Labubu ကို ရုပ်ရှင်အဖြစ် ဖန်တီးဖို့ Pop Mart နဲ့ Sony Pictures တို့ ပူးပေါင်းကြောင်း ကြေညာ

 129

ရောင်နီ (NP News) - မတ် ၁၉

ကမ္ဘာကျော် အရုပ်ထုတ်လုပ်ရေး ကုမ္ပဏီ Pop Mart နဲ့ Sony Pictures Entertainment တို့က လူကြိုက်များတဲ့ Labubu ဇာတ်ကောင်ကို အခြေခံပြီး ရုပ်ရှင်ဇာတ်ကားကြီးတစ်ကား ဖန်တီးသွားဖို့ သဘောတူညီချက်ရရှိခဲ့ပြီဖြစ်တယ်လို့ ကြာသပတေးနေ့(မတ်လ ၁၉ ရက်) က တရားဝင် ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ရုပ်ရှင်ကို ဗြိတိန်ရုပ်ရှင်လောကရဲ့ထိပ်တန်းဒါရိုက်တာတစ်ဦးဖြစ်သူ၊ Paddington 1&2, Wonka စတဲ့ ဇာတ်ကားတွေရဲ့နောက်ကွယ်က ဖန်တီးရှင် ပေါလ်ကင်း က ရိုက်ကူးသွားမှာဖြစ်ပြီး ၄င်းနဲ့အတူ Dear Evan Hansen ဇာတ်ကားနဲ့ လူသိများတဲ့ ဆုရစာရေးဆရာ စတီဗင်လဗင်ဆန်က ဇာတ်ညွှန်းကို ပူးတွဲရေးသားသွားမယ်လို့ သိရပါတယ်။
Pop Mart အနေနဲ့ ယခုခြေလှမ်းဟာ အရုပ်ရောင်းချခြင်း သက်သက်ထက် ဇာတ်ကောင်တွေကို နိုင်ငံတကာဖျော်ဖြေရေးနယ်ပယ်ဆီတိုးချဲ့ဖို့ ရည်မှန်းထားတယ်လို့ သိရပါတယ်။ ရုပ်ရှင်ဇာတ်ကားကို Live-action နဲ့ CGI (ကွန်ပျူတာကာတွန်း) ပေါင်းစပ်ထားတဲ့ပုံစံနဲ့တင်ဆက်သွားမှာဖြစ်ပြီး လက်ရှိ အစောပိုင်း တီထွင်ဖန်တီးမှုအဆင့်ကို ရောက်နေပြီ ဖြစ်ပါတယ်။
Labubu ဟာ တစ်ကမ္ဘာလုံးဆိုင်ရာ လူကြိုက်များတဲ့ အရုပ်ဖြစ်လာတာကြောင့် ပြီးခဲ့တဲ့နှစ်အတွင်း Pop Mart ရဲ့ ရှယ်ယာတန်ဖိုး ၆၄ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပါတယ်။ ဒါကြောင့် ဒီပူးပေါင်းဆောင်ရွက်မှုဟာ Pop Mart ရဲ့ ဝင်ငွေစီးဆင်းမှုကို ကွဲပြားစေမယ့် မှတ်တိုင်တစ်ခုဖြစ်ပြီး အနာဂတ်ဝင်ငွေတွေကိုလည်း တိုးစေနိုင်မယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။

Zawgyi Version;
Labubu ကို ႐ုပ္ရွင္အျဖစ္ ဖန္တီးဖို႔ Pop Mart နဲ႔ Sony Pictures တို႔ ပူးေပါင္းေၾကာင္း ေၾကညာ
ေရာင္နီ (NP News) - မတ္ ၁၉
ကမာၻေက်ာ္ အ႐ုပ္ထုတ္လုပ္ေရး ကုမၸဏီ Pop Mart နဲ႔ Sony Pictures Entertainment တို႔က လူႀကိဳက္မ်ားတဲ့ Labubu ဇာတ္ေကာင္ကို အေျခခံၿပီး ႐ုပ္ရွင္ဇာတ္ကားႀကီးတစ္ကား ဖန္တီးသြားဖို႔ သေဘာတူညီခ်က္ရရွိခဲ့ၿပီျဖစ္တယ္လို႔ ၾကာသပေတးေန႔(မတ္လ ၁၉ ရက္) က တရားဝင္ ထုတ္ျပန္ေၾကညာလိုက္ပါတယ္။
႐ုပ္ရွင္ကို ၿဗိတိန္႐ုပ္ရွင္ေလာကရဲ႕ထိပ္တန္းဒါ႐ိုက္တာတစ္ဦးျဖစ္သူ၊ Paddington 1&2, Wonka စတဲ့ ဇာတ္ကားေတြရဲ႕ေနာက္ကြယ္က ဖန္တီးရွင္ ေပါလ္ကင္း က ႐ိုက္ကူးသြားမွာျဖစ္ၿပီး ၄င္းနဲ႔အတူ Dear Evan Hansen ဇာတ္ကားနဲ႔ လူသိမ်ားတဲ့ ဆုရစာေရးဆရာ စတီဗင္လဗင္ဆန္က ဇာတ္ၫႊန္းကို ပူးတြဲေရးသားသြားမယ္လို႔ သိရပါတယ္။
Pop Mart အေနနဲ႔ ယခုေျခလွမ္းဟာ အ႐ုပ္ေရာင္းခ်ျခင္း သက္သက္ထက္ ဇာတ္ေကာင္ေတြကို ႏိုင္ငံတကာေဖ်ာ္ေျဖေရးနယ္ပယ္ဆီတိုးခ်ဲ႕ဖို႔ ရည္မွန္းထားတယ္လို႔ သိရပါတယ္။ ႐ုပ္ရွင္ဇာတ္ကားကို Live-action နဲ႔ CGI (ကြန္ပ်ဴတာကာတြန္း) ေပါင္းစပ္ထားတဲ့ပုံစံနဲ႔တင္ဆက္သြားမွာျဖစ္ၿပီး လက္ရွိ အေစာပိုင္း တီထြင္ဖန္တီးမႈအဆင့္ကို ေရာက္ေနၿပီ ျဖစ္ပါတယ္။
Labubu ဟာ တစ္ကမာၻလုံးဆိုင္ရာ လူႀကိဳက္မ်ားတဲ့ အ႐ုပ္ျဖစ္လာတာေၾကာင့္ ၿပီးခဲ့တဲ့ႏွစ္အတြင္း Pop Mart ရဲ႕ ရွယ္ယာတန္ဖိုး ၆၄ ရာခိုင္ႏႈန္းအထိ ျမင့္တက္ခဲ့ပါတယ္။ ဒါေၾကာင့္ ဒီပူးေပါင္းေဆာင္႐ြက္မႈဟာ Pop Mart ရဲ႕ ဝင္ေငြစီးဆင္းမႈကို ကြဲျပားေစမယ့္ မွတ္တိုင္တစ္ခုျဖစ္ၿပီး အနာဂတ္ဝင္ေငြေတြကိုလည္း တိုးေစႏိုင္မယ္လို႔ ကြၽမ္းက်င္သူေတြက သုံးသပ္ထားပါတယ္။

Related news

© 2021. All rights reserved.