တွင် အီရန်အာဏာပိုင်များသည်ဆေးရုံ၏ အစိတ်အပိုင်းတစ်ခုလုံးကို လုံခြုံရေးများအပြည့်ချ ထားပြီး ပိတ်ဆို့ထားကြောင်းသိရသည်။
အီရန်အစိုးရသည် ပြီးခဲ့သည့်ရက်ပိုင်းတွင် အီရန်ခေါင်းဆောင်အသစ် မိုဂျ်တာဘာခါမေနီ၏ “သတင်း စကား”ကို နိုင်ငံတော်ရုပ်သံမှတစ်ဆင့် ဖတ်ကြားပြခဲ့ကာ အဆိုပါကြေညာချက်ထဲတွင် အရှေ့အလယ်ပိုင်းက အမေရိကန်စစ် စခန်း များကို ပိတ်သိမ်းရန်တောင်းဆိုထားသလို ဟော်မုဇ်ရေလက်ကြားကို ဆက်လက်ပိတ်ဆို့ ထားမည်ဟု ဖော်ပြထားသည်။ ထို့ပြင် အီရန်ခေါင်းဆောင်အသစ်က အီရန်အာဇာနည်များအတွက် လက်စားချေသွားမှာဖြစ် သလို အမေရိကန် နိုင်ငံထံမှလျော်ကြေးတောင်းခံသွားမည်ဟု ကြေညာချက်ထဲတွင်ဖော်ပြထားကြောင်း သတင်းများကဖော်ပြထားသည်။ လက်ရှိအချိန်တွင် အီရန်အစိုးရက မိုဂျ်တာဘာ ခါမေနီသည် ခြေထောက် ဖြတ်ခံထားရသည်ဆိုသောသတင်း များကို ငြင်းဆန် ပယ်ချထားကြောင်းသိရသည်။
အီရန်သမ္မတ၏သားဖြစ်သူ ယူဆက်ဖ်ပက် ဇက်ရှ်ကီယန် (Yousef Pezeshkian)က အီရန်နိုင်ငံ၏အမြင့်ဆုံး ဘာသာရေးခေါင်းဆောင် မိုဂျ်တာဘာသည် ဘေးကင်းလုံခြုံစွာရှိနေကြောင်း ၎င်း၏ လူမူကွန်ရက်တွင် ရေးသားဖော်ပြထားသည်။
Zawgyi Version;
ဂျန်ဇက် (NP News) - မတ် ၁၅
အမေရိကန်-အစ္စရေး ပူးပေါင်းတိုက်ခိုက်မှုတွေကြောင့် ဖခင်ဖြစ်သူကွယ်လွန်သွားပြီးနောက် အီရန်နိုင်ငံ၏ အဆင့်မြင့်ဆုံးဘာသာရေးခေါင်းဆောင် အဓိပတိသစ်အဖြစ်ရွေးချယ်ခံထားရသည့် မိုဂ်ျတာဘာခါမေနီသည် လက်ရှိမှာ ကိုမာဝင်နေပြီး ခြေထောက်တစ်ဖက် သို့မဟုတ် နှစ်ဖက်စလုံး ဖြတ် တောက်ခံထားရသည်ဆိုသော သတင်းများထွက် ပေါ်လျက်ရှိနေသည်။
အီရန်သမ္မတ၏သားဖြစ်သူ ယူဆက်ဖ်ပက် ဇက်ရှ်ကီယန် (Yousef Pezeshkian)က အီရန်နိုင်ငံ၏အမြင့်ဆုံး ဘာသာရေးခေါင်းဆောင် မိုဂ်ျတာဘာသည် ဘေးကင်းလုံခြုံစွာရှိနေကြောင်း ၎င်း၏ လူမူကွန်ရက်တွင် ရေးသားဖော်ပြထားသည်။