ရန်ကုန် - မြင်းခြံခရီး (သို့မဟုတ်) ရင်သိမ့်တုန်လမ်း (လမ်းခရီး ဆောင်းပါး)

521

သုတကျော် (NP News) - မတ်လ ၁၈
တောင်သာ၊ ဝဲလောင်၊ နွားထိုးကြီး၊ မြင်းခြံ ဆို သောအမည်နာမတို့သည် အညာဒေသမှ နာမည် ကျော်အရပ်ဒေသများဖြစ်လာခြင်းမှာ များစွာမကြာ လှသေးပေ။ ယင်းဒေသတို့သည် ဘေးချင်းကပ် နေရာများလည်းဖြစ်သည်။
မြေပုံတွင်ကြည့်ပါက မြင်းခြံမြို့၊ တောင်သာမြို့၊ နွားထိုးကြီးမြို့တို့သည် လမ်းပိုင်းတို့ဖြင့် ချိတ်ဆက်နေ သောမြို့များဖြစ်သော်လည်း ယင်းမြို့အကြား လမ်း တို့မှာ လုံခြုံမှုမရှိသောအခြေအနေဟုကျော်ကြားခဲ့ သည်။ သွားလျှင် PDF တို့၏အဖမ်းအဆီးကိုခံရနိုင် သည်။ သို့မဟုတ် အခန့်မသင့်လျှင် အသတ်လည်းခံရ နိုင်ကြောင်း သတင်းကြီးသည်။
“မြင်းခြံကိုသွားရတော့မယ်ဆို အရင်ဆုံးပြင်ဆင် ရတာက လမ်းပိုင်းအခြေအနေကောင်းလားလို့ စမေး ရတာပဲ” ဟုဆိုလာသူက မကြာသေးမီကာလအတွင်း မြင်းခြံမြို့သို့ခရီးသွားခဲ့သူ ကိုမောင်မောင် (အမည် လွှဲ)ဖြစ်သည်။ ကိုမောင်မောင်သည် မူလက မြင်းခြံမြို့ သို့မသွားလိုခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် ယင်းမြို့ သို့သွားရာလမ်းမှာမလုံခြုံကြောင်း သတင်းကြားနေရ သောကြောင့်ဖြစ်ပြီး ယင်းအတွက်စိတ်ထင့်နေခဲ့ သည်။ ထို့ကြောင့် ယင်းလမ်းသို့သွားရန် ရုတ်တရက် အကြောင်းဖန်လာသောအခါ မေးရမြန်းရသည်က အလုပ်တစ်ခုဖြစ်လာသည်။ “လိုက်မေးတယ်။ မေး တော့ တချို့က လမ်းကောင်းတယ် အဆင်ပြေတယ် ပြောတယ်။ တချို့ကျတော့လည်း မကောင်းဘူးပြော တယ်။ ဒီခေတ်မှာ လမ်းကောင်းတယ်ဆိုတာက လမ်း ပျက်တာမဟုတ်ဘူး။ လမ်းပျက်ခြင်း၊ ဖြောင့်ဖြူးခြင်းက အဓိကမကျတော့ဘူး။ လမ်းက လုံခြုံလားဆိုတာ အဓိ ကကျတယ်”ဟု ကိုမောင်မောင်ကဆိုသည်။ လမ်းမေး သည့်ကာလသည်ပင် နှစ်ရက်ခန့်ကြာခဲ့ပြီး ယင်းအ ချိန်တွင် စိတ်အတွင်း မတင်မကျဖြစ်ခြင်းပေါင်းများစွာ ရှိခဲ့သည်ဟု ၎င်းကဆိုသည်။
“မြို့ခံကိုလှမ်းမေးတော့လည်း ပြောမရဘူး၊ ဖြစ် ချင်ဖြစ်တတ်တယ်ဆိုတော့ စိတ်က ပိုဆိုးတာပေါ့”ဟု ကိုမောင်မောင်ကပြောသည်။ သွားကို သွားရမည့်ခရီး ဖြစ်ရာ နောက်ဆုံး စိတ်ဒုန်းဒုန်းချပြီး ခရီးသွားရန်ပြင် ဆင်သည်။ ဖုန်းအတွင်မှ အချို့ Contant များကို အမည်ပြောင်းရသည်။ စိတ်မချရသောအခြေအနေကို ဖြတ်ကျော်ရမည့်ခရီးသည်တို့ထုံးစံအတိုင်း လိုအပ် သည်များကိုဆောင်ရွက်ရသည်။ အစိုးရဝန်ထမ်း လည်း မဟုတ်၊ အစိုးရနှင့်ပူးပေါင်းဆောင်ရွက်သူ လည်းမဟုတ်သည့်အတွက် အဘယ်ကြောက်စရာ ရှိ မည်နည်းဟု မေးကောင်းမေးပေလိမ့်မည်။NP News ကလည်း ကိုမောင်မောင်ကို အလားတူမေးခွန်းမျိုး မေးခဲ့သည်။
“သာမန်ပြည်သူတွေက ဥပဒေမရှိတာကို ကြောက်တာ။ တပ်ကစစ်လို့ မသင်္ကာစရာတွေ့ရင် ရှင်းပြလို့ရတယ်။ ဖမ်းဟယ် ဆီးဟယ်ဖြစ်လာရင်လည်း အေးအေးဆေးဆေးရှင်းပြလို့ရတယ်။ ဘာနေနေ အနောက်မှာ ဥပဒေကျောထောက်နောက်ခံရှိတယ် ဆိုတဲ့စိတ်က လုံခြုံစေတယ်” ဟု ကိုမောင်မောင်က ဆိုသည်။ ကိုမောင်မောင်၏ဖုန်းအတွင်း ဖျက်စရာ ဓာတ်ပုံကား များများစားစားမရှိလှပါ။ မိသားစုပုံများ၊ အသိအကျွမ်းအချို့နှင့်တွဲရိုက်ဖူးသည့်ပုံ အနည်းငယ် နှင့် ခရီးသွားစဉ် ဝါသနာအလျောက် ပတ်ဝန်းကျင်ကို ရိုက်ခဲ့သောပုံများသာရှိသည်။
သို့သော် ကိုမောင်မောင်က အစိုးရိမ်ကြီးသူ တစ်ဦးဖြစ်သည့်အတွက် ဖျက်ခြင်းသာဖြစ်ပြီး ဓာတ်ပုံ တွဲရိုက်ဖူးသူများအနက် အချို့မှာ ကိုမောင်မောင့်မိတ် ဆွေ ဌာနဆိုင်ရာ အရာရှိငယ် တစ်ဦးစ၊ နှစ်ဦးစသာ ဖြစ်ပြီး ပုံအတွင်း ၎င်းတို့မှာ သက်ဆိုင်ရာဌာန ယူနီ ဖောင်းများပင် မဝတ်ထားကြပေ။ စင်စစ်အားဖြင့် ကို မောင်မောင်သည် အစိုးရဝန်ထမ်းများနှင့် ထဲထဲဝင်ဝင် အကျွမ်းဝင်သူတစ်ဦးကား မဟုတ်ပါ။ သို့သော် အစိုး ရအရာရှိများနှင့် ဓာတ်ပုံတွဲရိုက်ထားသောပုံများ၊ PDF တို့ မကြိုက်သော နာမည်ကျော်များနှင့် ဓာတ်ပုံ တွဲရိုက်ထားသောပုံများပါလျှင် PDF တို့က အ ကြောင်းမရှိလျှင်လည်း ဖမ်းဆီးတတ်သည်ဆိုသော သတင်းများကို ကိုမောင်မောင်ကြားထားသည်။ PDF တို့တွင် ဥပဒေမရှိသောကြောင် အဖမ်းခံရနိုင်ပြီး ကံ ကောင်းလျှင်ပြန်လွတ်နိုင်သည်။ ကံဆိုးလျှင် ပြန်ပေး ငွေ ပမာဏများစွာအတောင်းခံရမည်။ ထို့ထက်ပို၍ ဆိုးလျှင် အသတ်ခံရနိုင်ကြောင်းသိထားသည်။
“ကျွန်တော့်အသိတစ်ယောက်က ပြောလိုက် တယ်လေ။ ဖုန်းကိုစစ်တယ်။ မသင်္ကာရင် အဖမ်းခံရ မယ်နော်ဆိုတဲ့စိတ်က ကျွန်တော့်ကိုခြောက်လှန့်တာ ပဲ”ဟု ၎င်းကဆိုသည်။ ကိုမောင်မောင်နှင့်အလွန်ရင်း နှီးလှသော အစိုးရအရာရှိတစ်ဦး၏အမည်ကို ပြောင်း လဲမှတ်သားခြင်းနှင့်ပတ်သက်၍ ကိုမောင်မောင်က မှတ်မှတ်ရရပြောပြသည်။ “ကိုလှမောင် ကုန်သည်လို့ ပြောင်းလိုက်တယ်။ ဘယ်ကဘယ်လို အဲဒီနာမည် ခေါင်းထဲရောက်လာမှန်းတောင်မသိဘူး”ဟု ရယ် လျက်ဆိုသည်။ ကိုမောင်မောင် လိုက်လံမေးမြန်းချက် အရ မြင်းခြံသို့သွားရန်လမ်းကြောင်းမှာ အကြမ်းအား ဖြင့်နှစ်လမ်းရှိသည်။ တစ်လမ်းက မလှိုင်-တောင်သာ ဘက်ကသွားရမည့်လမ်းဖြစ်ပြီး ကျန်တစ်လမ်းမှာ ကျောက်ပန်းတောင်း-ညောင်ဦးဘက်မှ သွားရမည့် လမ်းဖြစ်သည်။ ယင်းလမ်းတို့ကိုယှဉ်လျှင် အစိုးရိမ် ကြီးသောကိုမောင်မောင်က ညောင်ဦးဘက်မှသွားရန် ဆုံးဖြတ်လိုက်သည်။ စိုးရိမ်စိတ်မြင့်နေလျှင် အဆိုပါ လမ်းကလာခဲ့ရန် မိတ်ဆွေတစ်ဦးက အကြံပြုသော ကြောင့်ဖြစ်သည်။
ရန်ကုန်မြို့ အောင်မင်္ဂလာအဝေးပြေးကား ဂိတ်မှ ညပိုင်းထွက်သည့်အချိန်ကစတင်ကာ လမ်း ခရီးတွင်ဘေးကင်းစေရန် ကိုမောင်မောင်သစ္စာဆို သည်။ ထို့နောက် ကားက ထွက်ခွာ သည်။ ပုံမှန်ခရီး စဉ်အတိုင်းမောင်းနှင်ခြင်းဖြစ်ပြီး လမ်းခရီးတစ် လျှောက် တပ်မတော်ဂိတ်များကိုဖြတ်သန်းခြင်းမှလွဲ ၍ အနှောင့်အယှက် မတွေ့ရ။
ကိုမောင်မောင်၏ ရန်ကုန်မှမြင်းခြံသို့ခရီးစဉ်မှာ နှစ်ပိုင်းဖြစ်သည်။ ရန်ကုန်မှပခုက္ကူအထိ တစ်ပိုင်းဖြစ် ပြီး ပခုက္ကူမှမြင်းခြံအထိက တစ်ပိုင်းဖြစ်သည်။
ရန်ကုန်မှပခုက္ကူအထိလမ်းတစ်လျှောက်တွင် ကိုမောင်မောင် စိတ်အေးချမ်းသာစွာလိုက်ပါနိုင်ခဲ့ သည်။ ထူးထူးခြားခြားမြင်ကွင်းမရှိ။ ယခင်က ပခုက္ကူ သို့သွားရာလမ်းတွင် PDF များ တက်လာတတ်သည်ဟု ကြားထားသောကြောင့် တစ်ချက်တစ်ချက် ဘေးဘီဝဲ ယာကိုအာရုံစိုက်ကြည့်မိသော်လည်း မြင်မြင်သမျှက အဝေးဆီမှ လျှပ်စစ်မီးရောင်ငယ်များနှင့် အမှောင်ထု သာဖြစ်သည်။ အမြန်လမ်းမကြီးတစ်လျှောက် ကိုမောင်မောင်တို့ခရီးသည်တင်ကားက အေးအေး ဆေးဆေးပင် ပုံမှန်အတိုင်းဖြတ်သန်းမောင်းနှင်ပြီး သည့်နောက် ပခုက္ကူတံတားထိပ်ရောက်သည်။ ကို မောင်မောင်၏ မြင်းခြံသို့ခရီးမှာ တစ်ပိုင်းပြီးခဲ့ပြီး လမ်း သင့်ခဲ့သည်။ အဆင်ပြေလွန်းနေသည့်အတွက် ကျန် ခရီးတစ်ဖြတ်အတွက် ကိုမောင်မောင်စိတ်ပူသည်။
“ပခုက္ကူတံတားထိပ်ကို မနက်ပိုင်း (၇)နာရီ လောက်မှာရောက်တယ်။ အဲဒီကနေ မြင်းခြံကိုသွားရ တာပေါ့”ဟု ကိုမောင်မောင်ကဆိုသည်။
ကိုမောင်မောင်အနေဖြင့် အညာဒေသသို့ ယခင် ကရောက်ခဲ့ဖူးသော်လည်း ယခုတစ်ကြိမ်တွင် ထူးခြား သကဲ့သို့ခံစားရသည်။ အညာဒေသမြင်ကွင်းများကား မပြောင်းလဲပါ။ ပြောင်းလဲသွားသည်က ကိုမောင်မောင် ၏စိတ်သာဖြစ်သည်။ ပခုက္ကူတံတားထိပ်မှ ဧရာဝတီ မြစ်ပြင်ကျယ်ကြီးသည် ကိုမောင်မောင်၏စိတ်တို့ကို အေးချမ်းခြင်းငှာမစွမ်းသာပါ။ ယခင်က အညာ၏မြင် ကွင်းတို့သည် အောက်သား ကိုမောင်မောင်အတွက် အသစ်အဆန်းဖြစ်ပြီး စိတ်ကို လန်းဆန်းစေခဲ့သော် လည်း ယခုတော့ ကိုမောင်မောင်အတွက် စိုးရိမ်စိတ် သာကြီးစိုးလာသည်။ လမ်းတွင် တစ်စုံတစ်ရာဖြစ်ခဲ့ သော်ဆိုသည့်စိတ်တို့သာ ကိုမောင်မောင်ကို ဖုံးလွှမ်း နေသည်။ စီးပွားရေးသမားငယ်တစ်ဦးဖြစ်သော ကိုမောင်မောင်သည် အခြား သာမန်ပြည်သူများကဲ့ သို့သာ စိတ်အေးချမ်းသာစွာ သွားလိုခြင်းဖြစ်သည်။
“အရင်အချိန်တော့ ပြန်လွမ်းတာပေါ့။ အရင်လို စိတ်အေးအေးချမ်းချမ်းသွားချင်တာ”ဟု ကိုမောင် မောင်ကဆိုသည်။ ကိုမောင်မောင်တို့ခရီးသည်များမှာ ပခုက္ကူတံတားထိပ်သို့ရောက်ပြီးမကြာမီတွင် မြင်းခြံ သို့ ခရီးသည်တင်ကားငယ် ဆက်လက်ထွက်ခွာသည်။ အထွက်တွင်လည်း လမ်းခရီးတွင် ဘေးကင်းစေရန် ကိုမောင်မောင် သစ္စာဆိုရသေးသည်။ သို့သော် ကိုမောင်မောင်စိုးရိမ်သကဲ့သို့ မဖြစ်ခဲ့တော့ပါ။ ဧရာဝ တီမြစ်ကမ်းဘေးမှဖောက်လုပ်ထားသည့် ပခုက္ကူမှ မြင်းခြံသို့သွားရာလမ်း (သို့မဟုတ်) ညောင်ဦး-မြင်းခြံ လမ်းသည် ကိုမောင်မောင်အတွက် အဆင်ပြေခဲ့ သည်။ လမ်းခရီးတွင် စိုးရိမ်စရာမမြင်ခဲ့ရ။ တပ်မတော် ဂိတ်အချို့ကိုဖြတ်သန်းခဲ့ရပြီး ဘေးကင်းခဲ့သည်။
“ PDF တက်လာမလား ဘာများဖြစ်မလဲ စိုးရိမ် မိတာ။ ဒါပေမဲ့ ဘာမှမရှိဘူး။ အေးအေးဆေးဆေး ပဲဖြတ်သန်းနိုင်ခဲ့တယ်”ဟု ကိုမောင်မောင်ကဆိုသည်။ နောက်ဆုံးတွင် ကိုမောင်မောင်သည် ခရီးလမ်းဆုံး ပန်းတိုင်သို့ရောက်ရှိသွားပြီဖြစ်သည်။ စိုးရိမ်သကဲ့သို့ ကားမဖြစ်ခဲ့ပါ။ ယင်းအခြေအနေနှင့်ပတ်သက်၍ အဆိုပါဒေသတွင် တပ်မတော်က စစ်ကြောင်းများထိုး နေသောကြောင့် PDF တို့ ရှင်းလင်းနေခြင်းဖြစ် ကြောင်း အခြားဒေသခံတစ်ဦးကဆိုသည်။ မြေပုံတွင် ကြည့်လျှင် ညောင်ဦး-မြင်းခြံလမ်း၏တစ်ဖက်တွင် နာမည်ကျော် ဝဲလောင်၊ ငါ့သရောက်ရှိနေပြီး ယင်းနေ ရာတို့မှာ PDF တို့ကြောင့်ကျော်ကြားသည်။ ယင်း လမ်းကွန်ရက်နှင့်ဆက်စပ်နေသော အချို့နေရာတို့ တွင် PDF တို့၏ လူဖမ်း၊ ပြန်ပေးဆွဲခြင်းများရှိနေ သည်။
“အဲဒီလမ်းက စစ်ကြောင်းထိုးနေတာဆိုတော့ ပြေတယ်။ လမ်းပေါ်တက်တာတို့ ဘာတို့တော့ မရှိ ဘူး။ စစ်ကြောင်းက တောက်လျှောက်ထိုးနေတာ”ဟု ဒေသခံ တစ်ဦးက ဆိုသည်။ အဆိုပါလမ်းပိုင်းတွင် ယခင်က PDF တို့ လမ်းပေါ်တက်လာပြီး ကားတား စစ်ကာ လူပုံစံကြည့်၍ ခေါ်သွားခြင်းမျိုးရှိသည်။ လူ ပုံစံဆိုသည်မှာ စစ်သားပုံပေါက်ခြင်း၊ မပေါက်ခြင်း ကိုကြည့်ခြင်းဖြစ်ပြီး ငွေကြေးချမ်းသာဟန်ပေါက် လျှင်လည်း ခေါ်သွားခံရခြင်းမျိုးရှိခဲ့သည်။ “လမ်းက တော့ တောက်လျှောက်ကောင်းနေတာ။ နဂိုကတော့ PDF ဂိတ်ရှိဖူးပေမယ့် ဘာမှမရှိတော့ဘူး။ တောင်သာ နဲ့မြင်းခြံလည်းပွင့်သွားပြီ။ နန်းမြင့်တောင်ကြားဆိုတာ ရှိတယ်လေ။ နဂိုတုန်းက PDF ထိုင်ထားတာ။ အခု လုံးလုံးမရှိတော့ဘူး။ မလှိုင်နား တစ်ချက်ပေါ့”ဟု ၎င်းကဆိုသည်။
ထိုသို့ရှင်းလင်းသွားသော်လည်း တပ်မတော်အ နေဖြင့် အပြီးတိုင် PDF များကို ရှင်းလင်းရန်လိုပြီး ထိုသို့မဟုတ်လျှင် စစ်ကြောင်းမရှိလျှင် ပြန်တက်လာ နိုင်သည့်အခြေအနေဖြစ်ကြောင်းလည်း ၎င်းကဆို သည်။

Zawgyi Version:
ရန္ကုန္ - ျမင္းၿခံခရီး (သို႔မဟုတ္) ရင္သိမ့္တုန္လမ္း
(လမ္းခရီး ေဆာင္းပါး)
သုတေက်ာ္ (NP News) - မတ္လ ၁၈
ေတာင္သာ၊ ဝဲေလာင္၊ ႏြားထိုးႀကီး၊ ျမင္းၿခံ ဆို ေသာအမည္နာမတို႔သည္ အညာေဒသမွ နာမည္ ေက်ာ္အရပ္ေဒသမ်ားျဖစ္လာျခင္းမွာ မ်ားစြာမၾကာ လွေသးေပ။ ယင္းေဒသတို႔သည္ ေဘးခ်င္းကပ္ ေနရာမ်ားလည္းျဖစ္သည္။
ေျမပုံတြင္ၾကည့္ပါက ျမင္းၿခံၿမိဳ႕၊ ေတာင္သာၿမိဳ႕၊ ႏြားထိုးႀကီးၿမိဳ႕တို႔သည္ လမ္းပိုင္းတို႔ျဖင့္ ခ်ိတ္ဆက္ေန ေသာၿမိဳ႕မ်ားျဖစ္ေသာ္လည္း ယင္းၿမိဳ႕အၾကား လမ္း တို႔မွာ လုံၿခဳံမႈမရွိေသာအေျခအေနဟုေက်ာ္ၾကားခဲ့ သည္။ သြားလွ်င္ PDF တို႔၏အဖမ္းအဆီးကိုခံရႏိုင္ သည္။ သို႔မဟုတ္ အခန႔္မသင့္လွ်င္ အသတ္လည္းခံရ ႏိုင္ေၾကာင္း သတင္းႀကီးသည္။
“ျမင္းၿခံကိုသြားရေတာ့မယ္ဆို အရင္ဆုံးျပင္ဆင္ ရတာက လမ္းပိုင္းအေျခအေနေကာင္းလားလို႔ စေမး ရတာပဲ” ဟုဆိုလာသူက မၾကာေသးမီကာလအတြင္း ျမင္းၿခံၿမိဳ႕သို႔ခရီးသြားခဲ့သူ ကိုေမာင္ေမာင္ (အမည္ လႊဲ)ျဖစ္သည္။ ကိုေမာင္ေမာင္သည္ မူလက ျမင္းၿခံၿမိဳ႕ သို႔မသြားလိုခဲ့ေပ။ အဘယ္ေၾကာင့္ဆိုေသာ္ ယင္းၿမိဳ႕ သို႔သြားရာလမ္းမွာမလုံၿခဳံေၾကာင္း သတင္းၾကားေနရ ေသာေၾကာင့္ျဖစ္ၿပီး ယင္းအတြက္စိတ္ထင့္ေနခဲ့ သည္။ ထို႔ေၾကာင့္ ယင္းလမ္းသို႔သြားရန္ ႐ုတ္တရက္ အေၾကာင္းဖန္လာေသာအခါ ေမးရျမန္းရသည္က အလုပ္တစ္ခုျဖစ္လာသည္။ “လိုက္ေမးတယ္။ ေမး ေတာ့ တခ်ိဳ႕က လမ္းေကာင္းတယ္ အဆင္ေျပတယ္ ေျပာတယ္။ တခ်ိဳ႕က်ေတာ့လည္း မေကာင္းဘူးေျပာ တယ္။ ဒီေခတ္မွာ လမ္းေကာင္းတယ္ဆိုတာက လမ္း ပ်က္တာမဟုတ္ဘူး။ လမ္းပ်က္ျခင္း၊ ေျဖာင့္ျဖဴးျခင္းက အဓိကမက်ေတာ့ဘူး။ လမ္းက လုံၿခဳံလားဆိုတာ အဓိ ကက်တယ္”ဟု ကိုေမာင္ေမာင္ကဆိုသည္။ လမ္းေမး သည့္ကာလသည္ပင္ ႏွစ္ရက္ခန႔္ၾကာခဲ့ၿပီး ယင္းအ ခ်ိန္တြင္ စိတ္အတြင္း မတင္မက်ျဖစ္ျခင္းေပါင္းမ်ားစြာ ရွိခဲ့သည္ဟု ၎ကဆိုသည္။
“ၿမိဳ႕ခံကိုလွမ္းေမးေတာ့လည္း ေျပာမရဘူး၊ ျဖစ္ ခ်င္ျဖစ္တတ္တယ္ဆိုေတာ့ စိတ္က ပိုဆိုးတာေပါ့”ဟု ကိုေမာင္ေမာင္ကေျပာသည္။ သြားကို သြားရမည့္ခရီး ျဖစ္ရာ ေနာက္ဆုံး စိတ္ဒုန္းဒုန္းခ်ၿပီး ခရီးသြားရန္ျပင္ ဆင္သည္။ ဖုန္းအတြင္မွ အခ်ိဳ႕ Contant မ်ားကို အမည္ေျပာင္းရသည္။ စိတ္မခ်ရေသာအေျခအေနကို ျဖတ္ေက်ာ္ရမည့္ခရီးသည္တို႔ထုံးစံအတိုင္း လိုအပ္ သည္မ်ားကိုေဆာင္႐ြက္ရသည္။ အစိုးရဝန္ထမ္း လည္း မဟုတ္၊ အစိုးရႏွင့္ပူးေပါင္းေဆာင္႐ြက္သူ လည္းမဟုတ္သည့္အတြက္ အဘယ္ေၾကာက္စရာ ရွိ မည္နည္းဟု ေမးေကာင္းေမးေပလိမ့္မည္။NP News ကလည္း ကိုေမာင္ေမာင္ကို အလားတူေမးခြန္းမ်ိဳး ေမးခဲ့သည္။
“သာမန္ျပည္သူေတြက ဥပေဒမရွိတာကို ေၾကာက္တာ။ တပ္ကစစ္လို႔ မသကၤာစရာေတြ႕ရင္ ရွင္းျပလို႔ရတယ္။ ဖမ္းဟယ္ ဆီးဟယ္ျဖစ္လာရင္လည္း ေအးေအးေဆးေဆးရွင္းျပလို႔ရတယ္။ ဘာေနေန အေနာက္မွာ ဥပေဒေက်ာေထာက္ေနာက္ခံရွိတယ္ ဆိုတဲ့စိတ္က လုံၿခဳံေစတယ္” ဟု ကိုေမာင္ေမာင္က ဆိုသည္။ ကိုေမာင္ေမာင္၏ဖုန္းအတြင္း ဖ်က္စရာ ဓာတ္ပုံကား မ်ားမ်ားစားစားမရွိလွပါ။ မိသားစုပုံမ်ား၊ အသိအကြၽမ္းအခ်ိဳ႕ႏွင့္တြဲ႐ိုက္ဖူးသည့္ပုံ အနည္းငယ္ ႏွင့္ ခရီးသြားစဥ္ ဝါသနာအေလ်ာက္ ပတ္ဝန္းက်င္ကို ႐ိုက္ခဲ့ေသာပုံမ်ားသာရွိသည္။
သို႔ေသာ္ ကိုေမာင္ေမာင္က အစိုးရိမ္ႀကီးသူ တစ္ဦးျဖစ္သည့္အတြက္ ဖ်က္ျခင္းသာျဖစ္ၿပီး ဓာတ္ပုံ တြဲ႐ိုက္ဖူးသူမ်ားအနက္ အခ်ိဳ႕မွာ ကိုေမာင္ေမာင့္မိတ္ ေဆြ ဌာနဆိုင္ရာ အရာရွိငယ္ တစ္ဦးစ၊ ႏွစ္ဦးစသာ ျဖစ္ၿပီး ပုံအတြင္း ၎တို႔မွာ သက္ဆိုင္ရာဌာန ယူနီ ေဖာင္းမ်ားပင္ မဝတ္ထားၾကေပ။ စင္စစ္အားျဖင့္ ကို ေမာင္ေမာင္သည္ အစိုးရဝန္ထမ္းမ်ားႏွင့္ ထဲထဲဝင္ဝင္ အကြၽမ္းဝင္သူတစ္ဦးကား မဟုတ္ပါ။ သို႔ေသာ္ အစိုး ရအရာရွိမ်ားႏွင့္ ဓာတ္ပုံတြဲ႐ိုက္ထားေသာပုံမ်ား၊ PDF တို႔ မႀကိဳက္ေသာ နာမည္ေက်ာ္မ်ားႏွင့္ ဓာတ္ပုံ တြဲ႐ိုက္ထားေသာပုံမ်ားပါလွ်င္ PDF တို႔က အ ေၾကာင္းမရွိလွ်င္လည္း ဖမ္းဆီးတတ္သည္ဆိုေသာ သတင္းမ်ားကို ကိုေမာင္ေမာင္ၾကားထားသည္။ PDF တို႔တြင္ ဥပေဒမရွိေသာေၾကာင္ အဖမ္းခံရႏိုင္ၿပီး ကံ ေကာင္းလွ်င္ျပန္လြတ္ႏိုင္သည္။ ကံဆိုးလွ်င္ ျပန္ေပး ေငြ ပမာဏမ်ားစြာအေတာင္းခံရမည္။ ထို႔ထက္ပို၍ ဆိုးလွ်င္ အသတ္ခံရႏိုင္ေၾကာင္းသိထားသည္။
“ကြၽန္ေတာ့္အသိတစ္ေယာက္က ေျပာလိုက္ တယ္ေလ။ ဖုန္းကိုစစ္တယ္။ မသကၤာရင္ အဖမ္းခံရ မယ္ေနာ္ဆိုတဲ့စိတ္က ကြၽန္ေတာ့္ကိုေျခာက္လွန႔္တာ ပဲ”ဟု ၎ကဆိုသည္။ ကိုေမာင္ေမာင္ႏွင့္အလြန္ရင္း ႏွီးလွေသာ အစိုးရအရာရွိတစ္ဦး၏အမည္ကို ေျပာင္း လဲမွတ္သားျခင္းႏွင့္ပတ္သက္၍ ကိုေမာင္ေမာင္က မွတ္မွတ္ရရေျပာျပသည္။ “ကိုလွေမာင္ ကုန္သည္လို႔ ေျပာင္းလိုက္တယ္။ ဘယ္ကဘယ္လို အဲဒီနာမည္ ေခါင္းထဲေရာက္လာမွန္းေတာင္မသိဘူး”ဟု ရယ္ လ်က္ဆိုသည္။ ကိုေမာင္ေမာင္ လိုက္လံေမးျမန္းခ်က္ အရ ျမင္းၿခံသို႔သြားရန္လမ္းေၾကာင္းမွာ အၾကမ္းအား ျဖင့္ႏွစ္လမ္းရွိသည္။ တစ္လမ္းက မလႈိင္-ေတာင္သာ ဘက္ကသြားရမည့္လမ္းျဖစ္ၿပီး က်န္တစ္လမ္းမွာ ေက်ာက္ပန္းေတာင္း-ေညာင္ဦးဘက္မွ သြားရမည့္ လမ္းျဖစ္သည္။ ယင္းလမ္းတို႔ကိုယွဥ္လွ်င္ အစိုးရိမ္ ႀကီးေသာကိုေမာင္ေမာင္က ေညာင္ဦးဘက္မွသြားရန္ ဆုံးျဖတ္လိုက္သည္။ စိုးရိမ္စိတ္ျမင့္ေနလွ်င္ အဆိုပါ လမ္းကလာခဲ့ရန္ မိတ္ေဆြတစ္ဦးက အႀကံျပဳေသာ ေၾကာင့္ျဖစ္သည္။
ရန္ကုန္ၿမိဳ႕ ေအာင္မဂၤလာအေဝးေျပးကား ဂိတ္မွ ညပိုင္းထြက္သည့္အခ်ိန္ကစတင္ကာ လမ္း ခရီးတြင္ေဘးကင္းေစရန္ ကိုေမာင္ေမာင္သစၥာဆို သည္။ ထို႔ေနာက္ ကားက ထြက္ခြာ သည္။ ပုံမွန္ခရီး စဥ္အတိုင္းေမာင္းႏွင္ျခင္းျဖစ္ၿပီး လမ္းခရီးတစ္ ေလွ်ာက္ တပ္မေတာ္ဂိတ္မ်ားကိုျဖတ္သန္းျခင္းမွလြဲ ၍ အေႏွာင့္အယွက္ မေတြ႕ရ။
ကိုေမာင္ေမာင္၏ ရန္ကုန္မွျမင္းၿခံသို႔ခရီးစဥ္မွာ ႏွစ္ပိုင္းျဖစ္သည္။ ရန္ကုန္မွပခုကၠဴအထိ တစ္ပိုင္းျဖစ္ ၿပီး ပခုကၠဴမွျမင္းၿခံအထိက တစ္ပိုင္းျဖစ္သည္။
ရန္ကုန္မွပခုကၠဴအထိလမ္းတစ္ေလွ်ာက္တြင္ ကိုေမာင္ေမာင္ စိတ္ေအးခ်မ္းသာစြာလိုက္ပါႏိုင္ခဲ့ သည္။ ထူးထူးျခားျခားျမင္ကြင္းမရွိ။ ယခင္က ပခုကၠဴ သို႔သြားရာလမ္းတြင္ PDF မ်ား တက္လာတတ္သည္ဟု ၾကားထားေသာေၾကာင့္ တစ္ခ်က္တစ္ခ်က္ ေဘးဘီဝဲ ယာကိုအာ႐ုံစိုက္ၾကည့္မိေသာ္လည္း ျမင္ျမင္သမွ်က အေဝးဆီမွ လွ်ပ္စစ္မီးေရာင္ငယ္မ်ားႏွင့္ အေမွာင္ထု သာျဖစ္သည္။ အျမန္လမ္းမႀကီးတစ္ေလွ်ာက္ ကိုေမာင္ေမာင္တို႔ခရီးသည္တင္ကားက ေအးေအး ေဆးေဆးပင္ ပုံမွန္အတိုင္းျဖတ္သန္းေမာင္းႏွင္ၿပီး သည့္ေနာက္ ပခုကၠဴတံတားထိပ္ေရာက္သည္။ ကို ေမာင္ေမာင္၏ ျမင္းၿခံသို႔ခရီးမွာ တစ္ပိုင္းၿပီးခဲ့ၿပီး လမ္း သင့္ခဲ့သည္။ အဆင္ေျပလြန္းေနသည့္အတြက္ က်န္ ခရီးတစ္ျဖတ္အတြက္ ကိုေမာင္ေမာင္စိတ္ပူသည္။
“ပခုကၠဴတံတားထိပ္ကို မနက္ပိုင္း (၇)နာရီ ေလာက္မွာေရာက္တယ္။ အဲဒီကေန ျမင္းၿခံကိုသြားရ တာေပါ့”ဟု ကိုေမာင္ေမာင္ကဆိုသည္။
ကိုေမာင္ေမာင္အေနျဖင့္ အညာေဒသသို႔ ယခင္ ကေရာက္ခဲ့ဖူးေသာ္လည္း ယခုတစ္ႀကိမ္တြင္ ထူးျခား သကဲ့သို႔ခံစားရသည္။ အညာေဒသျမင္ကြင္းမ်ားကား မေျပာင္းလဲပါ။ ေျပာင္းလဲသြားသည္က ကိုေမာင္ေမာင္ ၏စိတ္သာျဖစ္သည္။ ပခုကၠဴတံတားထိပ္မွ ဧရာဝတီ ျမစ္ျပင္က်ယ္ႀကီးသည္ ကိုေမာင္ေမာင္၏စိတ္တို႔ကို ေအးခ်မ္းျခင္းငွာမစြမ္းသာပါ။ ယခင္က အညာ၏ျမင္ ကြင္းတို႔သည္ ေအာက္သား ကိုေမာင္ေမာင္အတြက္ အသစ္အဆန္းျဖစ္ၿပီး စိတ္ကို လန္းဆန္းေစခဲ့ေသာ္ လည္း ယခုေတာ့ ကိုေမာင္ေမာင္အတြက္ စိုးရိမ္စိတ္ သာႀကီးစိုးလာသည္။ လမ္းတြင္ တစ္စုံတစ္ရာျဖစ္ခဲ့ ေသာ္ဆိုသည့္စိတ္တို႔သာ ကိုေမာင္ေမာင္ကို ဖုံးလႊမ္း ေနသည္။ စီးပြားေရးသမားငယ္တစ္ဦးျဖစ္ေသာ ကိုေမာင္ေမာင္သည္ အျခား သာမန္ျပည္သူမ်ားကဲ့ သို႔သာ စိတ္ေအးခ်မ္းသာစြာ သြားလိုျခင္းျဖစ္သည္။
“အရင္အခ်ိန္ေတာ့ ျပန္လြမ္းတာေပါ့။ အရင္လို စိတ္ေအးေအးခ်မ္းခ်မ္းသြားခ်င္တာ”ဟု ကိုေမာင္ ေမာင္ကဆိုသည္။ ကိုေမာင္ေမာင္တို႔ခရီးသည္မ်ားမွာ ပခုကၠဴတံတားထိပ္သို႔ေရာက္ၿပီးမၾကာမီတြင္ ျမင္းၿခံ သို႔ ခရီးသည္တင္ကားငယ္ ဆက္လက္ထြက္ခြာသည္။ အထြက္တြင္လည္း လမ္းခရီးတြင္ ေဘးကင္းေစရန္ ကိုေမာင္ေမာင္ သစၥာဆိုရေသးသည္။ သို႔ေသာ္ ကိုေမာင္ေမာင္စိုးရိမ္သကဲ့သို႔ မျဖစ္ခဲ့ေတာ့ပါ။ ဧရာဝ တီျမစ္ကမ္းေဘးမွေဖာက္လုပ္ထားသည့္ ပခုကၠဴမွ ျမင္းၿခံသို႔သြားရာလမ္း (သို႔မဟုတ္) ေညာင္ဦး-ျမင္းၿခံ လမ္းသည္ ကိုေမာင္ေမာင္အတြက္ အဆင္ေျပခဲ့ သည္။ လမ္းခရီးတြင္ စိုးရိမ္စရာမျမင္ခဲ့ရ။ တပ္မေတာ္ ဂိတ္အခ်ိဳ႕ကိုျဖတ္သန္းခဲ့ရၿပီး ေဘးကင္းခဲ့သည္။
“ PDF တက္လာမလား ဘာမ်ားျဖစ္မလဲ စိုးရိမ္ မိတာ။ ဒါေပမဲ့ ဘာမွမရွိဘူး။ ေအးေအးေဆးေဆး ပဲျဖတ္သန္းႏိုင္ခဲ့တယ္”ဟု ကိုေမာင္ေမာင္ကဆိုသည္။ ေနာက္ဆုံးတြင္ ကိုေမာင္ေမာင္သည္ ခရီးလမ္းဆုံး ပန္းတိုင္သို႔ေရာက္ရွိသြားၿပီျဖစ္သည္။ စိုးရိမ္သကဲ့သို႔ ကားမျဖစ္ခဲ့ပါ။ ယင္းအေျခအေနႏွင့္ပတ္သက္၍ အဆိုပါေဒသတြင္ တပ္မေတာ္က စစ္ေၾကာင္းမ်ားထိုး ေနေသာေၾကာင့္ PDF တို႔ ရွင္းလင္းေနျခင္းျဖစ္ ေၾကာင္း အျခားေဒသခံတစ္ဦးကဆိုသည္။ ေျမပုံတြင္ ၾကည့္လွ်င္ ေညာင္ဦး-ျမင္းၿခံလမ္း၏တစ္ဖက္တြင္ နာမည္ေက်ာ္ ဝဲေလာင္၊ ငါ့သေရာက္ရွိေနၿပီး ယင္းေန ရာတို႔မွာ PDF တို႔ေၾကာင့္ေက်ာ္ၾကားသည္။ ယင္း လမ္းကြန္ရက္ႏွင့္ဆက္စပ္ေနေသာ အခ်ိဳ႕ေနရာတို႔ တြင္ PDF တို႔၏ လူဖမ္း၊ ျပန္ေပးဆြဲျခင္းမ်ားရွိေန သည္။
“အဲဒီလမ္းက စစ္ေၾကာင္းထိုးေနတာဆိုေတာ့ ေျပတယ္။ လမ္းေပၚတက္တာတို႔ ဘာတို႔ေတာ့ မရွိ ဘူး။ စစ္ေၾကာင္းက ေတာက္ေလွ်ာက္ထိုးေနတာ”ဟု ေဒသခံ တစ္ဦးက ဆိုသည္။ အဆိုပါလမ္းပိုင္းတြင္ ယခင္က PDF တို႔ လမ္းေပၚတက္လာၿပီး ကားတား စစ္ကာ လူပုံစံၾကည့္၍ ေခၚသြားျခင္းမ်ိဳးရွိသည္။ လူ ပုံစံဆိုသည္မွာ စစ္သားပုံေပါက္ျခင္း၊ မေပါက္ျခင္း ကိုၾကည့္ျခင္းျဖစ္ၿပီး ေငြေၾကးခ်မ္းသာဟန္ေပါက္ လွ်င္လည္း ေခၚသြားခံရျခင္းမ်ိဳးရွိခဲ့သည္။ “လမ္းက ေတာ့ ေတာက္ေလွ်ာက္ေကာင္းေနတာ။ နဂိုကေတာ့ PDF ဂိတ္ရွိဖူးေပမယ့္ ဘာမွမရွိေတာ့ဘူး။ ေတာင္သာ နဲ႔ျမင္းၿခံလည္းပြင့္သြားၿပီ။ နန္းျမင့္ေတာင္ၾကားဆိုတာ ရွိတယ္ေလ။ နဂိုတုန္းက PDF ထိုင္ထားတာ။ အခု လုံးလုံးမရွိေတာ့ဘူး။ မလႈိင္နား တစ္ခ်က္ေပါ့”ဟု ၎ကဆိုသည္။
ထိုသို႔ရွင္းလင္းသြားေသာ္လည္း တပ္မေတာ္အ ေနျဖင့္ အၿပီးတိုင္ PDF မ်ားကို ရွင္းလင္းရန္လိုၿပီး ထိုသို႔မဟုတ္လွ်င္ စစ္ေၾကာင္းမရွိလွ်င္ ျပန္တက္လာ ႏိုင္သည့္အေျခအေနျဖစ္ေၾကာင္းလည္း ၎ကဆို သည္။