ယခု ဘဏ္ဍာနှစ်အတွက် ရော်ဘာတင်ပို့မှုမှ ဒေါ်လာ သန်း (၄၀ဝ) နီးပါးရရှိထား

151

Pearl (NP News) - မတ်လ ၁၈
ယခု (၂၀၂၅- ၂၀၂၆) ဘဏ္ဍာနှစ်အတွက် ရော်ဘာတင်ပို့မှုမှ ဒေါ်လာ သန်း(၄၀ဝ)နီးပါးရရှိထား ကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများ အသင်း(MRPPA)မှတာဝန်ရှိသူတစ်ဦးက NP News သို့ပြောသည်။
ယခုဘဏ္ဍာနှစ်တွင် ရော်ဘာတန်ချိန်(၃)သိန်းခွဲကျော် တင်ပို့ရန်လျာထားသော်လည်း လုံခြုံ ရေးကြောင့် အစေးမထုတ်လုပ်နိုင်မှုများနှင့် ရာသီဥတု ကြောင့် အစေးထုတ်လုပ်မှုနောက်ကျခဲ့မှုများကြောင့် ရော်ဘာတန်ချိန် (၃)သိန်းကျော်သာ တင်ပို့နိုင်တော့ မည်ဖြစ်ကြောင်းသိရသည်။
" အဓိကကတော့ ရာသီဥတုပဲ။ ထုံးစံက တော့ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီ ဒီ(၄)လက တအားထွက်တဲ့အချိန်ပေါ့။ ဒီနှစ်မှာ အောက်တိုဘာ၊ နိုဝင်ဘာအထိကို မိုးကမပြတ်ဘူး လေ။ မိုးကရွာနေတုန်းဆိုတော့ ထုတ်လုပ်လို့မရဘူး ဖြစ်သွားတာပေါ့။ နောက်ကျသွားတာပေါ့။ ရာသီဥတု ကြောင့်လည်းပါတယ်။ တချို့ မြို့နဲ့ဝေးပြီး အတွင်း ပိုင်းကျတဲ့ရော်ဘာခြံတွေဆိုရင်လည်း လုံခြုံရေးက ထုတ်လုပ်ဖို့အတွက်က အခြေအနေမပေးတဲ့အခါကျ တော့ ရပ်ထားတာတွေလည်းရှိတယ်"ဟု အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိတွင် ရော်ဘာတန်ချိန် (၂၈၀ဝဝ) နီးပါး၊ ပမာဏအားဖြင့် ဒေါ်လာ သန်း(၄၀ဝ)နီးပါး တင်ပို့ထားပြီးဖြစ်ကာ လာမည့် ဇူလိုင်လအထိ တင်ပို့ မည်ဖြစ်ကြောင်းသိရသည်။
" လက်ရှိက (၂)သိန်း (၈)သောင်းပတ်ဝန်း ကျင်တင်ပို့ပြီးပြီ။ ဒေါ်လာ သန်း (၄၀ဝ)နီးပါးလောက် တော့ရပြီ။ ဇွန်၊ ဇူလိုင်လလောက်အထိတော့ လက် ကျန်ပစ္စည်းတင်ပို့လို့ရသေးတာပေါ့။ စုစုပေါင်း (၃)သိန်းကျော်လောက်ပဲပို့နိုင်မယ်ထင်တယ်"ဟုပြော သည်။
ရော်ဘာတစ်တန်လျှင် ဒေါ်လာ(၂၁၅၀) နီးပါး ကမ္ဘာ့ပေါက်ဈေးရှိသော်လည်း မြန်မာနိုင်ငံမှ ရော်ဘာတင်ပို့မှုများသည် အရည်အသွေးပြည့်မီရန် လိုအပ်ချက်များရှိနေသည့်အတွက် ဒေါ်လာ (၁၇၀ဝ)မှ (၁၉၀ဝ)ခန့်သာရရှိနေသေးကြောင်းလည်း သိရ သည်။
" လက်ရှိ Rss3 ကတော့ အောက်ခြေမှာ တစ်ပေါင်ကို (၃၁၀ဝ)ကျပ်လောက်တော့ရှိတယ်။ နိုင်ငံခြားပို့ရင်တော့ အရည်အသွေးပေါ်မူတည်ပြီး တော့ တစ်တန်ကို ဒေါ်လာ (၁၇၀ဝ) ကနေ (၁၉၀ဝ) အထိရှိတယ်။ ကမ္ဘာ့ပေါက်ဈေးကတော့ Rss3 ကို (၂၁၅၀)ပတ်ချာလည်ရှိတယ်"ဟုပြောသည်။
ရော်ဘာသည် ပြည်တွင်း၌ မွန်ပြည်နယ် တွင် အများဆုံးထွက်ရှိပြီး ဒုတိယအနေဖြင့် တနင်္သာရီ တိုင်းဒေသကြီး၊ တတိယအနေဖြင့် ကရင်ပြည်နယ်တို့ မှထွက်ရှိသည့်အပြင် ကျန်တိုင်းဒေသကြီးနှင့်ပြည် နယ်များမှာလည်း စိုက်ပျိုးလျက်ရှိရာ ရော်ဘာတင်ပို့ သည့်နိုင်ငံများအနေဖြင့် တရုတ်နိုင်ငံသို့ အများဆုံး တင်ပို့နေပြီး စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ကိုရီး ယားနှင့် ဂျပန် စသည့်နိုင်ငံများသို့လည်း တင်ပို့လျက် ရှိကြောင်းသိရသည်။

zawgyi version
ယခု ဘ႑ာႏွစ္အတြက္ ေရာ္ဘာတင္ပို႔မႈမွ ေဒၚလာ သန္း (၄၀ဝ) နီးပါးရရွိထား
Pearl (NP News) - မတ္လ ၁၈
ယခု (၂၀၂၅- ၂၀၂၆) ဘ႑ာႏွစ္အတြက္ ေရာ္ဘာတင္ပို႔မႈမွ ေဒၚလာ သန္း(၄၀ဝ)နီးပါးရရွိထား ေၾကာင္း ျမန္မာႏိုင္ငံ ေရာ္ဘာစိုက္ပ်ိဳးထုတ္လုပ္သူမ်ား အသင္း(MRPPA)မွတာဝန္ရွိသူတစ္ဦးက NP News သို႔ေျပာသည္။
ယခုဘ႑ာႏွစ္တြင္ ေရာ္ဘာတန္ခ်ိန္(၃)သိန္းခြဲေက်ာ္ တင္ပို႔ရန္လ်ာထားေသာ္လည္း လုံၿခဳံ ေရးေၾကာင့္ အေစးမထုတ္လုပ္ႏိုင္မႈမ်ားႏွင့္ ရာသီဥတု ေၾကာင့္ အေစးထုတ္လုပ္မႈေနာက္က်ခဲ့မႈမ်ားေၾကာင့္ ေရာ္ဘာတန္ခ်ိန္ (၃)သိန္းေက်ာ္သာ တင္ပို႔ႏိုင္ေတာ့ မည္ျဖစ္ေၾကာင္းသိရသည္။
" အဓိကကေတာ့ ရာသီဥတုပဲ။ ထုံးစံက ေတာ့ ေအာက္တိုဘာ၊ ႏိုဝင္ဘာ၊ ဒီဇင္ဘာ၊ ဇန္နဝါရီ ဒီ(၄)လက တအားထြက္တဲ့အခ်ိန္ေပါ့။ ဒီႏွစ္မွာ ေအာက္တိုဘာ၊ ႏိုဝင္ဘာအထိကို မိုးကမျပတ္ဘူး ေလ။ မိုးက႐ြာေနတုန္းဆိုေတာ့ ထုတ္လုပ္လို႔မရဘူး ျဖစ္သြားတာေပါ့။ ေနာက္က်သြားတာေပါ့။ ရာသီဥတု ေၾကာင့္လည္းပါတယ္။ တခ်ိဳ႕ ၿမိဳ႕နဲ႔ေဝးၿပီး အတြင္း ပိုင္းက်တဲ့ေရာ္ဘာၿခံေတြဆိုရင္လည္း လုံၿခဳံေရးက ထုတ္လုပ္ဖို႔အတြက္က အေျခအေနမေပးတဲ့အခါက် ေတာ့ ရပ္ထားတာေတြလည္းရွိတယ္"ဟု အသင္းမွ တာဝန္ရွိသူတစ္ဦးက ေျပာသည္။
လက္ရွိတြင္ ေရာ္ဘာတန္ခ်ိန္ (၂၈၀ဝဝ) နီးပါး၊ ပမာဏအားျဖင့္ ေဒၚလာ သန္း(၄၀ဝ)နီးပါး တင္ပို႔ထားၿပီးျဖစ္ကာ လာမည့္ ဇူလိုင္လအထိ တင္ပို႔ မည္ျဖစ္ေၾကာင္းသိရသည္။
" လက္ရွိက (၂)သိန္း (၈)ေသာင္းပတ္ဝန္း က်င္တင္ပို႔ၿပီးၿပီ။ ေဒၚလာ သန္း (၄၀ဝ)နီးပါးေလာက္ ေတာ့ရၿပီ။ ဇြန္၊ ဇူလိုင္လေလာက္အထိေတာ့ လက္ က်န္ပစၥည္းတင္ပို႔လို႔ရေသးတာေပါ့။ စုစုေပါင္း (၃)သိန္းေက်ာ္ေလာက္ပဲပို႔ႏိုင္မယ္ထင္တယ္"ဟုေျပာ သည္။
ေရာ္ဘာတစ္တန္လွ်င္ ေဒၚလာ(၂၁၅၀) နီးပါး ကမာၻ႔ေပါက္ေဈးရွိေသာ္လည္း ျမန္မာႏိုင္ငံမွ ေရာ္ဘာတင္ပို႔မႈမ်ားသည္ အရည္အေသြးျပည့္မီရန္ လိုအပ္ခ်က္မ်ားရွိေနသည့္အတြက္ ေဒၚလာ (၁၇၀ဝ)မွ (၁၉၀ဝ)ခန႔္သာရရွိေနေသးေၾကာင္းလည္း သိရ သည္။
" လက္ရွိ Rss3 ကေတာ့ ေအာက္ေျခမွာ တစ္ေပါင္ကို (၃၁၀ဝ)က်ပ္ေလာက္ေတာ့ရွိတယ္။ ႏိုင္ငံျခားပို႔ရင္ေတာ့ အရည္အေသြးေပၚမူတည္ၿပီး ေတာ့ တစ္တန္ကို ေဒၚလာ (၁၇၀ဝ) ကေန (၁၉၀ဝ) အထိရွိတယ္။ ကမာၻ႔ေပါက္ေဈးကေတာ့ Rss3 ကို (၂၁၅၀)ပတ္ခ်ာလည္ရွိတယ္"ဟုေျပာသည္။
ေရာ္ဘာသည္ ျပည္တြင္း၌ မြန္ျပည္နယ္ တြင္ အမ်ားဆုံးထြက္ရွိၿပီး ဒုတိယအေနျဖင့္ တနသၤာရီ တိုင္းေဒသႀကီး၊ တတိယအေနျဖင့္ ကရင္ျပည္နယ္တို႔ မွထြက္ရွိသည့္အျပင္ က်န္တိုင္းေဒသႀကီးႏွင့္ျပည္ နယ္မ်ားမွာလည္း စိုက္ပ်ိဳးလ်က္ရွိရာ ေရာ္ဘာတင္ပို႔ သည့္ႏိုင္ငံမ်ားအေနျဖင့္ တ႐ုတ္ႏိုင္ငံသို႔ အမ်ားဆုံး တင္ပို႔ေနၿပီး စင္ကာပူ၊ မေလးရွား၊ အင္ဒိုနီးရွား၊ ကိုရီး ယားႏွင့္ ဂ်ပန္ စသည့္ႏိုင္ငံမ်ားသို႔လည္း တင္ပို႔လ်က္ ရွိေၾကာင္းသိရသည္။