ယနေ့ မှစတင်ကာ လျှပ်စစ်ဓာတ်အားကို အချိန်ပိုင်းဖြင့် ခွဲဝေဖြန့်ဖြူးပေးမည်

810

စော(NP News)- မတ် ၁၈
ယနေ့ (မတ် ၁၈ရက်)မှ စတင်ကာ လျှပ်စစ်ဓာတ်အားကို အချိန်ပိုင်းဖြင့် ခွဲဝေဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။
ယခုလသည် နွေရာသီသို့ ရောက်သောကြောင့် ပုံမှန်အားဖြင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသည် ဆည်များ၌ စုဆောင်းထားရှိသည့် ရေများကို ဇွန်လအထိ ထိန်းသိမ်းမောင်းနှင်ပြီး ဓာတ်အားဖြန့်ဖြူးနိုင်ရန်အတွက် စတင်ထိန်းသိမ်းရမည့်အချိန်ကာလဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
သို့သော် တက္ကသိုလ်ဝင်စာမေးပွဲ မကျင်းပမီနှင့် ကျင်းပချိန်များအတွင်း ကျောင်းသား၊ ကျောင်းသူများညပိုင်းစာကြည့်ချိန်နှင့် စာစစ်ဌာနများတွင် လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ် ရရှိစေရန်အတွက် စုဆောင်းထားရှိသည့် ဆည်ရေများဖြင့် တိုးမြှင့်ထုတ်လုပ်ဖြန့်ဖြူးပေးခဲ့ရကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထို့ကြောင့် တက္ကသိုလ်ဝင်စာမေးပွဲ ပြီးစီးသွားသည့်ရက်များမှစတင်၍ နွေရာသီအချိန် ဇွန်လအထိ စဉ်ဆက်မပြတ်မျှတစွာ ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန် အပါအဝင် လက်ရှိရာသီဥတုပူပြင်းမှုကြောင့် ဝန်အားသုံးစွဲမှုမြင့်တက်လာခြင်းကို ထိန်းညှိနိုင်ရန်အတွက် ဓာတ်အားထုတ်လုပ်နိုင်မှုနှင့် ချိန်ညှိကာ အချို့သောနေရာ၊ အချိန်များတွင် ဝန်အားမျှတခွဲဝေဖြန့်ဖြူးခြင်း (Planned Load Shedding) အစီအစဉ် များကို ပြုလုပ်သွားမည်ဖြစ်ကြောင်း အသိပေးထားသည်။
သို့သော် သဘာဝဓာတ်ငွေ့ရည် (Liquefied Natural Gas - LNG) သုံး ဓာတ်အားပေး စက်ရုံများမှ ထုတ်လုပ်သော လျှပ်စစ်ဓာတ်အားကို တိုက်ရိုက်လိုင်းဖြင့် ဓာတ်အားပေးသည့် ဓာတ်အားလိုင်းများအား ဝန်အားမျှတခွဲဝေ ဖြန့်ဖြူးခြင်း (Planned Load Shedding) မပြုလုပ်ဘဲ စဉ်ဆက်မပြတ်ဆက်လက်ဖြန့်ဖြူးပေးထားမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်လျော့နည်းခြင်းအရ ဝန်အားမျှတခွဲဝေဖြန့်ဖြူးခြင်း (Planned Load Shedding) ကို မိဘပြည်သူများအနေဖြင့် နားလည်ခွင့်လွှတ်ပေးပါရန်နှင့် လျှပ်စစ်ဓာတ်အားကို စနစ်တကျချွေတာသုံးစွဲပေးရန် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက အသိပေးထားသည်။
အဆိုပါဝန်ကြီးဌာနအနေဖြင့် ပြည်သူလူထု၏ တစ်နေ့တာ ပျမ်းမျှဓာတ်အား လိုအပ်ချက် (၄၆၆၄) မဂ္ဂါဝပ်ကို ပြည့်ဝစွာဖြန့်ဖြူး ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသော်လည်း လက်ရှိတွင် အဓိကဓာတ်အားလိုင်းအချို့ ဖျက်ဆီးခံရခြင်းနှင့် သဘာဝဓာတ်ငွေ့ရရှိမှု လျော့နည်းခြင်းတို့ကြောင့် LNG သုံး ဓာတ်အားပေးစက်ရုံများမှ (၅၀၀) မဂ္ဂါဝပ် ထပ်မံဖြည့်ဆည်း ထုတ်လုပ်နိုင်ရေး စီမံဆောင်ရွက်ခဲ့ရာ ပုံမှန်ထုတ်လုပ်နိုင်မှု၏ (၇၇) ရာခိုင်နှုန်းဖြစ်သော (၃၆၀၀) မဂ္ဂါဝပ်ခန့်ကို ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိကြောင်း နှင့် ဖျက်ဆီးခံရသည့် ဓာတ်အားလိုင်းများအား ပြန်လည်ပြင်ဆင်ခြင်းလုပ်ငန်းများကို စီမံဆောင်ရွက်လျက်ရှိပြီး စွမ်းအင်အရင်းအမြစ်မျိုးစုံမှ လျှပ်စစ်ဓာတ်အား ပိုမိုထုတ်လုပ်နိုင်ရေးကိုလည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
zawgyi version
ယေန႔ မွစတင္ကာ လွ်ပ္စစ္ဓာတ္အားကို အခ်ိန္ပိုင္းျဖင့္ ခြဲေဝျဖန႔္ျဖဴးေပးမည္
ေစာ(NP News)- မတ္ ၁၈
ယေန႔ (မတ္ ၁၈ရက္)မွ စတင္ကာ လွ်ပ္စစ္ဓာတ္အားကို အခ်ိန္ပိုင္းျဖင့္ ခြဲေဝျဖန႔္ျဖဴးေပးမည္ျဖစ္ေၾကာင္း လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာနမွ အသိေပးထုတ္ျပန္ထားသည္။
ယခုလသည္ ေႏြရာသီသို႔ ေရာက္ေသာေၾကာင့္ ပုံမွန္အားျဖင့္ လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာနသည္ ဆည္မ်ား၌ စုေဆာင္းထားရွိသည့္ ေရမ်ားကို ဇြန္လအထိ ထိန္းသိမ္းေမာင္းႏွင္ၿပီး ဓာတ္အားျဖန႔္ျဖဴးႏိုင္ရန္အတြက္ စတင္ထိန္းသိမ္းရမည့္အခ်ိန္ကာလျဖစ္ေၾကာင္း ထုတ္ျပန္ထားသည္။
သို႔ေသာ္ တကၠသိုလ္ဝင္စာေမးပြဲ မက်င္းပမီႏွင့္ က်င္းပခ်ိန္မ်ားအတြင္း ေက်ာင္းသား၊ ေက်ာင္းသူမ်ားညပိုင္းစာၾကည့္ခ်ိန္ႏွင့္ စာစစ္ဌာနမ်ားတြင္ လွ်ပ္စစ္ဓာတ္အား စဥ္ဆက္မျပတ္ ရရွိေစရန္အတြက္ စုေဆာင္းထားရွိသည့္ ဆည္ေရမ်ားျဖင့္ တိုးျမႇင့္ထုတ္လုပ္ျဖန႔္ျဖဴးေပးခဲ့ရေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
ထို႔ေၾကာင့္ တကၠသိုလ္ဝင္စာေမးပြဲ ၿပီးစီးသြားသည့္ရက္မ်ားမွစတင္၍ ေႏြရာသီအခ်ိန္ ဇြန္လအထိ စဥ္ဆက္မျပတ္မွ်တစြာ ဓာတ္အားျဖန႔္ျဖဴးေပးႏိုင္ရန္ အပါအဝင္ လက္ရွိရာသီဥတုပူျပင္းမႈေၾကာင့္ ဝန္အားသုံးစြဲမႈျမင့္တက္လာျခင္းကို ထိန္းညႇိႏိုင္ရန္အတြက္ ဓာတ္အားထုတ္လုပ္ႏိုင္မႈႏွင့္ ခ်ိန္ညႇိကာ အခ်ိဳ႕ေသာေနရာ၊ အခ်ိန္မ်ားတြင္ ဝန္အားမွ်တခြဲေဝျဖန႔္ျဖဴးျခင္း (Planned Load Shedding) အစီအစဥ္ မ်ားကို ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း အသိေပးထားသည္။
သို႔ေသာ္ သဘာဝဓာတ္ေငြ႕ရည္ (Liquefied Natural Gas - LNG) သုံး ဓာတ္အားေပး စက္႐ုံမ်ားမွ ထုတ္လုပ္ေသာ လွ်ပ္စစ္ဓာတ္အားကို တိုက္႐ိုက္လိုင္းျဖင့္ ဓာတ္အားေပးသည့္ ဓာတ္အားလိုင္းမ်ားအား ဝန္အားမွ်တခြဲေဝ ျဖန႔္ျဖဴးျခင္း (Planned Load Shedding) မျပဳလုပ္ဘဲ စဥ္ဆက္မျပတ္ဆက္လက္ျဖန႔္ျဖဴးေပးထားမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ေၾကာင့္ လွ်ပ္စစ္ဓာတ္အား ထုတ္လုပ္ေလ်ာ့နည္းျခင္းအရ ဝန္အားမွ်တခြဲေဝျဖန႔္ျဖဴးျခင္း (Planned Load Shedding) ကို မိဘျပည္သူမ်ားအေနျဖင့္ နားလည္ခြင့္လႊတ္ေပးပါရန္ႏွင့္ လွ်ပ္စစ္ဓာတ္အားကို စနစ္တက်ေခြၽတာသုံးစြဲေပးရန္ လွ်ပ္စစ္စြမ္းအားဝန္ႀကီးဌာနက အသိေပးထားသည္။
အဆိုပါဝန္ႀကီးဌာနအေနျဖင့္ ျပည္သူလူထု၏ တစ္ေန႔တာ ပ်မ္းမွ်ဓာတ္အား လိုအပ္ခ်က္ (၄၆၆၄) မဂၢါဝပ္ကို ျပည့္ဝစြာျဖန႔္ျဖဴး ေပးႏိုင္ေရး ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိေသာ္လည္း လက္ရွိတြင္ အဓိကဓာတ္အားလိုင္းအခ်ိဳ႕ ဖ်က္ဆီးခံရျခင္းႏွင့္ သဘာဝဓာတ္ေငြ႕ရရွိမႈ ေလ်ာ့နည္းျခင္းတို႔ေၾကာင့္ LNG သုံး ဓာတ္အားေပးစက္႐ုံမ်ားမွ (၅၀၀) မဂၢါဝပ္ ထပ္မံျဖည့္ဆည္း ထုတ္လုပ္ႏိုင္ေရး စီမံေဆာင္႐ြက္ခဲ့ရာ ပုံမွန္ထုတ္လုပ္ႏိုင္မႈ၏ (၇၇) ရာခိုင္ႏႈန္းျဖစ္ေသာ (၃၆၀၀) မဂၢါဝပ္ခန႔္ကို ထုတ္လုပ္ျဖန႔္ျဖဴးေပးလ်က္ရွိေၾကာင္း ႏွင့္ ဖ်က္ဆီးခံရသည့္ ဓာတ္အားလိုင္းမ်ားအား ျပန္လည္ျပင္ဆင္ျခင္းလုပ္ငန္းမ်ားကို စီမံေဆာင္႐ြက္လ်က္ရွိၿပီး စြမ္းအင္အရင္းအျမစ္မ်ိဳးစုံမွ လွ်ပ္စစ္ဓာတ္အား ပိုမိုထုတ္လုပ္ႏိုင္ေရးကိုလည္း ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။