အမြန်လမ်းမကြီးတွင် လမ်းပြောင်းပြန်မောင်းနှင်လာသည့် ဆိုင်ကယ်မှ ရပ်ထားသည့် (၆)ဘီးယာဉ်အားဝင်တိုက်မိရာ အမျိုးသား(၂)ဦးသေဆုံး

 353

ထိုက်စံ (NP News) - မတ် ၁၈
အမြန်လမ်းမကြီးတွင် လမ်းပြောင်းပြန်မောင်းနှင်လာသည့် မော်တော်ဆိုင်ကယ်မှ ရပ်ထားသည့် (၆)ဘီးယာဉ်အားဝင်တိုက်မိရာ အမျိုးသား(၂)ဦးသေဆုံးခဲ့ကြောင်း အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။
ဖြစ်စဉ်မှာ ယနေ့ ( မတ် ၁၈ ရက်) ၊ မနက်ပိုင်း (၁)နာရီ (၄၅)မိနစ် အချိန်ခန့်က ရန်ကုန်မှ နေပြည်တော်(အသွားလမ်း)၊ မိုင်တိုင်အမှတ်(၀/၃-၄)ကြားရှိ (၆) လမ်းသွားခင်းထားသောနေရာတွင် ကျား(၃)ဦးစီးနင်းလိုက်ပါလာသည့် နံပတ်မပါသော မော်တော်ဆိုင်ကယ်သည် အရှိန်ပြင်းစွာဖြင့် လမ်းပြောင်းပြန်မောင်းနှင်လာရာမှ လမ်း၏ယာဘက်အစွန်ဆုံးယာဉ်ကြောတွင် ရပ်တန့်ထားသော (၆)ဘီးယာဉ်၏ ရှေ့ဦးပိုင်းအားဝင်တိုက်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်ကြောင့် ဆိုင်ကယ်စီးဦးထုပ်ဝတ်ဆင်ခြင်းမရှိဘဲ ဆိုင်ကယ် စီးနင်းလာကြသည့် အမျိုးသား(၃)ဦး အနက် (၂)ဦးမှာ ဖြစ်စဉ်နေရာတွင် သေဆုံးခဲ့ပြီး ကျန်ရှိသည့် အမျိုးသား(၁)ဦးအား မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

Zawgyi Version:
အျမန္လမ္းမႀကီးတြင္ လမ္းေျပာင္းျပန္ေမာင္းႏွင္လာသည့္ ဆိုင္ကယ္မွ ရပ္ထားသည့္ (၆)ဘီးယာဥ္အားဝင္တိုက္မိရာ အမ်ိဳးသား(၂)ဦးေသဆုံး
ထိုက္စံ (NP News) - မတ္ ၁၈
အျမန္လမ္းမႀကီးတြင္ လမ္းေျပာင္းျပန္ေမာင္းႏွင္လာသည့္ ေမာ္ေတာ္ဆိုင္ကယ္မွ ရပ္ထားသည့္ (၆)ဘီးယာဥ္အားဝင္တိုက္မိရာ အမ်ိဳးသား(၂)ဦးေသဆုံးခဲ့ေၾကာင္း အျမန္လမ္းမႀကီးထိန္းသိမ္းျပဳျပင္ေရးႏွင့္ ႀကီးၾကပ္ေရးအဖြဲ႕၏ ထုတ္ျပန္ခ်က္အရ သိရသည္။
ျဖစ္စဥ္မွာ ယေန႔ ( မတ္ ၁၈ ရက္) ၊ မနက္ပိုင္း (၁)နာရီ (၄၅)မိနစ္ အခ်ိန္ခန႔္က ရန္ကုန္မွ ေနျပည္ေတာ္(အသြားလမ္း)၊ မိုင္တိုင္အမွတ္(၀/၃-၄)ၾကားရွိ (၆) လမ္းသြားခင္းထားေသာေနရာတြင္ က်ား(၃)ဦးစီးနင္းလိုက္ပါလာသည့္ နံပတ္မပါေသာ ေမာ္ေတာ္ဆိုင္ကယ္သည္ အရွိန္ျပင္းစြာျဖင့္ လမ္းေျပာင္းျပန္ေမာင္းႏွင္လာရာမွ လမ္း၏ယာဘက္အစြန္ဆုံးယာဥ္ေၾကာတြင္ ရပ္တန႔္ထားေသာ (၆)ဘီးယာဥ္၏ ေရွ႕ဦးပိုင္းအားဝင္တိုက္မႈျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
အဆိုပါျဖစ္စဥ္ေၾကာင့္ ဆိုင္ကယ္စီးဦးထုပ္ဝတ္ဆင္ျခင္းမရွိဘဲ ဆိုင္ကယ္ စီးနင္းလာၾကသည့္ အမ်ိဳးသား(၃)ဦး အနက္ (၂)ဦးမွာ ျဖစ္စဥ္ေနရာတြင္ ေသဆုံးခဲ့ၿပီး က်န္ရွိသည့္ အမ်ိဳးသား(၁)ဦးအား ေျမာက္ဥကၠလာပ ျပည္သူ႔ေဆး႐ုံႀကီးသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

Related news

© 2021. All rights reserved.