(4x4x4) ရုဘစ်ကုဗတုံးကို အချိန်(၄၅ ဒသမ ၃) စက္ကန့်ဖြင့် ဖြေရှင်းနိုင်သည့်စက်ရုပ်ကို ဗြိတိသျှညီအစ်ကိုနှစ်ဦးတီထွင်

123

Pika (NP News) - မတ် ၁၅
ဗြိတိသျှညီအစ်ကိုနှစ်ဦး တီထွင်ထားသော စက်ရုပ်တစ်ရုပ်သည် (4x4x4) ရုဘစ်ကုဗတုံးကို အချိန် (၄၅ဒသမ၃) စက္ကန့်အတွင်း အောင်မြင်စွာဖြေရှင်းနိုင်ခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန်ရရှိခဲ့ကြောင်းသိရသည်။ စက်ရုပ်နှင့်ကွန်ပျူတာကို စိတ်ဝင်စားသော မက်သရူးနှင့် သောမတ်စ်ပီဒန်ဆိုသည့် ညီအစ် ကိုနှစ်ဦးသည် (၂၀၂၅)ခုနှစ် မေလတွင် ဘရစ္စတို တက္ကသိုလ်တွင် ၎င်းတို့တီထွင်ဖန်တီးထားသော စက်ရုပ်၏ ပဟေဋ္ဌိဖြေရှင်းနိုင်စွမ်းကို သရုပ်ပြခဲ့ပြီးအချိန် (၄၅ဒသမ၃) စက္ကန့်အတွင်း ရူဘစ်ကုဗတုံးကို အောင် မြင်စွာဖြေရှင်းနိုင်ခဲ့ကြောင်းသိရသည်။ မက်သရူးနှင့်သောမတ်စ်ပီဒန်တို့ တီထွင်ထားသော စက်ရုပ်သည် (4x4x4) ရုဘစ်ကုဗတုံးကို အမြန်ဆုံးဖြေရှင်း နိုင်သည့် စက်ရုပ်အဖြစ် ဂင်းနစ်စံချိန်ကိုချိုးဖျက်ခဲ့ကြောင်း ဂင်းနစ်စံချိန်မှတ်တမ်းအဖွဲ့က ပြောကြားခဲ့သည်။ အဆိုပါ ဂင်းနစ်စံချိန်ကို ယခင် ကိုင်ဆောင်ထားသည့်စက်ရုပ်မှာ (၂၀၁၄)ခုနှစ်က တီ ထွင်ဖန်တီးခဲ့သော စက်ရုပ်ဖြစ်ပြီး (4x4x4) ရုဘစ် ကုဗတုံးကို အချိန်(၁)မိနစ်နှင့် (၁၈ဒသမ၆၈)စက္ကန့် အတွင်း အောင်မြင်စွာဖြေရှင်းပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မက်သရူးက ‘ကျွန်တော့်ရဲ့ ဘွဲ့ကြို နောက်ဆုံးစီမံကိန်းရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ဒီဂင်းနစ်စံချိန်ကို ချိုးဖျက်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ကျွန် တော်ငယ်ငယ်တည်းက ကွန်ပြူတာနဲ့ ရူဘစ်ကုဗတုံးတွေကို အမြဲတမ်းနှစ်သက်ခဲ့တာပါ။ ဒီစိတ် ဝင်စားမှုနှစ်ခုကို ပေါင်းစပ်လိုက်တဲ့အချိန်မှာတော့ တိုးတက်ပြီးကောင်းမွန်တဲ့ စီမံကိန်းတစ်ခုကို ရရှိသွား ခဲ့ပါတယ်’ ဟုပြောဆိုခဲ့သည်။
ဂင်းနစ်စံချိန်မှတ်တမ်းအဖွဲ့က တင်ထားသော သရုပ်ပြဗီဒီယိုတစ်ခုတွင် မက်သရူးတို့ညီအစ်ကိုတီထွင် ဖန်တီး ထားသော စက်ရုပ်သည် ၎င်း၏လက်လေးဖက်ကို အသုံးပြုကာ (4x4x4) ရုဘစ်ကုဗ တုံးကို ဖြေရှင်းသွားပုံကို ပြသထား သည်။

Zawgyi Version;
(4x4x4) ႐ုဘစ္ကုဗတုံးကို အခ်ိန္(၄၅ ဒသမ ၃) စကၠန႔္ျဖင့္ ေျဖရွင္းႏိုင္သည့္စက္႐ုပ္ကို ၿဗိတိသွ်ညီအစ္ကိုႏွစ္ဦးတီထြင္
Pika (NP News) - မတ္ ၁၅
ၿဗိတိသွ်ညီအစ္ကိုႏွစ္ဦး တီထြင္ထားေသာ စက္႐ုပ္တစ္႐ုပ္သည္ (4x4x4) ႐ုဘစ္ကုဗတုံးကို အခ်ိန္ (၄၅ဒသမ၃) စကၠန႔္အတြင္း ေအာင္ျမင္စြာေျဖရွင္းႏိုင္ခဲ့ၿပီးေနာက္ ကမာၻ႔ဂင္းနစ္စံခ်ိန္ရရွိခဲ့ေၾကာင္းသိရသည္။ စက္႐ုပ္ႏွင့္ကြန္ပ်ဴတာကို စိတ္ဝင္စားေသာ မက္သ႐ူးႏွင့္ ေသာမတ္စ္ပီဒန္ဆိုသည့္ ညီအစ္ ကိုႏွစ္ဦးသည္ (၂၀၂၅)ခုႏွစ္ ေမလတြင္ ဘရစၥတို တကၠသိုလ္တြင္ ၎တို႔တီထြင္ဖန္တီးထားေသာ စက္႐ုပ္၏ ပေဟ႒ိေျဖရွင္းႏိုင္စြမ္းကို သ႐ုပ္ျပခဲ့ၿပီးအခ်ိန္ (၄၅ဒသမ၃) စကၠန႔္အတြင္း ႐ူဘစ္ကုဗတုံးကို ေအာင္ ျမင္စြာေျဖရွင္းႏိုင္ခဲ့ေၾကာင္းသိရသည္။ မက္သ႐ူးႏွင့္ေသာမတ္စ္ပီဒန္တို႔ တီထြင္ထားေသာ စက္႐ုပ္သည္ (4x4x4) ႐ုဘစ္ကုဗတုံးကို အျမန္ဆုံးေျဖရွင္း ႏိုင္သည့္ စက္႐ုပ္အျဖစ္ ဂင္းနစ္စံခ်ိန္ကိုခ်ိဳးဖ်က္ခဲ့ေၾကာင္း ဂင္းနစ္စံခ်ိန္မွတ္တမ္းအဖြဲ႕က ေျပာၾကားခဲ့သည္။ အဆိုပါ ဂင္းနစ္စံခ်ိန္ကို ယခင္ ကိုင္ေဆာင္ထားသည့္စက္႐ုပ္မွာ (၂၀၁၄)ခုႏွစ္က တီ ထြင္ဖန္တီးခဲ့ေသာ စက္႐ုပ္ျဖစ္ၿပီး (4x4x4) ႐ုဘစ္ ကုဗတုံးကို အခ်ိန္(၁)မိနစ္ႏွင့္ (၁၈ဒသမ၆၈)စကၠန႔္ အတြင္း ေအာင္ျမင္စြာေျဖရွင္းျပခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
မက္သ႐ူးက ‘ကြၽန္ေတာ့္ရဲ႕ ဘြဲ႕ႀကိဳ ေနာက္ဆုံးစီမံကိန္းရဲ႕ တစ္စိတ္တစ္ပိုင္းအေနနဲ႔ ဒီဂင္းနစ္စံခ်ိန္ကို ခ်ိဳးဖ်က္ဖို႔ ဆုံးျဖတ္ခဲ့တာပါ။ကြၽန္ ေတာ္ငယ္ငယ္တည္းက ကြန္ျပဴတာနဲ႔ ႐ူဘစ္ကုဗတုံးေတြကို အၿမဲတမ္းႏွစ္သက္ခဲ့တာပါ။ ဒီစိတ္ ဝင္စားမႈႏွစ္ခုကို ေပါင္းစပ္လိုက္တဲ့အခ်ိန္မွာေတာ့ တိုးတက္ၿပီးေကာင္းမြန္တဲ့ စီမံကိန္းတစ္ခုကို ရရွိသြား ခဲ့ပါတယ္’ ဟုေျပာဆိုခဲ့သည္။
ဂင္းနစ္စံခ်ိန္မွတ္တမ္းအဖြဲ႕က တင္ထားေသာ သ႐ုပ္ျပဗီဒီယိုတစ္ခုတြင္ မက္သ႐ူးတို႔ညီအစ္ကိုတီထြင္ ဖန္တီး ထားေသာ စက္႐ုပ္သည္ ၎၏လက္ေလးဖက္ကို အသုံးျပဳကာ (4x4x4) ႐ုဘစ္ကုဗ တုံးကို ေျဖရွင္းသြားပုံကို ျပသထား သည္။