ရုရှားက အီရန်ကို အမေရိကန်တပ်တွေရဲ့ သတင်းတွေ ပေးနေဟုဆို

256

Pika(NP News) - မတ် ၁၆
ရုရှားနိုင်ငံက အီရန်ကို အမေရိကန်တပ်ဖွဲ့တွေရဲ့ တည်နေရာ အချက်အလက်တွေ ပေးအပ်နေတယ်ဆိုတဲ့ အမေရိကန် ထောက်လှမ်းရေး အစီရင်ခံစာတွေ ထွက်ပေါ်လျက်ရှိနေတယ်လို့ သိရပါတယ်။အဆိုပါ
ဒီစွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဖြစ်ကောင်းဖြစ်နိုင်တယ်လို့ တုံ့ပြန်စကား ပြောဆိုထားတယ်လို့ ဆိုပါတယ်။
သမ္မတ ထရမ့်က အဆိုပါ သတင်းပေါက်ကြားမှုတွေအပေါ် ကြီးကြီးမားမား စိုးရိမ်ပူပန်မှု မရှိကြောင်း ပြောပါတယ်။ သမ္မတထရမ့်က"ရုရှားက သတင်းအချက်အလက်တွေ ပေးချင်လည်း ပေးနေမှာပေါ့၊ မပေးတာလည်း ဖြစ်နိုင်ဖွယ်ရှိပါတယ်။အမေရိကန်အနေနဲ့လည်း ယူကရိန်းစစ်ပွဲမှာ ရုရှားနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ယူကရိန်းထံ မျှဝေပေးနေတာဖြစ်တဲ့အတွက်နိုင်ငံတကာစစ်ရေးမှာ အပြန်အလှန်လုပ်ဆောင်နေကြတဲ့ သဘောမျိုးဖြစ်နိုင်တယ်""လို့ ပြောပါတယ်။ သမ္မတထရမ့်က
""ကျွန်တော်တို့လည်း သူတို့ကို (ရုရှားကို) ဒီလိုပဲ ပြန်လုပ်နေတာပါပဲ... ယူကရိန်းကို သတင်းအချက်အလက် နည်းနည်းပါးပါး ပေးနေတာပဲလေ။"လို့ ပြောပါတယ်။မတ်လဆန်းပိုင်းမှာ ထွက်ပေါ်ခဲ့တဲ့ အစီရင်ခံစာတွေအရ ရုရှားဟာ အရှေ့အလယ်ပိုင်းက အမေရိကန် စစ်သင်္ဘောတွေ၊ ရေဒါစခန်းတွေနဲ့ အခြားစစ်ရေးပစ်မှတ်တွေကို ရှာဖွေနိုင်ဖို့ အီရန်ကို ထောက်လှမ်းရေးသတင်းတွေ မျှဝေပေးနေတယ်လို့ ဖော်ပြထားပါတယ်။
ရုရှားအနေနဲ့ အီရန်ရဲ့ တိုက်ခိုက်မှုတွေကို တိုက်ရိုက်ကွပ်ကဲနေတယ်ဆိုတဲ့ ခိုင်လုံတဲ့ သက်သေအထောက်အထားမျိုး မတွေ့ရသေးဘူးလို့ သတင်းရင်းမြစ်တွေကပြောဆိုထားပါတယ်။

Zawgyi Version:
႐ုရွားက အီရန္ကို အေမရိကန္တပ္ေတြရဲ႕ သတင္းေတြ ေပးေနဟုဆို
Pika(NP News) - မတ္ ၁၆
႐ုရွားႏိုင္ငံက အီရန္ကို အေမရိကန္တပ္ဖြဲ႕ေတြရဲ႕ တည္ေနရာ အခ်က္အလက္ေတြ ေပးအပ္ေနတယ္ဆိုတဲ့ အေမရိကန္ ေထာက္လွမ္းေရး အစီရင္ခံစာေတြ ထြက္ေပၚလ်က္ရွိေနတယ္လို႔ သိရပါတယ္။အဆိုပါ
ဒီစြပ္စြဲခ်က္ေတြနဲ႔ ပတ္သက္ၿပီး အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ျဖစ္ေကာင္းျဖစ္ႏိုင္တယ္လို႔ တုံ႔ျပန္စကား ေျပာဆိုထားတယ္လို႔ ဆိုပါတယ္။
သမၼတ ထရမ့္က အဆိုပါ သတင္းေပါက္ၾကားမႈေတြအေပၚ ႀကီးႀကီးမားမား စိုးရိမ္ပူပန္မႈ မရွိေၾကာင္း ေျပာပါတယ္။ သမၼတထရမ့္က"႐ုရွားက သတင္းအခ်က္အလက္ေတြ ေပးခ်င္လည္း ေပးေနမွာေပါ့၊ မေပးတာလည္း ျဖစ္ႏိုင္ဖြယ္ရွိပါတယ္။အေမရိကန္အေနနဲ႔လည္း ယူကရိန္းစစ္ပြဲမွာ ႐ုရွားနဲ႔ပတ္သက္တဲ့ သတင္းအခ်က္အလက္ေတြကို ယူကရိန္းထံ မွ်ေဝေပးေနတာျဖစ္တဲ့အတြက္ႏိုင္ငံတကာစစ္ေရးမွာ အျပန္အလွန္လုပ္ေဆာင္ေနၾကတဲ့ သေဘာမ်ိဳးျဖစ္ႏိုင္တယ္""လို႔ ေျပာပါတယ္။ သမၼတထရမ့္က
""ကြၽန္ေတာ္တို႔လည္း သူတို႔ကို (႐ုရွားကို) ဒီလိုပဲ ျပန္လုပ္ေနတာပါပဲ... ယူကရိန္းကို သတင္းအခ်က္အလက္ နည္းနည္းပါးပါး ေပးေနတာပဲေလ။"လို႔ ေျပာပါတယ္။မတ္လဆန္းပိုင္းမွာ ထြက္ေပၚခဲ့တဲ့ အစီရင္ခံစာေတြအရ ႐ုရွားဟာ အေရွ႕အလယ္ပိုင္းက အေမရိကန္ စစ္သေဘၤာေတြ၊ ေရဒါစခန္းေတြနဲ႔ အျခားစစ္ေရးပစ္မွတ္ေတြကို ရွာေဖြႏိုင္ဖို႔ အီရန္ကို ေထာက္လွမ္းေရးသတင္းေတြ မွ်ေဝေပးေနတယ္လို႔ ေဖာ္ျပထားပါတယ္။
႐ုရွားအေနနဲ႔ အီရန္ရဲ႕ တိုက္ခိုက္မႈေတြကို တိုက္႐ိုက္ကြပ္ကဲေနတယ္ဆိုတဲ့ ခိုင္လုံတဲ့ သက္ေသအေထာက္အထားမ်ိဳး မေတြ႕ရေသးဘူးလို႔ သတင္းရင္းျမစ္ေတြကေျပာဆိုထားပါတယ္။