G(10) နှင့် G(11) ကျောင်းတွင်းစစ် ပြင်ပဖြေ စာမေးပွဲကို မေလ ၄ ရက်မှ ၁၁ ရက်အထိ ကျင်းပသွားမည်

326

စော(NP News)- မတ် ၁၉
အကြောင်းအမျိုးမျိုးကြောင့် ကျောင်းဆက်လက်မတက်ရောက်နိုင်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူများ အခြေခံပညာနှင့် အဆင့်မြင့်ပညာရပ်များကို ဆက်လက်ဆည်းပူးနိုင်စေရန် ရည်ရွယ်၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် Grade (10) နှင့် Grade (11) ကျောင်းတွင်းစစ် ပြင်ပဖြေ စာမေးပွဲများကို ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာန၏အချက်အလက်များအရ သိရသည်။
စာမေးပွဲကျင်းပသွားမည့်ရက်မှာ လာမည့် မေလ ၄ရက်မှ ၁၁ရက်နေ့အထိဖြစ်ပြီး ဖြေဆိုရာတွင် တစ်ရက်လျှင် တစ်ဘာသာနှုန်းဖြင့် ဘာသာရပ်တစ်ခုကို (၂)နာရီ ဖြေဆိုရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါစာမေးပွဲအတွက် အောင်စာရင်းများကို မေလ ၂၅ရက်တွင် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ပြီး ဖြေဆိုလိုသည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မိမိတို့နှင့် သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးရုံးများတွင် အသေးစိတ် အချက်အလက်များကို သွားရောက်စုံစမ်းမေးမြန်းနိုင်ကြောင်း သိရသည်။
၂၀၂၅-၂၀၂၆ ပညာသင်နှစ် အတွက် နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုသူ ကျောင်းသား (၁၀၄,၂၅၉) ဦး၊ ကျောင်းသူ (၁၅၀,၉၆၉) ဦး၊ စုစုပေါင်း (၂၅၅,၂၂၈) ဦး ဝင်ရောက်ဖြေဆိုသည့်အတွက် ဖြေဆိုမှုရာခိုင်နှုန်းမှာ (၉၄ ဒသမ ၉၇) ရာခိုင်နှုန်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် ဖွင့်လှစ်ထားသော အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများသို့ တက်ရောက်သင်ကြားနိုင်ရန်အတွက် အခြေခံပညာ အလယ်တန်းအဆင့် (Grade 9) အောင်မြင်သူဖြစ်ရမည်ဖြစ်ကြောင်း သိရသည်။

Zawgyi version:
အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ ေက်ာင္းဆက္လက္မတက္ေရာက္ႏိုင္ခဲ့သည့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား အေျခခံပညာႏွင့္ အဆင့္ျမင့္ပညာရပ္မ်ားကို ဆက္လက္ဆည္းပူးႏိုင္ေစရန္ ရည္႐ြယ္၍ ၂၀၂၅-၂၀၂၆ ပညာသင္ႏွစ္အတြက္ Grade (10) ႏွင့္ Grade (11) ေက်ာင္းတြင္းစစ္ ျပင္ပေျဖ စာေမးပြဲမ်ားကို က်င္းပျပဳလုပ္သြားမည္ ျဖစ္ေၾကာင္း ပညာေရးဝန္ႀကီးဌာန၏အခ်က္အလက္မ်ားအရ သိရသည္။
စာေမးပြဲက်င္းပသြားမည့္ရက္မွာ လာမည့္ ေမလ ၄ရက္မွ ၁၁ရက္ေန႔အထိျဖစ္ၿပီး ေျဖဆိုရာတြင္ တစ္ရက္လွ်င္ တစ္ဘာသာႏႈန္းျဖင့္ ဘာသာရပ္တစ္ခုကို (၂)နာရီ ေျဖဆိုရမည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါစာေမးပြဲအတြက္ ေအာင္စာရင္းမ်ားကို ေမလ ၂၅ရက္တြင္ ထုတ္ျပန္ေၾကညာသြားမည္ျဖစ္ၿပီး ေျဖဆိုလိုသည့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအေနျဖင့္ မိမိတို႔ႏွင့္ သက္ဆိုင္ရာ ၿမိဳ႕နယ္ပညာေရးမႉး႐ုံးမ်ားတြင္ အေသးစိတ္ အခ်က္အလက္မ်ားကို သြားေရာက္စုံစမ္းေမးျမန္းႏိုင္ေၾကာင္း သိရသည္။
၂၀၂၅-၂၀၂၆ ပညာသင္ႏွစ္ အတြက္ ေနျပည္ေတာ္ေကာင္စီနယ္ေျမအပါအဝင္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အလိုက္ တကၠသိုလ္ဝင္စာေမးပြဲေျဖဆိုသူ ေက်ာင္းသား (၁၀၄,၂၅၉) ဦး၊ ေက်ာင္းသူ (၁၅၀,၉၆၉) ဦး၊ စုစုေပါင္း (၂၅၅,၂၂၈) ဦး ဝင္ေရာက္ေျဖဆိုသည့္အတြက္ ေျဖဆိုမႈရာခိုင္ႏႈန္းမွာ (၉၄ ဒသမ ၉၇) ရာခိုင္ႏႈန္းျဖစ္ေၾကာင္း သိရသည္။
လက္ရွိတြင္ ဖြင့္လွစ္ထားေသာ အေျခခံပညာႏွင့္ စက္မႈ၊ စိုက္ပ်ိဳး၊ ေမြးျမဴေရး အထက္တန္းေက်ာင္းမ်ားသို႔ တက္ေရာက္သင္ၾကားႏိုင္ရန္အတြက္ အေျခခံပညာ အလယ္တန္းအဆင့္ (Grade 9) ေအာင္ျမင္သူျဖစ္ရမည္ျဖစ္ေၾကာင္း သိရသည္။