မော်ဒယ်သင်တန်းသူ မြန်မာအမျိုးသမီးကို တောင်ကိုရီးယားနိုင်ငံသားနှင့်ပေါင်းသင်းနေထိုင်စေပြီး ရရှိသည့်ငွေကြေးများအား ခေါင်းပုံဖြတ်သူများကို အလုပ်နှင့် ထောင်ဒဏ်ချမှတ်

 232

ထိုက်စံ (NP News) - မတ် ၁၇

မော်ဒယ်သင်တန်းသူကို မြန်မာအမျိုးသမီးကို တောင်ကိုရီးယားနိုင်ငံသားနှင့် ပေါင်းသင်းနေထိုင်စေပြီး ရရှိသည့်ငွေကြေးများအား ခေါင်းပုံဖြတ်သူများကို အလုပ်နှင့်ထောင်ဒဏ်ချမှတ်ခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး ၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နေ မကျော့ကေခိုင်သည် ၎င်းနှင့်ခင်မင်ရင်းနှီးသည့် မော်ဒယ်သင်တန်းတက်ရောက်နေသူ မြန်မာအမျိုးသမီး(၁)ဦးအား ကမာရွတ်မြို့နယ်ရှိ ဒိုင်းမွန်းကွန်ဒိုတွင် ကိုရီးယားဘာသာစကားသင်တန်းဖွင့်လှစ်ထားပြီး မြန်မာအမျိုးသမီးများအား Blind Date ပြုလုပ်ပေးနေသည့် တောင်ကိုရီးယားနိုင်ငံသား ဟောင်ဟီဝှမ်းနှင့် မိတ်ဆက်ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် ဟောင်ဟီဝှမ်း မှ မော်ဒယ်သင်တန်းသူ အမျိုးသမီးအား တောင်ကိုရီးယားနိုင်ငံသားနှင့် လက်ထပ်ပေါင်းသင်းမည်ဆိုပါက ထိုက်ထိုက်တန်တန် တင်တောင်းငွေပေးမည်ဖြစ်၍ တစ်လလျှင် အိမ်ထောင် စရိတ်အဖြစ် ငွေကျပ် (၁၅) သိန်းမှ သိန်း (၂၀) အထိပေးမည်ဟု ပြောဆိုစည်းရုံးခဲ့ရာ ထိုသိုပြောဆိုခြင်းကို ယင်းကိုရီးယားဘာသာစကားသင်တန်းတွင် အလုပ်လုပ်ကိုင်နေသည့် နိုဇင်မိုး(ခ)စုဂျင်းမှ ဘာသာပြန်ပေးခဲ့ကြောင်း သိရသည်။

ထို့နောက် မော်ဒယ်သင်တန်းသူအမျိုးသမီးအား တောင်ကိုရီးယားနိုင်ငံသား Mr. Bang Gyeong Cheol နှင့် တွေ့ဆုံပေးခဲ့ပြီးနောက် ရွှေတိဂုံဘုရားနှင့် ပြည်သူ့ရင်ပြင်ပန်းခြံတို့တွင် ၎င်းတို့အား မင်္ဂလာဆောင်မှတ်တမ်းဓာတ်ပုံရိုက်ကူးပေးခဲ့ပြီး Mr. Bang Gyeong Cheol မှ ၎င်းအမျိုးသမီးနှင့် သုံးရက်ခန့် ပေါင်းသင်းနေထိုင်ခဲ့ကြောင်း သိရသည်။
ထိုသို့ပေါင်းသင်းနေထိုင်ခဲ့ပြီးနောက် Mr. Bang Gyeong Cheol မှ တောင်ကိုရီးယားနိုင်ငံသို့ ပြန်သွားခဲ့သဖြင့် အွန်လိုင်း မှတစ်ဆင့် ဆက်သွယ်ပြောဆိုခဲ့ရာ ဟောင်ဟီဝှမ်း ထံ ငွေကျပ်သိန်း (၆၀၀) ခန့်ပေးပို့ခဲ့ပြီး ဟောင်ဟီဝှမ်း မှ မော်ဒယ်သင်တန်းသူအမျိုးသမီးကို ငွေကျပ် သိန်း (၂၀) သာပေးခဲ့ကြောင်း သိရသည်။

ထိုသို့ စိစစ်သိရှိရသဖြင့် တောင်ကိုရီးယားနိုင်ငံသားနှင့် လက်ထပ်ပေါင်းသင်း စေပြီး ရရှိသည့်ငွေကြေးအကျိုးအမြတ်များအား ခေါင်းပုံဖြတ်ရယူခဲ့သည့် ကျူးလွန်ခဲ့သူများအား အမှတ်(၆) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (ရန်ကုန်)မှ တရားလိုပြုလုပ်တိုင်တန်း ခဲ့ရာ ကမာရွတ်မြို့မ ရဲစခန်း (ပ) ၁၈၃/၂၀၂၅၊ လူကုန်ကူးမှု တားဆီး နှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/ ၄၄ ဖြင့် အမှုရေးဖွင့်တရားစွဲတင်ခဲ့ပြီး (မတ် ၁၃ ရက်)က ကမာရွတ်ခရိုင်တရားရုံးမှ တရားခံတောင်ကိုရီးယား နိုင်ငံသား Mr. Hwang Hee Hwan (ဟောင်ဟီဝှမ်း) ကို လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ဥပဒေပုဒ်မ ၃၅ အရ အလုပ်နှင့် ထောင်ဒဏ် (၁၅) နှစ် ကျခံစေပြီး ကျော့ကေခိုင် နှင့် နိုဇင်မိုး(ခ)စုဂျင်း တို့အား လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅/ ၄၄ အရ အလုပ်နှင့် ထောင်ဒဏ် (၁၀) နှစ်စီ အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

Zawgyi Version;
ေမာ္ဒယ္သင္တန္းသူ ျမန္မာအမ်ိဳးသမီးကို ေတာင္ကိုရီးယားႏိုင္ငံသားႏွင့္ေပါင္းသင္းေနထိုင္ေစၿပီး ရရွိသည့္ေငြေၾကးမ်ားအား ေခါင္းပုံျဖတ္သူမ်ားကို အလုပ္ႏွင့္ ေထာင္ဒဏ္ခ်မွတ္
ထိုက္စံ (NP News) - မတ္ ၁၇

ေမာ္ဒယ္သင္တန္းသူကို ျမန္မာအမ်ိဳးသမီးကို ေတာင္ကိုရီးယားႏိုင္ငံသားႏွင့္ ေပါင္းသင္းေနထိုင္ေစၿပီး ရရွိသည့္ေငြေၾကးမ်ားအား ေခါင္းပုံျဖတ္သူမ်ားကို အလုပ္ႏွင့္ေထာင္ဒဏ္ခ်မွတ္ခဲ့ေၾကာင္း ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕၏ထုတ္ျပန္ခ်က္အရ သိရသည္။
ျဖစ္စဥ္မွာ ရန္ကုန္တိုင္းေဒသႀကီး ၊ ဒဂုံၿမိဳ႕သစ္(ဆိပ္ကမ္း)ၿမိဳ႕နယ္ေန မေက်ာ့ေကခိုင္သည္ ၎ႏွင့္ခင္မင္ရင္းႏွီးသည့္ ေမာ္ဒယ္သင္တန္းတက္ေရာက္ေနသူ ျမန္မာအမ်ိဳးသမီး(၁)ဦးအား ကမာ႐ြတ္ၿမိဳ႕နယ္ရွိ ဒိုင္းမြန္းကြန္ဒိုတြင္ ကိုရီးယားဘာသာစကားသင္တန္းဖြင့္လွစ္ထားၿပီး ျမန္မာအမ်ိဳးသမီးမ်ားအား Blind Date ျပဳလုပ္ေပးေနသည့္ ေတာင္ကိုရီးယားႏိုင္ငံသား ေဟာင္ဟီဝွမ္းႏွင့္ မိတ္ဆက္ေပးခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ ေဟာင္ဟီဝွမ္း မွ ေမာ္ဒယ္သင္တန္းသူ အမ်ိဳးသမီးအား ေတာင္ကိုရီးယားႏိုင္ငံသားႏွင့္ လက္ထပ္ေပါင္းသင္းမည္ဆိုပါက ထိုက္ထိုက္တန္တန္ တင္ေတာင္းေငြေပးမည္ျဖစ္၍ တစ္လလွ်င္ အိမ္ေထာင္ စရိတ္အျဖစ္ ေငြက်ပ္ (၁၅) သိန္းမွ သိန္း (၂၀) အထိေပးမည္ဟု ေျပာဆိုစည္း႐ုံးခဲ့ရာ ထိုသိုေျပာဆိုျခင္းကို ယင္းကိုရီးယားဘာသာစကားသင္တန္းတြင္ အလုပ္လုပ္ကိုင္ေနသည့္ ႏိုဇင္မိုး(ခ)စုဂ်င္းမွ ဘာသာျပန္ေပးခဲ့ေၾကာင္း သိရသည္။

ထို႔ေနာက္ ေမာ္ဒယ္သင္တန္းသူအမ်ိဳးသမီးအား ေတာင္ကိုရီးယားႏိုင္ငံသား Mr. Bang Gyeong Cheol ႏွင့္ ေတြ႕ဆုံေပးခဲ့ၿပီးေနာက္ ေ႐ႊတိဂုံဘုရားႏွင့္ ျပည္သူ႔ရင္ျပင္ပန္းၿခံတို႔တြင္ ၎တို႔အား မဂၤလာေဆာင္မွတ္တမ္းဓာတ္ပုံ႐ိုက္ကူးေပးခဲ့ၿပီး Mr. Bang Gyeong Cheol မွ ၎အမ်ိဳးသမီးႏွင့္ သုံးရက္ခန႔္ ေပါင္းသင္းေနထိုင္ခဲ့ေၾကာင္း သိရသည္။
ထိုသို႔ေပါင္းသင္းေနထိုင္ခဲ့ၿပီးေနာက္ Mr. Bang Gyeong Cheol မွ ေတာင္ကိုရီးယားႏိုင္ငံသို႔ ျပန္သြားခဲ့သျဖင့္ အြန္လိုင္း မွတစ္ဆင့္ ဆက္သြယ္ေျပာဆိုခဲ့ရာ ေဟာင္ဟီဝွမ္း ထံ ေငြက်ပ္သိန္း (၆၀၀) ခန႔္ေပးပို႔ခဲ့ၿပီး ေဟာင္ဟီဝွမ္း မွ ေမာ္ဒယ္သင္တန္းသူအမ်ိဳးသမီးကို ေငြက်ပ္ သိန္း (၂၀) သာေပးခဲ့ေၾကာင္း သိရသည္။

ထိုသို႔ စိစစ္သိရွိရသျဖင့္ ေတာင္ကိုရီးယားႏိုင္ငံသားႏွင့္ လက္ထပ္ေပါင္းသင္း ေစၿပီး ရရွိသည့္ေငြေၾကးအက်ိဳးအျမတ္မ်ားအား ေခါင္းပုံျဖတ္ရယူခဲ့သည့္ က်ဴးလြန္ခဲ့သူမ်ားအား အမွတ္(၆) လူကုန္ကူးမႈ တားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕စု (ရန္ကုန္)မွ တရားလိုျပဳလုပ္တိုင္တန္း ခဲ့ရာ ကမာ႐ြတ္ၿမိဳ႕မ ရဲစခန္း (ပ) ၁၈၃/၂၀၂၅၊ လူကုန္ကူးမႈ တားဆီး ႏွိမ္နင္းေရးဥပေဒပုဒ္မ ၃၅/ ၄၄ ျဖင့္ အမႈေရးဖြင့္တရားစြဲတင္ခဲ့ၿပီး (မတ္ ၁၃ ရက္)က ကမာ႐ြတ္ခ႐ိုင္တရား႐ုံးမွ တရားခံေတာင္ကိုရီးယား ႏိုင္ငံသား Mr. Hwang Hee Hwan (ေဟာင္ဟီဝွမ္း) ကို လူကုန္ကူးမႈ တားဆီးႏွိမ္နင္းေရး ဥပေဒပုဒ္မ ၃၅ အရ အလုပ္ႏွင့္ ေထာင္ဒဏ္ (၁၅) ႏွစ္ က်ခံေစၿပီး ေက်ာ့ေကခိုင္ ႏွင့္ ႏိုဇင္မိုး(ခ)စုဂ်င္း တို႔အား လူကုန္ကူးမႈတားဆီးႏွိမ္နင္းေရးဥပေဒပုဒ္မ ၃၅/ ၄၄ အရ အလုပ္ႏွင့္ ေထာင္ဒဏ္ (၁၀) ႏွစ္စီ အမိန႔္ခ်မွတ္ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.