စစ်သုံ့ပန်းများသည် နိုင်ငံရေး၊ စစ်ရေးအတွက် အသုံးချခံမဟုတ်

 174

သုတကျော် (NP News)-မတ် ၁၅
ဖမ်းဆီးခံ စစ်သုံ့ပန်းများသည် နိုင်ငံရေး၊ စစ်ရေးအတွက် အသုံးချခံ မဟုတ်ကြောင်း AA အဖွဲ့ကို ရည်ရွယ်၍ စစ်ရေးလေ့လာစောင့်ကြည့်သူတစ်ဦးက NP News က တစ်ဆင့် သုံးသပ်ပြော ကြားသည်။ ဂျီနီဗာကွန်ဗန်းရှင်းတွင် စစ်သုံ့ပန်းများ နှင့်ပတ်သက်၍ စစ်သုံ့ပန်းကိုသတ်ဖြတ်ခြင်း သို့မဟုတ် ကျန်းမာရေးထိခိုက်အောင် လုပ်ဆောင်ခြင်းကို ပြင်းပြင်းထန်ထန်တားမြစ်ထားပြီး လက်စားချေလို သည့်သဘောဖြင့် အပြစ်ပေးခြင်းကိုလည်း တားမြစ် ထားသည်။
ထို့ပြင် လုံလောက်သော အစားအစာနှင့် ရေပေးရန်၊ ရာသီဥတုနှင့်ကိုက်ညီသော အဝတ်အစားနှင့်သန့်ရှင်းသော နေရာထိုင်ခင်းပေးရန်၊ လိုအပ်သော ဆေးဝါးစောင့်ရှောက်မှုပေးရန် အချက်များကို ထည့်သွင်းထားသည်။ သို့သော် AA အနေဖြင့် ၎င်းတို့ ဖမ်းဆီးရမိသော စစ်သုံ့ပန်းများကို ၎င်းတို့ဘက် ပါစေရန် အခွင့်အရေးဖြင့်ဆွဲဆောင်ပြီး မလိုက်နာသူ များကို မဝရေစာကျွေးခြင်းမျိုးရှိကြောင်း ၎င်းတို့ လက်မှလွတ်မြောက်လာသော သတင်းရင်းမြစ် တစ်ဦးက NP News သို့ ပြောကြားထားဖူးသည်။
ထို့ပြင် သတင်းရင်းမြစ်နှစ်ဦးထက် မနည်း ကို မေးမြန်းထားချက်အရ AA အနေဖြင့် စစ်သုံ့ပန် များကိုတိုက်ပွဲတွင် လက်နက်ကြီးပစ်သူများအဖြစ် ပြန်လည်အသုံးပြုခြင်း၊ လက်နက်ကြီးပစ်ရန်သင်ကြား ခိုင်းခြင်းမျိုးရှိခဲ့ဖူးပြီး “ကိုယ့်လူ ကိုယ် ပြန်ဒုက္ခပေး ခိုင်း” ကြောင်း ၎င်းတို့က ဖြေကြားထားသည်။
ဂျီနီဗာကွန်ဗန်းရှင်းဟု AA ဘက်က တွင်တွင် ပြောနေခဲ့သော်လည်း ၎င်းတို့ဘက်တွင်ပင်လျှင် အချို့က စစ်သုံ့ပန်းအချို့ကို လည်ပင်းလှီးပြီး ရက်ရက်စက်စက် သတ်ဖြတ်နေသော ဗီဒီယိုဖိုင်တစ်ခု အင်တာနက်တွင် ပျံ့နှံ့ခဲ့ဖူး သည်။ ထို့နောက် AA ဘက်က တပ်မတော်၏လေကြောင်း ဗုံးကြဲမှုနှင့် ပတ်သက်၍သတင်းထုတ်ပြန်ခြင်းများရှိခဲ့ရာ ၎င်းတို့၏ ထုတ်ပြန်ချက်များအတွင်း စစ်သုံ့ပန်းများ သေဆုံးသည်ဟုသာ ပြောနေသော်လည်း AA ဘက်က သေ ဆုံးသူကို မူ အတိအလင်းထုတ်ပြောခြင်းမျိုး မရှိပေ။
ယခုနောက်ဆုံးအနေဖြင့် ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်မှ ဒါးလက်ချောင်းရှိ AA တို့၏ စစ်သုံ့ပန်း စခန်းတစ်ခုကို တပ်မတော်က ဗုံးကြဲကြောင်း ဂျီနီဗာကွန်ဗန်းရှင်းကိုကိုင်ကာ ၎င်းတို့ဘက်က ပြောလာခဲ့ကာ ၎င်းတို့ထုတ်ပြန်ချက်အရ တပ်မတော်မှ ဂျက်ဖိုက်တာ (၄)စင်းနှင့် Y-12 (၄)စင်းတို့ဖြင့် သုံးနာရီခွဲခန့်ကြာအောင် ဗုံးကြဲသောကြောင့် စစ်သုံ့ပန်း (၁၁၆) ဦးသေဆုံးခဲ့ပြီး (၃၂) ဦး ဒဏ်ရာရရှိခဲ့ကြောင်းနှင့်အရပ်သားများထဲမှအချို့လည်း သေဆုံးကြောင်း၊ ယခုတစ်ကြိမ် သည် လေကြောင်း တိုက်ခိုက်မှုကြောင့် စစ်သုံ့ပန်း သေဆုံးမှုအများဆုံးဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့ပြင် ၎င်းတို့၏ထုတ်ပြန်ချက်အတွင်း စစ်သုံ့ပန်းဖြစ်နေသည့် စစ်အရာရှိကြီးများလည်း အဆိုပါ ဗုံးကြဲမှုကြောင့် သေဆုံးသွားခဲ့ကြောင်း ဆိုထားပြီး လက်ရှိစစ်သုံ့ပန်းဖြစ်နေသူ ဗိုလ်မှူးချုပ် သောင်းထွန်းက ရခိုင်ပြည်နယ်မှမီဒီယာများ ကို ပြောကြားရာတွင် သေဆုံးသူများအတွင်း ဗိုလ်မှူးချုပ် မြင့်ရွှေ၊ ဗိုလ်မှူးများနှင့် စစ်ဆေးဆရာဝန်များပါရှိကြောင်း ဖော်ပြထားသည်။ သို့သော် အဆိုပါ အင်တာဗျူးတွင် ဗိုလ်မှူးချုပ် သောင်းထွန်းမှာ သံခြေကျင်းခတ်ခံထား ရသော အနေအထားဖြင့် အင်တာဗျူး ဖြေနေရခြင်းဖြစ်ရာ ယင်းသည် ဂျနီဗာကွန်ဗန်းရှင်းတွင် ပါဝင်သော သုံ့ ပန်းများ၏ ဂုဏ်သိက္ခာကို အများပြည်သူရှေ့တွင် အရှက်ခွဲခြင်းမှကာကွယ်ရမည်ဟူသောအချက်ကို AA ကအတိအလင်း ချိုးဖောက် ထားကြောင်း တွေ့ရသည်။ AA က ထုတ်ပြန်ချက်အတွင်း ဓာတ်ပုံများ ကိုလည်းထုတ်ပြန်ခဲ့ရာ အဆိုပါ ပုံပါ အချက်အလက်များအပေါ် ဝေဖန်ခြင်းများရှိနေသည်။ “ဗုံးကြဲတယ်ဆို ရင် မြေပြင်က ပြန့်ကြဲသွားမှာနော်။ အခုက ပုံတွေ ကို ကြည့်ရင် မီးလောင်ပြီး သေဆုံးသွားတဲ့အလောင်း တွေကိုပဲ မြင်ရတယ်။ သူတို့ပြထားတဲ့ အစုလိုက် အပြုံလိုက် အလောင်းပုံမှာလည်း မီးမလောင်တဲ့ အလောင်းဆို ဗုံးစမှန်ပြီး သေဆုံးတာမျိုးမတွေ့ရဘူး။ ဆိုတော့ အသတ်ခံရတယ်။ မီးရှို့အသတ်ခံရတယ်။ ဒါက သေချာတယ်။ မီးရှို့မယ်ဆို တပ်ကသွားရှို့ မလား။ ဘယ်သူလုပ်သလဲ အဖြေက ရှင်းရှင်းလေးပါ” ဟု သုံးသပ်သူတစ်ဦးက ဆိုသည်။
AA က ထုတ်ပြန်သော ဓာတ်ပုံအတွက် စစ်သုံ့ပန်းများကိုထားသည့် စခန်းအနေအထားမှာ ဗုံးကြဲခံရသော အနေအထားကို မတွေ့ရဘဲ မီးလောင် ထားသောအခြေအနေကိုပါတွေ့ရကာ စစ်သုံ့ပန်း အားလုံးလိုလိုတွင် ခြေကျင်းခတ်ထားသည်ကို တွေ့ရကြောင်း ၎င်းက ဆိုသည်။ “စစ်သုံ့ပန်းကို သုံ့ပန်းလို မဆက်ဆံဘူးဆိုတာ ရှင်းနေတာ ပဲလေ။ အလုပ်ခိုင်း တာမျိုးလည်း ရှိမယ်။ ပြီးတော့ အခုလို သူတို့လုပ်တဲ့ အခါ မပြေးနိုင်တော့ဘူးပေါ့။ သတိထား ကြည့်မယ် ဆိုရင် မြင်ရလိမ့်မယ်။ AA ကပဲ စစ်သုံ့ပန်းတွေကို တပ်က ဘာလုပ်တယ်၊ ညာလုပ်တယ် တင်နေတာ။ နိုင်ငံရေးအရ အသုံးချတာမျိုး ဖြစ်နေတယ်။ ဒီ သုံ့ပန်းဆိုတာ စစ်သားပဲလေဗျ။ စစ်သားမှာ ဂုဏ်သိက္ခာရှိတယ်။ စစ်သားအချင်းချင်း ဂုဏ်သိက္ခာလေးစားဖို့အတွက် ဂျီနီဗာကွန်ဗန်းရှင်းမှာ စစ်သုံ့ပန်းတွေ အတွက် ပါနေတာလေ။ အခုက သူတို့ရဲ့စစ်ရေး၊ နိုင်ငံရေးအတွက် အသုံးချနေတာ ဖြစ်နေတယ်။ လုံးဝ မလုပ်သင့်ဘူး။ မလုပ်အပ်ဘူး” ဟု ၎င်းက ဆိုသည်။ အခြား စစ်ရာဇဝတ်မှုများကို AA က ကျူးလွန်ထား သော်လည်း ယခုတစ်ကြိမ် ကျူးလွန်သည့်အမှုက ကိုယ်တိုင်ကျူးလွန်ပြီး အခြားသူကို လက်ညှိုးပြန်ထိုး သည့်အဆိုးဆုံးဖြစ်စဉ်ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

Zawgyi Version:
စစ္သုံ႔ပန္းမ်ားသည္ ႏိုင္ငံေရး၊ စစ္ေရးအတြက္ အသုံးခ်ခံမဟုတ္
သုတေက်ာ္ (NP News)-မတ္ ၁၅
ဖမ္းဆီးခံ စစ္သုံ႔ပန္းမ်ားသည္ ႏိုင္ငံေရး၊ စစ္ေရးအတြက္ အသုံးခ်ခံ မဟုတ္ေၾကာင္း AA အဖြဲ႕ကို ရည္႐ြယ္၍ စစ္ေရးေလ့လာေစာင့္ၾကည့္သူတစ္ဦးက NP News က တစ္ဆင့္ သုံးသပ္ေျပာ ၾကားသည္။ ဂ်ီနီဗာကြန္ဗန္းရွင္းတြင္ စစ္သုံ႔ပန္းမ်ား ႏွင့္ပတ္သက္၍ စစ္သုံ႔ပန္းကိုသတ္ျဖတ္ျခင္း သို႔မဟုတ္ က်န္းမာေရးထိခိုက္ေအာင္ လုပ္ေဆာင္ျခင္းကို ျပင္းျပင္းထန္ထန္တားျမစ္ထားၿပီး လက္စားေခ်လို သည့္သေဘာျဖင့္ အျပစ္ေပးျခင္းကိုလည္း တားျမစ္ ထားသည္။
ထို႔ျပင္ လုံေလာက္ေသာ အစားအစာႏွင့္ ေရေပးရန္၊ ရာသီဥတုႏွင့္ကိုက္ညီေသာ အဝတ္အစားႏွင့္သန႔္ရွင္းေသာ ေနရာထိုင္ခင္းေပးရန္၊ လိုအပ္ေသာ ေဆးဝါးေစာင့္ေရွာက္မႈေပးရန္ အခ်က္မ်ားကို ထည့္သြင္းထားသည္။ သို႔ေသာ္ AA အေနျဖင့္ ၎တို႔ ဖမ္းဆီးရမိေသာ စစ္သုံ႔ပန္းမ်ားကို ၎တို႔ဘက္ ပါေစရန္ အခြင့္အေရးျဖင့္ဆြဲေဆာင္ၿပီး မလိုက္နာသူ မ်ားကို မဝေရစာေကြၽးျခင္းမ်ိဳးရွိေၾကာင္း ၎တို႔ လက္မွလြတ္ေျမာက္လာေသာ သတင္းရင္းျမစ္ တစ္ဦးက NP News သို႔ ေျပာၾကားထားဖူးသည္။
ထို႔ျပင္ သတင္းရင္းျမစ္ႏွစ္ဦးထက္ မနည္း ကို ေမးျမန္းထားခ်က္အရ AA အေနျဖင့္ စစ္သုံ႔ပန္ မ်ားကိုတိုက္ပြဲတြင္ လက္နက္ႀကီးပစ္သူမ်ားအျဖစ္ ျပန္လည္အသုံးျပဳျခင္း၊ လက္နက္ႀကီးပစ္ရန္သင္ၾကား ခိုင္းျခင္းမ်ိဳးရွိခဲ့ဖူးၿပီး “ကိုယ့္လူ ကိုယ္ ျပန္ဒုကၡေပး ခိုင္း” ေၾကာင္း ၎တို႔က ေျဖၾကားထားသည္။
ဂ်ီနီဗာကြန္ဗန္းရွင္းဟု AA ဘက္က တြင္တြင္ ေျပာေနခဲ့ေသာ္လည္း ၎တို႔ဘက္တြင္ပင္လွ်င္ အခ်ိဳ႕က စစ္သုံ႔ပန္းအခ်ိဳ႕ကို လည္ပင္းလွီးၿပီး ရက္ရက္စက္စက္ သတ္ျဖတ္ေနေသာ ဗီဒီယိုဖိုင္တစ္ခု အင္တာနက္တြင္ ပ်ံ႕ႏွံ႔ခဲ့ဖူး သည္။ ထို႔ေနာက္ AA ဘက္က တပ္မေတာ္၏ေလေၾကာင္း ဗုံးႀကဲမႈႏွင့္ ပတ္သက္၍သတင္းထုတ္ျပန္ျခင္းမ်ားရွိခဲ့ရာ ၎တို႔၏ ထုတ္ျပန္ခ်က္မ်ားအတြင္း စစ္သုံ႔ပန္းမ်ား ေသဆုံးသည္ဟုသာ ေျပာေနေသာ္လည္း AA ဘက္က ေသ ဆုံးသူကို မူ အတိအလင္းထုတ္ေျပာျခင္းမ်ိဳး မရွိေပ။
ယခုေနာက္ဆုံးအေနျဖင့္ ရခိုင္ျပည္နယ္၊ အမ္းၿမိဳ႕နယ္မွ ဒါးလက္ေခ်ာင္းရွိ AA တို႔၏ စစ္သုံ႔ပန္း စခန္းတစ္ခုကို တပ္မေတာ္က ဗုံးႀကဲေၾကာင္း ဂ်ီနီဗာကြန္ဗန္းရွင္းကိုကိုင္ကာ ၎တို႔ဘက္က ေျပာလာခဲ့ကာ ၎တို႔ထုတ္ျပန္ခ်က္အရ တပ္မေတာ္မွ ဂ်က္ဖိုက္တာ (၄)စင္းႏွင့္ Y-12 (၄)စင္းတို႔ျဖင့္ သုံးနာရီခြဲခန႔္ၾကာေအာင္ ဗုံးႀကဲေသာေၾကာင့္ စစ္သုံ႔ပန္း (၁၁၆) ဦးေသဆုံးခဲ့ၿပီး (၃၂) ဦး ဒဏ္ရာရရွိခဲ့ေၾကာင္းႏွင့္အရပ္သားမ်ားထဲမွအခ်ိဳ႕လည္း ေသဆုံးေၾကာင္း၊ ယခုတစ္ႀကိမ္ သည္ ေလေၾကာင္း တိုက္ခိုက္မႈေၾကာင့္ စစ္သုံ႔ပန္း ေသဆုံးမႈအမ်ားဆုံးျဖစ္ေၾကာင္း ေဖာ္ျပထားသည္။
ထို႔ျပင္ ၎တို႔၏ထုတ္ျပန္ခ်က္အတြင္း စစ္သုံ႔ပန္းျဖစ္ေနသည့္ စစ္အရာရွိႀကီးမ်ားလည္း အဆိုပါ ဗုံးႀကဲမႈေၾကာင့္ ေသဆုံးသြားခဲ့ေၾကာင္း ဆိုထားၿပီး လက္ရွိစစ္သုံ႔ပန္းျဖစ္ေနသူ ဗိုလ္မႉးခ်ဳပ္ ေသာင္းထြန္းက ရခိုင္ျပည္နယ္မွမီဒီယာမ်ား ကို ေျပာၾကားရာတြင္ ေသဆုံးသူမ်ားအတြင္း ဗိုလ္မႉးခ်ဳပ္ ျမင့္ေ႐ႊ၊ ဗိုလ္မႉးမ်ားႏွင့္ စစ္ေဆးဆရာဝန္မ်ားပါရွိေၾကာင္း ေဖာ္ျပထားသည္။ သို႔ေသာ္ အဆိုပါ အင္တာဗ်ဴးတြင္ ဗိုလ္မႉးခ်ဳပ္ ေသာင္းထြန္းမွာ သံေျခက်င္းခတ္ခံထား ရေသာ အေနအထားျဖင့္ အင္တာဗ်ဴး ေျဖေနရျခင္းျဖစ္ရာ ယင္းသည္ ဂ်နီဗာကြန္ဗန္းရွင္းတြင္ ပါဝင္ေသာ သုံ႔ ပန္းမ်ား၏ ဂုဏ္သိကၡာကို အမ်ားျပည္သူေရွ႕တြင္ အရွက္ခြဲျခင္းမွကာကြယ္ရမည္ဟူေသာအခ်က္ကို AA ကအတိအလင္း ခ်ိဳးေဖာက္ ထားေၾကာင္း ေတြ႕ရသည္။ AA က ထုတ္ျပန္ခ်က္အတြင္း ဓာတ္ပုံမ်ား ကိုလည္းထုတ္ျပန္ခဲ့ရာ အဆိုပါ ပုံပါ အခ်က္အလက္မ်ားအေပၚ ေဝဖန္ျခင္းမ်ားရွိေနသည္။ “ဗုံးႀကဲတယ္ဆို ရင္ ေျမျပင္က ျပန႔္ႀကဲသြားမွာေနာ္။ အခုက ပုံေတြ ကို ၾကည့္ရင္ မီးေလာင္ၿပီး ေသဆုံးသြားတဲ့အေလာင္း ေတြကိုပဲ ျမင္ရတယ္။ သူတို႔ျပထားတဲ့ အစုလိုက္ အၿပဳံလိုက္ အေလာင္းပုံမွာလည္း မီးမေလာင္တဲ့ အေလာင္းဆို ဗုံးစမွန္ၿပီး ေသဆုံးတာမ်ိဳးမေတြ႕ရဘူး။ ဆိုေတာ့ အသတ္ခံရတယ္။ မီးရႈိ႕အသတ္ခံရတယ္။ ဒါက ေသခ်ာတယ္။ မီးရႈိ႕မယ္ဆို တပ္ကသြားရႈိ႕ မလား။ ဘယ္သူလုပ္သလဲ အေျဖက ရွင္းရွင္းေလးပါ” ဟု သုံးသပ္သူတစ္ဦးက ဆိုသည္။
AA က ထုတ္ျပန္ေသာ ဓာတ္ပုံအတြက္ စစ္သုံ႔ပန္းမ်ားကိုထားသည့္ စခန္းအေနအထားမွာ ဗုံးႀကဲခံရေသာ အေနအထားကို မေတြ႕ရဘဲ မီးေလာင္ ထားေသာအေျခအေနကိုပါေတြ႕ရကာ စစ္သုံ႔ပန္း အားလုံးလိုလိုတြင္ ေျခက်င္းခတ္ထားသည္ကို ေတြ႕ရေၾကာင္း ၎က ဆိုသည္။ “စစ္သုံ႔ပန္းကို သုံ႔ပန္းလို မဆက္ဆံဘူးဆိုတာ ရွင္းေနတာ ပဲေလ။ အလုပ္ခိုင္း တာမ်ိဳးလည္း ရွိမယ္။ ၿပီးေတာ့ အခုလို သူတို႔လုပ္တဲ့ အခါ မေျပးႏိုင္ေတာ့ဘူးေပါ့။ သတိထား ၾကည့္မယ္ ဆိုရင္ ျမင္ရလိမ့္မယ္။ AA ကပဲ စစ္သုံ႔ပန္းေတြကို တပ္က ဘာလုပ္တယ္၊ ညာလုပ္တယ္ တင္ေနတာ။ ႏိုင္ငံေရးအရ အသုံးခ်တာမ်ိဳး ျဖစ္ေနတယ္။ ဒီ သုံ႔ပန္းဆိုတာ စစ္သားပဲေလဗ်။ စစ္သားမွာ ဂုဏ္သိကၡာရွိတယ္။ စစ္သားအခ်င္းခ်င္း ဂုဏ္သိကၡာေလးစားဖို႔အတြက္ ဂ်ီနီဗာကြန္ဗန္းရွင္းမွာ စစ္သုံ႔ပန္းေတြ အတြက္ ပါေနတာေလ။ အခုက သူတို႔ရဲ႕စစ္ေရး၊ ႏိုင္ငံေရးအတြက္ အသုံးခ်ေနတာ ျဖစ္ေနတယ္။ လုံးဝ မလုပ္သင့္ဘူး။ မလုပ္အပ္ဘူး” ဟု ၎က ဆိုသည္။ အျခား စစ္ရာဇဝတ္မႈမ်ားကို AA က က်ဴးလြန္ထား ေသာ္လည္း ယခုတစ္ႀကိမ္ က်ဴးလြန္သည့္အမႈက ကိုယ္တိုင္က်ဴးလြန္ၿပီး အျခားသူကို လက္ညႇိဳးျပန္ထိုး သည့္အဆိုးဆုံးျဖစ္စဥ္ျဖစ္ေၾကာင္းလည္း ၎ကဆိုသည္။

Related news

© 2021. All rights reserved.