စက်သုံးဆီကိစ္စ အစိုးရက စည်းကမ်းချက်ထုတ် ကိုင်တွယ်နေသော်လည်း အောက်ခြေတွင်ကယောက်ကယက် ဖြစ်နေ

 5191

Pearl(NP News)-မတ် ၁၅
အရှေ့အလယ်ပိုင်း ပဋိပက္ခကြောင့် ကမ္ဘာ့နိုင်ငံများနည်းတူ မြန်မာနိုင်ငံတွင်လည်း စက်သုံးဆီ ခြိုးခြံချွေတာ ရေးနှင့် ဖူလုံမှုရရှိစေရေးအတွက် စည်းကမ်းချက်များချမှတ်ကာကိုင်တွယ်နေရာ အစိုးရ၏ ဆောင်ရွက်ချက်များမှာ မှားယွင်းသည်ဟုပြော၍ မရသော်လည်း အောက်ခြေတွင်ဝေဝါးကာ ကယောက် ကယက်ဖြစ်နေကြောင်း NP News က မေးမြန်းထားချက်များနှင့်တွေ့ရှိချက်များအရ သိရ သည်။
လက်ရှိတွင် အစိုးရအနေဖြင့် မော်တော် ယာဉ်များ၊ ဆိုင်ကယ်များအား စုံဂဏန်း/မဂဏန်းခွဲ၍ စုံရက်/မရက် များတွင်သာ မောင်းနှင်အသုံးပြု ခွင့်ပေးခြင်း၊ စုံဂဏန်း/မဂဏန်းခွဲ၍ စက်သုံးဆီ ရောင်းချခြင်းအပြင် ထပ်တိုးအဖြစ် မော်တော်ယာဉ်များအတွက် Wheel Tax ၏ Barcode ကိုလည်းကောင်း၊ မော်တော်ဆိုင်ကယ်များအတွက် Wheel Tax ပါအချက်အလက်များကိုအသုံးပြုပြီး QR Code ထုတ်ပေး၍လည်းကောင်း Application ဖြင့် အလိုအလျောက်စစ်ဆေး သည့်နည်းလမ်းဖြင့် စက်သုံးဆီများ စိစစ်ရောင်းချပေးလျက်ရှိသည်။
Wheel Tax ၏ Barcode ကို စကင်ဖတ်ရာတွင် ကညနစည်းက အဆိုပါ Code ပေါ် အနည်းငယ်ရောက်နေလျှင် အကျုံးမဝင်သည့်အတွက် ဟုဆိုကာ ဆီမရောင်းချပေးခြင်းမျိုးရှိနေပြီး အချို့နေရာများတွင် Barcode ချင်းတူပြီး ကားနံပါတ်ချင်း မတူသည့်အတွက် ဝယ်ယူမရခြင်းမျိုးလည်း ရှိနေသည်။
ထို့ပြင် စက်သုံးဆီရောင်းချရာတွင်လည်း (၁) ရက်လျှင် အများဆုံးရောင်းချနိုင်သည့်ပမာဏကို ဆိုင်ကယ်တစ်စီး အတွက် 92 Ron / 95 Ron (၃) လီတာ၊ သုံးဘီးနှင့် အိုးဝေများအတွက် (၃) လီ တာ၊ အိမ်စီးကားများအတွက် (၁၅) လီတာ၊ အိမ်စီးကားနှင့် Light Truck ယာဉ်များအတွက် HSD / PHSD (၂၅) လီတာ၊ ခရီးသည်တင်ယာဉ်/ ကုန် တင်ကားများ အတွက် (၅၀)လီတာ၊ ကုန်တင်တွဲ ကား ကြီးများအတွက် (၁၅၀) လီတာဟု ကန့်သတ်ထားကြောင်း သိရသည်။
ထိုသို့ ကန့်သတ်ထားသည့် ပမာဏသည် ခရီးသည်တင်ယာဉ်များအတွက် မလောက်ငသည့် အတွက် အချို့ယာဉ်လိုင်းများမှာပြင်ပမှ ဈေးကြီးပေး ဝယ်ယူနေရသည့်ဖြစ်စဉ်များရှိကြောင်း သိရသည်။ “ရန်ကုန် - တောင်ကြီး အသွားအပြန်ဆိုရင် လီတာ က (၃၄၀) ကျော်လောက်ကုန်တယ်။ ဂါလန်နဲ့ဆိုရင် (၇၆) ဂါလန်လောက် ကုန်တယ်။ အခု တောင်ကြီးမှ ထည့်တာ (၁) သိန်းဖိုးပဲရတယ်။ အဲဒါကိုဂါလန်တွက် ရင် (၉) ဂါလန်(၃၆ လီတာ) ပဲရတယ်။ (၂) ရက် ဖြည့်ရင်တောင်(၁၈)ဂါလန်ပဲရတယ်။ တချို့ Ex­press လိုင်းတွေတော့ ရှုံးရှုံးမြတ်မြတ် ယာဉ်လိုင်းရဲ့ Image အရထွက် ရမှာဆိုတော့ အပြင်ကနေ တစ်ပီပါကို (၁၃) သိန်းနဲ့ဝယ်ပြီး ထွက်နေကြတယ်။ တချို့ယာဉ်လိုင်း တွေကျတော့လည်း သူတို့ထည့်နေကျဆိုင်တွေကနေ အပြည့်ရတာတော့ရှိတာပေါ့။ သူတို့ရောင်းပေးတဲ့ (၁)သိန်းဖိုး၊ (၂)သိန်းဖိုးက ကားအဲကွန်းဖွင့်တာနဲ့ တင်ကုန်နေပြီ” ဟု ခရီးသည်တင်ယာဉ် လိုင်းမောင်း နှင်သူတစ်ဦးက NP News သို့ ပြောသည်။ အလားတူ အငှားယာဉ်မောင်းများကိုလည်း (၁) ရက်လျှင် အများဆုံးရောင်းချနိုင်သည့်ပမာဏကို ကန့်သတ်ထားသည့် အတွက် နေ့တစ်ပိုင်းဖြင့် ရပ်နားထားရမှုများရှိသကဲ့သို့ အုံးနာခပင် မရသည့်အတွက် တွက်ချေမကိုက်ခြင်းမျိုး ကြုံတွေ့ နေရကြောင်းလည်း သိရသည်။
“(၃)သောင်းဖိုးပဲ ရောင်းပေးတာ လီတာနဲ့ ဆိုရင်(၉) လီတာကျော်ကျော်ပဲရတယ်။ အဆင်မပြေဘူး။ (၅) သောင်းဖိုးလောက်မှ အဆင်ပြေမှာ။ ဈေးကများသွားတော့ (၉) လီတာနဲ့ တစ်မြို့လုံးပတ်ပြီးတော့ ကားဆွဲလို့ မရတော့ ဘူးပေါ့။ (၅)သောင်းဖိုးလောက် ဆိုရတယ်။ အရင်တုန်းက (၃)သောင်းဖိုးဆိုရင် (၁၂)လီတာလောက်ရတယ်။ အခုက (၃)သောင်းဖိုးကို (၉)လီတာပဲ ရတယ်။ ဈေးတက်သွားတာ။ တစ်ဆိုင် မှာ ထည့်ပြီးသွားပြီ။ ဘေးဆိုင်မှာထည့်လို့ရမှာ။ အုံနာဖိုးနဲ့ ဆီဖိုးနဲ့တင် ဘယ်လိုမှ မပြေဘူး။ များများဆွဲရမှ အုံနာဖိုးအဆင်ပြေမှာလေ။ ပရီမီယမ်ဆိုရင် (၈) လီတာ ကျော်ပဲရမယ်။ High - Way ထွက်ရင် ဘယ် လိုလုပ်ရမလဲ မသိဘူး။ Gas ကားက High – Way ထွက်မရလို့ ဆီကားပြောင်းဆွဲတာကို အခုလိုဖြစ်သွား တယ်” ဟု Taxi ယာဉ်မောင်းတစ်ဦးက ပြောသည်။
လက်ရှိ သတင်းရေးနေသည့် မတ်လ (၁၃)ရက်တွင် ဒီဇယ်တစ်လီတာ (၃၂၀၅) ကျပ်၊ ပရီမီယမ် ဒီဇယ် တစ်လီတာ (၃၅၆၀) ကျပ်၊ 92 Ron Octane တစ်လီတာလျှင် (၂၈၃၀) ကျပ်၊ တစ်လီတာလျှင် (၂၉၃၀) ကျပ်အထိ ဈေးနှုန်းများ မြင့်တက်နေသည်။ မြန်မာနိုင်ငံ၏ စက်သုံးဆီ သုံးစွဲ မှုသည် တစ်ရက်လျှင် ဓာတ်ဆီ (၁ ဒသမ ၅)သန်းဂါလန်၊ ဒီဇယ်ဆီ(၁ ဒသမ ၇)သန်းဂါလန်ခန့် စုစုပေါင်းတစ်ရက်လျှင် ဆီဂါလန် (၃ ဒသမ ၂)သန်းခန့်ဖြစ်ပြီး လက်ရှိမြန်မာ နိုင်ငံတွင် ဓာတ်ဆီဂါလန် သန်း (၆၀)နှင့် ဒီဇယ်ဆီဂါလန်သန်း (၇၀)နီးပါး စုပုံထားပြီးဖြစ်သည့်အတွက် အရန်ဆီအ နေဖြင့် ရက်(၄၀)စာရှိပြီး ဝယ်ယူထားပြီး လမ်းတွင်ရှိ နေသည့် စက်သုံးဆီသင်္ဘောများရှိကြောင်းလည်း ပြီးခဲ့ သည့်ရက် ပိုင်းက ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားထားဖူးသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် လည်း ပြီးခဲ့သည့် မတ်လ (၁၁) ရက်က နိုင်ငံခြားငွေ ကြေးဈေးကွက်တွင် စက်သုံးဆီလုပ်ငန်းရှင်များအ တွက် အမေရိကန်ဒေါ်လာ သန်း (၃၀) ရောင်းချပေးခဲ့ ကြောင်း သိရသည်။ နိုင်ငံတကာ စွမ်းအင်အေဂျင်စီ (IEA) ကလည်း လက်ရှိဖြစ်ပွားနေသည့် အမေရိ ကန်နိုင်ငံနှင့် အီရန်ကြားဖြစ်ပွားနေသည့် စစ်ပွဲကြောင့် ကမ္ဘာ့နိုင်ငံများကြား လောင်စာဆီလိုအပ်ချက် မြင့်တက်မှုနှင့်အရေးပေါ် ရေနံစည် သန်း (၄၀ဝ) ကို ထုတ်ရောင်းချ ရန်စီစဉ်နေကြောင်းလည်း သိရသည်။

Zawgyi Version:
စက္သုံးဆီကိစၥ အစိုးရက စည္းကမ္းခ်က္ထုတ္ ကိုင္တြယ္ေနေသာ္လည္း ေအာက္ေျခတြင္ကေယာက္ကယက္ ျဖစ္ေန
Pearl(NP News)-မတ္ ၁၅
အေရွ႕အလယ္ပိုင္း ပဋိပကၡေၾကာင့္ ကမာၻ႔ႏိုင္ငံမ်ားနည္းတူ ျမန္မာႏိုင္ငံတြင္လည္း စက္သုံးဆီ ၿခိဳးၿခံေခြၽတာ ေရးႏွင့္ ဖူလုံမႈရရွိေစေရးအတြက္ စည္းကမ္းခ်က္မ်ားခ်မွတ္ကာကိုင္တြယ္ေနရာ အစိုးရ၏ ေဆာင္႐ြက္ခ်က္မ်ားမွာ မွားယြင္းသည္ဟုေျပာ၍ မရေသာ္လည္း ေအာက္ေျခတြင္ေဝဝါးကာ ကေယာက္ ကယက္ျဖစ္ေနေၾကာင္း NP News က ေမးျမန္းထားခ်က္မ်ားႏွင့္ေတြ႕ရွိခ်က္မ်ားအရ သိရ သည္။
လက္ရွိတြင္ အစိုးရအေနျဖင့္ ေမာ္ေတာ္ ယာဥ္မ်ား၊ ဆိုင္ကယ္မ်ားအား စုံဂဏန္း/မဂဏန္းခြဲ၍ စုံရက္/မရက္ မ်ားတြင္သာ ေမာင္းႏွင္အသုံးျပဳ ခြင့္ေပးျခင္း၊ စုံဂဏန္း/မဂဏန္းခြဲ၍ စက္သုံးဆီ ေရာင္းခ်ျခင္းအျပင္ ထပ္တိုးအျဖစ္ ေမာ္ေတာ္ယာဥ္မ်ားအတြက္ Wheel Tax ၏ Barcode ကိုလည္းေကာင္း၊ ေမာ္ေတာ္ဆိုင္ကယ္မ်ားအတြက္ Wheel Tax ပါအခ်က္အလက္မ်ားကိုအသုံးျပဳၿပီး QR Code ထုတ္ေပး၍လည္းေကာင္း Application ျဖင့္ အလိုအေလ်ာက္စစ္ေဆး သည့္နည္းလမ္းျဖင့္ စက္သုံးဆီမ်ား စိစစ္ေရာင္းခ်ေပးလ်က္ရွိသည္။
Wheel Tax ၏ Barcode ကို စကင္ဖတ္ရာတြင္ ကညနစည္းက အဆိုပါ Code ေပၚ အနည္းငယ္ေရာက္ေနလွ်င္ အက်ဳံးမဝင္သည့္အတြက္ ဟုဆိုကာ ဆီမေရာင္းခ်ေပးျခင္းမ်ိဳးရွိေနၿပီး အခ်ိဳ႕ေနရာမ်ားတြင္ Barcode ခ်င္းတူၿပီး ကားနံပါတ္ခ်င္း မတူသည့္အတြက္ ဝယ္ယူမရျခင္းမ်ိဳးလည္း ရွိေနသည္။
ထို႔ျပင္ စက္သုံးဆီေရာင္းခ်ရာတြင္လည္း (၁) ရက္လွ်င္ အမ်ားဆုံးေရာင္းခ်ႏိုင္သည့္ပမာဏကို ဆိုင္ကယ္တစ္စီး အတြက္ 92 Ron / 95 Ron (၃) လီတာ၊ သုံးဘီးႏွင့္ အိုးေဝမ်ားအတြက္ (၃) လီ တာ၊ အိမ္စီးကားမ်ားအတြက္ (၁၅) လီတာ၊ အိမ္စီးကားႏွင့္ Light Truck ယာဥ္မ်ားအတြက္ HSD / PHSD (၂၅) လီတာ၊ ခရီးသည္တင္ယာဥ္/ ကုန္ တင္ကားမ်ား အတြက္ (၅၀)လီတာ၊ ကုန္တင္တြဲ ကား ႀကီးမ်ားအတြက္ (၁၅၀) လီတာဟု ကန႔္သတ္ထားေၾကာင္း သိရသည္။
ထိုသို႔ ကန႔္သတ္ထားသည့္ ပမာဏသည္ ခရီးသည္တင္ယာဥ္မ်ားအတြက္ မေလာက္ငသည့္ အတြက္ အခ်ိဳ႕ယာဥ္လိုင္းမ်ားမွာျပင္ပမွ ေဈးႀကီးေပး ဝယ္ယူေနရသည့္ျဖစ္စဥ္မ်ားရွိေၾကာင္း သိရသည္။ “ရန္ကုန္ - ေတာင္ႀကီး အသြားအျပန္ဆိုရင္ လီတာ က (၃၄၀) ေက်ာ္ေလာက္ကုန္တယ္။ ဂါလန္နဲ႔ဆိုရင္ (၇၆) ဂါလန္ေလာက္ ကုန္တယ္။ အခု ေတာင္ႀကီးမွ ထည့္တာ (၁) သိန္းဖိုးပဲရတယ္။ အဲဒါကိုဂါလန္တြက္ ရင္ (၉) ဂါလန္(၃၆ လီတာ) ပဲရတယ္။ (၂) ရက္ ျဖည့္ရင္ေတာင္(၁၈)ဂါလန္ပဲရတယ္။ တခ်ိဳ႕ Ex­press လိုင္းေတြေတာ့ ရႈံးရႈံးျမတ္ျမတ္ ယာဥ္လိုင္းရဲ႕ Image အရထြက္ ရမွာဆိုေတာ့ အျပင္ကေန တစ္ပီပါကို (၁၃) သိန္းနဲ႔ဝယ္ၿပီး ထြက္ေနၾကတယ္။ တခ်ိဳ႕ယာဥ္လိုင္း ေတြက်ေတာ့လည္း သူတို႔ထည့္ေနက်ဆိုင္ေတြကေန အျပည့္ရတာေတာ့ရွိတာေပါ့။ သူတို႔ေရာင္းေပးတဲ့ (၁)သိန္းဖိုး၊ (၂)သိန္းဖိုးက ကားအဲကြန္းဖြင့္တာနဲ႔ တင္ကုန္ေနၿပီ” ဟု ခရီးသည္တင္ယာဥ္ လိုင္းေမာင္း ႏွင္သူတစ္ဦးက NP News သို႔ ေျပာသည္။ အလားတူ အငွားယာဥ္ေမာင္းမ်ားကိုလည္း (၁) ရက္လွ်င္ အမ်ားဆုံးေရာင္းခ်ႏိုင္သည့္ပမာဏကို ကန႔္သတ္ထားသည့္ အတြက္ ေန႔တစ္ပိုင္းျဖင့္ ရပ္နားထားရမႈမ်ားရွိသကဲ့သို႔ အုံးနာခပင္ မရသည့္အတြက္ တြက္ေခ်မကိုက္ျခင္းမ်ိဳး ႀကဳံေတြ႕ ေနရေၾကာင္းလည္း သိရသည္။
“(၃)ေသာင္းဖိုးပဲ ေရာင္းေပးတာ လီတာနဲ႔ ဆိုရင္(၉) လီတာေက်ာ္ေက်ာ္ပဲရတယ္။ အဆင္မေျပဘူး။ (၅) ေသာင္းဖိုးေလာက္မွ အဆင္ေျပမွာ။ ေဈးကမ်ားသြားေတာ့ (၉) လီတာနဲ႔ တစ္ၿမိဳ႕လုံးပတ္ၿပီးေတာ့ ကားဆြဲလို႔ မရေတာ့ ဘူးေပါ့။ (၅)ေသာင္းဖိုးေလာက္ ဆိုရတယ္။ အရင္တုန္းက (၃)ေသာင္းဖိုးဆိုရင္ (၁၂)လီတာေလာက္ရတယ္။ အခုက (၃)ေသာင္းဖိုးကို (၉)လီတာပဲ ရတယ္။ ေဈးတက္သြားတာ။ တစ္ဆိုင္ မွာ ထည့္ၿပီးသြားၿပီ။ ေဘးဆိုင္မွာထည့္လို႔ရမွာ။ အုံနာဖိုးနဲ႔ ဆီဖိုးနဲ႔တင္ ဘယ္လိုမွ မေျပဘူး။ မ်ားမ်ားဆြဲရမွ အုံနာဖိုးအဆင္ေျပမွာေလ။ ပရီမီယမ္ဆိုရင္ (၈) လီတာ ေက်ာ္ပဲရမယ္။ High - Way ထြက္ရင္ ဘယ္ လိုလုပ္ရမလဲ မသိဘူး။ Gas ကားက High – Way ထြက္မရလို႔ ဆီကားေျပာင္းဆြဲတာကို အခုလိုျဖစ္သြား တယ္” ဟု Taxi ယာဥ္ေမာင္းတစ္ဦးက ေျပာသည္။
လက္ရွိ သတင္းေရးေနသည့္ မတ္လ (၁၃)ရက္တြင္ ဒီဇယ္တစ္လီတာ (၃၂၀၅) က်ပ္၊ ပရီမီယမ္ ဒီဇယ္ တစ္လီတာ (၃၅၆၀) က်ပ္၊ 92 Ron Octane တစ္လီတာလွ်င္ (၂၈၃၀) က်ပ္၊ တစ္လီတာလွ်င္ (၂၉၃၀) က်ပ္အထိ ေဈးႏႈန္းမ်ား ျမင့္တက္ေနသည္။ ျမန္မာႏိုင္ငံ၏ စက္သုံးဆီ သုံးစြဲ မႈသည္ တစ္ရက္လွ်င္ ဓာတ္ဆီ (၁ ဒသမ ၅)သန္းဂါလန္၊ ဒီဇယ္ဆီ(၁ ဒသမ ၇)သန္းဂါလန္ခန႔္ စုစုေပါင္းတစ္ရက္လွ်င္ ဆီဂါလန္ (၃ ဒသမ ၂)သန္းခန႔္ျဖစ္ၿပီး လက္ရွိျမန္မာ ႏိုင္ငံတြင္ ဓာတ္ဆီဂါလန္ သန္း (၆၀)ႏွင့္ ဒီဇယ္ဆီဂါလန္သန္း (၇၀)နီးပါး စုပုံထားၿပီးျဖစ္သည့္အတြက္ အရန္ဆီအ ေနျဖင့္ ရက္(၄၀)စာရွိၿပီး ဝယ္ယူထားၿပီး လမ္းတြင္ရွိ ေနသည့္ စက္သုံးဆီသေဘၤာမ်ားရွိေၾကာင္းလည္း ၿပီးခဲ့ သည့္ရက္ ပိုင္းက ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာၾကားထားဖူးသည္။
ျမန္မာႏိုင္ငံေတာ္ဗဟိုဘဏ္အေနျဖင့္ လည္း ၿပီးခဲ့သည့္ မတ္လ (၁၁) ရက္က ႏိုင္ငံျခားေငြ ေၾကးေဈးကြက္တြင္ စက္သုံးဆီလုပ္ငန္းရွင္မ်ားအ တြက္ အေမရိကန္ေဒၚလာ သန္း (၃၀) ေရာင္းခ်ေပးခဲ့ ေၾကာင္း သိရသည္။ ႏိုင္ငံတကာ စြမ္းအင္ေအဂ်င္စီ (IEA) ကလည္း လက္ရွိျဖစ္ပြားေနသည့္ အေမရိ ကန္ႏိုင္ငံႏွင့္ အီရန္ၾကားျဖစ္ပြားေနသည့္ စစ္ပြဲေၾကာင့္ ကမာၻ႔ႏိုင္ငံမ်ားၾကား ေလာင္စာဆီလိုအပ္ခ်က္ ျမင့္တက္မႈႏွင့္အေရးေပၚ ေရနံစည္ သန္း (၄၀ဝ) ကို ထုတ္ေရာင္းခ် ရန္စီစဥ္ေနေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.