အရှေ့အလယ်ပိုင်းဒေသမှာ ရေတပ်စစ်ဆင်ရေးတပ်ဖွဲ့ (MEU)တစ်ခု ဖြန့်ကျက်ချထားဖို့ အမေရိကန်စစ်ဘက်အတည်ပြု

 123

Pika(NP News)-မတ် ၁၅
အရှေ့အလယ်ပိုင်းဒေသမှာ ရေတပ်စစ်ဆင်ရေးတပ်ဖွဲ့ (MEU)တစ်ခု ဖြန့်ကျက်ချထားဖို့ အမေရိကန်စစ်ဌာနချုပ်ပင်တဂွန်က အတည်ပြုခဲ့တယ်လို့ သိရပါတယ်။အမေရိကန်နဲ့ အစ္စရေးတို့က အီရန်အပေါ် စစ်ဆင်ရေးတွေ တိုးမြှင့်လုပ်ဆောင်နေချိန်မှာပဲ ပင်တဂွန်ရဲ့ ယခုလိုအတည်ပြုမှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။အရှေ့အလယ်ပိုင်းဒေသမှာ ဖြန့်ကျက်ချထားမယ့် (MEU)တပ်ဖွဲ့ဟာ အင်ဒို-ပစိဖိတ်ဒေသကလာမှာဖြစ်ပြီး ကုန်းရေနှစ်သွယ်သုံးသင်္ဘောတွေနဲ့ တိုက်လေယာဉ်တွေပါဝင်မှာဖြစ်တယ်လို့လည်း သိရပါတယ်။ARG/MEUလို့လူသိများတဲ့ ကုန်းရေနှစ်သွယ်သွားအသင့်အဖွဲ့နဲ့ ရေတပ်စစ်ဆင်ရေးတပ်ဖွဲ့မှာ မရိန်းတပ်သား(၂၅၀၀)နဲ့ရေတပ်သား(၂၅၀၀)ခန့် ပါဝင်တယ်လို့လည်း သိရပါတယ်။ဒါ့ပြင်ဂျပန်အခြေစိုက် USS Tripoliတိုက်ခိုက်ရေးသင်္ဘောနဲ့ ၎င်းရဲ့ရေတပ်သားတွေဟာ အရှေ့အလယ်ပိုင်းဒေသကိုသွားမယ့် လမ်းကြောင်းပေါ်ကို ရောက်ရှိနေပြီဖြစ်တယ်လို့လည်း အမေရိကန်အရာရှိတွေရဲ့ ပြောဆိုချက်တွေကို ကိုးကြားပြီး Wall Street Journal သတင်းစာက ရေးသားဖော်ပြခဲ့ပါတယ်။ရေတပ်သားအသစ်တွေအတွက် တောင်းဆိုမှုကို အရှေ့အလယ်ပိုင်းဒေသမှာရှိတဲ့ အမေရိကန်အလယ်ပိုင်းကွပ်ကဲမှုဌာနချုပ်က ပြုလုပ်ခဲ့ပြီး ပင်တဂွန်အကြီးအကဲ ပီတီဟတ်ဆတ်က အတည်ပြုခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
အေရွ႕အလယ္ပိုင္းေဒသမွာ ေရတပ္စစ္ဆင္ေရးတပ္ဖြဲ႕ (MEU)တစ္ခု ျဖန႔္က်က္ခ်ထားဖို႔ အေမရိကန္စစ္ဘက္အတည္ျပဳ
Pika(NP News)-မတ္ ၁၅
အေရွ႕အလယ္ပိုင္းေဒသမွာ ေရတပ္စစ္ဆင္ေရးတပ္ဖြဲ႕ (MEU)တစ္ခု ျဖန႔္က်က္ခ်ထားဖို႔ အေမရိကန္စစ္ဌာနခ်ဳပ္ပင္တဂြန္က အတည္ျပဳခဲ့တယ္လို႔ သိရပါတယ္။အေမရိကန္နဲ႔ အစၥေရးတို႔က အီရန္အေပၚ စစ္ဆင္ေရးေတြ တိုးျမႇင့္လုပ္ေဆာင္ေနခ်ိန္မွာပဲ ပင္တဂြန္ရဲ႕ ယခုလိုအတည္ျပဳမႈေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။အေရွ႕အလယ္ပိုင္းေဒသမွာ ျဖန႔္က်က္ခ်ထားမယ့္ (MEU)တပ္ဖြဲ႕ဟာ အင္ဒို-ပစိဖိတ္ေဒသကလာမွာျဖစ္ၿပီး ကုန္းေရႏွစ္သြယ္သုံးသေဘၤာေတြနဲ႔ တိုက္ေလယာဥ္ေတြပါဝင္မွာျဖစ္တယ္လို႔လည္း သိရပါတယ္။ARG/MEUလို႔လူသိမ်ားတဲ့ ကုန္းေရႏွစ္သြယ္သြားအသင့္အဖြဲ႕နဲ႔ ေရတပ္စစ္ဆင္ေရးတပ္ဖြဲ႕မွာ မရိန္းတပ္သား(၂၅၀၀)နဲ႔ေရတပ္သား(၂၅၀၀)ခန႔္ ပါဝင္တယ္လို႔လည္း သိရပါတယ္။ဒါ့ျပင္ဂ်ပန္အေျခစိုက္ USS Tripoliတိုက္ခိုက္ေရးသေဘၤာနဲ႔ ၎ရဲ႕ေရတပ္သားေတြဟာ အေရွ႕အလယ္ပိုင္းေဒသကိုသြားမယ့္ လမ္းေၾကာင္းေပၚကို ေရာက္ရွိေနၿပီျဖစ္တယ္လို႔လည္း အေမရိကန္အရာရွိေတြရဲ႕ ေျပာဆိုခ်က္ေတြကို ကိုးၾကားၿပီး Wall Street Journal သတင္းစာက ေရးသားေဖာ္ျပခဲ့ပါတယ္။ေရတပ္သားအသစ္ေတြအတြက္ ေတာင္းဆိုမႈကို အေရွ႕အလယ္ပိုင္းေဒသမွာရွိတဲ့ အေမရိကန္အလယ္ပိုင္းကြပ္ကဲမႈဌာနခ်ဳပ္က ျပဳလုပ္ခဲ့ၿပီး ပင္တဂြန္အႀကီးအကဲ ပီတီဟတ္ဆတ္က အတည္ျပဳခဲ့တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.