မြဝတီ၊ မဲထော်သလေးကျေးရွာအနီးတွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား (၆၉) ဦးဖမ်းဆီးရမိ

 249

သန့်ဇင်(NP News) - မတ် ၁၅

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မဲထော်သလေးကျေးရွာအနီးတွင် တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား (၆၉) ဦးဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်ရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။

ယနေ့ (မတ်လ ၁၅ ရက်)တွင် မြဝတီမြို့နယ်၊ မဲထော်သလေးကျေးရွာ၏ အရှေ့ဘက်မီတာ ၆၅၀ ခန့်အကွာနေရာ၌ တရားမဝင် ပြည်ပနိုင်ငံသားများ ဝင်ရောက်ပုန်းအောင်း နေထိုင်လျက် ရှိကြောင်း သတင်းများအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်ရေးအဖွဲ့ အစည်းများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများပါဝင်သော ပူးပေါင်းအဖွဲ့များက မွန်းလွဲ ၁၂ နာရီခန့်တွင် သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ သွားရောက်စစ်ဆေးခဲ့ရာ မြဝတီမြို့နယ်၊ မဲထော်သလေးကျေးရွာ၏ အရှေ့ဘက်မီတာ ၆၅၀ ခန့် အကွာအနီးရှိ တောအုပ် အတွင်း၌ ပုန်းအောင်းနေသည့် တရားမဝင် တရုတ်နိုင်ငံသား အမျိုးသား (၆၃) ဦး၊ အမျိုးသမီး (၂) ဦး၊ ဗီယက်နမ်နိုင်ငံသား အမျိုးသား (၁) ဦး၊ မလေးရှားနိုင်ငံသား အမျိုးသမီး (၁) ဦး၊ ရုရှားနိုင်ငံသား အမျိုးသမီး (၁) ဦး၊ လာအိုနိုင်ငံသား အမျိုးသမီး (၁) ဦး၊ စုစုပေါင်း (၆၉) ဦးကို ဖမ်းဆီး ထိန်းသိမ်းနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြည်ပနိုင်ငံသား (၆၉) ဦးတို့အား မြဝတီမြို့၌ ထိန်းသိမ်းထားရှိပြီး ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက လိုအပ်သည့် ကိုယ်ရေးအချက်အလက် များနှင့် မှတ်တမ်းများစာရင်း ကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကာ သက်ဆိုင်ရာ နိုင်ငံများသို့ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေး ဆက်လက်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

အလားတူ ယမန်နေ့ ( မတ် ၁၄ ရက်)ကလည်း အထက်ပါကျေးရွာအနီးတွင် တရားမဝင် ပြည်ပနိုင်ငံသား (၈၆) ဦးတို့အား ဖော်ထုတ်ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့‌ေကြာင်း သိရသည်။

zawgyi version

ျမဝတီ၊ မဲေထာ္သေလးေက်း႐ြာအနီးတြင္ တရားမဝင္ နယ္စပ္ျဖတ္ေက်ာ္ဝင္ေရာက္လာသည့္ ျပည္ပႏိုင္ငံသား (၆၉) ဦးဖမ္းဆီးရမိ

သန႔္ဇင္(NP News) - မတ္ ၁၅

ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕နယ္၊ မဲေထာ္သေလးေက်း႐ြာအနီးတြင္ တရားမဝင္ နယ္စပ္ျဖတ္ေက်ာ္ဝင္ေရာက္လာသည့္ ျပည္ပႏိုင္ငံသား (၆၉) ဦးဖမ္းဆီးရမိခဲ့ေၾကာင္း ႏိုင္ငံေတာ္လုံၿခဳံေရးႏွင့္ ေအးခ်မ္းသာယာေရးေကာ္ရွင္၏ ထုတ္ျပန္ခ်က္အရ သိရသည္။

ယေန႔ (မတ္လ ၁၅ ရက္)တြင္ ျမဝတီၿမိဳ႕နယ္၊ မဲေထာ္သေလးေက်း႐ြာ၏ အေရွ႕ဘက္မီတာ ၆၅၀ ခန႔္အကြာေနရာ၌ တရားမဝင္ ျပည္ပႏိုင္ငံသားမ်ား ဝင္ေရာက္ပုန္းေအာင္း ေနထိုင္လ်က္ ရွိေၾကာင္း သတင္းမ်ားအရ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ား၊ အုပ္ခ်ဳပ္ေရးအဖြဲ႕ အစည္းမ်ားႏွင့္ ဌာနဆိုင္ရာ တာဝန္ရွိသူမ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕မ်ားက မြန္းလြဲ ၁၂ နာရီခန႔္တြင္ သြားေရာက္စစ္ေဆးခဲ့ေၾကာင္း သိရသည္။

ထိုသို႔ သြားေရာက္စစ္ေဆးခဲ့ရာ ျမဝတီၿမိဳ႕နယ္၊ မဲေထာ္သေလးေက်း႐ြာ၏ အေရွ႕ဘက္မီတာ ၆၅၀ ခန႔္ အကြာအနီးရွိ ေတာအုပ္ အတြင္း၌ ပုန္းေအာင္းေနသည့္ တရားမဝင္ တ႐ုတ္ႏိုင္ငံသား အမ်ိဳးသား (၆၃) ဦး၊ အမ်ိဳးသမီး (၂) ဦး၊ ဗီယက္နမ္ႏိုင္ငံသား အမ်ိဳးသား (၁) ဦး၊ မေလးရွားႏိုင္ငံသား အမ်ိဳးသမီး (၁) ဦး၊ ႐ုရွားႏိုင္ငံသား အမ်ိဳးသမီး (၁) ဦး၊ လာအိုႏိုင္ငံသား အမ်ိဳးသမီး (၁) ဦး၊ စုစုေပါင္း (၆၉) ဦးကို ဖမ္းဆီး ထိန္းသိမ္းႏိုင္ခဲ့ေၾကာင္း သိရသည္။

အဆိုပါ ျပည္ပႏိုင္ငံသား (၆၉) ဦးတို႔အား ျမဝတီၿမိဳ႕၌ ထိန္းသိမ္းထားရွိၿပီး ဌာနဆိုင္ရာပူးေပါင္းအဖြဲ႕မ်ားက လိုအပ္သည့္ ကိုယ္ေရးအခ်က္အလက္ မ်ားႏွင့္ မွတ္တမ္းမ်ားစာရင္း ေကာက္ယူျခင္းလုပ္ငန္းမ်ား ေဆာင္႐ြက္လ်က္ရွိကာ သက္ဆိုင္ရာ ႏိုင္ငံမ်ားသို႔ လုပ္ထုံးလုပ္နည္းမ်ားႏွင့္အညီ ျပန္လည္လႊဲေျပာင္းေပးအပ္ႏိုင္ေရး ဆက္လက္ေဆာင္႐ြက္ လ်က္ရွိေၾကာင္း သိရသည္။

အလားတူ ယမန္ေန႔ ( မတ္ ၁၄ ရက္)ကလည္း အထက္ပါေက်း႐ြာအနီးတြင္ တရားမဝင္ ျပည္ပႏိုင္ငံသား (၈၆) ဦးတို႔အား ေဖာ္ထုတ္ဖမ္းဆီးထိန္းသိမ္းႏိုင္ခဲ့‌ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.