မန္တလေးတွင် PDF (၅၀၀) ကျော် လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာ

 484

သန့်ဇင်(NP News)-မတ် ၁၉

မန္တလေးမြို့၊ အလယ်ပိုင်းတိုင်စစ်ဌာနချုပ်တွင် PDF (၅၀၀)ကျော် လက်နက်ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာပြီး မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံထားကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။

အလင်းဝင်မှုအခမ်းအနားကို ယနေ့( မတ်လ ၁၉ ရက်) နံနက်ပိုင်းက မန္တလေးမြို့၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ မန္တလေးတိုင်းဒသေကြီးဝန်ကြီးချုပ် တက်ရောက်အမှာစကားပြောကြားခဲ့ပြီး အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးက ဥပဒေရေးရာများကို ရှင်းလင်းပြောကြားကာ အလင်းဝင်ရောက်လာသူ PDF အဖွဲ့ဝင်များအား ခံဝန်လက်မှတ်ရေးထိုးစေပြီး လက်နက်ခဲ ယမ်းများ အပ်နှံခြင်းအတွက် ဆုငွေများနှင့် ထောက်ပံ့ငွေများပေးအပ်ပြီးနောက် မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းအပ်နှံပေးခဲ့ကြောင်း သိရသည်။

အလင်းဝင်ရောက်လာသူ PDF အဖွဲဝင်များအတွင်း အမျိုးသား(၄၅၃)ဦးနှင့် အမျိုးသမီး(၅၃)ဦး၊ စုစုပေါင်း (၅၀၆) ဦးနှင့်အတူ သေနတ် (၇၈) လက်၊ ခဲယမ်းများဖြင့် ဥပဒေဘောင်အတွင်း အလင်းဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရသည်။

တပ်မတော်က NUG လက်အောက်ခံ PDF အဖွဲ့ဝင်မျာအား အလင်းဝင်ရောက်ရန် ဖိတ်ခေါ်လျက်ရှိရာ မန္တလေးနှင့် အခြားဒေသများတွင် PDF အဖွဲ့ဝင်များ အလင်းဝင်ရောက်မှုများစွာရှိနေပြီး ယခုအခါ အလင်းဝင်ရောက်မှုသည် စံချိန်တင် အများဆုံးအလင်းဝင် ရောက်ခြင်းဖြစ်ကြောင်း သိရသည်။

Zawgyi version:

မႏၲေလးၿမိဳ႕၊ အလယ္ပိုင္းတိုင္စစ္ဌာနခ်ဳပ္တြင္ PDF (၅၀၀)ေက်ာ္ လက္နက္ခဲယမ္းမ်ားႏွင့္အတူ ဥပေဒေဘာင္အတြင္း ဝင္ေရာက္လာၿပီး မိဘအုပ္ထိန္းသူမ်ားထံ ျပန္လည္အပ္ႏွံထားေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္ နီးစပ္သူမ်ားထံမွ သိရသည္။
အလင္းဝင္မႈအခမ္းအနားကို ယေန႔( မတ္လ ၁၉ ရက္) နံနက္ပိုင္းက မႏၲေလးၿမိဳ႕၊ အလယ္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္တြင္ က်င္းပခဲ့ေၾကာင္း သိရသည္။
အခမ္းအနားသို႔ မႏၲေလးတိုင္းဒေသႀကီးဝန္ႀကီးခ်ဳပ္ တက္ေရာက္အမွာစကားေျပာၾကားခဲ့ၿပီး အလယ္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉးက ဥပေဒေရးရာမ်ားကို ရွင္းလင္းေျပာၾကားကာ အလင္းဝင္ေရာက္လာသူ PDF အဖြဲ႕ဝင္မ်ားအား ခံဝန္လက္မွတ္ေရးထိုးေစၿပီး လက္နက္ခဲ ယမ္းမ်ား အပ္ႏွံျခင္းအတြက္ ဆုေငြမ်ားႏွင့္ ေထာက္ပံ့ေငြမ်ားေပးအပ္ၿပီးေနာက္ မိဘအုပ္ထိန္းသူမ်ားထံ လႊဲေျပာင္းအပ္ႏွံေပးခဲ့ေၾကာင္း သိရသည္။
အလင္းဝင္ေရာက္လာသူ PDF အဖြဲဝင္မ်ားအတြင္း အမ်ိဳးသား(၄၅၃)ဦးႏွင့္ အမ်ိဳးသမီး(၅၃)ဦး၊ စုစုေပါင္း (၅၀၆) ဦးႏွင့္အတူ ေသနတ္ (၇၈) လက္၊ ခဲယမ္းမ်ားျဖင့္ ဥပေဒေဘာင္အတြင္း အလင္းဝင္ေရာက္လာျခင္းျဖစ္ေၾကာင္း သိရသည္။
တပ္မေတာ္က NUG လက္ေအာက္ခံ PDF အဖြဲ႕ဝင္မ်ာအား အလင္းဝင္ေရာက္ရန္ ဖိတ္ေခၚလ်က္ရွိရာ မႏၲေလးႏွင့္ အျခားေဒသမ်ားတြင္ PDF အဖြဲ႕ဝင္မ်ား အလင္းဝင္ေရာက္မႈမ်ားစြာရွိေနၿပီး ယခုအခါ အလင္းဝင္ေရာက္မႈသည္ စံခ်ိန္တင္ အမ်ားဆုံးအလင္းဝင္ ေရာက္ျခင္းျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.