ဗိုလ်ချုပ်မှူးကြီးရဲ့ အချိန်ပိုမိန့်ခွန်းထဲက ပွင့်ထွက်လာတဲ့ ခံစားချက်အနှစ်ချုပ်

 8106

သုတကျော် (NP News)-မတ် ၁၅
အကျင့်ဆိုးများကိုပြင်ကြရန်အတွက် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးက မတ်လ (၁၃) ရက်က နေပြည်တော်ရှိ MICC-1 တွင် ကျင်းပသည့် မြန်မာ့မျက်နှာစာ သစ်ဖိုရမ်တွင်ပြောကြားခဲ့သော မိန့် ခွန်းအတွင်း ထည့်သွင်းပြောကြားသည်။
နိုင်ငံရေးစနစ်နှင့် ဖက်ဒရယ်
ဒီမိုကရေစီဟုဆိုသည့်အခါတွင် နိုင်ငံအလိုက် ကွဲပြားခြားသောအခြေအနေရှိကြောင်း မိန့်ခွန်း အတွင်းထည့်သွင်း ပြောကြားသည်။ “ပါတီစုံတော့ ပါတီစုံပဲ၊ တစ်ပါတီက အားကောင်းပြီးတော့ နိုင်ငံ အာဏာကိုတစ်လျှောက်လုံးယူထားတဲ့ နိုင်ငံတွေ လည်းရှိတယ်။ ဥပမာ ဂျပန်တို့စင်ကာပူတို့လို နိုင်ငံမျိုးတွေ၊ ဒီလိုလည်းရှိပါတယ်ဆိုပြီးတော့ ကျွန်တော် တို့ပြောကြတာပေါ့။ မှန်ပါတယ်။ ဒီလိုပဲ ပါတီစုံစနစ်လို့ လည်း ပြောပါတယ်။ ကျွန်တော်တို့က ပါတီနိုင်ငံရေး သွားကြ တာပေါ့ နိုင်ငံရေးစနစ်မှာ။ ဒီမိုကရေစီ အုပ်ချုပ်ရေး၊ ဒီမိုကရေစီနဲ့ အုပ်ချုပ်ရေးစနစ်ကို ကျွန်တော်တို့သွားတာ။ နောက်တစ်ခုကတော့ ကျွန်တော် တို့ပြည်သူတွေ တိုင်းရင်းသားတွေလိုချင်တာ ဖက်ဒရယ်စနစ်လို့ပြောတယ်။ မှန်ပါတယ်။ ဒါလည်း ကျွန်တော်တို့ လက်ခံပါတယ်။ ဒါကြောင့် ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စု သွားမယ်လို့ ကျွန်တော်တို့ ပြောကြတာပေါ့။ ဖက်ဒရယ်စနစ်ဆို တာ ပေါင်းစည်းနေထိုင်ခြင်း၊ အာဏာကို ခွဲဝေကျင့် သုံးခြင်း ဒါတွေနဲ့အတူတူ ကျယ်ကျယ်ပြန့်ပြန့် အဓိပ္ပာယ်တော့ရှိပါတယ်။ အကြမ်းဖျင်းအားဖြင့် ပေါင်းစည်း နေထိုင်ပြီးတော့မှ အာဏာတွေကို အားလုံးအဆင့်ဆင့်ခွဲဝေကျင့်သုံးလုပ်ဆောင်ကြခြင်းဟာ ဖက်ဒရယ်စနစ်ပါပဲ” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်က ပြောသည်။
ဒေသကို ဖက်ဒရယ်စနစ်ပေးထားခြင်းဖြစ်ပြီး လူကို၊ လူပုဂ္ဂိုလ်ကို၊ တိုင်းရင်းသားကို၊ အစုအဖွဲ့ကို ဖက်ဒရယ်စနစ် ပေးထားခြင်းမဟုတ်ကြောင်းကို သတိချပ်စေလိုကြောင်း၊ နိုင်ငံရေးစနစ်များ မည်မျှပင် ဆောင်ရွက်စေကာမူ အဓိကမှာ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးဖြစ်ကြောင်းလည်း ပြောသည်။
ကျေးလက်ဖွံ့ ဖြိုးရေး
(၂၀၂၄) ခုနှစ် လူဦးရေ သန်းခေါင်စာရင်းအရ အကြမ်းဖျင်းအားဖြင့် မြန်မာနိုင်ငံလူဦးရေ၏ (၇၀) ရာခိုင်နှုန်းသည် ကျေးလက်တွင်နေပြီး (၃၀) ရာခိုင်နှုန်းက မြို့ပေါ်တွင်နေကြကြောင်းနှင့် အနာနှင့် ဆေးတည့်ရန်လိုကြောင်းလည်း ပြောသည်။ “ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ဆင်းရဲမွဲတေမှုကို ကမ္ဘာ့ဘဏ်ကနေပြီးတော့ (၄၀) ရာခိုင်နှုန်း အထက်ရှိ တယ်လို့ ပြောပါတယ်။ ဆင်းရဲမွဲတေမှု (၄၀) ရာခိုင်နှုန်း၊ အရင်တုန်း က (၂၀) ရာခိုင်နှုန်းကျော်နေတာ အခု Double ဖြစ် တယ်လို့ပြောတာပေါ့။ ကျွန်တော်တို့လက်ထက်မှာ Double ဖြစ်တယ်လို့ပြောတာ။ ဒါအတိုင်းအတာ တစ်ခုတော့ မှန်ပါလိမ့်မယ်၊ သို့သော် တချို့ကလည်း လွဲမှားမှုတွေရှိပါတယ်။ သို့သော်လည်းပဲ ကျွန်တော် တို့သည် ကျေးလက်ဖွံ့ဖြိုး ရေးကိုတော့ အထူးအလေး ထားဆောင်ရွက်သွားဖို့လိုအပ်ပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
ပညာရေး နှင့် မတည်ငြိမ်မှု
ပညာရေး စစ်တမ်းကိုကြည့်သည့်အခါ လူဦးရေ ထက်ဝက်ခန့်မှာ ပညာရည်နိမ့်ပါးနေသည်ကို တွေ့ရ ကြောင်းနှင့်မဖြစ်မနေလုပ်ဆောင်ရမည်မှာ ပညာရေး မြှင့်တင်မှုဖြစ်ကြောင်း ပြောသည်။ “အဲဒီတော့ ကျွန် တော်က တာဝန်ယူတဲ့အချိန်မှာ KG+9 ထိကို လုပ်ဖို့ ကျွန်တော်တို့က စီမံပါတယ်။ အတိုင်းအတာတစ်ခုထိ အောင်မြင်ပါတယ်။ သို့သော်လည်းပဲ ပြည်နယ်နဲ့ တိုင်း အသီးသီးကတော့ အားလုံး ကြိုးစားဖို့တော့လို ပါသေးတယ်။ ဒီတည်ငြိမ်းချမ်းတဲ့ ဒေသတွေကတော့ ဒါအောင်မြင်မှုရှိနေတာကို ကျွန်တော်တို့ တွေ့ရပါ တယ်။ ကျွန်တော် ခုနပြောတဲ့ စိုက်ပျိုးမွေးမြူ ရေးတွေ လိုအပ်တဲ့အတွက်ကြောင့် ကျွန်တော် တာဝန်ယူတဲ့အချိန်မှာ KG+10, 11, 12 မှာ စက်မှု၊ စိုက်ပျိုးနဲ့ မွေးမြူရေး ဘာသာရပ်တွဲကိုလုပ်ပါတယ်။ အခု သူတို့ ဒီနေ့ KG+12 စာမေးပွဲ ဖြေနေကြပြီပဲ ဖြစ်ပါတယ်။ လာမယ့်ပညာသင် နှစ်အစကစပြီး အလယ်တန်းပညာမှာ ကျွန်တော်တို့ ဒီစိုက်ပျိုးမွေးမြူရေး ဘာသာရပ်တွေသင်ပါမယ်” ဟု ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်က ပြောသည်။
တည်ငြိမ်အေးချမ်းရေး ပျက်ပြားနေသော အချို့ နေရာတို့မှာ ပညာတတ်၊ ပညာရေး အားနည်းသော ပြည်နယ်နှင့်တိုင်းတို့တွင် ပိုဖြစ်နေသည်ကိုတွေ့ရကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။ “မြောက်ဘက် ဆိုရင် ကချင်ပြည်နယ်၊ ချင်း ပြည်နယ်၊ ဟုတ်လား၊ နောက်ပြီးလို့ရှိရင် အပေါ် ဘက်ခြမ်း ကချင်ပြည်နယ်တချို့အပိုင်းပေါ့။ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ အဖျားပိုင်းတွေ၊ ရှမ်းပြည်နယ် တချို့အပိုင်းတွေ။ ကျွန်တော်ကိုယ်တိုင်လည်း တာဝန်ထမ်း ဆောင်ခဲ့လို့သိပါတယ် ဒီအမြင်တွေက။ နောက်ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ဒီမှာ ဆူပူမှုတွေဖြစ်။ အခုဖြစ်နေ တဲ့ကိစ္စတွေမှာ အဲဒီဒေသတွေ အားလုံးက ပညာရေးအားနည်းတဲ့ ဒေသတွေ ဖြစ်နေတာကို သွားတွေ့ရတယ်။ ပညာရေး အားနည်းတဲ့အခါ ကျတော့ စဉ်းစားဆင်ခြင်နိုင်မှုမှာလည်း အားနည်း ချက်တွေ ရှိလာတယ်။ သူတို့ဘာလုပ်လဲ။ သူတို့ ပြောတာတော့ နိုင်ငံရေးပေါ့ဗျာ၊ (၂၀၂၁) ခုနှစ်မှာ ဉာဏ်ရည်သဘောတူ၊ သဘောထားကွဲလို့ ဖြစ်လာတယ်။ ဒါပေမဲ့ နိုင်ငံရေးက အဓိကမဟုတ်ဘူးဗျ၊ သူတို့စားဝတ်နေရေး လုပ်နေကြတာ။ ရွှေတွေ ခိုးတူးတယ်ဗျ၊ သတ္တုတွေ ခိုးတူးတယ်ဗျ၊ ကျွန်းတွေ ဟုတ်လား ခိုးထုတ်ပြီး ခိုးရောင်းတယ်ဗျ၊ သစ်တွေ ခိုးရောင်းကြတယ်။ သတ္တုတွေ ခိုးရောင်းကြတယ်။ ဆက်ကြေးတွေ ကောက်တယ်၊ ဂိတ်တွေ ဖွင့်တယ်၊ ဆက်ကြေးတောင်းတယ်။ လူတွေဖမ်းတယ်၊ ဟုတ်လား ဆက်ကြေးတောင်းတယ်။ ဒါအမှန်ပဲ” ဟု ပြော သည်။
Agro -based Industry သွားရမည်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သစ်တောထွက် ပစ္စည်းများကို အဓိက ကုန်ကြမ်းအဖြစ်အသုံးပြုပြီး တန်ဖိုးမြှင့် ကုန်ချောပစ္စည်းများ ထုတ်လုပ်သည့် စက် မှုလုပ်ငန်းဘက်ဆောင်ရွက်ရန်လည်း တိုက်တွန်းသည်။
IT ခေတ်တွင် Agro -based Industry လုပ်နေသည့်အပေါ် အနည်းငယ် လွဲနေသည်ဆိုသော ဆောင်းပါး တစ်ပုဒ်ကို ဖတ်ခဲ့ရသော်လည်း IT နှင့် ပတ်သက်၍ ရတနာပုံ ဆိုက်ဘာစီးတီးကို ပြန်လည် အကောင်အထည် ဖော်နေ သည့်အပြင် နည်းပညာနှင့် ဆိုင်သည်များကို အားပေးကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
“ခုနက Agro-based Industry ကတော့ မလုပ်လို့ကို မရဘူး။ လူအများစုဖြစ်နေတယ်။ ငြင်း ပယ်လို့ကို မရဘူး။ ဒါကြောင့် ကျွန်တော်တို့က သူတို့ ကို ဟုတ်လား စီးပွားရေး ပိုအားကောင်းလာအောင် လုပ်ရပါမယ်။ အားကောင်းအောင်၊ Agro-based Industry တိုတိုပြောရလို့ရှိရင် ဘာရှိလဲ။ ဟုတ်လား ကျွန်တော်တို့ရဲ့ ဆန်စပါးပေါ့၊ ဆန်စပါးတို့၊ ပဲတို့ ကျွန် တော်တို့ အဓိကစိုက်တာ၊ နှမ်းတို့ ပြောတာ။ ဒီထက် စက်မှုလုပ်ငန်းကို သွားနိုင်တဲ့ကျွန်တော်တို့ အဖိုးတန် ပစ္စည်းရှိတယ်။ အဲဒါဘာလဲဆိုတော့ ဝါဖြစ်ပါတယ်။ ဝါစိုက်ပျိုးရေးပေါ့နော်” ဟု ပြောသည်။ ဝါ စိုက်ပျိုးရေးနှင့်ပတ်သက်၍ အားပေးဆောင်ရွက်နေပြီး သေချာစွာဆောင်ရွက်ပါက ဝါအခြေခံစက်မှုဇုန်လုပ်ငန်း ထူထောင်နိုင်ကြောင်း ပြောကြား သည်။
“ဝါကနေပြီး ဝါဂွမ်း၊ ဝါဂွမ်းကနေ ချည်၊ ချည်ကနေပြီး ပိတ်၊ ပိတ်ကနေပြီး ပိတ်ကမှ အမျိုးအစား ကောင်းတဲ့ ပိတ်တွေအမျိုးမျိုးပြောင်းတာပေါ့၊ ဒီလို သွားလို့ရတယ်။ ခုနကပြောတဲ့ Agro-based Indus- tries ဆိုတဲ့ဟာထဲမှာ အဲဒီတော့ စဉ်းစားဖို့ကောင်း တာပေါ့။ ဒုတိယတော့ ဝါးဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ ဝါးက သန်း (၃၀ဝ) ကျော် လောက် ထွက်ပါတယ်။ ရှိတယ်။ သို့သော် အဲဒီဝါးတွေ ကျွန်တော်တို့ ကောင်းကောင်းအသုံးမချနိုင်ဘူး။ ဝါးကနေပြီး တော့မှ ပျော့ဖတ်တွေလုပ်ပြီး စက္ကူလုပ်လို့ရတယ်၊ ဝါးကနေ ပြီးတော့မှ ပျော့ဖတ်လုပ်ပြီး ချည်ထည်လုပ်လို့ရတယ်၊ ဝါးချည်။ အခု Bamboo Cotton အဲဒါ ကမ္ဘာမှာ နာမည်ကြီးပါတယ်။ တော်တော်ကောင်းတဲ့ဟာ ဖြစ်ပါတယ်။ Bamboo Cotton ကို ဒါ အမျိုးစုံပေါ့၊ Quality အမျိုးစုံချည် ဒါလုပ်လို့ရတယ်။ အနည်းဆုံးတော့ ဒါပျော့ဖတ်လုပ်လို့ရတယ်၊ ပျော့ဖတ်လုပ်ပြီး နိုင်ငံခြားပို့လို့ရတယ်” ဟု ပြောကြားသည်။ စတင်တာဝန်ယူချိန် (၂၀၁၁) ခုနှစ်မှစတင်ကာ Caustic Soda စက်ရုံဆောက်ရန်ကြိုးပမ်းခဲ့သော်လည်း ကန့် ကွက်မှုများ ခံခဲ့ရကြောင်း ပြောကြားသည်။
“အဲဒီအခါကျတော့ ကဲ အဲဒါဆိုလည်း မလုပ်နဲ့၊ နေရာရွှေ့ကြတာပေါ့ဆိုပြီး အဲဒီမှာ စက်တွေက မှာပြီးနေပြီဗျ။ နောက်ဆုံး ကျွန်တော်တို့ အဲဒီ စက်ရုံစီမံကိန်းကိုဖျက်ပစ်လိုက်ရတယ်။ ဆိုတော့ ဒေါ်လာ သန်း (၂၀) လောက် ကျွန်တော်တို့ ဆုံးရှုံးသွားတယ်။ ပိုက်ဆံပြန်မရဘူး။ အဲဒါ ကျွန်တော် စက်မှုဝန်ကြီး ဌာနကို လွှဲလိုက်တယ်။ စက်မှုဝန်ကြီး ဌာနလည်း မလုပ်နိုင်ဘူး။ မလုပ်နိုင်တော့ ကျွန်တော်တို့ ဦးပိုင်ကို ပြန်လွှဲတယ်။ အခု ကျွန်တော်တို့ ပြန်လုပ်နေပါပြီ။ အသစ်က ပြန်စရတာ။ တကယ်လို့သာ အဲဒီတုန်းက စက်ရုံရှိခဲ့လို့ရှိရင် အခု ကျွန်တော်တို့ ပျော့ဖတ်တွေ ဘာတွေ အများကြီးလုပ်နိုင်တဲ့အခြေအနေ အများ ကြီး ရှိပါတယ်” ဟု ပြောသည်။
Agro – based Industry ဟု ဆိုရာတွင် ဥပမာအားဖြင့် တိုင်းပြည်အတွက် အကျိုးရှိသော ဝါ၊ ဝါး နှင့် ရော်ဘာကဲ့သို့ပစ္စည်းများ ဖြစ်ပြီး ယင်းကိုအခြေခံသော စက်မှုလုပ်ငန်းများဆောင်ရွက်နိုင်မည်ဖြစ် ကြောင်း ပြောသည်။
နိုင်ငံခြားမှ သွင်းရန်သာ ကြိုးစားနေကြ
“ကျွန်တော်တို့က စက်မှုလုပ်ငန်းသွားဖို့ဆိုတာနဲ့ MSME မှာ အားပေးတဲ့အချိန်မှာ တော်တော် များများတော့ စားသောက်ကုန်တွေ လုပ်တာများပါတယ်။ လိုပါတယ်။ မှန်ပါတယ်။ မလိုဘူး မဟုတ်ပါဘူး။ သို့သော်လည်းပဲ ဒါတွေက နထစသမအ လုပ်လို့ မရဘူး။ ပြည်ပရောင်းကုန်မရှိဘူး။ ကုန်ထုတ်လုပ်မှုမရှိဘဲနဲ့ ကုန်ပစ္စည်းမရှိဘူး။ ကုန်ပစ္စည်းမရှိဘဲနဲ့ ရောင်းကုန် ဆိုတာမရနိုင်ဘူး။ ရောင်းကုန်က ပြည်ပရောင်းကုန် ရှိမယ်။ ပြည်တွင်း ရောင်းကုန်ရှိမယ်။ ပြည်တွင်း ရောင်းကုန်ဖြစ်တဲ့အခါကျလို့ရှိရင် သူတို့ကဝင်ငွေရ ပြီးတော့ စောစောကပြောတဲ့ အူမတောင့်နိုင်တဲ့ ကိစ္စ သူလုပ်နိုင်မယ်။ ကုန်ထုတ်လုပ်မှုက မဖြစ်မနေလုပ်ရ မယ်။ ပြီးရင် အဲဒီကုန်ထဲကမှ အရည်အသွေးကောင်း တဲ့ဟာတွေ ရအောင်လုပ်ပြီး ပြည်ပကို ရအောင်ပို့ရမှာ။ ပြည်ပရောက်မှ နိုင်ငံခြားငွေရမှာ။ အခု ကျွန်တော်တို့ နိုင်ငံခြားငွေက အခက်အခဲဖြစ်တဲ့ အတွက်ကြောင့် ဒေါ်လာဈေးတွေတက်တယ်။ ကျွန်တော်တို့မငြင်းပါ ဘူး။ ဘာလို့လဲဆိုရင်တော့ ပို့ကုန်မှမရှိတာကို နိုင်ငံ ခြားကသွင်းဖို့ပဲကြိုးစားနေကြတာ။ နည်းလမ်းပေါင်း စုံနဲ့သွင်းဖို့ ကြိုးစားနေတယ်။ တရားဝင်ရဖို့ကြိုးစား တယ်။ နယ်စပ် ကြားကနေပြီးတော့ တရားမဝင် ကုန် သွယ်မှုကနေ သွင်းဖို့ကြိုးစားတယ်။ ကျွန်တော်တို့ သိပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
အကျင့်ဆိုးများကို ပြင်ရန်လို
အကျင့်ဆိုးများကိုပြင်ရန် လိုကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။ “စာရင်းအရ ဆန်တွေထွက်ပါတယ်။ တကယ်ပို့တဲ့ အခါကျတော့ နည်းနည်းအခက်အခဲရှိတယ်။ ပြည်နယ်နဲ့ တိုင်းတွေကလည်း တင်ပြတဲ့အခါမှာလည်း ကိန်းဂဏန်းတွေ မှန်ကန်ဖို့လိုတာပေါ့။ အဲဒီ အကျင့်ဆိုးတွေကို ကျွန်တော်တို့ပြင်ကြဖို့လိုတာ ကိုပြောချင်ပါတယ်။ လူကြီးတွေ နိုင်ငံတော်ကနေပြီးတော့ စိတ်ချမ်းသာအောင်ဆိုပြီးတော့ သာသာထိုးထိုး လေး သူတို့ပြောတာပေါ့။ ပြောတဲ့ အခါကျတော့ ကျွန် တော်တို့လည်း အဟုတ်အောက်မေ့နေတာပေါ့။ တကယ်တမ်း ပြောတော့အခါကျတော့ မရှိဘူး။ ဒါ အမှန်ပါပဲ။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့လည်း တကယ်အလုပ်လုပ်ဖို့လိုပါတယ်။ တကယ်လည်း လုပ်နိုင်အောင်ဖန်းတီပေးဖို့လိုတယ်” ဟု ပြောကြားသည်။
တိုင်းပြည်မချမ်းသာသောကြောင့် ချွေတာရန် လို
အစစအရာရာ ငွေကြေး အသုံးအစွဲမှစတင်ကာ ချွေတာရန်လိုကြောင်း၊ စက္ကူမှအစ စက်သုံးဆီ အဆုံး ချွေတာရန် လိုကြောင်းလည်း ပြောသည်။ “ဆိုလိုတာ က သုံးစွဲမှုတွေချွေတာဖို့လိုတာ။ အသုံးနဲ့ အဖြုန်းဆို တာရှိတယ်။ ကျွန်တော် ဆုံးမစကားတစ်ခွန်းရှိတယ်။ ဒါကတော့ နိုင်ငံခြားသားတွေလည်း စော်ကားတာ မဟုတ်ပါဘူး။ တရုတ်လိုရှာ ကုလားလိုစု ဗမာလို မသုံးနဲ့လို့ပြောတယ်။ တရုတ်တွေက ငွေရှာကြတယ်။ ကုလားတွေကလည်း အင်မတန် စေ့စပ်တယ်။ သုံးတဲ့ စွဲတဲ့နေရာမှာ ဗမာတွေက ဖြုန်းတယ်။ တအားသုံးတယ်။ တရုတ်လိုရှာ ကုလားလိုစု ဗမာလိုမဖြုန်းနဲ့ မသုံးနဲ့ ဆိုပြီး ပြောတဲ့ ကျွန်တော့်ရဲ့ အဘိုးအဘွားကနေ ဆုံးမဖူးတဲ့ စကားတစ်ခွန်း ရှိတယ်။ သိပ်မှန်တယ်။ ဒါကြောင့် ကျွန်တော်တို့ အသုံးတွေလည်း ချွေတာဖို့ လိုပါတယ်။ လွတ်တော်ကိုယ်စားလှယ်တွေကလည်း ဒါလေးတွေကိုအလေးထားစေလို ကြောင်း ကျွန်တော် တို့ပြောလိုပါတယ်။ ကျွန်တော်တို့ တတ်နိုင်သလောက် ခြိုးခြိုးခြံခြံနဲ့ လုပ်ပါဆိုပြီးကျွန်တော်မှာထား ပါတယ်။ တိုင်းပြည်မချမ်းသာပါဘူး” ဟု ပြောသည်။ သဘာဝ ဘေးအန္တရာယ်များကို ကြုံတွေ့ကျော်လွှားထားရပြီးဆက် လက်ထူထောင်ရဦးမည်ဖြစ်ကြောင်း ပြောကြားသည်။
လောင်စာဆီ
စုံ၊ မ စနစ်ဆောင်ရွက်ခြင်းသည် မိမိတို့နိုင်ငံတွင်သာ လုပ်ခြင်းမဟုတ်ဘဲ တရုတ်နိုင်ငံ ဘေဂျင်းမြို့နှင့် စင်ကာပူတို့တွင် ယခင်ကပင် လုပ်ခဲ့ပြီးသားဖြစ်ကြောင်းပြောသည်။ “စွမ်းအင်ဝန်ကြီးက ကျွန်တော့် ကိုသတင်းလာပို့ တယ်။ ကျွန်တော် QR Code နဲ့လုပ်မယ်တဲ့။ လုပ်ကွာ QR Code နဲ့။ အခုလည်း အွန်လိုင်းပေါ်မှာ ဆဲနေကြတာပဲ။ ဆိုလိုတာကကျွန်တော် တို့ကတစ်ခုခုလုပ်ပြီဆိုတာနဲ့ အပြစ်ပြောဖို့ပဲ ကြိုးစားတယ်။ ဘာကြောင့်ဆိုတာလည်း မစဉ်းစား ဘူး။ ဒီလို ဖြစ်လာတာ” ဟု ဗိုလ်ချုပ်မှူးကြီးကပြောကြားခဲ့သည်။

Zawgyi Version:
ဗိုလ္ခ်ဳပ္မႉးႀကီးရဲ႕ အခ်ိန္ပိုမိန႔္ခြန္းထဲက ပြင့္ထြက္လာတဲ့ ခံစားခ်က္အႏွစ္ခ်ဳပ္
သုတေက်ာ္ (NP News)-မတ္ ၁၅
အက်င့္ဆိုးမ်ားကိုျပင္ၾကရန္အတြက္ ယာယီသမၼတ ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရး ေကာ္မတီ ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီးက မတ္လ (၁၃) ရက္က ေနျပည္ေတာ္ရွိ MICC-1 တြင္ က်င္းပသည့္ ျမန္မာ့မ်က္ႏွာစာ သစ္ဖိုရမ္တြင္ေျပာၾကားခဲ့ေသာ မိန႔္ ခြန္းအတြင္း ထည့္သြင္းေျပာၾကားသည္။
ႏိုင္ငံေရးစနစ္ႏွင့္ ဖက္ဒရယ္
ဒီမိုကေရစီဟုဆိုသည့္အခါတြင္ ႏိုင္ငံအလိုက္ ကြဲျပားျခားေသာအေျခအေနရွိေၾကာင္း မိန႔္ခြန္း အတြင္းထည့္သြင္း ေျပာၾကားသည္။ “ပါတီစုံေတာ့ ပါတီစုံပဲ၊ တစ္ပါတီက အားေကာင္းၿပီးေတာ့ ႏိုင္ငံ အာဏာကိုတစ္ေလွ်ာက္လုံးယူထားတဲ့ ႏိုင္ငံေတြ လည္းရွိတယ္။ ဥပမာ ဂ်ပန္တို႔စင္ကာပူတို႔လို ႏိုင္ငံမ်ိဳးေတြ၊ ဒီလိုလည္းရွိပါတယ္ဆိုၿပီးေတာ့ ကြၽန္ေတာ္ တို႔ေျပာၾကတာေပါ့။ မွန္ပါတယ္။ ဒီလိုပဲ ပါတီစုံစနစ္လို႔ လည္း ေျပာပါတယ္။ ကြၽန္ေတာ္တို႔က ပါတီႏိုင္ငံေရး သြားၾက တာေပါ့ ႏိုင္ငံေရးစနစ္မွာ။ ဒီမိုကေရစီ အုပ္ခ်ဳပ္ေရး၊ ဒီမိုကေရစီနဲ႔ အုပ္ခ်ဳပ္ေရးစနစ္ကို ကြၽန္ေတာ္တို႔သြားတာ။ ေနာက္တစ္ခုကေတာ့ ကြၽန္ေတာ္ တို႔ျပည္သူေတြ တိုင္းရင္းသားေတြလိုခ်င္တာ ဖက္ဒရယ္စနစ္လို႔ေျပာတယ္။ မွန္ပါတယ္။ ဒါလည္း ကြၽန္ေတာ္တို႔ လက္ခံပါတယ္။ ဒါေၾကာင့္ ဒီမိုကေရစီနဲ႔ ဖက္ဒရယ္စနစ္ကိုအေျခခံတဲ့ ျပည္ေထာင္စု သြားမယ္လို႔ ကြၽန္ေတာ္တို႔ ေျပာၾကတာေပါ့။ ဖက္ဒရယ္စနစ္ဆို တာ ေပါင္းစည္းေနထိုင္ျခင္း၊ အာဏာကို ခြဲေဝက်င့္ သုံးျခင္း ဒါေတြနဲ႔အတူတူ က်ယ္က်ယ္ျပန႔္ျပန႔္ အဓိပၸာယ္ေတာ့ရွိပါတယ္။ အၾကမ္းဖ်င္းအားျဖင့္ ေပါင္းစည္း ေနထိုင္ၿပီးေတာ့မွ အာဏာေတြကို အားလုံးအဆင့္ဆင့္ခြဲေဝက်င့္သုံးလုပ္ေဆာင္ၾကျခင္းဟာ ဖက္ဒရယ္စနစ္ပါပဲ” ဟု ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္ လႈိင္က ေျပာသည္။
ေဒသကို ဖက္ဒရယ္စနစ္ေပးထားျခင္းျဖစ္ၿပီး လူကို၊ လူပုဂၢိဳလ္ကို၊ တိုင္းရင္းသားကို၊ အစုအဖြဲ႕ကို ဖက္ဒရယ္စနစ္ ေပးထားျခင္းမဟုတ္ေၾကာင္းကို သတိခ်ပ္ေစလိုေၾကာင္း၊ ႏိုင္ငံေရးစနစ္မ်ား မည္မွ်ပင္ ေဆာင္႐ြက္ေစကာမူ အဓိကမွာ တိုင္းျပည္ဖြံ႕ၿဖိဳး တိုးတက္ေရးျဖစ္ေၾကာင္းလည္း ေျပာသည္။
ေက်းလက္ဖြံ႕ ၿဖိဳးေရး
(၂၀၂၄) ခုႏွစ္ လူဦးေရ သန္းေခါင္စာရင္းအရ အၾကမ္းဖ်င္းအားျဖင့္ ျမန္မာႏိုင္ငံလူဦးေရ၏ (၇၀) ရာခိုင္ႏႈန္းသည္ ေက်းလက္တြင္ေနၿပီး (၃၀) ရာခိုင္ႏႈန္းက ၿမိဳ႕ေပၚတြင္ေနၾကေၾကာင္းႏွင့္ အနာႏွင့္ ေဆးတည့္ရန္လိုေၾကာင္းလည္း ေျပာသည္။ “ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံရဲ႕ဆင္းရဲမြဲေတမႈကို ကမာၻ႔ဘဏ္ကေနၿပီးေတာ့ (၄၀) ရာခိုင္ႏႈန္း အထက္ရွိ တယ္လို႔ ေျပာပါတယ္။ ဆင္းရဲမြဲေတမႈ (၄၀) ရာခိုင္ႏႈန္း၊ အရင္တုန္း က (၂၀) ရာခိုင္ႏႈန္းေက်ာ္ေနတာ အခု Double ျဖစ္ တယ္လို႔ေျပာတာေပါ့။ ကြၽန္ေတာ္တို႔လက္ထက္မွာ Double ျဖစ္တယ္လို႔ေျပာတာ။ ဒါအတိုင္းအတာ တစ္ခုေတာ့ မွန္ပါလိမ့္မယ္၊ သို႔ေသာ္ တခ်ိဳ႕ကလည္း လြဲမွားမႈေတြရွိပါတယ္။ သို႔ေသာ္လည္းပဲ ကြၽန္ေတာ္ တို႔သည္ ေက်းလက္ဖြံ႕ၿဖိဳး ေရးကိုေတာ့ အထူးအေလး ထားေဆာင္႐ြက္သြားဖို႔လိုအပ္ပါတယ္” ဟု ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာသည္။
ပညာေရး ႏွင့္ မတည္ၿငိမ္မႈ
ပညာေရး စစ္တမ္းကိုၾကည့္သည့္အခါ လူဦးေရ ထက္ဝက္ခန႔္မွာ ပညာရည္နိမ့္ပါးေနသည္ကို ေတြ႕ရ ေၾကာင္းႏွင့္မျဖစ္မေနလုပ္ေဆာင္ရမည္မွာ ပညာေရး ျမႇင့္တင္မႈျဖစ္ေၾကာင္း ေျပာသည္။ “အဲဒီေတာ့ ကြၽန္ ေတာ္က တာဝန္ယူတဲ့အခ်ိန္မွာ KG+9 ထိကို လုပ္ဖို႔ ကြၽန္ေတာ္တို႔က စီမံပါတယ္။ အတိုင္းအတာတစ္ခုထိ ေအာင္ျမင္ပါတယ္။ သို႔ေသာ္လည္းပဲ ျပည္နယ္နဲ႔ တိုင္း အသီးသီးကေတာ့ အားလုံး ႀကိဳးစားဖို႔ေတာ့လို ပါေသးတယ္။ ဒီတည္ၿငိမ္းခ်မ္းတဲ့ ေဒသေတြကေတာ့ ဒါေအာင္ျမင္မႈရွိေနတာကို ကြၽန္ေတာ္တို႔ ေတြ႕ရပါ တယ္။ ကြၽန္ေတာ္ ခုနေျပာတဲ့ စိုက္ပ်ိဳးေမြးျမဴ ေရးေတြ လိုအပ္တဲ့အတြက္ေၾကာင့္ ကြၽန္ေတာ္ တာဝန္ယူတဲ့အခ်ိန္မွာ KG+10, 11, 12 မွာ စက္မႈ၊ စိုက္ပ်ိဳးနဲ႔ ေမြးျမဴေရး ဘာသာရပ္တြဲကိုလုပ္ပါတယ္။ အခု သူတို႔ ဒီေန႔ KG+12 စာေမးပြဲ ေျဖေနၾကၿပီပဲ ျဖစ္ပါတယ္။ လာမယ့္ပညာသင္ ႏွစ္အစကစၿပီး အလယ္တန္းပညာမွာ ကြၽန္ေတာ္တို႔ ဒီစိုက္ပ်ိဳးေမြးျမဴေရး ဘာသာရပ္ေတြသင္ပါမယ္” ဟု ဗိုလ္ခ်ဳပ္မႉး ႀကီး မင္းေအာင္လႈိင္က ေျပာသည္။
တည္ၿငိမ္ေအးခ်မ္းေရး ပ်က္ျပားေနေသာ အခ်ိဳ႕ ေနရာတို႔မွာ ပညာတတ္၊ ပညာေရး အားနည္းေသာ ျပည္နယ္ႏွင့္တိုင္းတို႔တြင္ ပိုျဖစ္ေနသည္ကိုေတြ႕ရေၾကာင္း ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လႈိင္က ေျပာသည္။ “ေျမာက္ဘက္ ဆိုရင္ ကခ်င္ျပည္နယ္၊ ခ်င္း ျပည္နယ္၊ ဟုတ္လား၊ ေနာက္ၿပီးလို႔ရွိရင္ အေပၚ ဘက္ျခမ္း ကခ်င္ျပည္နယ္တခ်ိဳ႕အပိုင္းေပါ့။ စစ္ကိုင္းတိုင္းအထက္ပိုင္း၊ အဖ်ားပိုင္းေတြ၊ ရွမ္းျပည္နယ္ တခ်ိဳ႕အပိုင္းေတြ။ ကြၽန္ေတာ္ကိုယ္တိုင္လည္း တာဝန္ထမ္း ေဆာင္ခဲ့လို႔သိပါတယ္ ဒီအျမင္ေတြက။ ေနာက္ကယားျပည္နယ္၊ ကရင္ျပည္နယ္၊ ဒီမွာ ဆူပူမႈေတြျဖစ္။ အခုျဖစ္ေန တဲ့ကိစၥေတြမွာ အဲဒီေဒသေတြ အားလုံးက ပညာေရးအားနည္းတဲ့ ေဒသေတြ ျဖစ္ေနတာကို သြားေတြ႕ရတယ္။ ပညာေရး အားနည္းတဲ့အခါ က်ေတာ့ စဥ္းစားဆင္ျခင္ႏိုင္မႈမွာလည္း အားနည္း ခ်က္ေတြ ရွိလာတယ္။ သူတို႔ဘာလုပ္လဲ။ သူတို႔ ေျပာတာေတာ့ ႏိုင္ငံေရးေပါ့ဗ်ာ၊ (၂၀၂၁) ခုႏွစ္မွာ ဉာဏ္ရည္သေဘာတူ၊ သေဘာထားကြဲလို႔ ျဖစ္လာတယ္။ ဒါေပမဲ့ ႏိုင္ငံေရးက အဓိကမဟုတ္ဘူးဗ်၊ သူတို႔စားဝတ္ေနေရး လုပ္ေနၾကတာ။ ေ႐ႊေတြ ခိုးတူးတယ္ဗ်၊ သတၱဳေတြ ခိုးတူးတယ္ဗ်၊ ကြၽန္းေတြ ဟုတ္လား ခိုးထုတ္ၿပီး ခိုးေရာင္းတယ္ဗ်၊ သစ္ေတြ ခိုးေရာင္းၾကတယ္။ သတၱဳေတြ ခိုးေရာင္းၾကတယ္။ ဆက္ေၾကးေတြ ေကာက္တယ္၊ ဂိတ္ေတြ ဖြင့္တယ္၊ ဆက္ေၾကးေတာင္းတယ္။ လူေတြဖမ္းတယ္၊ ဟုတ္လား ဆက္ေၾကးေတာင္းတယ္။ ဒါအမွန္ပဲ” ဟု ေျပာ သည္။
Agro -based Industry သြားရမည္
စိုက္ပ်ိဳးေရး၊ ေမြးျမဴေရးႏွင့္ သစ္ေတာထြက္ ပစၥည္းမ်ားကို အဓိက ကုန္ၾကမ္းအျဖစ္အသုံးျပဳၿပီး တန္ဖိုးျမႇင့္ ကုန္ေခ်ာပစၥည္းမ်ား ထုတ္လုပ္သည့္ စက္ မႈလုပ္ငန္းဘက္ေဆာင္႐ြက္ရန္လည္း တိုက္တြန္းသည္။
IT ေခတ္တြင္ Agro -based Industry လုပ္ေနသည့္အေပၚ အနည္းငယ္ လြဲေနသည္ဆိုေသာ ေဆာင္းပါး တစ္ပုဒ္ကို ဖတ္ခဲ့ရေသာ္လည္း IT ႏွင့္ ပတ္သက္၍ ရတနာပုံ ဆိုက္ဘာစီးတီးကို ျပန္လည္ အေကာင္အထည္ ေဖာ္ေန သည့္အျပင္ နည္းပညာႏွင့္ ဆိုင္သည္မ်ားကို အားေပးေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာသည္။
“ခုနက Agro-based Industry ကေတာ့ မလုပ္လို႔ကို မရဘူး။ လူအမ်ားစုျဖစ္ေနတယ္။ ျငင္း ပယ္လို႔ကို မရဘူး။ ဒါေၾကာင့္ ကြၽန္ေတာ္တို႔က သူတို႔ ကို ဟုတ္လား စီးပြားေရး ပိုအားေကာင္းလာေအာင္ လုပ္ရပါမယ္။ အားေကာင္းေအာင္၊ Agro-based Industry တိုတိုေျပာရလို႔ရွိရင္ ဘာရွိလဲ။ ဟုတ္လား ကြၽန္ေတာ္တို႔ရဲ႕ ဆန္စပါးေပါ့၊ ဆန္စပါးတို႔၊ ပဲတို႔ ကြၽန္ ေတာ္တို႔ အဓိကစိုက္တာ၊ ႏွမ္းတို႔ ေျပာတာ။ ဒီထက္ စက္မႈလုပ္ငန္းကို သြားႏိုင္တဲ့ကြၽန္ေတာ္တို႔ အဖိုးတန္ ပစၥည္းရွိတယ္။ အဲဒါဘာလဲဆိုေတာ့ ဝါျဖစ္ပါတယ္။ ဝါစိုက္ပ်ိဳးေရးေပါ့ေနာ္” ဟု ေျပာသည္။ ဝါ စိုက္ပ်ိဳးေရးႏွင့္ပတ္သက္၍ အားေပးေဆာင္႐ြက္ေနၿပီး ေသခ်ာစြာေဆာင္႐ြက္ပါက ဝါအေျခခံစက္မႈဇုန္လုပ္ငန္း ထူေထာင္ႏိုင္ေၾကာင္း ေျပာၾကား သည္။
“ဝါကေနၿပီး ဝါဂြမ္း၊ ဝါဂြမ္းကေန ခ်ည္၊ ခ်ည္ကေနၿပီး ပိတ္၊ ပိတ္ကေနၿပီး ပိတ္ကမွ အမ်ိဳးအစား ေကာင္းတဲ့ ပိတ္ေတြအမ်ိဳးမ်ိဳးေျပာင္းတာေပါ့၊ ဒီလို သြားလို႔ရတယ္။ ခုနကေျပာတဲ့ Agro-based Indus- tries ဆိုတဲ့ဟာထဲမွာ အဲဒီေတာ့ စဥ္းစားဖို႔ေကာင္း တာေပါ့။ ဒုတိယေတာ့ ဝါးျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ ႏိုင္ငံမွာ ဝါးက သန္း (၃၀ဝ) ေက်ာ္ ေလာက္ ထြက္ပါတယ္။ ရွိတယ္။ သို႔ေသာ္ အဲဒီဝါးေတြ ကြၽန္ေတာ္တို႔ ေကာင္းေကာင္းအသုံးမခ်ႏိုင္ဘူး။ ဝါးကေနၿပီး ေတာ့မွ ေပ်ာ့ဖတ္ေတြလုပ္ၿပီး စကၠဴလုပ္လို႔ရတယ္၊ ဝါးကေန ၿပီးေတာ့မွ ေပ်ာ့ဖတ္လုပ္ၿပီး ခ်ည္ထည္လုပ္လို႔ရတယ္၊ ဝါးခ်ည္။ အခု Bamboo Cotton အဲဒါ ကမာၻမွာ နာမည္ႀကီးပါတယ္။ ေတာ္ေတာ္ေကာင္းတဲ့ဟာ ျဖစ္ပါတယ္။ Bamboo Cotton ကို ဒါ အမ်ိဳးစုံေပါ့၊ Quality အမ်ိဳးစုံခ်ည္ ဒါလုပ္လို႔ရတယ္။ အနည္းဆုံးေတာ့ ဒါေပ်ာ့ဖတ္လုပ္လို႔ရတယ္၊ ေပ်ာ့ဖတ္လုပ္ၿပီး ႏိုင္ငံျခားပို႔လို႔ရတယ္” ဟု ေျပာၾကားသည္။ စတင္တာဝန္ယူခ်ိန္ (၂၀၁၁) ခုႏွစ္မွစတင္ကာ Caustic Soda စက္႐ုံေဆာက္ရန္ႀကိဳးပမ္းခဲ့ေသာ္လည္း ကန႔္ ကြက္မႈမ်ား ခံခဲ့ရေၾကာင္း ေျပာၾကားသည္။
“အဲဒီအခါက်ေတာ့ ကဲ အဲဒါဆိုလည္း မလုပ္နဲ႔၊ ေနရာေ႐ႊ႕ၾကတာေပါ့ဆိုၿပီး အဲဒီမွာ စက္ေတြက မွာၿပီးေနၿပီဗ်။ ေနာက္ဆုံး ကြၽန္ေတာ္တို႔ အဲဒီ စက္႐ုံစီမံကိန္းကိုဖ်က္ပစ္လိုက္ရတယ္။ ဆိုေတာ့ ေဒၚလာ သန္း (၂၀) ေလာက္ ကြၽန္ေတာ္တို႔ ဆုံးရႈံးသြားတယ္။ ပိုက္ဆံျပန္မရဘူး။ အဲဒါ ကြၽန္ေတာ္ စက္မႈဝန္ႀကီး ဌာနကို လႊဲလိုက္တယ္။ စက္မႈဝန္ႀကီး ဌာနလည္း မလုပ္ႏိုင္ဘူး။ မလုပ္ႏိုင္ေတာ့ ကြၽန္ေတာ္တို႔ ဦးပိုင္ကို ျပန္လႊဲတယ္။ အခု ကြၽန္ေတာ္တို႔ ျပန္လုပ္ေနပါၿပီ။ အသစ္က ျပန္စရတာ။ တကယ္လို႔သာ အဲဒီတုန္းက စက္႐ုံရွိခဲ့လို႔ရွိရင္ အခု ကြၽန္ေတာ္တို႔ ေပ်ာ့ဖတ္ေတြ ဘာေတြ အမ်ားႀကီးလုပ္ႏိုင္တဲ့အေျခအေန အမ်ား ႀကီး ရွိပါတယ္” ဟု ေျပာသည္။
Agro – based Industry ဟု ဆိုရာတြင္ ဥပမာအားျဖင့္ တိုင္းျပည္အတြက္ အက်ိဳးရွိေသာ ဝါ၊ ဝါး ႏွင့္ ေရာ္ဘာကဲ့သို႔ပစၥည္းမ်ား ျဖစ္ၿပီး ယင္းကိုအေျခခံေသာ စက္မႈလုပ္ငန္းမ်ားေဆာင္႐ြက္ႏိုင္မည္ျဖစ္ ေၾကာင္း ေျပာသည္။
ႏိုင္ငံျခားမွ သြင္းရန္သာ ႀကိဳးစားေနၾက
“ကြၽန္ေတာ္တို႔က စက္မႈလုပ္ငန္းသြားဖို႔ဆိုတာနဲ႔ MSME မွာ အားေပးတဲ့အခ်ိန္မွာ ေတာ္ေတာ္ မ်ားမ်ားေတာ့ စားေသာက္ကုန္ေတြ လုပ္တာမ်ားပါတယ္။ လိုပါတယ္။ မွန္ပါတယ္။ မလိုဘူး မဟုတ္ပါဘူး။ သို႔ေသာ္လည္းပဲ ဒါေတြက နထစသမအ လုပ္လို႔ မရဘူး။ ျပည္ပေရာင္းကုန္မရွိဘူး။ ကုန္ထုတ္လုပ္မႈမရွိဘဲနဲ႔ ကုန္ပစၥည္းမရွိဘူး။ ကုန္ပစၥည္းမရွိဘဲနဲ႔ ေရာင္းကုန္ ဆိုတာမရႏိုင္ဘူး။ ေရာင္းကုန္က ျပည္ပေရာင္းကုန္ ရွိမယ္။ ျပည္တြင္း ေရာင္းကုန္ရွိမယ္။ ျပည္တြင္း ေရာင္းကုန္ျဖစ္တဲ့အခါက်လို႔ရွိရင္ သူတို႔ကဝင္ေငြရ ၿပီးေတာ့ ေစာေစာကေျပာတဲ့ အူမေတာင့္ႏိုင္တဲ့ ကိစၥ သူလုပ္ႏိုင္မယ္။ ကုန္ထုတ္လုပ္မႈက မျဖစ္မေနလုပ္ရ မယ္။ ၿပီးရင္ အဲဒီကုန္ထဲကမွ အရည္အေသြးေကာင္း တဲ့ဟာေတြ ရေအာင္လုပ္ၿပီး ျပည္ပကို ရေအာင္ပို႔ရမွာ။ ျပည္ပေရာက္မွ ႏိုင္ငံျခားေငြရမွာ။ အခု ကြၽန္ေတာ္တို႔ ႏိုင္ငံျခားေငြက အခက္အခဲျဖစ္တဲ့ အတြက္ေၾကာင့္ ေဒၚလာေဈးေတြတက္တယ္။ ကြၽန္ေတာ္တို႔မျငင္းပါ ဘူး။ ဘာလို႔လဲဆိုရင္ေတာ့ ပို႔ကုန္မွမရွိတာကို ႏိုင္ငံ ျခားကသြင္းဖို႔ပဲႀကိဳးစားေနၾကတာ။ နည္းလမ္းေပါင္း စုံနဲ႔သြင္းဖို႔ ႀကိဳးစားေနတယ္။ တရားဝင္ရဖို႔ႀကိဳးစား တယ္။ နယ္စပ္ ၾကားကေနၿပီးေတာ့ တရားမဝင္ ကုန္ သြယ္မႈကေန သြင္းဖို႔ႀကိဳးစားတယ္။ ကြၽန္ေတာ္တို႔ သိပါတယ္” ဟု ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာသည္။
အက်င့္ဆိုးမ်ားကို ျပင္ရန္လို
အက်င့္ဆိုးမ်ားကိုျပင္ရန္ လိုေၾကာင္းလည္း ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က ေျပာသည္။ “စာရင္းအရ ဆန္ေတြထြက္ပါတယ္။ တကယ္ပို႔တဲ့ အခါက်ေတာ့ နည္းနည္းအခက္အခဲရွိတယ္။ ျပည္နယ္နဲ႔ တိုင္းေတြကလည္း တင္ျပတဲ့အခါမွာလည္း ကိန္းဂဏန္းေတြ မွန္ကန္ဖို႔လိုတာေပါ့။ အဲဒီ အက်င့္ဆိုးေတြကို ကြၽန္ေတာ္တို႔ျပင္ၾကဖို႔လိုတာ ကိုေျပာခ်င္ပါတယ္။ လူႀကီးေတြ ႏိုင္ငံေတာ္ကေနၿပီးေတာ့ စိတ္ခ်မ္းသာေအာင္ဆိုၿပီးေတာ့ သာသာထိုးထိုး ေလး သူတို႔ေျပာတာေပါ့။ ေျပာတဲ့ အခါက်ေတာ့ ကြၽန္ ေတာ္တို႔လည္း အဟုတ္ေအာက္ေမ့ေနတာေပါ့။ တကယ္တမ္း ေျပာေတာ့အခါက်ေတာ့ မရွိဘူး။ ဒါ အမွန္ပါပဲ။ ဒါေၾကာင့္ ကြၽန္ေတာ္တို႔အေနနဲ႔လည္း တကယ္အလုပ္လုပ္ဖို႔လိုပါတယ္။ တကယ္လည္း လုပ္ႏိုင္ေအာင္ဖန္းတီေပးဖို႔လိုတယ္” ဟု ေျပာၾကားသည္။
တိုင္းျပည္မခ်မ္းသာေသာေၾကာင့္ ေခြၽတာရန္ လို
အစစအရာရာ ေငြေၾကး အသုံးအစြဲမွစတင္ကာ ေခြၽတာရန္လိုေၾကာင္း၊ စကၠဴမွအစ စက္သုံးဆီ အဆုံး ေခြၽတာရန္ လိုေၾကာင္းလည္း ေျပာသည္။ “ဆိုလိုတာ က သုံးစြဲမႈေတြေခြၽတာဖို႔လိုတာ။ အသုံးနဲ႔ အျဖဳန္းဆို တာရွိတယ္။ ကြၽန္ေတာ္ ဆုံးမစကားတစ္ခြန္းရွိတယ္။ ဒါကေတာ့ ႏိုင္ငံျခားသားေတြလည္း ေစာ္ကားတာ မဟုတ္ပါဘူး။ တ႐ုတ္လိုရွာ ကုလားလိုစု ဗမာလို မသုံးနဲ႔လို႔ေျပာတယ္။ တ႐ုတ္ေတြက ေငြရွာၾကတယ္။ ကုလားေတြကလည္း အင္မတန္ ေစ့စပ္တယ္။ သုံးတဲ့ စြဲတဲ့ေနရာမွာ ဗမာေတြက ျဖဳန္းတယ္။ တအားသုံးတယ္။ တ႐ုတ္လိုရွာ ကုလားလိုစု ဗမာလိုမျဖဳန္းနဲ႔ မသုံးနဲ႔ ဆိုၿပီး ေျပာတဲ့ ကြၽန္ေတာ့္ရဲ႕ အဘိုးအဘြားကေန ဆုံးမဖူးတဲ့ စကားတစ္ခြန္း ရွိတယ္။ သိပ္မွန္တယ္။ ဒါေၾကာင့္ ကြၽန္ေတာ္တို႔ အသုံးေတြလည္း ေခြၽတာဖို႔ လိုပါတယ္။ လြတ္ေတာ္ကိုယ္စားလွယ္ေတြကလည္း ဒါေလးေတြကိုအေလးထားေစလို ေၾကာင္း ကြၽန္ေတာ္ တို႔ေျပာလိုပါတယ္။ ကြၽန္ေတာ္တို႔ တတ္ႏိုင္သေလာက္ ၿခိဳးၿခိဳးၿခံၿခံနဲ႔ လုပ္ပါဆိုၿပီးကြၽန္ေတာ္မွာထား ပါတယ္။ တိုင္းျပည္မခ်မ္းသာပါဘူး” ဟု ေျပာသည္။ သဘာဝ ေဘးအႏၲရာယ္မ်ားကို ႀကဳံေတြ႕ေက်ာ္လႊားထားရၿပီးဆက္ လက္ထူေထာင္ရဦးမည္ျဖစ္ေၾကာင္း ေျပာၾကားသည္။
ေလာင္စာဆီ
စုံ၊ မ စနစ္ေဆာင္႐ြက္ျခင္းသည္ မိမိတို႔ႏိုင္ငံတြင္သာ လုပ္ျခင္းမဟုတ္ဘဲ တ႐ုတ္ႏိုင္ငံ ေဘဂ်င္းၿမိဳ႕ႏွင့္ စင္ကာပူတို႔တြင္ ယခင္ကပင္ လုပ္ခဲ့ၿပီးသားျဖစ္ေၾကာင္းေျပာသည္။ “စြမ္းအင္ဝန္ႀကီးက ကြၽန္ေတာ့္ ကိုသတင္းလာပို႔ တယ္။ ကြၽန္ေတာ္ QR Code နဲ႔လုပ္မယ္တဲ့။ လုပ္ကြာ QR Code နဲ႔။ အခုလည္း အြန္လိုင္းေပၚမွာ ဆဲေနၾကတာပဲ။ ဆိုလိုတာကကြၽန္ေတာ္ တို႔ကတစ္ခုခုလုပ္ၿပီဆိုတာနဲ႔ အျပစ္ေျပာဖို႔ပဲ ႀကိဳးစားတယ္။ ဘာေၾကာင့္ဆိုတာလည္း မစဥ္းစား ဘူး။ ဒီလို ျဖစ္လာတာ” ဟု ဗိုလ္ခ်ဳပ္မႉးႀကီးကေျပာၾကားခဲ့သည္။

Picture

Aung Aung

16/03/2026 11:27

သူခိုးက လူလိူဟစ်သကွာ 😆

Related news

© 2021. All rights reserved.