စက်သုံးဆီ ပြဿနာကာလတွင် ဆိုင်ကယ်ကို မီးဖိုချောင်သုံး (LPG) ဂက်စ်လောင်စာဖြင့် အစားထိုး အသုံးပြုခြင်းများ ရှိလာ

 350

ထိုက်စံ (NP News) - မတ် ၁၇

အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့်ဖြစ်ပေါ်နေသည့် စက်သုံးဆီပြဿနာကာလတွင် ဆိုင်ကယ်ကို မီးဖိုချောင်သုံး LPG (Liquified Petroleum Gas) ဂက်စ်လောင်စာဖြင့် အစားထိုးအသုံးပြုခြင်းများ ရှိလာ ကြောင်း ကိုယ်တိုင်တီထွင်စီးနင်း ပြောင်းလဲတပ် ဆင်ပေးနေသူ ကိုစွမ်းနိုင်က NP News သို့ပြောသည်။
အဆိုပါတပ်ဆင်ပေးနေသူ ကိုစွမ်းနိုင်မှာ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်တွင်နေထိုင်သူဖြစ်၍ ၎င်းကိုယ်တိုင် LPG ဂက်စ်လောင်စာကိုအသုံးပြုကာ ဆိုင်ကယ်မောင်းနှင်၍ အဆင်ပြေသောကြောင့် ကြံဆခဲ့ခြင်းဖြစ်ပြီး ဝယ်ယူကာတပ်ဆင်သူများရှိနေကြောင်း ၎င်းကဆိုသည်။
“LPG နဲ့ကို ကျွန်တော်က မီးခြစ်ထဲထည့်တဲ့ ဂက်စ်ထည့်ထွင်ကြည့်လိုက်တာ။ ထွင်ကြည့်လိုက် တော့ကျတော့ စီးလို့ရတယ်။ အဆင်ပြေတယ်။ Slow လည်းငြိမ်တယ်။ သို့ပေမယ့် ကျွန်တော်တို့လုပ် ထားတာက ကျွန်တော်စမ်းသပ်ထားတာဖြစ်တဲ့အတွက် လောလောဆယ်မှာ စနစ်မကျဘူး။ ဂက်စ် လေလွင့်မှု ပမာဏများတယ်။ ကျွန်တော်လက်ရှိ သူရဲ့ Gaskit ကိုဝယ်ပြီးလုပ်မယ်ဆိုရင်တော့ အဲဒီ ဟာက လီဗာဆွဲမှပဲ ဂက်စ်ကဖွင့်ပေးမှာပေါ့နော်။ အခု ကျွန်တော်တို့က လီဗာဆွဲသည်ဖြစ်စေ မဆွဲသည် ဖြစ်စေ ဂက်စ်ထိန်းချုပ်တာက ဒီရဲ့ခေါင်းလေးကနေပဲ အလျှော့အတင်း လုပ်နေရတာဆိုတော့ ကျတော့မမှန်ဘူးပေါ့”ဟု ၎င်းကဆိုသည်။
အဆိုပါနည်းပညာကို ယခင်ကပင် စမ်းသပ်သုံးစွဲခဲ့သော်လည်း စက်သုံးဆီပြဿနာပေါ် ပေါက် လာသောအချိန်တွင် စိတ်ဝင်စားသူများပြားလာခင်းဖြစ်ကြောင်း ၎င်းကဆိုသည်။ “အရင်တစ်နှစ် နှစ် လောက်ကတည်းက ဒီနည်းပညာကိုစမ်းသပ်သုံးလာတာဗျ။ နောက်ပိုင်း စက်သုံးဆီတွေပြန်ပေါလာတော့ ဆီနဲ့ပြန်မောင်းနေ တာ။ အခု စက်သုံးဆီပြဿနာဖြစ်လာတော့ Tiktok မှာပြန်တင်ပေးလိုက်တာ။ ကျွန် တော့်လိုပဲ စမ်းသုံးနေ တဲ့သူတွေအများကြီးပဲ။ ဆီဈေးထက် LPG ဂက်စ် ဈေးကအရမ်းသက်သာတယ် လေ”ဟု ၎င်းကပြောသည်။ ထိုသို့ ပြောင်းလဲတပ်ဆင်အသုံးပြုရာတွင် စနစ်တကျတပ်ဆင်ရန်လိုအပ်ပြီး ဓာတ်ငွေ့ယိုစိမ့်မှု မရှိစေရန်အတွက်လည်း ဂရုစိုက်ရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ပလပ်မီးပေါက်တွေ ဘေးကိုမရောက်ရဘူး။ ဝါယာကြိုးတွေ ချောင်နေတာတွေမဖြစ်ဘူးဆို ရင်တော့အန္တရာယ်ကင်းပါတယ်။ သူက မောင်းနေရင် ဂက်စ်အိုးကအေးနေတာ။ ဂက်စ်ရဲ့သဘော တရား က မီးပူထဲမှာထည့်ရင် သုံးရင်တောင်မှပဲ တချို့တွေဆိုရင် ဂက်စ်အိုးရဲ့အပေါ်မှာ မီးဖိုတင်ပြီးသုံးတာ တောင်မှ အချိန်ကြာလာလေ ဂက်စ်အိုးကအေးလာလေ။ အဲဒီလိုပဲဖြစ်တာ။ သူက ပူလာတယ်လို့မရှိဘူး။ တစ်ခုပဲ ဓာတ်ငွေ့ယိုစိမ့်မှုမဖြစ်အောင် သတိထားရမယ်ပေါ့နော်။ ဓာတ်ငွေ့ယိုစိမ့်တယ်ဆိုရင်တော့ သွားနေတဲ့ ယာဉ်တွေမှာ မီးပွားဖြစ်တယ်ဆိုရင်တော့ မီးလောင် နိုင်တယ်”ဟု ၎င်းကဆိုသည်။
ထိုသို့မောင်းနှင်ရာတွင် ဂက်စ်အလေအ လွင့်ရှိသောကြောင့် ဂက်စ်တစ်ဘူးလျှင် (၁၀)မိုင် ကျော်ခန့်အထိမောင်းနိုင်ကြောင်းကို စမ်းသပ်တွေ့ရှိ ထားကြောင်း ၎င်းကဆိုသည်။
“တချို့ဆိုင်တွေကကတော့ ဂက်စ်ဘူးထဲ ကိုထည့်ပေးတာ ကျပ်သားနဲ့ထည့်ပေးတာပေါ့။ သူက (၂၀)ကျပ်သားဆိုရင် မိုင်(၃၀)နီးပါးအထိသွားလို့ရ တယ်ဗျ။ စနစ်တကျတပ်ဆင်ထားရင်ပေါ့နော်။ အခု ကျွန်တော်လုပ်ထားတဲ့အခြေအနေဆိုရင် မိုင် (၃၀) နီးပါးအထိမရောက်ဘူး။ (၁၀)မိုင်၊ (၁၂) မိုင် အဲဒီဝန်း ကျင်တော့ရမယ်”ဟု ၎င်းကပြောသည်။
ကိုစွမ်းနိုင်က ၎င်း၏နည်းပညာကို လူမှုကွန်ရက် TikTok တွင် ဗီဒီယိုဖိုင်တင်ကာ နည်းပညာ အခမဲ့ ဖြန့်ဖြူးပေးနေရာ လိုက်လံပြုလုပ်စီးနင်းသူ များပြားနေကြောင်း ၎င်းကဆိုသည်။
လှိုင်သာယာမှာ ဆိုက်တွဲသမားတွေ တော် တော်များများ တစ်ပိဿာဂက်စ်အိုးတွေနဲ့ အဲဒီ LPG ဂက်စ်ကိုပဲသုံးတာ။ CNG က သူက လိုင်စင်ရှိမှပဲ ရောင်းတာဆိုတော့ ကျွန်တော်တို့ အပြင်မှာဝယ်ဖို့ မလွယ်ဘူး။ မလွယ်တဲ့အတွက် ကျွန်တော်က ဒီ LPG နဲ့စဉ်းစားပြီးတော့ ထွင်ကြည့်တာပေါ့နော်။ ကျွန် တော်လုပ်ပေးလိုက်ပြီး ဒီဗီဒီယိုလေးတင်ပြီး နောက်ပိုင်းတော်တော်များများ TikTok ပေါ်မှာ လိုက်လုပ် ပြီးသုံးကြတယ်။ သူတို့တွေလည်း တော်တော်များများအဆင်ပြေတယ်ဗျ”ဟု ကိုစွမ်းနိုင်ကဆိုသည်။
LPG ဂက်စ်ကို မြန်မာနိုင်ငံတွင် ကားများ၌ တပ်ဆင်အသုံးပြုခြင်းများရှိရာ လက်ရှိအချိန်တွင် မော်တော်ဆိုင်ကယ်များတွင် စမ်းသပ်တပ်ဆင်အသုံးပြုလာပြီဖြစ်ရာ သက်ဆိုင်ရာမှကျွမ်းကျင်ပညာ ရှင်များဖြင့် စနစ်တကျ စမ်းသပ်စစ်ဆေးပေးသင့်ကြောင်း သုံးသပ်မှုများရှိနေသည်။

Zawgyi Version;
စက္သုံးဆီ ျပႆနာကာလတြင္ ဆိုင္ကယ္ကို မီးဖိုေခ်ာင္သုံး (LPG) ဂက္စ္ေလာင္စာျဖင့္ အစားထိုး အသုံးျပဳျခင္းမ်ား ရွိလာ
ထိုက္စံ (NP News) - မတ္ ၁၇
အေရွ႕အလယ္ပိုင္းပဋိပကၡေၾကာင့္ျဖစ္ေပၚေနသည့္ စက္သုံးဆီျပႆနာကာလတြင္ ဆိုင္ကယ္ကို မီးဖိုေခ်ာင္သုံး LPG (Liquified Petroleum Gas) ဂက္စ္ေလာင္စာျဖင့္ အစားထိုးအသုံးျပဳျခင္းမ်ား ရွိလာ ေၾကာင္း ကိုယ္တိုင္တီထြင္စီးနင္း ေျပာင္းလဲတပ္ ဆင္ေပးေနသူ ကိုစြမ္းႏိုင္က NP News သို႔ေျပာသည္။
အဆိုပါတပ္ဆင္ေပးေနသူ ကိုစြမ္းႏိုင္မွာ မႏၲေလးတိုင္းေဒသႀကီး ျပင္ဦးလြင္တြင္ေနထိုင္သူျဖစ္၍ ၎ကိုယ္တိုင္ LPG ဂက္စ္ေလာင္စာကိုအသုံးျပဳကာ ဆိုင္ကယ္ေမာင္းႏွင္၍ အဆင္ေျပေသာေၾကာင့္ ႀကံဆခဲ့ျခင္းျဖစ္ၿပီး ဝယ္ယူကာတပ္ဆင္သူမ်ားရွိေနေၾကာင္း ၎ကဆိုသည္။
“LPG နဲ႔ကို ကြၽန္ေတာ္က မီးျခစ္ထဲထည့္တဲ့ ဂက္စ္ထည့္ထြင္ၾကည့္လိုက္တာ။ ထြင္ၾကည့္လိုက္ ေတာ့က်ေတာ့ စီးလို႔ရတယ္။ အဆင္ေျပတယ္။ Slow လည္းၿငိမ္တယ္။ သို႔ေပမယ့္ ကြၽန္ေတာ္တို႔လုပ္ ထားတာက ကြၽန္ေတာ္စမ္းသပ္ထားတာျဖစ္တဲ့အတြက္ ေလာေလာဆယ္မွာ စနစ္မက်ဘူး။ ဂက္စ္ ေလလြင့္မႈ ပမာဏမ်ားတယ္။ ကြၽန္ေတာ္လက္ရွိ သူရဲ႕ Gaskit ကိုဝယ္ၿပီးလုပ္မယ္ဆိုရင္ေတာ့ အဲဒီ ဟာက လီဗာဆြဲမွပဲ ဂက္စ္ကဖြင့္ေပးမွာေပါ့ေနာ္။ အခု ကြၽန္ေတာ္တို႔က လီဗာဆြဲသည္ျဖစ္ေစ မဆြဲသည္ ျဖစ္ေစ ဂက္စ္ထိန္းခ်ဳပ္တာက ဒီရဲ႕ေခါင္းေလးကေနပဲ အေလွ်ာ့အတင္း လုပ္ေနရတာဆိုေတာ့ က်ေတာ့မမွန္ဘူးေပါ့”ဟု ၎ကဆိုသည္။
အဆိုပါနည္းပညာကို ယခင္ကပင္ စမ္းသပ္သုံးစြဲခဲ့ေသာ္လည္း စက္သုံးဆီျပႆနာေပၚ ေပါက္ လာေသာအခ်ိန္တြင္ စိတ္ဝင္စားသူမ်ားျပားလာခင္းျဖစ္ေၾကာင္း ၎ကဆိုသည္။ “အရင္တစ္ႏွစ္ ႏွစ္ ေလာက္ကတည္းက ဒီနည္းပညာကိုစမ္းသပ္သုံးလာတာဗ်။ ေနာက္ပိုင္း စက္သုံးဆီေတြျပန္ေပါလာေတာ့ ဆီနဲ႔ျပန္ေမာင္းေန တာ။ အခု စက္သုံးဆီျပႆနာျဖစ္လာေတာ့ Tiktok မွာျပန္တင္ေပးလိုက္တာ။ ကြၽန္ ေတာ့္လိုပဲ စမ္းသုံးေန တဲ့သူေတြအမ်ားႀကီးပဲ။ ဆီေဈးထက္ LPG ဂက္စ္ ေဈးကအရမ္းသက္သာတယ္ ေလ”ဟု ၎ကေျပာသည္။ ထိုသို႔ ေျပာင္းလဲတပ္ဆင္အသုံးျပဳရာတြင္ စနစ္တက်တပ္ဆင္ရန္လိုအပ္ၿပီး ဓာတ္ေငြ႕ယိုစိမ့္မႈ မရွိေစရန္အတြက္လည္း ဂ႐ုစိုက္ရမည္ျဖစ္ေၾကာင္း ၎က ဆိုသည္။
“ပလပ္မီးေပါက္ေတြ ေဘးကိုမေရာက္ရဘူး။ ဝါယာႀကိဳးေတြ ေခ်ာင္ေနတာေတြမျဖစ္ဘူးဆို ရင္ေတာ့အႏၲရာယ္ကင္းပါတယ္။ သူက ေမာင္းေနရင္ ဂက္စ္အိုးကေအးေနတာ။ ဂက္စ္ရဲ႕သေဘာ တရား က မီးပူထဲမွာထည့္ရင္ သုံးရင္ေတာင္မွပဲ တခ်ိဳ႕ေတြဆိုရင္ ဂက္စ္အိုးရဲ႕အေပၚမွာ မီးဖိုတင္ၿပီးသုံးတာ ေတာင္မွ အခ်ိန္ၾကာလာေလ ဂက္စ္အိုးကေအးလာေလ။ အဲဒီလိုပဲျဖစ္တာ။ သူက ပူလာတယ္လို႔မရွိဘူး။ တစ္ခုပဲ ဓာတ္ေငြ႕ယိုစိမ့္မႈမျဖစ္ေအာင္ သတိထားရမယ္ေပါ့ေနာ္။ ဓာတ္ေငြ႕ယိုစိမ့္တယ္ဆိုရင္ေတာ့ သြားေနတဲ့ ယာဥ္ေတြမွာ မီးပြားျဖစ္တယ္ဆိုရင္ေတာ့ မီးေလာင္ ႏိုင္တယ္”ဟု ၎ကဆိုသည္။
ထိုသို႔ေမာင္းႏွင္ရာတြင္ ဂက္စ္အေလအ လြင့္ရွိေသာေၾကာင့္ ဂက္စ္တစ္ဘူးလွ်င္ (၁၀)မိုင္ ေက်ာ္ခန႔္အထိေမာင္းႏိုင္ေၾကာင္းကို စမ္းသပ္ေတြ႕ရွိ ထားေၾကာင္း ၎ကဆိုသည္။
“တခ်ိဳ႕ဆိုင္ေတြကကေတာ့ ဂက္စ္ဘူးထဲ ကိုထည့္ေပးတာ က်ပ္သားနဲ႔ထည့္ေပးတာေပါ့။ သူက (၂၀)က်ပ္သားဆိုရင္ မိုင္(၃၀)နီးပါးအထိသြားလို႔ရ တယ္ဗ်။ စနစ္တက်တပ္ဆင္ထားရင္ေပါ့ေနာ္။ အခု ကြၽန္ေတာ္လုပ္ထားတဲ့အေျခအေနဆိုရင္ မိုင္ (၃၀) နီးပါးအထိမေရာက္ဘူး။ (၁၀)မိုင္၊ (၁၂) မိုင္ အဲဒီဝန္း က်င္ေတာ့ရမယ္”ဟု ၎ကေျပာသည္။
ကိုစြမ္းႏိုင္က ၎၏နည္းပညာကို လူမႈကြန္ရက္ TikTok တြင္ ဗီဒီယိုဖိုင္တင္ကာ နည္းပညာ အခမဲ့ ျဖန႔္ျဖဴးေပးေနရာ လိုက္လံျပဳလုပ္စီးနင္းသူ မ်ားျပားေနေၾကာင္း ၎ကဆိုသည္။
လႈိင္သာယာမွာ ဆိုက္တြဲသမားေတြ ေတာ္ ေတာ္မ်ားမ်ား တစ္ပိႆာဂက္စ္အိုးေတြနဲ႔ အဲဒီ LPG ဂက္စ္ကိုပဲသုံးတာ။ CNG က သူက လိုင္စင္ရွိမွပဲ ေရာင္းတာဆိုေတာ့ ကြၽန္ေတာ္တို႔ အျပင္မွာဝယ္ဖို႔ မလြယ္ဘူး။ မလြယ္တဲ့အတြက္ ကြၽန္ေတာ္က ဒီ LPG နဲ႔စဥ္းစားၿပီးေတာ့ ထြင္ၾကည့္တာေပါ့ေနာ္။ ကြၽန္ ေတာ္လုပ္ေပးလိုက္ၿပီး ဒီဗီဒီယိုေလးတင္ၿပီး ေနာက္ပိုင္းေတာ္ေတာ္မ်ားမ်ား TikTok ေပၚမွာ လိုက္လုပ္ ၿပီးသုံးၾကတယ္။ သူတို႔ေတြလည္း ေတာ္ေတာ္မ်ားမ်ားအဆင္ေျပတယ္ဗ်”ဟု ကိုစြမ္းႏိုင္ကဆိုသည္။
LPG ဂက္စ္ကို ျမန္မာႏိုင္ငံတြင္ ကားမ်ား၌ တပ္ဆင္အသုံးျပဳျခင္းမ်ားရွိရာ လက္ရွိအခ်ိန္တြင္ ေမာ္ေတာ္ဆိုင္ကယ္မ်ားတြင္ စမ္းသပ္တပ္ဆင္အသုံးျပဳလာၿပီျဖစ္ရာ သက္ဆိုင္ရာမွကြၽမ္းက်င္ပညာ ရွင္မ်ားျဖင့္ စနစ္တက် စမ္းသပ္စစ္ေဆးေပးသင့္ေၾကာင္း သုံးသပ္မႈမ်ားရွိေနသည္။

Related news

© 2021. All rights reserved.